Saturday, October 29, 2011

HAPPY BIRTHDAY မမခြင်



သီချင်းနားထောင်ရတာအရမ်းကြိုက်တယ်...

Live Show တွေ ဆို၇င်တော့ Heavy Metal နဲ့ rock သီချင်းတွေကို ပိုကြိုက်တယ်...

fresh juice ကြိုက်တယ်...

စက်ဘီးစီးရတာ ကြိုက်တယ်...

နာမည်ကြီး ကာတွန်းကားလေးတွေ သိပ်ကြိုက်တယ်...

သန့်ရှင်း သပ်ရပ်တာကို ကြိုက်တယ်..

classic ဖြစ်တဲ့အရာတွေကိုကြိုက်တယ်..

ပန်းပွင့် နုနုလေးတွေပါတဲ့ 100% cotton summer dress လေးတွေ ကြိုက်တယ်...

Gadget တွေကို ဝယ်ရတာ ကြိုက်တယ်..

နေကာမျက်မှန် ကောင်းကောင်း ကြိုက်တယ်...

တန်ဘိုးရှိတဲ့ မှတ်သားစရာပါတဲ့ စာတွေကို ကြိုက်တတ်ပေမယ့်... အပျော်ဖတ်ကာတွန်း ဟာသတွေကို လဲကြိုက်တယ်

တွတ်ပီ ကြိုက်တယ် မောင်ဝဏ ကြိုက်တယ်... ကာတွန်းမောင်ရှိန် ကြိုက်တယ်... လေးမွန်ထွေးမွန် မောင်မောင်ဇာ ကြိုက်တယ်..

ပန်းချီကိုကိုဝင်း(နေကျောက်ခဲ) ကြိုက်တယ်... ကာတွန်းရာမ ကြိုက်တယ်..

အငြိမ့်ကြိုက်တယ်... လူရွှင်တော် ကြိုက်တယ်... ပြောင်မြောက်ပြီးအောက်ပိုင်း မပါတဲ့ ပြက်လုံးတွေကို ကြိုက်တယ်...

Mr. Bean ကြိုက်တယ်...

နေသာတဲ့ မနက်

မိုးဖွဲတဲ့ နေ့လည်

လေပြေလေးတွေ တိုက်တဲ့ ညနေကို ကြိုက်တယ်....

သစ်ပင် စိမ်းစိမ်းလေးတွေ ရှိတဲ့ အရပ် တောင်ကျချောင်းသေးသေးလေးတွေ ရှိတဲ့ အရပ်ကို ကြိုက်တယ်

လုံခြည် တစဆွဲ ကြီး ဝတ်ရတာကို စကပ်ထမီ ဝတ်ရတာထက် ကြိုက်တယ်...

သနပ်ခါး ရေကျဲလေး အရမ်းကြိုက်တယ်....

သောင်ပြင်ကျယ်ကြီးမှာ စွန်လွှတ်ရတာကြိုက်တယ်...

ညနေစောင်းမှာ ကလေးလူကြီး ဘော်ဒါတသိုက်နဲ့ နို့ဆီခွက် ပေါက်တမ်းကစားရတာကြိုက်တယ်....

စောစောအိပ်ပြီး မနက်စောစော ထရတာကို ကြိုက်တယ်... (မလုပ်ဖြစ်ပါ... :( )

ထက်မြက်တဲ့ လူတယောက်ရဲ့ သွက်လက်တဲ့ နောက်လိုက် လုပ်ရတာ ကိုကြိုက်တယ်..

ဒက်ကရေးရှင်း လုပ်ရတာ ဒီဇိုင်းလုပ်ရတာကို ကြိုက်တယ်...

စိတ်ဓာတ်ကျနေတဲ့ လူတယောက်ကို အားပေးရတာ .. ကံကောင်းသွားတဲ့လူတယောက်အတွက် ဝမ်းမြောက်ရတာ ကြိုက်တယ်...

အားနည်းချက်တွေ ထောက်ပြပြီး make over လုပ်ပေးရတာ ကြိုက်တယ်....

grooming လုပ်ပေး၇တာ ကြိုက်တယ်...

စာဖတ်ရတာ ကြိုက်တယ်.... စာဖတ်ပြီး လူတွေရဲ့ ရင်ထဲက ကြီးမားတဲ့အသည်းနှလုံးရှိနေတတ်တာကို ရှာဖွေရတာကြိုက်တယ်

သူတို့ရဲ့ အတ္တ မာန အားနည်းချက် အားသာချက်တွေ လေ့လာ ရတာ ကြိုက်တယ်..

ချစ်သူခင်သူသူငယ်ချင်း တွေနဲ့ ဖြူစင်တဲ့ ခင်မင်မှုတွေ တည်ဆောက်ရတာကြိုက်တယ်.... (တို့က Jealousy မရှိတတ်ဘူး... ၁၀၀% :P)

ရိုးသားမှု ရှိတဲ့သူတွေကို ခွဲခြားတတ်တဲ့ မျက်စိရှိပြီး.... အဲလူတွေကို သူတို့က ကိုယ့်ကို နှစ်သက်သက် မနှစ်သက်သက် ကိုယ့်ဘက်က သီးခံစိတ်အပြည့်နဲ့ကို နှစ်သက်တယ်..

ကိုယ်မှန်တယ် ထင်တာ ကိုယ်လုပ်တတ်ပြီး..... ကိုယ်ဖြစ်ရင် ကိုယ်ခံရဲတဲ့ သတ္တိ ကိုကြိုက်တယ်.....

ကိုယ်မှားနေရင်လဲ ပြန်ပြင်ရတာ ကြိုက်တယ်...

လက်တွေ့ကျတဲ့လုပ်ရပ်တွေကို ကြိုက်တယ်...

ကိုယ်ချင်းစာ တရားကို အလွန် ကြိုက်တယ်....

ဟန်မပါ မာန အတ္တ မပါတဲ့ ခင်မင်မှုကို ကြိုက်တယ်.....

အပြန်အလှန် ဆိုတဲ့ စကားကို ကြိုက်တယ်....

ကိုယ် စိုက်တဲ့ အတိုင်း ကိုယ်ရိပ်သိမ်းရတယ် ဆိုတဲ့ စကားကို ကြိုက်တယ်....

အလေးဂရု ထားတာကိုကြိုက်တယ်....

မမေ့ မလျှော့ မပေါ့မဆ ကိုကြိုက်တယ်....

ဒါတွေက ကြိုက်တာတွေ


မကြိုက်တာတွေကတော့

မြန်မာပြည်မှာ....

လမ်းတွေ မကြိုက်ဘူး... သစ်ပင်မရှိတာ မုန်းတယ်... မီးကြိုး ဝါယာကြိုးတွေ ကြောက်စရာကောင်းတယ်...

ကဘာပေါ်မှာ ဈေးအကြီးဆုံး တယ်လီကွန်မြူနီကေးရှင်း စနစ်ကြီး ဖြစ်နေတာ သိပ်သိပ် မုန်းတယ်.....

အင်တာနက် ကို ဈေးကြီးပေးတပ်ခိုင်းပြီး.... လုံးဝနီးပါး ဖွင့် မရအောင် လုပ်ထားတဲ့ သဘောထားကြီး မုန်းတယ်.....

ရန်ကုန်မှာ အမုန်းဆုံးက အမှိုက်ပုံကြီးတွေ ဟီးထနေတာ နေရာတိုင်းပဲ.....

ပြီးရင် မြောင်းဖော်ပြီး အပုံလိုက်ထားခဲ့တဲ့ စိတ်ဓာတ်တွေကိုမုန်းတယ်.... ဂါးးးးးးးးးးးးးးးးးးးးးးးးး

စင်ကာပူမှာ.....

မွေးထဲက ဗီဇထဲမှာ ကို အကျင့်ပုတ်တဲ့ မလေးတွေ ကို မုန်းတယ်.....

တောက်ကြီးကျယ်ပြီး.... အသန့်ကြိုက်လွန်းတဲ့ တရုပ်တွေကို မုန်းတယ်.....



နှပ်သမီးလေးရေးခိုင်းလို့ရေးတာပါ....လို့ ပြောပြီး

ကျမကြိုက်မိ မကြိုက်မိ (တဂ်ပို့)ကို ရေးပြီးကတည်းက ဘလော့ဂ်ရွာကနေ

(၃)လကြာမျှ ပျောက်ချက်သားကောင်းနေတဲ့ မမခြင်ရဲ့ ယနေ့ (၃၀.၁၀.၂၀၁၁)မှာ ကျရောက်တဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင်လေးများနဲ့အတူ




ပျော်ရွှင်ခြင်းအတိနဲ့ ပြည်စုံပါစေ...
အောင်မြင်သော လုပ်ငန်းရှင်မကြီးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်..။
HAPPY BIRTHDAY... မမခြင်
with many kisses...XXXXX....


13 comments:

Ehlar said...

ဟဟ
ဖတ်သွားတယ် မမခြင်
အဟတ်အဟတ်
(အဲလာ)

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

မင်္ဂလာရှိတဲ့မွေးနေ့ပါ မမခြင်

း)

မောင်ဘကြိုင်

မိစံ said...

ဒီလို..ဒီလို
သတိတရနဲ့
ချစ်ခင်ရတဲ့မိတ်ဆွေတွေကို
Birthday Wish လုပ်ပေးတတ်တဲ့
အစ်မရဲ့..စိတ်ကူးလေးကို
သဘောကျ၊လေးစားမိပါရဲ့း)
မွေးနေ့ရှင်လည်း..ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
ချစ်ခင်စွာနဲ့

မိစံ said...

ဒီလို..ဒီလို
သတိတရနဲ့
ချစ်ခင်ရတဲ့မိတ်ဆွေတွေကို
Birthday Wish လုပ်ပေးတတ်တဲ့
အစ်မရဲ့..စိတ်ကူးလေးကို
သဘောကျ၊လေးစားမိပါရဲ့း)
မွေးနေ့ရှင်လည်း..ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
ချစ်ခင်စွာနဲ့

blackroze said...

happy birthday ပါ မမခြင်

မနမ်းရေ
ညီမမွေးနေ့လည်းရောက်တော့မယ်နော်..
ဟီးးဟီးးး

jasmine(တောင်ကြီး) said...

ခင်ရာမင်ရာ သူငယ်ချင်း မိတ်ဆွေ
အပေါင်းအသင်း တွေကို မမေ့ပဲ
Birthday Wish လုပ်လေးတဲ့ဆန္ဒလေး
တစ်ခုကိုတော့ လေးစားမိပါတယ်။
မမခြင်ဆိုတဲ့ မွေးနေ့ရှင်ပျော်ရွှင်ချမ်းမြေ့ပါစေရှင်။

မေသိမ့်သိမ့် ကျော် said...

မွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ပါစေလို့ မမနတ်သမီးဆီက တစ်ဆင့် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။


ခင်တဲ့
မေသိမ့်

Han Kyi said...

နတ်သမီးပျောက်နေလို့ နတ်ပြည်ငြီးပြီး ရွှေပြည်ပြန်သွားပလား တွေးနေတာ...ကောင်းသောမွေးနေ့လို့ ရောယောင် ဆုတောင်းသွားပါသဗျား...

san htun said...

မွေးနေ့ ရှင်ကတော့ ပျော်ရွှင်မှာ သေချာတယ်..မနမ်းကြောင့်...

mosquito said...

မွေးနေ့မှာ အဲလောက် လူတွေ အများကြီး ဆုတောင်းတာ တခါမှ မရဘူးတဲ့ အတွက် နှပ်သမီးလေးနဲ့ ဆုတောင်းပိုင်ရှင်လေးများကို ကျေးဇူးအများကြီး တင်ပါတယ်နော်....

ကော်နက်ရှင်လုံးဝ မရလို့ ခုမှတွေ့တယ်ညီမလေးရေ

အလင်းသစ် said...

အဲ..မွေးနေ့ရှင်တောင် ရောက်လာပြီးပြီ... နောက်ကျဆုတောင်းဗျို့... ထာဝရထက်တစ်ရက်ပိုပြီး ပျော်ကြပါစေ...

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ နတ်သမီးလေး
ကြိုက်တဲ့အထဲမှာ “ ဂျစ်တူး ဇီးပြား ”တောင်မပါဘူး-

ကိုဇော် said...

Happy Birthday ပါ မမခြင်. . . ဟင် ဟင် . .
ကိစ္စ ဝိစ္စလေးတွေ ရှုပ်နေလို့ ဆုတောင်းပေးဖို့ နည်းနည်း နောက်ကျသွားတယ်။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .