Friday, October 28, 2011

ခရေ


ပန်းခြောက်ပင်အောက်မှာ ကျမ ခရေတွေ ကောက်နေတယ်..

ခပ်ခြောက်ခြောက် ခရေပေမယ့်

သူ.. မွှေးနေတုန်းပဲ

ဆံနွယ်မှာ ပန်ခွင့်မရပေမယ့် ယုယစွာ နမ်းရှိုက်

နှလုံးသား ထောင့်တနေရာမှာ သိမ်းထားလိုက်တယ်..

ခရေ...

ကျမလွမ်းတိုင်း သင့်ကိုနမ်းပါရစေ...

14 comments:

သက်တန့်ချို said...

အော်.. ခရေ..ခရေး) ခရေနှင့်နတ်သမီး လိုက်ဖက်ပါ၏း)

စော(အဝါရောင်မြေ) said...

ခရေလေးတွေက မအဖြူလေးကို ပြန်ပြောနေတယ် ကြားလားဟင်။

ကျမကြားတာ ပြောပြမယ်။ သူတို့ တွေက မအဖြူလေး ဖေဖေ နှင့် မေမေတို့  ကိုယ်စား မို့  ခွင့်ပြုပါသတဲ့လေ။

jasmine(တောင်ကြီး) said...

ဂျက်လဲ ခရေပန်းရဲ့ ရနံ့လေးကို
အရမ်းချစ်တယ်။
ဂျက်လဲ လွမ်းတိုင်း
နမ်းပါရစေနော်....
ချစ်တဲ့ jasmine

အမှတ်တရ နေ့စွဲများ.... said...

ခရေပင်အောက်က နှင်းဆီချစ်သူလေးပါကွယ် ....
ညည်းက ဘာကိစ္စနဲ့ပျောက်နေရတာလဲ ....
တနေ့တနေ့ ဖဘ မှာ ရှာနေရတာ အရူးတပိုင်းနဲ့ဖြစ်နေတာ မသိဘူးလား ... ဟင်း

မိစံ said...

အစ်မကဗျာလေးမြင်ပြီး
ရွာက..သာအေးကို လွမ်းလိုက်တား)
အစ်မချစ်တဲ့ခရေပန်းလေးကို
(လွမ်းတဲ့ချိန်တင်မကပဲ)
အချိန်ရတိုင်း..နမ်းခွင့်ရပါစေရှင်
ချစ်ခင်စွာဖြင့်

မိုးငွေ့...... said...

နမ်းပါ နမ်းပါ စိတ်ကြိုက်နမ်းပါ နတ်သမီး...။ ဒါနဲ့ နောက်လထဲမှာပဲ မွေးနေ့ရောက်တော့မယ်နော်...။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

း) သထုံလမ်းကိုသွားသတိရတယ်
အခုချိန်ဆိုလည်း မနက်တိုင်းခရေတွေဖွေးနေလောက်ပြီ
း)

ကိုဇော် said...

ခရေပန်းကို ခြောက်သွားတဲ့ အထိ အနံ့လေးက ကျန်နေတတ်လို့ ချစ်တယ်။ ကဗျာက တိုပေမဲ့ ပေါ်လွင်တယ်။

blackroze said...

ကဲ..လွမ်းတိုင်းနမ်းစေသတည်း..

ခင်တဲ့ညီမ ပစ်ပစ်

မောင်မျိုး said...

ခရေကပြောတယ် kiss me quick တဲ့း))

sulay said...

ခန်းခြောက်ပေမဲ့ ရနံ့မပျောက်တဲ့ခရေလိုပဲ စိုပြေတဲ့ဘ၀လေးဖြစ်ပါစေကြောင်း

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

...အလင်းစက်များ said...

အချိန်မရွေးမွှေးနေတဲ့ ခရေပန်းပါပဲ။ ငယ်ငယ်က ခရေပန်းခြောက်တွေ စုပြီး ရေမွှေးထုတ် ဖို့  တောင် ကြံခဲ့ဖူးသေးတယ်။ :D

ခင်မင်စွာဖြင့်

ကြောင်ဖြူများရှင်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် ခရေဆိုတာ မြေမှာကြွေကြွေ.. အပင်ပေါ်မှာ ဝေဝေ အနံ့မပြယ်တဲ့ ချစ်စရာပန်းကလေးပါ။
ဘာပန်းနဲ့ဘဲ ရောပြီးထားထား ခရေရနံ့က သီးသန့်လေး ပေါ်လွင်နေပါတယ်။။
ခရေလို ထာစဉ် မွှေးပျံ့ပါစေ ညီမ နတ်သမီးရေ..

ဆူးသစ် said...

ခြောက်သွားတဲ့အထိ မွှေးတာ ပန်းထဲမှာ ခရေပဲရှိမယ်ထင်တယ်နော်။ ကျွန်တော်လည်း ခရေကို ကြိုက်တယ်။ အမေကြိုက်လို့ပါ။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .