Wednesday, November 2, 2011

ပြုံးတတ်ဖို့ပဲလိုတယ်



“ဘဝ ကကြမ်းလိုက်တာ” လို့ အော်နေဖို့မလိုဘူး

အဓိကက ပြုံးတတ်ဖို့ပဲလိုတယ်


ဆောင်းအိပ်မက်ဆိုတာကတော့

ထုံးစံအတိုင်း Romantic မဆန်နိုင်ဘူးပေါ့


ဝိုင်နီနီအိပ်မက်တွေပေါ် ကခုန်မယ်ကြံတိုင်း

အညှိုးကြီးတဲ့မိုးကြောင့်

စင်ဒရဲလားအကကို ခေါက်သိမ်းခဲ့ရတာလည်း အခါခါပါပဲ


ညည်းမနေနဲ့မိတ်ဆွေ

စုတ်ချက်ကြမ်းလည်း ဒီပန်းချီကားပဲ

လူမြင်ကောင်းအောင် ဆေးသားကျဲကျဲနဲ့

ခပ်သသလေးသာ ဆွဲလိုက်စမ်းပါ

ကင်းဘတ်စ ကောင်း မကောင်းဆိုတာထက်

ကာလာတွေ အရောင်စုံဖို့ပဲလိုတယ်..။

27 comments:

shwepu said...

အရမ်းကောင်းတယ် စာသားလေးတွေက .. အမြဲအားပေးနေပါတယ်ခင်ဗျာ။ .

Han Kyi said...

ကဗျာလေး တော်တော်ကောင်းတယ်...တစ်ခုပဲ ခေါင်းစဉ်ကြီးက ရုပ်ဆိုးလိုက်တာ...ဖြစ်နိုင်ရင် ခေါင်းစဉ်ပြောင်းလိုက်ပါလား နတ်နတ်ရယ်...ဘုန်းကြီးနဲ့ ဘီးလို ထော်လော်ကန့်လန့် နိုင်လွန်းလို့...

စာသားလေးတွေကြိုက်လွန်းလို့ သုံးခေါက်ဖတ်ပြီး မှတ်သွားပါသဗျား...

မိစံ said...

ဝိုင်နီနီအိပ်မက်တွေပေါ် ကခုန်မယ်ကြံတိုင်း
အညှိုးကြီးတဲ့မိုးကြောင့်
စင်ဒရဲလားအကကို ခေါက်သိမ်းခဲ့ရတာလည်း အခါခါပါပဲ
ဆိုတော့ကာ.....းP
စာသားလေးတွေကလည်း...လှ
အစ်မပုံလေးကလည်း..လှနဲ့
ရောရောင်ပြီး..မန့်တဲ့သူပါ..လှသွားသလိုလိုး)

...အလင်းစက်များ said...

ရှင်သရဲလား အကြောင်း အပိုဒ်လေး ကြိုက်သဗျိုး။

မိုးငွေ့...... said...

ဟုတ်တယ် ဒီလောက်လှတဲ့ကဗျာ နတ်သမီးပုံနဲ့ဟတ်နေတာ ခေါင်းစဉ်လေးနဲနဲပြောင်းလိုက်ရင် အိုခေပြီ..။

ကိုဇော် said...

ဒီကဗျာလေး ခံစားလို့ ရတယ်။
ပုံပေါ်တယ်။

ကိုအောင် said...

ဟုတ်တယ်၊ ရင်ထဲက ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ပြုံးတတ်ဖို့ပဲ လိုတယ်... အမှန်ပဲ ..

blackroze said...

ဟုတ်တယ်အမရေ

ပြုံးနေတတ်ဖို့တော့တကယ်ကိုလိုတာ
ပါးပါးလေးပြုံးမလား
ထူထူလေးပြုံးမလား
မပွင့်တပွင့်လေးပြုံးမလား

jasmine(တောင်ကြီး) said...

အညှိုးကြီးတဲ့မိုးကြောင့်

ဟုတ်တယ်အဲဒီမိုးပဲ မလေးရှာမှာလူတွေကိုဒုက္ခ
ပေးနေတာ။

Angelhlaing(May everybody be happy and healthy! said...

ကဗျာ စဆုံး...စကားလုံးတွေ အားလုံးမိုက်တယ်မမ :)
ခံစားအားပေးလျှက်ပါလို့..

အလင်းသစ် said...

အရောင်စုံကာလာတွေနဲ့ ရေးဆွဲခဲ့ပါရက်နဲ့.. ကင်းဗတ်စမခိုင်မြဲလို့ ..ကျွန်တော့် ပန်းချီကား လေးတော့ စုတ်ပြဲသွားရှာပေါ့.. ဘာပဲဖြစ်ဖြစ် ပြုံးတတ်အောင် ပြုံးသွားပါတယ် အမတော်ရေ...

မဒမ်ကိုး said...

ဟားးး ခုမှမြင်လို့လိုက်လာတယ် မမနတ်သမီးလေးရေ ..
လှတဲ့သူများ ဘယ်လိုပြူံးပြူံးလှနေတာပဲ
ချစ်စရာကောင်းလိုက်တာ
ကဗျာလေးကလဲ ကောင်းတယ်
ခံစားသွားပါ၏

ခင်တဲ့

mstint said...

'စင်ဒရဲလားအကကို ခေါက်သိမ်းခဲ့ရတာလည်း အခါခါပါပဲ' ဆန္ဒအတိုင်းလုပ်မရပဲ အခါခါလွဲတတ်တာ 'ဘဝ' ပေါ့ နတ်သမီးလေးရေ။ ဒါပေမယ့် အိမ်မက်ဆိုတာ မထင်မှတ်ပဲ အကောင်အထည်ပေါ်လာလေ့ရှိပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

san htun said...

ကဗျာလေးက တော်တော် ကောင်းတယ်..

sosegado said...

ဟုတ်ပါသည်၊ ပြုံးတတ်ဖို့ပဲလိုပါသည်၊ တစ်ချို့အပြုံးတွေက ချစ်စရာကောင်းသည်
တစ်ချို့အပြုံးတွေက ကြောက်စရာကောင်းသည်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုးဆိုတာ အမြဲတမ်းတော့ မရွာနိုင်ဘူးလေ
နေသာတဲ့တစ်နေ့မှာ လှလှပပ ကြွကြွရွရွ စင်ဒရဲလားအကလေးနဲ့ ဝဲပျံကပြခွင့်ရဦးမှာပါ..
ဘဝဆိုတာ စင်းလုံးချောမဟုတ်လို့ ကြမ်းတဲ့အခါရှိမယ်.. လွမ်းရတဲ့အခါလည်းရှိမယ်. သေချာတာက အပြုံးမပျက် ဆက်လျှောက်လှမ်းဖို့လိုတယ်..
တစ်နေ့တော့ ပန်းတွေခင်းထားတဲ့ လမ်းကလေးကို ရောက်ကိုရောက်မှာပါ..

မြသွေးနီ said...

အပြုံးလေးက တကယ်ထိတယ်ရှင့်...။
အပြုံးလှလှလေးနဲ့ ဓာတ်ပုံကနေ ကဗျာလေးတစ်ပုဒ် မွေးဖွားလာပုံရတယ်..။

Han Kyi said...

ခေါင်းစဉ်ပြောင်းလိုက်ပြီကိုး...ကောင်းပ...အခုမှပဲ အစပ်အဟပ်တည့်သွားတယ်...ဒီကဗျာရော ရောင်းတန်းထဲမှာ ပါသေးသလား...းးး)))

အဖြူရောင်နတ်သမီး said...

ဦးဟန်ကြည် >>> “ကဗျာ ရောင်းရန်ရှိသည်” ဆိုတဲ့ ကဗျာတွေထဲမှာ ဒီကဗျာပါဘူး..။

shwewunyatana said...

နတ်သမီးလေရေ..ကဗျာလေးကောင်းလွန်းလို
ခံစားသွာပါတယ်...

မေတ္တာဖြင့်...
ရွှေဝန်းရတနာ

shwewunyatana said...

နတ်သမီးရေ..ကဗျာလေးကောင်းလွန်းလို့
ခံစားသွာပါတယ်....
မေတ္တာဖြင့်....
ရွှေဝန်းရတနာ...

shwewunyatana said...

နတ်သမီးရေ..ကဗျာလေးကောင်းလွန်းလို့
ခံစားသွာပါတယ်....
မေတ္တာဖြင့်....
ရွှေဝန်းရတနာ...

သျှင်နေမင်း said...

ပန်းချီကာတချပ်ဆိုတာလဲ...
လူ့ ဘ၀လိုပါပဲ..
လှလှပပခံစားနေသူအတွက်
အပြုံးလေတွေနဲ့ ပေါ့ ..

မောင်(စွယ်စုံကျမ်း) said...

မမနတ်သမီးရေ..ကဗျာတွေလာအားပေးပါတယ်နော် ပျောက်ချက်သားကောင်းတယ် အလုပ်မများတဲ့ဆော့ဝဲထွင်ပေးမယ်နော်

ဆူးသစ် said...

မော်ဒန်ကြိုက်တဲ့ ညီမငယ်။ ကဗျာလာအားပေးသွားပါတယ်။ စာအရေး နည်းနည်းကျဲသွားတယ်။ မအားဘူးလို့ထင်ပါတယ်။ ကဗျာရဲ့ ဆိုလိုရင်းကို သဘောကျမိပါတယ်။

ဝေလင်း ( Вэй Линн) said...

မန့်လိုက်တာေ၇ာက်ကောရောက်ရဲ့လားမသိဘူး... ဒီကဗျာကိုအကြိုက်ဆုံးပဲ

နွေတေးရှင် (မင်းဧရာ) said...

အမကြီး....
အတော်လေးကို ထိထိမိမိ ပီပီသသ ကဗျာလေးဘဲဗျာ
အပြန်ပြန်ကို ထပ်ဖတ်မိနေတယ် တစ်ပုဒ်လုံးကို ကောင်းနေတာ ဆရာဦးဟန်ကြည် ပြောသလို ကဗျာရဲ့ ခေါင်းစဉ် လေးပြောင်းပေးရင် ပိုလှမယ်လို့ထင်တယ်ဗျာ။

(မင်းဧရာ) အကောင့်အသစ်ပြောင်းလိုက်လို့ လာလည်ပါအုံးဗျာ့။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .