Wednesday, October 12, 2011

သီတင်းကျွတ်အလွမ်း



ဆီမီးငယ်တဲ့ ထိန်ထိန်။

အိုင်မင်း ရေကြည်က

ကြာငါးမည် ငုံအာစွင့်တယ်

ဖူးပွင့်ခါချိန်။

အသဝါနီ ယှဉ်ကာချဉ်းပါလို့

လင်းလာတဲ့ ငွေတာရိန်ရယ်

ပြာမှိန်လျက် မြူခြေဆိုင်း။

ဂါရဝေ

သက္ကစ္စံ ပဏာမေဖြင့်

သဒ္ဓါခြွေ ကန်တော့ပွဲကိုလ

မစဲပေါင် ကုသိုလ်ကိုနှိုးကြတယ်

မျိုးမြန်မာ့တိုင်း။

ဝါဆိုလပြည့်နေ့၌ ရဟန်းသံဃာသည် မိမိတို့၏ ဆိုင်ရာဆိုင်ရာ ကျောင်းသင်ခန်း၌ ကပ်ရောက်၍ သီတင်းသုံးပြီးသော် သီတင်းကျွတ်လပြည့်နေ့၌ ဝါမှထ၍ ဝါမဝင်မီ ရှေးက အရပ်တပါးဆီသို့ ဒေသစာရီကြွချီမြဲ အတိုင်း ကြွချီတော်မူ၏။

ဤကဲ့သို့ ဝါဆိုလပြည့်မှ သီတင်းကျွတ်လပြည့်အထိ ရက်ပေါင်း၉၀ သီတင်းပြည့်၍ ကျွတ်လွတ်သောကြောင့်ဝါကျွတ်သည်ဟု ခေါ်ဆိုကြ၏။ ထိုသို့သီတင်းဝါကျွတ်သောအခါ သက်ငယ်တို့သည် သက်ကြီးရွယ်အို လူကြီး မိဘ ဆရာသမားတို့ထံ အိမ်တိုင်ရာရောက် သွားရောက်၍ ကန်တော့ကြ၏။ ထိုသို့ ငယ်သူက ကြီးသူကိုလည်းကောင်း၊ လူအပေါင်းတို့က မိဘ ဆရာသမား ရဟန်းတော်များကိုလည်းကောင်း၊ မိမိတို့၌ အပြစ်ရှိခဲ့သော် ထိုအပြစ်တို့မှ ပပျောက်ရန် ကန်တော့ပါ၏ ဟုဆို၍ ကာယကံမြောက်ကန်တော့ကြသော ပွဲတော်ကြီးပေါ်ပေါက်သည်ဟု ဆိုကြသည်။ အဘိဓမ္မာတရားကို ဟောကြားတော်မူသောမြတ်စွာဘုရားသခင် ကိုလည်း ရည်စူး၍ ဆီမီးထွန်းညှိပူဇော်ကြသည် ဟူ၍လည်း ဆိုကြသည်။

ကျမ မှတ်မိနေပါသေးတယ်..။ ငယ်စဉ် ကလေးဘဝက သီတင်းကျွတ်ပြီဆိုလျှင် ဖေဖေနဲ့ မေမေတို့ရဲ့ရှေ့မှာ ထိုင်ပြီး“ဖေဖေနဲ့ မေမေတို့ကို သမီးပြောမှား ဆိုမှား ရှိခဲ့ရင် ခွင့်လွှတ်ပါ”ဆိုပြီး ကန်တော့လိုက်တိုင်း“ဖေဖေနဲ့ မေမေတို့က သမီးလေးကို အမြဲခွင့်လွှတ်ပြီးသားပါ” ဆိုတဲ့အဖြေလေးနဲ့အတူ“သမီးလေးအတွက်” ဆိုပြီး မုန့်ဖိုးပေးပြီး အိမ်တွင်း သီတင်းကျွတ်မီးထွန်းပွဲတော်ကိုကျမတို့ မိသားစု ၃ယောက်ပျော်ရွှင်စွာဆင်နွှဲကြမြဲ။ သိမ်ကြီးဈေးက ဖေဖေဝယ်လာတဲ့စက္ကူမီးပုန်းလေးတွေကို အိမ်ရှေ့ဝရန်တာမှာ အလှဆင်ရင်း မေမေရဲ့လက်ရာ လ္ဘက်သုတ်နဲ့ရေနွေးပူပူလေးကို မိသားစု၃ယောက် ထိုင်းပြီး စားခဲ့ဖူးတယ်။ကလေးပီပီ မီးဆော့ချင်တဲ့ကျမဟာ မီးဖိုစောင့်နတ်၊ ရေချိုးခန်းစောင့်နတ်၊ မြေစောင့်နတ်၊ ကျောက်ပြင်စောင့်နတ်၊ လှေခါးစောင့်နတ် အစရှိတဲ့ နတ်များကို ပူဇော်ဖို့ ဖုယောင်းတိုင်ထွန်းတဲ့တာဝန်ကိုယူရင်း လေတိုက်လို့ မီးငြိမ်းသွားတဲ့အခါ အပြေးလေး မီးညှိရင်း မီးဆော့ခဲ့ဖူးတယ်။

သီတင်းကျွတ်မီးထွန်းပွဲတော် ညဈေးတန်းကို ဖေဖေ ၊မေမေတို့နဲ့လမ်းလျှောက်ထွက်တိုင်းလည်း တွေ့သမျှ မုန့်ပဲသားရည်စာများကို စားပြီး ဗိုက်ပြည့်တဲ့အခါ ဖေဖေ့ပခုံးထက်မှာ အိပ်ပျော်ရင်း မိသားစု၃ယောက် အိမ်ပြန်လာခဲ့ကြတဲ့ဘဝလေးကို ကျမ ပြန်စဉ်းစားရင်း ကျမ မျက်ရည်လည်လာမိတယ်။

အသက်ကြီးမှ အိမ်ထောင်ကျခဲ့ကြတဲ့ဖေဖေနဲ့ မေမေတို့ဟာ တဦးတည်းသော သမီးဖြစ်တဲ့ ကျမကို အရမ်းချစ်ကြပါတယ်။ မေမေကတော့ မိန်းမပီပီ သမီးမိန်းခလေးဖြစ်တဲ့ကျမကို မိန်းမတို့တတ်ထားသင့်သည့်အိမ်တွင်းမှုကိစ္စအဝဝနဲ့ အိမ်ရှင်မပီသအောင် သင်ပေးရင်း ကျမကို မျက်နှာသာပေးလေ့မရှိပါဘူး။ဖေဖေကတော့ ကျမဘာလုပ်လုပ် ခေါင်းလေးတညိတ်ညိတ်နဲ့ပြုံးပြီး ကြည့်နေတတ်တဲ့သူပါ။

ဖေဖေ့ရဲ့ အားပေးမှုကြောင့် ကျမဟာ မူလတန်းအရွယ်က စလို့ နေရာတကာမှာ ပါလေရာဖြစ်ခဲ့ရတယ်။ကျောင်း ကာယ အားကစားအသင်း၊ ဘင်ခရာအသင်း၊ ပန်းချီပြိုင်ပွဲ၊ ပညာရည်ထူးခွန်ဆုတွေနဲ့ကျမဟာ ဖေဖေရဲ့ ပစားပေးမှုကြောင့် “မစွာတေး”လေးဖြစ်ခဲ့ရသတဲ့...း)

ကျမကို ဖေဖေက ပစားပေးပြီး မေမေကနှိပ်ကွတ်... ကျမက စွာတူးလန်နေအောင် ပြန်ပြောပြီးလို့ ... သီတင်းကျွတ်ရောက်တိုင်း မိဘတွေကို လက်အုပ်ချီပြီး ပြန်တောင်းပန်...

ဒီလိုနဲ့ပဲ..မုန့်လုံးစက္ကူကပ်ခဲ့ရတဲ့သီတင်းကျွတ်ရောက်တိုင်း ဖေဖေနဲ့ မေမေတို့ရဲ့ရှေ့မှာလက်အုပ်ချီပြီး တောင်းပန်ကန်တော့ရင်းမုန့်ဖိုးတွေ တပွေ့တပိုက်ကြီး ရခဲ့တဲ့ကျမတို့ရဲ့ ပျော်ရွှင်စရာမိသားစုလေးရဲ့ ဘဝဟာအခုတော့ ဟိုးးးးး အတိတ်ဆီမှာ ကျန်လို့နေခဲ့ပါပြီ..။

အခုတော့လည်း သီတင်းကျွတ်ပေါင်းများစွာကို ဖြတ်ကျော်ရင်း........ ကွယ်လွန်သွားကြပြီဖြစ်သော ဖေဖေနဲ့ မေမေ့ကိုတမ်းတမှန်းဆ ကန်တော့ရင်း........

မိဘအရွယ် လူကြီးသူမများကို မိဘအမှတ်နဲ့ ကန်တော့ရင်း....

မီးပုန်းလေးတွေကိုမြင်တိုင်း...

ညပွဲဈေးတန်းမှာ လျှောက်လည်နေကြတဲ့ မိသားစုတွေကိုမြင်တိုင်း...

ဖခင်ရဲ့ပခုံးထက်မှာ နှစ်ချိုက်စွာ အိပ်ပျော်နေတဲ့ကလေးငယ်တွေကိုမြင်တိုင်း...

ကျမလေ....ဟိုးးးးးး အဝေးဆီက မိသားစုလေးကို လွမ်းတယ်...

သြော်....ရောက်ခဲ့ပြန်ပြီ...သီတင်းကျွတ်ဆီ......

ဝန်ခံချက်။ ။ ကဗျာနှင့် အပေါ်ဆုံးအပိုဒ်ကို ဆရာမောင်ထင်ရေးသည့် ၁၂လရာသီမှ ကူးယူဖော်ပြပါသည်။

26 comments:

jasmine(တောင်ကြီး) said...

ဟယ် အောက်ဆုံးကပုံကငယ်ငယ်ကပုံလား
ချစ်စရာလေးနော်....
အပေါ်ကအဖေနဲ့အမေထင်တယ်
ဂျက်လဲလွမ်းလိုက်တာ.....
ဘာပွဲတော်ပဲဖြစ်ဖြစ်အိမ်ကိုလွမ်းမိတယ်။
ခုဆိုညောင်ရွှေဖောင်တော်ဦး
ရှေ့လဆိုရင်တောင်ကြီးတန်ဆောင်တိုင်
ဒီဇင်ဘာဆိုရင်နှစ်ကူးလဲအရမ်းစည်တယ်။
အချစ်ဖြင့် jasmine

ညိမ်းနိုင် said...

နတ်နတ်ရယ်.......ကျွန်တော်လည်းလွမ်းနေတာ...ခက်တာ
ကဘာကိုဘယ်လိုလွမ်းရမှန်းကိုမသိတဲ့ ဟာတာတာအလွမ်း
ကြီး....:)))

rose of sharon said...

လွမ်းစရာကောင်းလိုက်တာကွယ်... ဖတ်ရင်းလိုက်လွမ်းမိတယ်... သူငယ်ချင်းငယ်ငယ်တုန်းကမျက်နှာလေးက ချစ်စရာကောင်းလိုက်တာ...ကြီးလာတော့ ချောလိုက်တာ

မိုးငွေ့...... said...

ပိုလွမ်းသွားအောင်ပြောပြလိုက်ဦးမယ် ခုနတ်သမီးတို့နေတဲ့ ရေကျော်မှာ သီတင်းကျွတ်ပွဲဈေးဒီနှစ်ပြန်လုပ်တယ် တော်တော်စည်တယ်ပြောတယ် ကိုယ်ကတော့ လူများတဲ့နေရာနဲ့မတည့်လို့မသွားဖြစ်ဘူး...။

မင်းဧရာ said...

အမကြီး..
စိတ်မကောင်းဘူးဗျာ ဒီလိုပဲပေါ့ ။
ရည်စိတ်သန်စွာနဲ့ အာရုံပြုပြီး ကန်တော့တဲ့အခါ
သူတို့ တွေလည်း ကောင်းရာ ဘုံ ဘ၀ ကနေ သာဓု ခေါ်နေမှာပါ။

လွင်ပြင်လှိုင်းငယ် said...

လွမ်းသွားပါတယ်ဗျာ....
တကယ့်ကို ကောင်းပါတယ်

Angelhlaing(May everybody be happy and healthy! said...

ချစ်စရာကောင်းတဲ့ မမ ပုံလေးပဲ :):) အမှတ်တရ ပုံလေးတွေကြည့်ရင်း လွမ်းနေမယ့်မမကို မြင်ယောင်မိပါရဲ့ .... မမရေ..။

ဂျေ said...

a

sosegado said...

လွမ်းစရာကောင်းအောင် ရေးထားပါလား
ဖတ်ပြီး အဖိုးအဖွား အဖေမေတွေကို သတိရမိပါသည်၊ ကျေးဇူး…..

blackroze said...

မရေ
ပျော်စရာသီတင်းကျွတ်ဖြစ်ပါစေနော်..

ချစ်တဲ့ညီမ blackroze

မေသိမ့်သိမ့် ကျော် said...

ငယ်တုန်းက မိဘ ဘိုးဘွားတွေနဲ့ အမျိုးတွေကို လိုက်ကန်တော့တာ သတိရမိတယ်။ အခုတော့ဝေးနေပြီလေ....။


ခရီးသွားနေလို့ နောက်ကျသွားတာ ခွင့်လွှတ်နော်...။

ခင်တဲ့
မေသိမ့်

အမှတ်တရ နေ့စွဲများ.... said...

သီတင်းကျွတ်ပြီနော် အပျိုကြီး ....

မြသွေးနီ said...

ချစ်စရာမိသားစုရဲ့ ဖြတ်သန်းခဲ့ရတဲ့ သီတင်းကျွတ် အခါသမယလေးကို ဖတ်ရတာ ကြည်နူးစရာ...။ ညီမလေးရဲ့ ငယ်ဘ၀ပုံလေးက ချစ်ဖို့ကောင်းလိုက်တာ...။

မြစ်ကျိုးအင်း said...

သီတင်းကျွတ်ရဲ့ ပျော်ရွှင်ကြည်နူးဖွယ် ကလေးဘဝလေးတွေက ကိုယ်စီကိုယ်စီ ကျန်နေခဲ့ပါပြီ။
ဒါပေမယ့် ပြန်တွေးတိုင်း မကြာသေးသလို ထင်ထင်ရှားရှား မြင်နေရတုန်းပဲ။

နောက်ဆိုရင် အကန်တော့ခံ အရွယ်ကိုပါ ဖြတ်သန်းရအုံးမယ်။ ကလေးတွေ ပျော်မြူးတာကို ကြည့်ပြီး ကြည်နူးကြရအုံးမယ်။။

shwewunyatana said...

မင်္ဂလာပါနတ်သမီးရေ..သီတင်ကျွတ်အခါသမယမှာ...စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံပါစေ......


ရွှေဝန်းရတနာ...

shwewunyatana said...

မင်္ဂလာပါ

shwewunyatana said...

မင်္ဂလာပါ

shwewunyatana said...

မင်္ဂလာပါ

မဒမ်ကိုး said...

ချောတဲ့သူများကျတော့ ငယ်ဘ၀ကတည်းက ဇာတိပြတာပဲမမရေး)

ခင်တဲ့

မဒိုးကန်

...အလင်းစက်များ said...

နတ်သမီးရဲ့ လွမ်းစရာ သီတင်းကျွတ်လေးကို လာခံစားသွားတယ်....... မိသားစု ဘ၀လေး အားလုံးတောင့် တ ကြတာပါပဲဗျာ။

စိတ်ချမ်းမြေ့ပါစေ။

သက်တန့်ချို said...

အိုး..ငယ်ငယ်တုန်းပုံလေးပေါ့း))) cute !!

ဆောင်း said...

အလို ရေကျော်သူဆိုပါလား.. ရေကျော် သီတင်းကျွတ် ပြန်စည်နေပြီဆိုတော့ ၀မ်းသာစရာ အရင်က အိမ်ရှေ့ မှာ ဒယ်အိုးမှာ လေးဒေါင့်အပေါက်ပါတဲ့ သံပြားပေါ် ဆံမှုန့် တွေ ဇကာချ အုန်းထန်းညက်ယိုထဲ့ အောက်မီးနဲ့ ကင်တဲ့မုန့် (ဆပ်တဖူးလို့ ထင်တာဘဲ) သိပ်ကြိုက်တာ စားရခဲတယ် သီတင်းကျွတ်ဈေးသည်တွေ လာရောင်းမှ စားရတာ။ မြောင်းကြီးလမ်းက အကိုကြီးတွေ မိန်းမလို ၀တ်ကတာတွေ ဓမ္မာရုံရှေ့ အမှိုက်ပုံမှာ ဇတ်စင်ဆောက်ပြီး မိုးကြိုးငှက်ငယ်ကလေးများ (နာမည်ပြောင် မုန့် ကြွပ်ငှက်ငယ်လေးများ) ကတာ ကြည့်ရတာတွေ လမ်းတလျောက်လုံးက ၀ါးတိုင်မှာ သွယ်ထားတဲ့ ရောင်စုံမီးပုံးလေးတွေ ရေကျော်ထိပ်က ဦးမောင်မောင် ဆပ်ကပ်နဲ့ ချားရဟတ်ကြီးတွေ...

နောက်ဆုံးသတိရတာက အမေအဖေတို့ ကို ကတော့ရင် မုန့် ဖိုးရတာ အလွမ်းဆုံးး-)

ညီမရဲ့ မမရေကျော်သူ

ဆူးသစ် said...

လွမ်းရတဲ့အဖြစ်တွေထဲမှာ မိဘကို လွမ်းရတာက ပိုခံရခက်တယ်ညီမရေ။ နေ့ထူးနေ့မြတ်တွေဆို အစ်ကိုတို့လည်း အိမ်ကိုလွမ်းမိတယ်။ အဝေးမှာနေရတာတူတဲ့အတွက်ခံစားမှုတွေကပိုတူကြပါ တယ်။ ညီမကတော့ မိဘတွေမရှိတော့ဘူးဆိုတော့ပိုလွမ်းမိမှာပါပဲ။ စာနာမိပါတယ်။

Ehlar said...

လာဖတ်သွားပါတယ် မေရ
မ ကငယ်ငယ်တုန်းကပံုေလးလည်းြကည့်သွားပါတယ်။
အရမ်းလှပါတယ် မရယ်

ရိုးမ အရိုင်းပန်း said...

မမနတ်သမီး
စာလဲပို့ မရ။ မန့် လို့ လဲမရ....
သီတင်းကျွတ်မှာ ပျော်ရွှင်ပါစေ။

ဝင်းမင်း

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကျွန်တော်လည်းမိဘနှစ်ပါးကိုပြန်မကန်တော့နိုင်ဖူး
နောက်လမှကန်တော့ဖြစ်တော့မယ် ကိုယ်ချင်းစာမိပါရဲ့

ပြီးတော့လေ အဟိ
သီတင်းကျွတ်ပြီနော် အစ်မး)

မောင်ဘကြိုင်

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .