Thursday, September 22, 2011

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်


မြန်မာပြည်ရဲ့ ပင်မသွေးကြော ..ဧရာဝတီ
ကချင်၊ ကယား၊ ကရင်၊ချင်း၊ မွန် ၊မြန်မာ၊ ရခိုင်၊ ရှမ်း ..အစရှိတဲ့ တိုင်းရင်းသားမောင်နှမများရဲ့ မိခင်.. ဧရာဝတီ။
မြန်မာရဲ့သမိုင်း ရာဇဝင်မှာ အထင်ကရ ဖျောက်ဖျက်မရတဲ့..ဧရာဝတီ။
သူမရဲ့အလှကို စာဆိုပညာရှင်တို့ ဖွဲ့နွဲ့လို့မကုန်နိုင်တဲ့..ဧရာဝတီ။
ဘယ်လိုကြည့်ကြည့် ငြိမ်းချမ်းလှပလွန်းတဲ့..ဧရာဝတီ။
မြန်မာပြည်က အကြီးဆုံးနဲ့ အရှည်ဆုံး အဓိကမြစ်ကြီး... ဧရာဝတီ။
မြန်မာပြည်ရဲ့ ကျက်သရေဆောင်..ဧရာဝတီ။
နိုင်ငံဂုဏ်ဆောင်တဲ့ ဧရာဝတီ။



“ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း” အတွက် .. ကျမတို့ရဲ့ဧရာဝတီကို စတေးရတော့မယ်တဲ့..။
ကြားလိုက်ရတဲ့သတင်း..... ဖတ်လိုက်ရတဲ့သတင်း ... သတင်းမီဒီယာတွေမှာ.. လူထုအော်သံတွေမှာ ပလူပျံနေလိုက်တာ..။
ရက်စက်လိုက်ကြတာ.. ၊ “တိုင်းပြည်တိုးတက်ဖို့ ”တဲ့လား..
ဧရာဝတီမြစ်ရဲ့အလှကိုဖျက်ပြီး တခြားတိုင်းပြည်မှာ မီးထိန်ထိန်လင်းစေဖို့ ..တဲ့လား..
အကျိုးအမြတ်ကျပြန်တော့လည်း ၇၀: ၂၀ : ၁၀ တဲ့။ စတေးခံရမယ့်သူတွေအတွက် မတရားလိုက်ကြတာ..။

တကယ်တော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကျမ ဘာမှမသိပါ၊ နိုင်ငံနဲ့ချီပြီး လုပ်နေကြတဲ့ စီးပွားရေး အုပ်ချုပ်ရေးပိုင်းတွေကိုလည်း ကျမ နားမလည်ပါ..(စိတ်လည်းမဝင်စားပါ) သို့သော် ..
ဘယ်လိုမှ စိတ်ထဲမှာမကောင်း..၊ ကျမငယ်စဉ်အခါတုန်းကပေါ့..
ပထဝီမြေပုံနဲ့ပတ်သက်ရင် သိပ်ညံ့ခဲ့တယ်၊ ကမ္ဘာ့မြေပုံဆွဲရင် တိုက်တွေကို ပြောင်းပြန် အမည်ပေးနေကျ..။
ကျမရဲ့မှတ်ဥာဏ်မကောင်းတဲ့ အကြောင်းလေးတွေထဲက ကျမ တိတိကျကျမှတ်မိခဲ့တာက မြန်မာပြည်မြေပုံထဲက ဧရာဝတီ၊ ချင်းတွင်း၊စစ်တောင်း၊သံလွင်ဆိုတဲ့ မြစ်(၄)မြစ်ပါပဲ။
ပထဝီမြေပုံတွေဆွဲတိုင်း အပေါက်အလမ်းမတည့်တတ်တဲ့ကျမဟာ အဲဒီမြစ်(၄)မြစ်နဲ့ မြန်မာပြည်မြေပုံဆွဲတိုင်း ကျမ အမှတ်ပြည့်အမြဲရခဲ့တယ်..။
ငယ်စဉ်အခါက ဧရာဝတီနဲ့ပတ်သက်တဲ့ ခေါင်းထဲမှာစွဲမြဲနေတဲ့ အမှတ်ရစရာလေးပါ။
အဲဒီလို မသိစိတ် သိစိတ်တွေနဲ့ သံယောဇဉ်ဖြစ်ခဲ့ရတဲ့ ကျမချစ်ခဲ့ရတဲ့ ဧရာဝတီ..။
........................

လွန်ခဲ့တဲ့ (၄)နှစ်ခန့်က ပုဂံကနေ ပခုက္ကူဖက်ကို အလည်သွားရင်းနဲ့ ဧရာဝတီမြစ်တလျှောက် ကျမကိုယ်တိုင်ရိုက်ခဲ့တဲ့ ပုံလေးတွေကို ပြန်ကြည့်မိတယ်..

ကြည့်ကြစမ်းပါ...
ဧရာဝတီမြစ်ရေနဲ့ ရှင်သန်နေကြတဲ့သူတို့လေးတွေရဲ့ဘဝ..
အသပြာဆိုတာ သူတို့မသိ၊ ဂုဏ် ပကာသနဆိုတာတွေကို သူတို့စိတ်မဝင်စား၊ ဧရာဝတီမြစ်ရေနဲ့ တောင်ယာစိုက်ပျိုးပြီး ဘဝကို ရိုးသားစွာရှင်သန်နေကြတဲ့သူတို့လေးတွေရဲ့ဘဝ..။
ဧရာဝတီနဲ့ အသက်ရှင်သန်နေကြတဲ့သူတို့ရဲ့ဘဝ...။
ဧရာဝတီမရှိတော့ရင် သူတို့တွေရဲ့ဘဝကို ဘယ်သူတာဝန်ယူမှာလဲ.. ။


ကြည့်ပါအုံးရှင်..
မိသားစုဝမ်းစာအတွက် ဧရာဝတီမြစ်ထဲမှာ ဟင်းစားရှာဖွေရင်း ဘဝကို တင်းတိမ်ယောင့်ရဲနေနိုင်တဲ့ ဦးကြီးကို ကျမ ချီးကျူးမိပါတယ်။
အဲဒီလို အပြစ်ကင်းတဲ့ လောဘ မရှိတဲ့ သူတွေရဲ့ဘဝ..၊ ငွေကိုမလို ရွှေကိုမလို.. ဧရာဝတီဟာ သူတို့ရဲ့ဝမ်းစာ...။
ဧရာဝတီမရှိတော့ရင် သူတို့ကို ဘယ်သူတာဝန်ယူမှာလဲ...။



ဧရာဝတီမြစ်ရေနဲ့ ရေချိုးနေကြတဲ့ ရွာသူရွာသားတွေရဲ့ဘဝ..
နွေခေါင်ခေါင်မှာ သဲသောင်ကထွန်း..၊ ချိုးရေမပြောနဲ့ သောက်ရေကိုတောင် သဲကြွင်းလေးတွေထဲကနေ ခဲရာခဲဆစ် ခပ်ယူသိုလှောင်နေရတဲ့ ရွာတွေ ခုချိန်ထိ ရှိနေပါသေးတယ်။
အဲဒီလို ဘဝတွေကို သူ့ရဲ့အသွေးအသားနဲ့ အသက်ဆက်ပေးထားတဲ့ ဧရာဝတီ..။
ဧရာဝတီမရှိတော့ရင် သူတို့ရဲ့ အခက်အခဲတွေကို ဘယ်သူတာဝန်ယူမှာလဲ..။


ရိုးသားလွန်းတဲ့ ပြည်သူတွေ၊ မက်မောမှုမရှိတဲ့ပြည်သူတွေ၊ ကျောချစရာ တနေရာရဖို့အတွက် မတရားမှုတွေကို ဥပေက္ခာပြုပြီး ခေါင်းငုံပေးထားကြတဲ့ပြည်သူတွေ.. ။
ဧရာဝတီနဲ့ အသက်ဆက်နေကြတဲ့ပြည်သူတွေရဲ့ဘဝ..၊ တောင်သူလယ်သမား မိသားစုတွေရဲ့ဘဝ..၊ ဧရာဝတီမရှိတော့ရင် အဲဒီလူတွေကို ဘယ်သူက တာဝန်ယူမှာလဲ..။
သေသေခြာခြာပြန်စဉ်းစားကြည့်ကြပါအုံးရှင်...။
တိုင်းပြည်ချမ်းသာဖို့ထက် တိုင်းပြည်ထဲက ပြည်သူတွေ အသက်ဆက်ရှင်သန်နိုင်ဖို့က ပိုအရေးမကြီး ပေဘူးလား..။
တိုင်းပြည်ကောင်းစားဖို့အတွက် အပြစ်မဲ့တဲ့၊ ရိုးသားတဲ့ ၊မက်မောမှုမရှိတဲ့ မိသားစုတွေရဲ့ဘဝတွေကို စတေးရမယ်ဆိုတာ တရားမျှတမှု ရှိပါရဲ့လား..။
ကိုယ့်သမိုင်း ကိုယ်ဖျက်.. ကိုယ်အရှက်ရမယ့်အရေး.. ကျမဘာမှ နားမလည်ပေမယ့် အနည်းငယ်တော့ မေတ္တာရပ်ခံပါရစေ...
ကမ္ဘာမှာ “ရေခြောက် မြေပျောက်အောင်လုပ်တဲ့နိုင်ငံ”လို့ ထပ်ပြီးအပြောမခံပါရစေနဲ့...။
ကိုယ်ပိုင် ငွေစက္ကူထုတ်စက်ရုံရှိတဲ့ ကျမတို့နိုင်ငံဟာ ဧရာဝတီကို စတေးရလောက်အောင် ထင်သလောက်မဆင်းရဲသေးပါဘူး။
ဧရာဝတီကိုတော့ မရောင်းပါနဲ့..
မစတေးလိုက်ပါနဲ့...
ဧရာဝတီကို စတေးလိုက်လို့ နိုင်ငံတော်အတွက် အကျိုးအမြတ် ဘယ်လောက်ရသွားတယ်ဆိုတာထက် အဲဒီဧရာဝတီကို မှီခိုနေကြတဲ့ အပြစ်ကင်းတဲ့ပြည်သူတွေရဲ့များစွာသော ဘဝတွေကို မစတေးမိစေဖို့ ကန့်ကွက်မဲ တမဲအနေနဲ့ ဧရာဝတီကို ချစ်သော ၊ မြန်မာပြည်ကို ချစ်သောစိတ်နဲ့ ...ကျမ
“ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်”




38 comments:

ကိုကိုမောင်(ပန်းရနံ့) said...

နတ်သမီး ကန့်ကွက်တာကို အပြည့်အ၀ ထောက်ခံပါတယ်။ ဧရာဝတီကြီး အမြဲ ရှင်သန်နိုင်ပါစေ။

ခင်မင်လျှက်

naylinnhtun said...

ဒါမှာ ဒို့ 
ရဲရဲတောက် ဝှိုက်အိမ်ဂျယ်
ဖတ်ရင်းနဲ့ ဧရာဝတီအတွက်ပူပန်စိတ်တွေ များလာရတယ်
မိခင် ဧရာဝတီ ကိုယ်စား ကျေးဇူးပါဗျာ ။ ။

လှိုင်ဘွား(သီချင်းအိမ်)

sosegado said...

တစ်ချို့က သူတို့နဲ့ မဆိုင်ဖူးပြောပါတယ်
တော်တော်ကြိုးစားယူရမှာပဲ
အော် ငါတို့နိုင်ငံမှာ နေတဲ့သူတွေလို့ပဲ ညည်းလိုက်ချင်ပါတော့တယ်။

san htun said...

နတ်သမီး ကန့် ကွက်တာကို အကြွင်းမဲ့ ထောက်ခံပါသည်။ ဧရာဝတီ အဓွန့် ရှည် တည်တံ့ပါစေ။

ငွေလမင်း said...

ဧရာဝတီကို လွတ်လပ်ခွင့်ပြုပါ

kiki said...

ဧရာဝတီ သည် မြန်မာပြည်သား အားလုံးနဲ့ဆိုင်တဲ့အတွက် ၊
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်ခွင့်လည်း မြန်မာပြည်သားအားလုံးတွင်ရှိပါသည် ။
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည် ။

ခင်မင်စွာ
မကိ

rose of sharon said...

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်...

Yin said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

Yin said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

Yin said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

Yin said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

Yin said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

မိုးငွေ့...... said...

ဧရာဝတီမြစ်ဆုံ စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွပ်ပါသည်...။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကျွန်တော်မောင်ဘကြိုင်လည်းလုံးဝကန့်ကွက်ပါတယ်
ဧရာဝတီအရေး မျှော်တွေးပြီး ကာကွယ်ကြပါ.....


မောင်ဘကြိုင်

သက်တန့်ချို said...

ပုံလေးတွေနဲ့တွဲဖတ်ပြီး ရင်ထဲမှာဆို့နင့်မှုတွေ နဲ့ အုံ့အုံ့သည်းသည်း ခံစားသွားရတယ်......

မြသွေးနီ said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် (ထပ်ဆင့်) ထောက်ခံပါသည်..။

လင်းဦး(စိတ်ပညာ) said...

လောဘတရား.... အတ္တတရားတွေနဲ့ ဧရာဝတီနဲ့ ပြည်သူ့အသက်တွေကို လဲယူနေကြတယ်။ လုံးဝ ကန့်ကွက်မှုကို ထောက်ခံသည်

ချော(အစိမ်းရောင်လွင်ပြင်) said...

ငါတို့ချစ်တဲ့ ဧရာဝတီကို ရောင်းမစားပါနဲ့
ခမ်းခြောက်အောင် တိမ်ကောအောင် မလုပ်ပါနဲ့
တန်ဖိုးထားပါ မြတ်နိုးပါ။ လေးစားပါ။
ဧရာဝတီ ရေရည်တည်တံ့ခိုင်မြဲပါစေ..
ထာဝစဉ် စီးဆင်းနိုင်ပါစေ

jasmine(တောင်ကြီး) said...

ဧရာဝတီအရေး ဟာမြန်မာပြည်ဖွားအားလုံးနဲ့သက်ဆိုင်တာမို့
ဧရာဝတီကိုကာကွယ်ကြပါစို့....
စိတ်ဝင်စားဖို့ကောင်းတဲ့ဓါတ်ပုံလေးတွေကြည့်သွားပါတယ်ချစ်ခင်တဲ့ jasmine

SHWE ZIN U said...

ညီမ နတ်သမီး နဲ့ အတူ ကန့်ကွက်ပါသည်

ချစ်တဲ့
အမရွှေစင်

SHWE ZIN U said...

ညီမ နတ်သမီး နဲ့ အတူ ကန့်ကွက်ပါသည်

ချစ်တဲ့
အမရွှေစင်

mstint said...

ပုံလေးတွေမြင်ရလေ ဝမ်းနည်းစရာကောင်းလေပဲနော်။
'မြစ်ဧရာ' ထာဝရအေးချမ်းစွာစဉ်ဆက်မပြတ် စီးဆင်းနိုင်ခွင့်ရှိပါစေလို့ ဆုတောင်းမိပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုအောင် said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

မင်းဧရာ said...

အမကြီးရေ.....
ဒို့ ပြည်သူညီစေ
ဧရာဝတီ ကိုတည်စေ
မြစ်ဆုံရေကာတာ စီမံကိန်း ကိုအကြွင်းမရှိ ကန့်ကွက်ပါတယ်။

ဧရာဝတီ ရှင်သန်စေရမည်
ဧရာဝတီ စီးဆင်းစေရမည်
ဧရာဝတီ လှပနေရမည်။

Angel Shaper said...

ဒါတို့မြစ်... ဒါတို့မြစ်... တို့အားလုံးရဲ့ ဧရာဝတီမြစ်....
ဒို့နှလုံးသား အသက်ထပ်တူညီ ချစ်လို့ ကာကွယ်ကြမည်။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။

blackroze said...

အမ နတ်သမီးနဲ့အတူ
ထပ်တူထပ်မျှကန့်ကွက်ပါတယ်...
ဧရာဝတီသည် ရောင်းရန်မဟုတ်
ဧရာဝတီသည် မြန်မာပြည်သူပြည်သားတွေ
အတွက်သာဖြစ်ရမည်..

PhyoPhyo said...

မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။

sulay said...

မြစ်ဆုံရေကာတာစီမံကိန်းအား ကန့်ကွက်၇န်လုံးဝလုံးဝကို သဘောတူကြောင်းပါ နတ်သမီး
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေ

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

မြတ်မွန် said...

ဧရာဝတီ ကမ္ဘာတည်သရွေ့ထာဝရတည်ရှိနေပါစေလို့ပဲ ဆုတောင်း ပြုမိပါတော့တယ် မမရေ..။

နွေမင်းလွင် said...

ဒီစီမံကိန်းလုပ်မှ မီးလင်းမယ်ဆို ဖယာင်းတိုင်ထွန်းပြီး
နေလိုက်မယ်။ စီမံကိန်းကို (လုံးဝ)ကန့်ကွက်တယ်။

shwewunyatana said...

ဧရာဝတီမြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်
ပါသည်။
ရွှေဝန်းရတနာ...

shwewunyatana said...

နတ်သမီး ကန့် ကွက်တာကို အကြွင်းမဲ့ ထောက်ခံပါသည်။ ဧရာဝတီ အဓွန့် ရှည် တည်တံ့ပါစေ။

မေသိမ့်သိမ့် ကျော် said...

ဧရာဝတီသည် မြန်မာပြည်သားတို့ ပိုင်ဆိုင်မှု ၊ သူတပါးလက်မအပ်နိုင်ပါ။ ဧရာဝတီ ပျက်စီးအောင် လုပ်ခြင်းမှန်သမျှကို လက်မခံနိုင်ပါ။

Ehlar said...

ကျွန်တော်အခု မ သီချင်းနားထောင်နေတယ်
ကျွန်တော်လည်း ထောက်ခံပါတယ်

...အလင်းစက်များ said...

ဒေဝေါလည်း နတ်သမီးမမနဲ့  ထပ်တူ ထပ်မျှပါပဲဗျာ။ အဲ. အကိုကယ်လိုရီ လို့  ပြောတာ နာမည်တွေတောင် မွှား

ဆူးသစ် said...

တာဝန်ကျေပါသည် ညီမငယ်.....

ကိုဇော် said...

ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်။

လှလိုက်တဲ့ ပုံတွေဗျာ။

Aung Kyaw Min said...

ထပ်တူကျတဲ့ ခံစားမှုတစ်ခုကို ခံစားသွားပါတယ်. မအဖြူရောင်ရေ. မရောက်တာလည်းကြာရောပေါ့. အခု အရောက်လာခဲ့ပါတယ်ဗျာ.

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .