Monday, January 11, 2010

အချစ်ပုံပြင်လေးတပုဒ်


ဒီရက်ပိုင်း အလုပ်တွေတအားရှုပ်နေပြီး အရမ်းကို ပင်ပမ်းနေတဲ့ ကာလပါပဲ...။သူငယ်ချင်းတို့ကို တကယ့်အဖြစ်အပျက် ပုံပြင်လေးတပုဒ် ပြောပြချင်တာကြောင့်...ဒီpost လေးကို ရေးဖြစ်ခဲ့တယ်..။မကြာသေးခင် အချိန်လေးကပေါ့နော်....သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိတယ်။ သစ္စာတရား၊ သိက္ခာတရား နဲ့ အချစ်ကို တန်ဖိုးထားတဲ့ ကောင်လေးနဲ့ အရာရာတိုင်းကို သံသယမျက်လုံးနဲ့အမြဲကြည့်တတ်တဲ့ စိတ္တဇဆန်တဲ့ ကောင်မလေးတစ်ယောက် ဟာ အရူးအမူးချစ်ခဲ့ကြတယ်..တဲ့။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် မျက်စိအောက်က အပျောက်မခံပဲ တတွဲတွဲပေါ့..။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အချစ်အား ပြိုင်ကြတဲ့အခါ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်တတ်ကြတယ်..။ ကောင်လေးက သူ့ကိုယ်သူ နာကျင်အောင်လုပ်တဲ့အခါမျိုးမှာ ကောင်မလေးကလည်း သူ့ကိုယ်သူ နှစ်ဆနာကျင်အောင်ပြန်လုပ်ရင်း အချစ်စမ်းတတ်သတဲ့..။ အဲဒီလိုနဲ့...သူတို့နှစ်ဦးရဲ့ နှစ်ပတ်လည် နေ့လေးတစ်နေ့မှာ....သူတို့ရင်ထဲက စိတ်ကူးလေးတွေကို အကောင်အထည် ဖော်ဖို့ တိုင်ပင်ထားခဲ့ကြတယ်...။အဲဒီနှစ်ပတ်လည်နေ့ကိုလည်းရောက်လာရော...သစ္စာတရားနဲ့ အချစ်ကို တန်ဖိုးထားတဲ့ ကောင်လေးကို အဲဒီကောင်မလေးက သစ္စာတရားကို စော်ကားတဲ့စကားတစ်ခွန်းကို ပြောမိလိုက်တယ် ဆိုရင်ပဲ ကောင်လေးဟာ နှလုံးသားတွေ ပေါက်ထွက်လုမတတ်ခံစားရင်း ဆက်ပြီးမခံစားနိုင်တော့တာကြောင့် သူ့ကိုယ်သူ နာကျင်အောင် လုပ်မိလိုက်တယ်ဆိုရင်ပဲ စိတ်ကြီးတဲ့ကောင်မလေးဟာ သူ့ကိုသူ နာကျင်အောင်ပြန်လုပ်ပါလေရော..။ရင်ကွဲလုမတတ်ခံစားနေရတဲ့ကောင်လေးဟာ သူ့ကိုယ်ပေါ်က ဒါဏ်ရာတွေကို မမှုပဲ ကောင်မလေးကို နာကျင်အောင်မလုပ်မိစေဖို့ ထိန်းခဲ့ပေမယ့် စိတ်ကြီးတဲ့ကောင်မလေးဟာ...အဲဒီကောင်လေးရဲ့ရှေ့မှာပဲ သူ့ကိုယ်သူ နာကျင်အောင် ညှင်းပမ်းနှိပ်စက်ပြခဲ့တယ်..။ စိတ်ထားနူးညံ့တဲ့ကောင်လေးဟာ ကောင်မလေးရဲ့ရူးသွပ်မှုတွေကို မခံမရပ်နိုင်တော့တာကြောင့် ကောင်မလေးအနားကနေ ပြေးထွက်သွားခဲ့တယ်..။ အဲဒီမှာတင်ပဲ...ကောင်မလေးလည်း ဆောက်တည်ရာမရဖြစ်ပြီး ရူးသွပ်သွားခဲ့တဲ့အတွက် ကောင်မလေးကို ပါတ်ဝန်းကျင်က စိတ္တဇဆေးရုံကပို့ပေးခဲ့ကြတယ်..။ အဲဒီလိုပဲ...ဒဏ်ရာတွေရထားတဲ့ကောင်လေးဟာ တညလုံး နှင်းတောထဲမှာ မေ့မျောနေတာကို လမ်းသွား လမ်းလာတွေက တွေ့ပြီး ဆေးရုံကို ပို့ပေးခဲ့ကြတယ်..။နောက်တနေ့မှာတော့ ကောင်လေးဟာ သတိပြန်လည်လာပေမယ့် ဘာကိုမှ မမှတ်မိတော့တဲ့ အတိတ်မေ့ဝေဒနာကို တသက်လုံးခံစားသွားရတော့တာပါပဲ..။သိပ်ချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦး...မိုက်ရူးရဲဆန်တဲ့ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်တဲ့အကျင့်ကြောင့်ရယ်..။ လူတိုင်းကို သံသယ ထားတတ်တဲ့ အကျင့်ဆိုးကြောင့်ရယ်..။ အချစ်လွန်ကဲပြီး ခံစားလွန်းသူတို့ရဲ့ နောက်ဆုံး...ရင်ကွဲဖွယ်ဖြစ်ရပ်လေးကို သင်္ခန်းစာယူရင်း...ချစ်သူတွေကြားမှာ သံသယများကင်းဝေးကြပါစေ...လို့ဆန္ဒပြုရင်း...

10 comments:

Anonymous said...

ပထမဆုံးကွန့်မန့်ပေးသွားပါတယ်
ပျော်ရွှင်ပါစေဗျာ
ပင်ပန်းမှု့တွေပြေပျောက်နိုင်ပါစေလို့

ပဲပုတ်

နွေဆူးလင်္ကာ said...

ပြောတာ ကောင်းတယ် ... အဲဒီလို ကိစ္စမျိုး ရှိသလား .. ကျနော်မျိုးကြီး တေသင့်ပါတယ်။

~ဏီလင်းညို~ said...

နတ်သာမီးရေ...
ကိုဏီက သွေးတွေ သံတွေ မကြည့်ရဲဘူးဗျ...း)
အဲ့သလို ကောင်မလေးမျိုးဆိုရင်တော့ တေဘီချရာပဲနော်....း)
ခင်မင်တဲ့
ဏီလင်းညို

ညလင်းအိမ် said...

ချစ်သူတွေကြားမှာ သံသယ ကင်းကြစေသတည်း...

Flower said...

သနားစရာ..
ဒါပေမဲ့ ပျော့ညံ့လွန်းတယ်... အဲလောက်ကြီးတော့ မချစ်ရဲဘူး ညီမလေးရယ်...

An Asian Tour Operator said...

ဒီပို့ကျမှ တခြားဓါတ်ပုံဘာလို့သုံးတာလဲ... ဟင်..။ :-)

ko-thura said...

ရေးလေ့ရေးထမရှိပါဘူး။ ဒါပေမယ့် မနေနိုင်လို့ ၀င်ရေးခဲ့တာပါ။ ဇာတ်လမ်းအကြောင်းတော့မဟုတ်ပါဘူး သံဒယ ဆိုတဲ့စကားလုံးပါ။ “သံသယ” ပါ “သံဒယ” မဟုတ်ပါဘူး။

အဖြူရောင်နတ်သမီး said...

“စာမတတ်ရင် လမ်းမှာဖတ်” ဆိုတဲ့ စကားပုံလေး
အခုတော့လက်တွေ့ ကြုံခဲ့ရပြီင်္...အမှားပြင်ပေးတဲ့အတွက် ကျေးဇူးပါ..ကိုသူရ ရေ....။
ညီမက သတ်ပုံအားနည်းတယ်..အခုထိ အမှားတွေရေးဆဲ..ရေးမြဲ ပါပဲ..။
အဲဒီလိုပဲ စာလာဖတ်တဲ့ သူငယ်ချင်းတွေ သတ်ပုံပြင်သွားပေးခဲ့တာ မနည်းတော့ဘူး...နောက်လည်း သတ်ပုံမှားတာတွေ့ရင် သင်ပေးပါအုံးနော်...။ ကျေးဇူးတင်လျှက်....

မြတ်မွန် said...

သိပ်ချစ်လို့ သံသယ ဖြစ်တယ်ထင်တယ်။
မှတ်သားသွားပါတယ် မမ...

အချစ်မဲ့ဂစ်တာ said...

ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး... ဘာမှ မပြောတော့ဘူးဗျာ....

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .