Monday, January 11, 2010

နူးညံ့ခြင်းပြိုင်ပွဲ

ချစ်ခဲ့ ဖူးတယ် . . .
ရဲရင့်မှုက အဲဒီလောက်မပြင်းထန်ခဲ့ဘူး
နောက်ဆုံးအချစ်မို့ ထင်တယ်။

ခံစားခဲ့ ဖူးတယ် . . .
နူးညံ့မှုက အဲဒီလောက်မပျော့ညံ့ခဲ့ဘူး
နောက်ဆုံးအချစ်မို့ ထင်တယ်။

ချစ်ခြင်းရယ်ပြိုင်
သူမနိုင် ကိုမနိုင် ခဲ့တဲ့ “နူးညံ့ခြင်းပြိုင်ပွဲ”
အရှုံး အမုန်း မရှိတဲ့  ကမ္ဘာငယ်လေးမှာ
မောင် နဲ့ ကျမ နှလုံးသားတစ်ဝက်စီပဲ့ ကြွေကျ

ချစ်လွန်းလို့ 
ကြွေကျခဲ့ ကြတဲ့ ပုလဲမျက်ရည်တွေ
မီးပင်လယ်ကို အေးမြ
နွေခေါင်ခေါင်မှာ နှင်းစက်တွေတဖွဲဖွဲကျ
ဒီလိုနဲ့  ကြည်ပြာရောင်အချစ်ညမှာ
သူ့  တေးချော့နဲ့ ပျော့ခဲ့ ရတဲ့ 
မနှင်းဆီအပြုံး
မောင်ခြွေခဲ့ သောအပြုံးကို ဖုံးခဲ့ ရပြီ ။

17 comments:

ဆောင်းနှင်းရွက် said...

တစ်ခါတစ်လေမှာ
ချစ်လွန်းရင် ကိုယ်ပဲ ခံစားရတယ် ...

အားပေးသွားတယ် မ ...

Anonymous said...

မမရေနေကောင်းသွားပြီလား
ကျန်းမာရေးဂရုစိုက်နော်
ကဗျာလေးခံစားသွားပါတယ်

ပဲပုတ်

ကိုကိုမောင်(ပန်းရနံ့) said...

ကဗျာလေး ကောင်းတယ်။ နူးနူးညံ့ညံ့ပေါ့။

ညလင်းအိမ် said...

အစ်မ ကဗျာတွေက တယ်ကောင်းနေပါလား...
သြော်.. မောင် .. မောင် .. မောင် ..
ကဗျာတွေကို ဖန်ဆင်ပေးခဲ့တာလား... :P

အဆင်ပြေစေသတည်း...

မိုးစက်အိမ် said...

ကဗျာလေးက ကောင်းလိုက်တာဗျာ ချစ်သူနှစ်ယောက်
အချစ်ကြီးတဲ့ အကြောင်းကိုရေးဖွဲ့ ထားတာဘဲ
ဒီလောက်ချစ်ကြတယ် ချစ်တတ်ကြတယ်ဗျာ အားလည်း
ကျတယ် အမက ကဗျာရေးလည်းအရမ်းကောင်းတယ်
ခံစားချက်လည်းပြင်းတယ် အချစ်လည်းကြီးမဲ့ ပုံဘဲ
အမချစ်သူကံကောင်းတာပေါ့ . . . အားပေးလျက်

အယ်ကို said...

အမုန်းမရှိလို့ စစ်ခင်းစရာမလို......
အမှားမရှိလို့ ဖြေရှင်းစရာမလို .....
အချစ် နဲ့ အမှန်တရား ကြားမှာပျော်ပါစေဗျား

လေးစားပါတယ် နတ်သမီး။

ရွှေရတုမှတ်တမ်း said...

ခုတလော နတ်သမီးလေး ကဗျာတွေ ဖတ်ရတာ အရမ်း
romantic ဖြစ်တယ်...တခုခုတော့ထူးခြားတော့မယ်ထင်တယ်...း)))

ကိုဇော် said...

ကဗျာလေး လာဖတ်သွားပါတယ်ဗျာ..။
ခံစားချက်တွေကလည်း ရေတံခွန်လိုပါပဲလား..။

အားကျပါရဲ့...

WWKM @နန်းဝါ၀ါမောင် said...

ကဗျာလေးလာရောက်ခံစားသွားပါတယ် ညီမငယ်.
အစစ အရာရာ အဆင်ပြေနိုင်ပါစေ ညီမငယ်ရေ.

rose of sharon said...

နူးညံ့တဲ့ကဗျာလေးကို ဖတ်ရှုခံစားသွားပါတယ်

နွေဆူးလင်္ကာ said...

မနိုင် ကိုမနိုင် မနှင်းဆီ မောင်ခြွေ တို့ ပါတဲ့ ကဗျာကို ဖတ်သွားပါတယ် ဂျီးတော်ရေ....

~ဏီလင်းညို~ said...

နတ်သာမီးရေ...
ကဗျာလေးကိုဖတ်ရင်း...(နူးညုံလွန်းလို့) လူတောင်ပျော့ခွေသွားသလိုလို.....း))
(ကဗျာတွေ ကောင်းနေတယ်နော်...း))
ခင်မင်တဲ့
ဏီလင်းညို

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကိုကိုကျောက်ပြောသလိုပဲ တအားကို အချစ်ဆန်ဆန်
ခံစားရတယ် ကောင်းတယ်ဗျား)

မြတ်မွန် said...

မောင့်ရဲ့ အချစ်တွေနဲ့ မမကဗျာတွေ ဖန်ဆင်းနေလေရဲ့.....
ကဗျာလေးတွေ ကြိုက်တယ် မမနတ်သမီး
အားပေးနေတယ်နော်....။

ဒဏ္ဍာရီ said...

လှပတဲ့ ချစ်ခြင်းတွေနဲ့ နူးညံ့တဲ့ ကဗျာတွေ အရိပ်မှာ သူငယ်ချင်း ပျော်ရွှင်နိုင်ပါစေ...။

မရောက်ဖြစ်တာ တောင်းပန်ပါတယ် စိတ်မကောက်နဲ့တော့နော်။

ခင်မင်လေးစားလျှက်

သက်တန့်ချို said...

ချစ်ခြင်းကြောင့် နူးညံ့သွားတာပေါ့း)

mosquito said...

မင်ကလာဆောင်ရင် အမားကိုဖိတ်နော်... ဒါဗြဲ...

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .