Friday, November 11, 2011

အချစ်=အတ္တ


လူတွေ တယောက်နဲ့တယောက် ပြောနေကြတဲ့ “ချစ်တယ်”ဆိုတဲ့စကား..

အဲဒါ..မှားတယ်

လူနှစ်ယောက်တွေ့ကြတယ်..

သူ့ရဲ့အပြုအမူလေးတွေ.. အရည်အချင်း..

ဒါမှမဟုတ် ချောမောလှပခြင်း..

အဲဒီအချက်တွေနဲ့ တယောက်ကိုတယောက် စိတ်ဝင်စားလာကြတယ်..

အဲဒီကနေ “စ”တဲ့ချစ်ခြင်း..

အဲဒါ ချစ်တာ မဟုတ်ဘူး.. “ကြိုက်တာ”

သူ့ရဲ့ လှုပ်ရှားမှု.. အပြုအမူလေးတွေကို ကြိုက်သွားတာ..

“ကြိုက်တယ်”ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ “လိုချင်တပ်မက်မှု”“ပိုင်ဆိုင်လိုမှု”ဆိုတာတွေပါ ကပ်လိုက်လာတတ်တယ်..။

အဲဒါဟာ“အတ္တ”ပဲ

ကိုယ့်ကိုယ်ကို ချစ်တဲ့“အတ္တ”

ကိုယ်ကြိုက်တဲ့အရာတခုကို ကိုယ်တယောက်တည်းအတွက် အပိုင်လိုချင်လာတဲ့“အတ္တ”

ကိုယ့်စိတ်ကို ဖျော်ဖြေဖို့ သူ့ကို အသုံးချချင်သွားတဲ့ (လိုချင်သွားတဲ့) အတ္တ..

အဲဒီ“အတ္တ”ဆိုတဲ့ စကားလုံးကို လူကြားကောင်းအောင် “ချစ်တယ်”ဆိုတဲ့ စကားလုံးချိုချိုတွေနဲ့ ဖုံးအုပ်ထားကြတာပါ..။

ကျမကတော့ လူတယောက်ကို “ရှင့်ကို ကျမသိပ်ချစ်တာပဲ”လို့ ပြောမယ့်အစား..

“ရှင့်ကို ကျမ အရမ်းမြတ်နိုးတာပဲ”..ဆိုတဲ့ အသုံးနှုန်းကိုပဲ သုံးဖြစ်မှာပါ..။

“မြတ်နိုးတယ်”ဆိုတာ..

ရယူပိုင်ဆိုင်ခြင်း ကင်းတဲ့..

အတ္တ မပါတဲ့..

ချုပ်ကိုင်မှုကင်းတဲ့..

တကယ့် “ချစ်ခြင်း”..အစစ်သာ ဖြစ်မည် ဆိုပါလျှင်...

ကျမ သူ့ကို အရမ်းမြတ်နိုးပါသည်။

15 comments:

လွင်ပြင်လှိုင်းငယ် said...

တကယ့် ကဗျာကောင်းလေးပါပဲ

မောင်ဘုန်း said...

ဟုတ်သလိုပဲ ...

မောင်ဘုန်း said...

ဟုတ်သလိုပဲနော် ...

ဆူးသစ် said...

ထူးခြားတယ် ညီမငယ်။ မြတ်နိုးတယ်တဲ့လား။ တန်ဖိုးထားတာပေါ့။

ကိုကိုမောင်(ပန်းရနံ့) said...

ကြိုက်သလို ထင်သလို အဖွင့်ဆို ခံနေရတာ အချစ်ဆိုတဲ့ ဝေါဟာရပါဘဲ။

အားလုံးမှန်ပါတယ်။ ဒါပေမဲ့ ဘာဝေါဟာရနဲ့ဖွင့်ဖွင့် အဓိကကတော့ အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဝေါဟာရတွေပါဘဲ။

ခင်မင်လျှက်

rose of sharon said...

သူငယ်ချင်းလေးရဲ့ ဖွင့်ဆိုချက်လေးက ထူးခြားလေးနက်ပြီး ချစ်စရာကောင်းတယ်...

san htun said...

ချစ်တယ် ဆိုတာထက် မြတ်နိုးတယ်ဆိုတဲ့ အသုံးလေးကို ပိုသဘောကျသဗျား...

mstint said...

နတ်သမီးလေးရေ ရင်ထဲက 'မြတ်နိုးသူ'လေး ဖတ်မိရင်တော့ ကြည်နူးနေမှာပဲနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သက်တန့်ချို said...

:))) မြတ်နိုးခြင်းတရားတွေ ကိန်းအောင်းနိုင်ပါစေ အစ်မတော်ရေ ။

မေတ္တာဖြင့်

မောင်သက်တန့်ချို

မိစံ said...

သူလည်း..ကျမနဲ့ထပ်တူ
ဖြစ်ပါစေသား...
အတ္တတွေခ၀ါချထားတဲ့ချစ်ခြင်း
ဆက်ပြီး.အဓွန့်ရှည်ကာ
တည်မြဲပါစေကြောင်း...
ချစ်ခင်လေးစားလျှက်

blackroze said...

ပစ်ပစ်ကလည်းပစ်ပစ်ချစ်သူကိုအရမ်း
မြတ်နိုးပါသည်

မေသိမ့်သိမ့် ကျော် said...

မမနတ်သမီးရယ် သိပ်ကို ချစ်တတ်တာပဲနော်။ ချစ်သူက သိပ်ကို ကံကောင်းမှာပါပဲ။
ကဗျာလေးက ရင်ကို ထိတယ်။

ခင်တဲ့
မေသိမ့်

မြသွေးနီ said...

အတ္တကင်းတဲ့ ချစ်ခြင်း၊ ကြိုက်ခြင်း၊ မြတ်နိုးခြင်းတွေကသာ ဘ၀ကို အေးမြစေမှာလို့ ယုံကြည်မိပါတယ် ညီမလေးရေ...။

KO2 said...

အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ပဲ မဏိစန္ဒာ :D

KO2 said...

အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ပဲ မဏိစန္ဒာ :D

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .