Wednesday, November 9, 2011

မြို့ပြရဲ့မြင်ကွင်း ချစ်သူရဲ့ချစ်ခြင်း


သိပ်လှတဲ့ မြင်ကွင်း

ခပ်ရှင်းရှင်းမဟုတ်ပေမယ့်

စိတ်ကိုကြည်လင်စေတယ်..


ခပ်ပါးပါး ပုဝါဖြူကြားက မြို့ပြရဲ့အလှ

မှိုင်းညှို့နေတဲ့ ကောင်းကင်ကြီးရယ်

အနိမ့်အမြင့်မတူညီတဲ့ အဆောက်အဦးများ

ကူးသန်းယှက်ဖြာ သွားလာနေကြတဲ့လူတချို့....

ပြီးတော့..

ပြတင်းဘောင်ပေါ်က အနီဆွေးဆွေး ပန်းတပွင့်

အားမာန်ရင့်လို့


မြို့ပြရဲ့ မနက်အလှ.. ည အလှ...

ဒီလိုမြင်ကွင်း...

သူမအတွက် သူဖန်ဆင်း...

အဲဒီမြို့မှာ “လ”မသာ

ချစ်သူ့ချစ်ခြင်းနဲ့ သူမ လင်းခဲ့တယ်...။

13 comments:

jasmine(တောင်ကြီး) said...

ချစ်သူရဲ့ချစ်ခြင်းနဲ့ လင်းစေခဲ့တယ်
ထပ်တူခံစားခဲ့ရပြီ ။
ချစ်တဲ့ jasmine(မုန်လာထုပ်)

လွင်ပြင်လှိုင်းငယ် said...

တကယ့်ကဗျာကောင်းလေးပါ
အဲ့ဒီညမှာ လ မသာ
ချစ်သူချစ်ခြင်နဲ့ သူမလင်းခဲ့တယ်

Angelhlaing(May everybody be happy and healthy! said...

ချစ်ခြင်းနဲ့ လင်းတဲ့ " လ "

ကဗျာလေး လှတယ်...မမ။
ခံစားအားပေးသွားလျှက်..

မြတ်မွန် said...

ချစ်သူ့တန်ခိုးနဲ့
သူမ လင်းခဲ့တယ်ပေါ့..။

ကိုဇော် said...

လင်းလင်းချင်းချင်း ချစ်သူ့ လမင်းလေး . . .

ဒီလိုလေး ပြောင်းခံစားသွားတယ် :D

mstint said...

ဘယ်လိုအရာနဲ့မှ ယှဉ်မရတဲ့ ချစ်သူရဲ့ စွမ်းအားပေါ့ နတ်သမီးလေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လင်းခေတ်ဒီနို said...

အဲဒီမြို့မှာ “လ”မသာ

ချစ်သူ့ချစ်ခြင်းနဲ့ သူမ လင်းခဲ့တယ်...။

း)

shwewunyatana said...

အဖြူရောင်နတ်သမီးရေ..နေကောင်းပါစ..ဘုန်း၂ဆီလာလည်တာကျေးဇူးပါ့..ကဗျာလေးကိုခံစားသွာပါတယ်.....ဆက်လက်ရေးသားနိုင်ပါစေ

မေတ္တာဖြင့်....
ရွှေဝန်းရတနာ...

shwewunyatana said...

အဖြူရောင်နတ်သမီးရေ..နေကောင်းပါစ..
ဘုန်း၂ဆိုက်ကိုလာလည်တာကျေးဇူးပါ..
ကဗျာလေးကိုခံစားသွာပါတယ်...ဆက်လက်ရေ
သားနိုင်ပါစေ...


မေတ္တာဖြင့်...
ရွှေဝန်းရတနာ....

blackroze said...

ချစ်သူရဲ့လရောင် နဲ့ အမြဲလင်းပါစေ မရေ..
ချစ်သူထွန်းလင်းပေးတဲ့လရောင်လေးက
အရမ်းတန်ဘိုးရှိပါတယ်..

ချစ်တဲ့ ပစ်ပစ်

san htun said...

ချစ်သူချစ်ခြင်နဲ့ အမြဲလင်းပါစေနော်..

မြသွေးနီ said...

ချစ်သူရဲ့ ချစ်ခြင်းနဲ့ အမြဲတမ်း လင်းလက်ပါစေနော်....။

ဆူးသစ် said...

တစ်ဘ၀လုံးချစ်ခြင်းနဲ့လင်းနိုင်ပါစေ ညီမငယ်။ ကဗျာကောင်းတစ်ပုဒ်ကိုဖတ်ရသလိုပါပဲ။ ကိုယ်မြင်ရတဲ့မြင်ကွင်းကို ရေးဖွဲ့ထားတာထင်တယ်နော်။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .