Saturday, September 3, 2011

ခဏလောက် နေဝင်ပေးလှည့်ပါ



“အရိပ်”ရှိရင် အေးမြတယ်...တဲ့

ကျမရဲ့အရိပ်ပေါ့

ပူလောင်ခြင်း အတိတ်အဖြစ်နဲ့

ကျမနောက်ကို တကောက်ကောက်လိုက်နေခဲ့တာ





နေရောင်အောက်က ကျမ

နေရောင်ကိုဆန့်ကျင်

ရှေ့..နောက်..တောင်..မြောက်

ဘယ်လိုပဲရပ် ရပ်

အတိတ်ရဲ့အရိပ်က ထပ်ချပ်မကွာ..



“အတိတ်” ဆိုတဲ့ “အရိပ်”ကို မုန်းတယ်

အတိတ်တွေပျောက်ဖို့

အရိပ်ရယ်...

ရှင် ကျမနဲ့ဝေးဝေးမှာနေပေးပါ



နေရှိနေသ၍ အရိပ်ရှိနေသေးမယ်ဆိုရင်

နေမင်းရယ်...

ကျမရဲ့ “အနာဂတ်ချစ်ခြင်းသစ်”တခုအတွက်

ခဏလောက်နေဝင်ပေးလှည့်ပါ...

26 comments:

မိုးယံ said...

အော်..ဒါကြောင့် အစ်မက ဆိုက်မှာ နေ၀င်ချိန်ကို မျှော်နေတဲ့ ဆိပ်ခံဘောတံတားပေါ်က နတ်သမီးပုံတင်ထားတာကိုး...

ညိမ်းနိုင် said...

အတိတ်ကို ထီလက်မှတ်မှာရေးဖို့လို့ပဲ ထားလိုက်တော့
နော်...နတ်နတ်....:)))

မဒမ်ကိုး said...

မှောင်နေရင်ဘာမှမမြင်ရဘူး နတ်သမီးလေးရယ်
ဘ၀သစ်ကိုအလင်းရောင်မှာသာပြန်စပါ

ချစ်တဲ့

မဒိုးကန်

jasmine(တောင်ကြီး) said...

နေ၀င်ပြီးညရဲ့ လရိပ်နဲ့အေးမြပါစေနော်။
ချစ်ခင်တဲ့ jas

နွေမင်းလွင် said...

လှပတဲ့ အရိပ်တွေအတွက် ဘယ်တော့မှ နေ၀င်
မယ်မထင်ဘူးနော်....

ဆောင်းနှင်းရွက် said...

ကဗျာလည်း ဖတ်သွားတယ် ..
ဓာတ်ပုံလည်း zoom in လုပ်ကြည့်သွားတယ် .. :D
လှတယ်း)))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မင်းဧရာ said...

အမကြီး.......
မရိုးတော့ဘူးထင်တယ်နော်...
နေများ ၀င်စေကြောင်းကို ထပ်လောင်းခဲ့ပါရဲ့ဗျာ။

မင်းဧရာ said...

အမကြီး.........
မရိုးတော့ဘူးထင်တယ်နော်။
နေများဝင်စေကြောင်းကို ထပ်လောင်းခဲ့ပါရဲ့ဗျာ။

တောက်ပကြယ်စင် said...

ပုံလေးသဘောကျမိတယ် စတိုင်လ်ကို ပြောတာလေ။ နိုင်ငံခြားမထွက်ခင်တုန်းကအိန္ဒြာကျော်ဇင်ပိုစတာကို ပြန်မြင်ယောင်နေမိပါရဲ့။အိန္ဒြာကျော်ဇင်က နှင်းဆီပန်းတစ်ခိုင်ကို ကိုင်ထားလို့။

အော်...အရိပ်...အရိပ်...ထက်ကြပ်မကွာ လိုက်နေပါလား...

နေမင်းရယ် ခဏလောက် ၀င်ပေးပါလားကွယ်...

ကျန်းမာပျော်ရွှင်ပါစေ နတ်သမီးရေ။

Angelhlaing(May everybody be happy and healthy! said...

မမရေ ခံစားအားပေးလျှက်ပါလို့ :)

mstint said...

ရင်တွင်းဖြစ် ကဗျာလေးအားပေးသွားတယ် အဖြူရောင်နတ်သမီးရေ။ ထူးခြားပါတယ်လို့ တွေးနေတာ အဖြူရောင်ဝတ်စုံ မမြင်လို့း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လင်းခေတ်ဒီနို said...

“အတိတ်” ဆိုတဲ့ “အရိပ်”ကို မုန်းတယ်
အတိတ်တွေပျောက်ဖို့
အရိပ်ရယ်.
ရှင် ကျမနဲ့ဝေးဝေးမှာနေပေးပါ

း)

သူ ဝေးဝေးမနေပေးလည်း
ကိုယ်ဝေးဝေးနေလိုက် . . . အေးရော သူငယ်ချင်းရယ်း)

နေ၀သန် said...

စိတ်ချ.. နေက တစ်နေ့တစ်ခါဝင်မှာ... :D.. hee hee... နောက်တာပါ... အတိတ်ရဲ့အရိပ်ကတော့ အမြဲမကွာလိုက်ပါနေမှာပဲလေ... လုပ်နိုင်တာတစ်ခုက အဲဒီအ၇ိပ်တွေဟာ ကောင်းမွန်တဲ့ပုံရိပ်တွေဖြစ်နေဖို့ပါပဲ..


ခင်မင်လျက်
နေ၀သန်

December Mgmg said...

နေဝင်ခဲ့သော် အမိုက်တိုက်ပေါ်လိမ့်
သိုကြောင့်......
နေမင်းကို တိုင်တည်ပါလော...
ဆိုးသွမ်းတိတ်ဆိုး မဆိုးစေတော့လင့်သို့ ။

ဆူးသစ် said...

နည်းနည်းတော့ထူးခြားတယ်။ ကဗျာထဲကအတိုင်းဆိုရင် အနာဂတ်အတွက် တစ်ခုခုရှိနေသလို အတိတ်တုန်းကတစ်ခုကလည်း တောက်လျှောက်လိုက်နေပုံပဲ။ ဘာပဲဖြစ်ဖြစ် အတွေးကတော့ လှနေပါတယ်ညီမရေ

ဖြိုးမောင်မောင်(CTM) said...

အနာဂါတ်ချစ်ခြင်းသစ်တွေ မကြာမှီလာမည် မျှော်နေပါ့မယ်အစ်မ
ဆန္ဒတွေထပ်တူကျပါစေ............

Royal Rio said...

အတိတ် ဆိုတဲ့ အရိပ် ကို ပျောက်ချင်ရင်
ပစ္စုပ္ပန် ဆိုတဲ့ မွန်းတဲ့ချိန်မှာ ခပ်မတ်မတ်လေး ရပ်လိုက်ပါ ။

Han Kyi said...

အတိတ်ကို မေ့ဖို့မကြိုးစားပါနဲ့လေ...မေ့ဖို့လုပ်လေ သတိရလေပဲ ဖြစ်တော့မပေါ့...ပစ္စုပ္ပန်မှာပဲ အလိုက်သင့် ပျော်ဝင်အောင် ကြိုးစားစမ်းပါ...အနာဂတ်ကို မြင်လာတဲ့နေ့ရောက်ရင် အတိတ်ဆိုတာ အိပ်မက်ထဲတောင် ယောင်လို့လာမှာ မဟုတ်တော့ဘူးပေါ့...

နတ်ဆိုးလေး said...

တဂ်ပို့စ် လာဖတ်ပေး ပြီးရင် ရေးပေး

အမှတ်တရ နေ့စွဲများ.... said...

ကမ်းစပ်မှာဘဲသွားသွားထိုင်နေတာကို သူကတွေ့မှာပေါ့ ကိုယ်က အကြာကြီးလို့ထင်နေပေမယ့် သူတို့အတွက်ကတော့ ခဏလေးပါ ...
ခဏလေး ဆက်စောင့်ခိုင်းထားလိုက် မကြာခင်ပြန်တွေ့ကြမှာပါ ....


ဘာတွေရေးသွားမှန်းမသိဘူးလို့မပြောနဲ့ကျနော်ရေးတာ ကျနော်သိတယ် ( ရဲထွန်းဇော် )

အနှိုင်းမဲ့ said...

ကဗျာလေးကို နှိုင်းကြိုက်တယ်.. :)

...အလင်းစက်များ said...

နေမြန်မြန်မ၀င်စေချင်ဘူး မွမွရဲ့ အိပ်ယာထ နောက်ကျလွန်းလို့  ညနေကို နောက်ကျစေချင်တာ။ မဟုတ်ရင် အိပ်ယာတူ အိပ်ယာ ဖြစ်နေတော့မှာ ဟီး

ကိုဇော် said...

နေဝင်လာချိန် အရှေ့က လမ်းလေး . .တိတ်ဆိတ်တဲ့ ညနေခင်းလေး . . အဲဒီ့ သီချင်လေး ပြန်ငြီးမိလိုက်တယ်။

လွမ်းနေခွင့် said...

ကွန်းမန့်ပေးနေတာ ၃ ရက်ရှိပြီ အခုမှပဲရတော့တယ် ဟီးး ပြောချင်တာတစ်ခုကတော့ ခဏလောက်နေ၀င်ပေးမှာပါကွယ်း)

မောင်(စွယ်စုံကျမ်း) said...

နေ၀င်တဲ့ဆော့-၀ဲလေးဘာလေး၇ှာတင်လိုက်ပါအုံးမယ်ဗျာ..မမနတ်သမီးက cbox လည်းမထားဘူးနော်..မာနကြီးတာပေါ့..ဟိဟိ

KO2 said...

နေကို ပုဆိုးနဲ့ တက်ကာထားပေးမယ် :D

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .