Friday, September 2, 2011

ဘဝ“စ”သော...နေ့







ကျမတို့တတွေ “စ”ကြ နောက်ကြရင်းနဲ့ ပြောလေ့ရှိတဲ့စကားတခွန်းကတော့ ယောက်ျားတွေဟာ “အသက်(၄၀)မှ ဘဝက'စ'တာ” တဲ့...



အဲဒီစကားရဲ့ အဓိပ္ပါယ်အတိအကျကို ကျမ မသိပေမယ့် ယောက်ျားတွေဟာ လူလတ်ပိုင်းလို့ခေါ်တဲ့ အသက်(၄၀)မှာ သူတို့ဖြတ်သန်းလာခဲ့ရတဲ့ ဘဝအတွေ့အကြုံများကြောင့် Confidence လို့ခေါ်တဲ့ မိမိကိုယ်မိမိ ယုံကြည်ခြင်း၊ ရင့်ကျက်တည်ငြိမ်ခြင်း၊ အကောင်းအဆိုး ခွဲခြားတွေးတော ချင့်ချိန်တတ်လာခြင်း၊ အစရှိသည့် အချက်များကို ပိုင်ဆိုင်ပြီးဖြစ်၍ လူလတ်ပိုင်းအရွယ်တွင် ဆုံးဖြတ်ချက်မှန်ကန်စွာဖြင့် “မှန်ကန်သော (သေချာသော)ဘဝလမ်းကို “စ”လှမ်းသော အချိန် ” ဟု သတ်မှတ်ကြပြီး အသက်(၄၀)မှ ဘဝ“စ”သည်ဟု တင်စားခေါ်ဆိုခြင်းဟု ယူဆပါတယ်။



ထိုသို့ဆိုပါလျှင် အကိုကြီး “ကိုဇာနည်မောင်”သည်လည်းပဲ စက်တင်ဘာ ၂ရက်(သောကြာ)နေ့ဖြစ်သော ယနေ့တွင် အသက်(၄၀)ပြည့်မြောက်ခဲ့ပြီဖြစ်သောကြောင့် ဘဝ...“စ”သောနေ့ဟု တင်စားခေါ်ဆိုရင်း..

အကို့အတွက် မွေးနေ့ပွဲလေးတခု ကျင်းပပေးလိုက်ပါတယ်ရှင်..

ဝိုင်ကြိုက်တတ်တဲ့ ကိုဇာနည်မောင်အတွက် ဆိုက်ပရပ်စ်နိုင်ငံက ဝိုင်ချိုချိုလေးအကြောင်းကို မိတ်ဆက်ပေးရင်း မွေးနေ့ပွဲလေးကို ကျင်းပလိုက်ရအောင်နော်..။





သူငယ်ချင်းများနှင့် မိတ်ဆက်ပေးချင်သည့် ဝိုင် ကတော့ ဆိုက်ပရပစ်နိုင်ငံလုပ် “ဗယ်လန်တီနာ” နှင်းဆီဝိုင်(Valentina Rose Wine)တဲ့....

ချိုမြမြ ရှတတ အရသာရှိသော “ဗယ်လန်တီနာ” နှင်းဆီဝိုင် လေးရဲ့အကြောင်းကို မပြောခင် “ဝိုင်”(Wine) ကို အကြမ်းအားဖြင့် ......

(1)White Wine(Dry/Medium Dry/Sweet/ Medium Sweet)

(2)Red Wine(Dry/Medium Dry)

(3)Rose Wine(Dry/Medium Dry/Sweet/Medium Sweet)

(4)Dessert Wine

(5)Champagnes

(6)Sparkling Wine...ဟူ၍ (၆)မျိုး ခွဲခြားထားသည်။



(1)White Wine ကို ပင်လယ်အစားအစာများဖြင့် တွဲဖက်၍သော်၎င်း၊ (2) Red Wine ကို အမဲသား၊ ဆိတ်သား ကဲ့သို့သော ဟင်းလျှာများဖြင့် တွဲဖက်၍သော်၎င်း၊ (3)Rose Wine ကို ပူပြင်းသော နွေရာသီတွင် ပေါ့ပါးသောအစားအစာ(Light food) များဖြင့် တွဲဖက်၍သော်၎င်း၊ (4)Dessert Wine ကို ညစာစားပြီးအချိန်တွင် အချိုတည်းရန်အတွက် အချိုဝိုင် အဖြစ်သော်၎င်း၊ (5)Champagnes ကို မွေးနေ့ပွဲများ၊ ဖွင့်ပွဲအခန်းအနားများ၊ ဂုဏ်ပြုပွဲအခန်းအနားများ၊ ကျင်းပသည့် မိတ်ဆုံစားပွဲများတွင်သော်၎င်း၊ (6)Sparklin Wine ကို တခွက်တဖလား မသောက်မဖြစ် သောက်ရသည့် ပွဲများတွင် အမူးလွယ်တတ်သော အမျိုးသမီးများ၊အရက်မသောက်တတ်သော အမျိုးသမီးများအတွက်သော်၎င်း၊ အမျိုးမျိုးခွဲခြား၍ သောက်သုံးကြ လေ့ရှိသည်။



ဝိုင် ပုလင်းတိုင်း၏ အောက်ခြေတွင် အရက်(Alcoholic)ပါဝင်မှုနှုန်းများကို (% Vol)ဖြင့် ဖော်ပြထားလေ့ရှိသည်။ (10.5%Vol)မှ (13%Vol)အထိ အရက်ပါဝင်သော Wine များကို Medium Dry Wine အဆင့်အဖြစ် သတ်မှတ်ပြီး ၊ (13.5%Vol) မှ (16%Vol)အထိ အရက်ပါဝင်သော Wine များကို Dry Wine အမျိုးအစားအဖြစ် သတ်မှတ်ထားသည်။





သငယ်ချင်ူးများနှင့် မိတ်ဆက်ပေးချင်သည့် ဝိုင် ကတော့ ဆိုက်ပရပ်စ် နိုင်ငံမှ ထုတ်လုပ်သည့် Medium Sweet Wine အမျိုးအစားဖြစ်သော“ဗန်လန်တီနာ နှင်းဆီဝိုင်” (Valentina Rose Wine) ဖြစ်သည်။ “ဗယ်လန်တီနာ” နှင်းဆီဝိုင်ချိုချိုကို “ကာဗနက် ဆဗန်ငေါ” (Cabernet Sauvignon) ၊ မာတာရို (Mataro) စပျစ်သီးတို့မှ ထုတ်လုပ်သည်။ ၎င်းစပျစ်သီးများကို “မယ်ဆိုယိ” (Mesoyi) ရွာတွင်စိုက်ပျိုးပြီး “ဖီကာဒို့စ်” (Fikardos)ကုမ္ပဏီမှ ထုတ်လုပ်သည်။ သီးစုံရနံ့ သင်းပျံ့ပြီး ပန်းဆီရောင်ရှိသော “ဗယ်လန်တီနာ”နှင်းဆီဝိုင်ကို ပူပြင်းသော နွေရာသီအချိန်တွင် ဒေသခံများက Fashion တရပ်အနေဖြင့် ညစာစားပွဲများတွင် သောက်သုံးလေ့ရှိသည်။



ဆိုက်ပရပ်စ် နိုင်ငံမှ မြေသားများသည် မာကျော ကျစ်လစ်ပြီး မြေဆီလွှာကောင်းမွန်ခြင်းတို့ကြောင့် ဆိုက်ပရပ်စ် နိုင်ငံမှ ထုတ်လုပ်သော Wine များသည် ကမ္ဘာ့တန်းဝင် အရည်အသွေးမှီသော Wine များအဖြစ် လူသိများသည်။ ထို့အပြင် ကမ္ဘာပေါ်တွင် Wine အစောဆုံးထုတ်လုပ်သော နိုင်ငံများအနက် ဆိုက်ပရပ်စ် နိုင်ငံသည်လည်း တခုအပါဝင်ဖြစ်သောကြောင့် ဆိုက်ပရပ်စ်နိုင်ငံကို “Father Of Wine”ဟု တင်စားခေါ်ဆိုကြသည်။



“ဗယ်လန်တီနာ နှင်းဆီဝိုင်” ကို ထုတ်လုပ်သည့် ကုမ္ပဏီ၏ အမည်ဖြစ်သော “ဖီကာဒို့စ်” (Fikardos)သည် ပိုင်ရှင်၏ အမည် ဖြစ်ပြီး၊ ဝိုင်၏ အမည်ဖြစ်သော “ဗယ်လန်တီနာ” (Valentina) သည် ပိုင်ရှင်၏ သမီး အမည်ဖြစ်ကြောင်း နှင့် Valentina Rose Wine ကို “Romantic Summer Wine” ဟု တင်စားခေါ်လေ့ရှိကြောင်း ...တင်ပြရင်း..



ကိုဇာနည်မောင်ရဲ့မွေးနေ့ပွဲလေးမှာ...



ကာလမားရီအကြွပ်ကြော်







Mix Fried starter







ကော်ပြန့်ကြော်







ကော်ပြန့်စိမ်း









ဖက်ထုပ်ကြော်







အချိုပွဲ

ဖရဲသီးပဒေသာတို့ကို ဗန်လန်တီးနားနှင်းဆီဝိုင်လေးနဲ့အတူ တွဲဖက်စားသုံးရင်း

















.ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့များကို နှစ်စဉ်နှစ်တိုင်း ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း...

HAPPY BIRTHDAY.. ပါ ကိုဇာနည်မောင်ရေ..





(အချိန်ဘယ်လိုမှမရတာရယ်.. နက်က ဓာတ်ပုံတွေတင်ဖို့ ဘယ်လိုမှလက်မခံတာရယ်ကြောင့် မွေးနေ့ပွဲလေးကို အကျဉ်းချုံးပြီးလုပ်ပေးလိုက်ရတာကို နားလည်ပေးစေချင်ပါတယ် အကိုရေ...)

17 comments:

သဒ္ဓါလှိုင်း said...

Happy Birthday ကိုဇာနည်မောင်.
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ဘဝအစပြုလို့ လိုအပ်သောဆန္ဒတွေအားလုံး ပြည့်ဝအောင် လုပ်ကိုင်နိုင်ပါစေ။
မွေးနေ့လေးတွေကိုအထူးတလည် မှတ်မှတ်ရရပြုလုပ်ပေးတဲ့ နမ်းလည်း စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေ။
ချစ်တဲ့
သဒ္ဓါ

ညိမ်းနိုင် said...

ကုလားမကြီးအကြွပ်ကြော်...အဲလေ...ကာလမားရီးအ
ကြွပ်ကြော်ကိုအကြိုက်ဆုံးပဲ.....:)

အင်္ဂါဟူး said...

ဟတ်ပီး ဘတ်ဒေးပါ ကိုဇာနည်မောင်....။

ကော်ပြန့်ကြော်နဲ့ ဖက်ထုပ် တစ်ဝကြီးစားသွားပါသည်။

သူများတွေတော့ ဘ၀တွေ စကုန်ပြီ ကျွန်တော်တို့ လူမဖြစ်သေးပါဘူးဗျာ။

အမှတ်တရ နေ့စွဲများ.... said...

မွေးနေ့ပွဲတွေ ကန်ထရိုက်ဆွဲထားတာလား များလိုက်တာ

December Mgmg said...

Happy Birthday ကိုဇာနည်မောင်

Angelhlaing(May everybody be happy and healthy! said...

Happy birthday ပါ ကိုဇာနည်မောင် ....
ပျော်ရွင်ဖွယ်မွေးနေ့ မင်္ဂလာရက်မြတ်လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း....
မမရေ ဂွတ်မှဂွတ်ပဲ ...အဟီးးးး ဗိုက်ဆာလို့ မြန်မြန်ပြန်မှ ဖြစ်မယ် :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂျီးတော်တို့ကတော့ အစားအသောက်ကောင်းကောင်းတွေ ရှာလဲရှာတတ်ပါ့နော်
လူကို သားရည်မယိုယိုအောင် လုပ်တာဘဲ
ကဲ မွေးနေ့ရှင် ကျန်းမာချမ်းသာ ပျော်ရွှင်ပါစေ
အောင်မြင်စိတ်ချမ်းသာသော ဘဝကို ဖြတ်သန်းနိုင်ပါစေ
မွေးနေ့ကျင်းပပေးသူလည်းစိတ်ပျော်ရွှင် ကျန်းမာပါစေ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂျီးတော်တို့ကတော့ အစားအသောက်ကောင်းကောင်းတွေ ရှာလဲရှာတတ်ပါ့နော်
လူကို သားရည်မယိုယိုအောင် လုပ်တာဘဲ
ကဲ မွေးနေ့ရှင် ကျန်းမာချမ်းသာ ပျော်ရွှင်ပါစေ
အောင်မြင်စိတ်ချမ်းသာသော ဘဝကို ဖြတ်သန်းနိုင်ပါစေ
မွေးနေ့ကျင်းပပေးသူလည်းစိတ်ပျော်ရွှင် ကျန်းမာပါစေ

Han Kyi said...

ဘ၀စသောနေ့ဆိုလို့ နတ်သမီးများ အသက် ၄၀ ပြည့်သွားသလား၊ မင်္ဂလာများဆောင်သွားသလားလို့ တအံ့တသြနဲ့ ပြေးလာလိုက်တာ မွေးနေ့နဲ့တိုးသွားတာမို့ ၀ိုင်သောက်ပြီး အမြည်းလေးနဲ့ ရီဝေေ၀ဖြစ်ပြီး လေးကွက်သိုင်းနင်းလို့ ပြန်သွားခဲ့ပါသဗျား...

rose of sharon said...

ံHappy birthday ဇာနည်မောင်...

မေသိမ့်သိမ့် ကျော် said...

သောက်လိုက်စားလိုက်နဲ့ စားကောင်းကောင်းနဲ့ကစ်လိုက်တာ .... စူဇကာလက်သစ်ဖြစ်ပြီး ပြန်သွားပါတယ် မမနတ်သမီးရေ...ဟီး။ ကိုဇာနည်မောင်ကိုလည်း ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်လို့.....း)

ခင်တဲ့
မေသိမ့်

ကိုဇော် said...

Happy Birthday ကိုဇာနည်မောင်....
သိတော့ မသိဘူး ထင်တာပဲ။ ဘာပဲပြောပြော ဆိုတောင်းပေးတာ မှားတာမှ မဟုတ်ဘဲ။

မိုးငွေ့...... said...

နတ်သာမီးပဲ ဒီလောက်များတဲ့ မွေးနေ့ပွဲကို ဟင်းအမယ်တွေ မထပ်အောင်စီစဉ်နိုင်တယ် တကယ်ပဲ တော်ချက်....။

လွမ်းနေခွင့် said...

ကိုဟန်ကြည်ပြောသလိုပါပဲ အပြေးလာတာ ဟီးးးး အခုတော့ ၀ိုင်တွေနင်းကန်သောက်ပြီး မူးပြီးမှောက်သွားပါကြောင်း ကလိုရီ ။

Happy Birthday Ko Zar Ni Maung :)

ဝိုင်တွေ ငမ်းသွားပါတယ် ။

khun said...

Happy Birthday.....ကိုဇာနည်မောင်

ပို့စ်တင်တဲ့ အစ်မလည်း ပျော်ရွင်ပါစေနော်.... :)

ကိုကိုမောင်(ပန်းရနံ့) said...

ဟတ်..ဟတ်... ဟတ်ချိုးးးးး.. အဲလေ... ဟတ်ပီးဘတ်ဒေးးးးး ပြောမလို့ဟာ။ ၀ိုင်နံ့ရလာတာနဲ့ နှာချေသွားတယ်။ ၀ိုင်နဲ့ အယ်လာဂျီရှိပုံဘဲ။း))

မွေးနေရှင်၊ မွေးနေ့ဆုတောင်းပေးသူ လိုရာဆန္ဒတွေ ပြည့်ကြပါစေဗျားးးးးးးးးး။

ခင်မင်လျှက်

အလင်းသစ် said...

အမတော်ရေ့..၄၀ ပြည့်ဖို့ဆို တော်တော်ကြီး လိုနေသေးတဲ့.. ကျွန်တော်တို့ရော.. ဆင်နွှဲလို့တော့ ရပါတယ်နော်.. ရမရတော့မသိဘူးဗျို့... အသက်မပြည့်သေးပေမယ့် တည်ခင်းထားတဲ့ ဝိုင်တွေကို သောက်ပြီး.. ဆရာဦးဟန်ကြည်ရဲ့ နောက်ကနေ ၅ ကွက်နင်းပြီးပြန်သွားပါပြီ...

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .