ဒီပန်းလေးကိုတော့ မြန်မာလူမျိုးတိုင်း မြင်ဖူးကြမယ်ထင်ပါတယ်..။
မြန်မာပြည်မှာကတော့ အဲဒီပန်းကလေးကို “ပန်းခြောက်” လို့ပဲ ခေါ်ကြပါတယ်။
အဖြူ၊ အဝါ၊ ပန်းရောင်နဲ့ ခရမ်းရောင်အဆင်းနဲ့ အဆုပ်လိုက်ပွင့်တဲ့ ပန်းလေးများဖြစ်ပြီး ဆိုက်ပရပ်စ်နိုင်ငံမှာတော့ အဲဒီပန်းလေးများကို ဆီပရိယို ဘာသာစကားနဲ့“အတာနာတာ(Atanata)” လို့ ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ “မသေပန်း၊ မညှိုးပန်း(Never Die)” ပါ။
ဆိုက်ပရပ်စ်နိုင်ငံမှာရှိကြတဲ့ ချစ်သူတွေဟာ အဲဒီပန်းလေးကို အပြန်အလှန်ပေးကြရင်း ချစ်သူအချင်းချင်း သစ္စာဆိုကြလေ့ရှိတယ်။
“My love is like this flower”
“ငါ.. မင်းကို ချစ်တဲ့ အချစ်ဟာ ဒီပန်းလေးလိုပဲ အမြဲလန်းဆန်းနေတယ်..၊ ဘယ်တော့မှ မညှိုးနွမ်းသွားဘူး” ဆိုတဲ့ အဓိပ္ပါယ်ပါပဲ..။
ဆိုက်ပရပ်စ်ရဲ့ အချစ်ရာဇဝင်မှာ စာတွင်ခဲ့တဲ့ အချစ်နတ်သမီးလေး(အက်ဖရိုဒိုက်)ကို သူမရဲ့ချစ်သူ“အဒိုနီစ်”ကပေးခဲ့တဲ့ ပန်းကလေးဖြစ်ပါကြောင်း.....။
4 comments:
သူရို့အနောက်တိုင်းသားများကလဲ ကဗျာအဆန်သားပါကလား...ဘာမဆို ရုပ်ဝါဒဆန်ဆန် ဆုံးဖြတ်မယ်ထင်နေတာ အခုမှမှားမှန်းသိတယ်...နတ်သမီးကျေးဇူးနဲ့ ဆိုက်ပရပ်စ်အကြောင်းတော့ တော်တော်များများသိလာပြီ အလည်လာဖို့ပဲ ကျန်တော့တယ်...
:)
ချစ်စရာကောင်းတယ်နော် ပန်းလေးက။
တင်ပေးတဲ့ လူကလည်း လှပြီးသားပါလေ။
ချစ်စရာကောင်းတယ်.. ခရမ်းရောင်ကို အစကတည်းက ကြိုက်လို့ ခရမ်းရောင်ပန်းတွေလည်း သဘောကျတယ်..။
သူ့ဒေသနဲ့ သူ့အယူပေါ့ . . . နော့ . .
ဗဟုသုတ ရပါတယ်။
Post a Comment