Saturday, April 23, 2011

HAPPY BIRTHDAY....“ပူးတေ”

ယနေ့ (၂၃.၀၄.၂၀၁၁) စနေနေ့ဟာ ကျမရဲ့ညီမလေး “ပူးတေ”ရဲ့မွေးနေ့လေးဖြစ်ပါတယ်..။

ညီမလေးရဲ့မွေးနေ့ပွဲလေးကို ခမ်းခမ်းနားနားကျင်းပပေးချင်ပေမယ့်လဲ ကျမရဲ့ ကျန်းမာရေးအခြေအနေကြောင့်ရယ်၊ ကျမအခန်းထဲက အင်တာနက်လိုင်းဟာ ညကတည်းပြတ်တောက်သွားခဲ့တဲ့အတွက် ရုံးခန်းထဲက Computer ကို အသုံးပြုရင်း ညီမလေးရဲ့ မွေးနေ့ပွဲလေးကို အကျဉ်းချုံးပြီး စီစဉ်ပေးလိုက်ရပါတယ်..။


အအေးစုံ


ဒီတခါတော့ သင်္ကြန်ပြီးခါစမို့ သက်သတ်လွတ် ချာပါတီ ၊ အာလူးပူရီ ၊ တိုရှည်၊ ချစ်တီးထမင်းတို့နဲ့ဧည့်ခံလိုက်ပါတယ်...
ညီမလေးအတွက် မွေးနေ့ကိတ် အဖြူရောင်လေး
မွေးနေ့ရှင်လေးအတွက် ပန်းခြင်းလက်ဆောင် မွေးနေ့ကဒ်လေး

“P” ပုံ လော့ကက်သီးလေး ညီမလေးရေ....
အလုပ်ကိုယ်စီ ၊ တာဝန်ကိုယ်စီနဲ့မို့ မအားမလပ်ကြပေမယ့် ရင်ထဲမှာအမြဲရှိတယ်...
နီးနေမှ ချစ်ခင်နေမယ်လို့ မထင်ပါနဲ့
ဝေးနေလည်း ချစ်ခင်နေဆဲပါ..
သံယောဇဉ်ဆိုတာ မမြင်ရတဲ့“ကြိုး”တစ်ချောင်း ဖြစ်ခဲ့မယ်ဆိုရင်
အဲဒီကြိုးလေး ထာဝရ ခိုင်မြဲပါစေသား....
HAPPY BIRTHDAY....“ပူးတေ”

ယနေ့မှာ ကျရောက်တဲ့ ညီမလေး“ပူးတေ”ရဲ့ မွေးနေ့မှ အစပြု၍ အနာရောဂါကင်းရှင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ညီမလေးမျှော်မှန်းထားတဲ့ ဘဝပန်းတိုင်ကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေကွယ်...

11 comments:

မောင်(စွယ်စုံကျမ်း) said...

မမရေ..လာပြီးသုံးဆောင်သွားပါတယ်..ဗိုက်ဆာနေလို့ နော

Ree Noe said...

အမကတော့လေ....
တရုတ်မလေး ပူးတေ ရဲ့မွေးနေ့မှာမှ ကုလား အစာအစားနဲ့ ဧည့်ခံရတယ်လို့.....

ဘာပဲ ဖြစ်ဖြစ် သဘောကျတယ်။ ကြိုက်လို့ အဟီး။။။။

ညီမ ပူးတေ ရေ ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေ...

ကိုဇော် said...

Happy Birthday ပါ. . . . .

ပူးတေက ပျောက်နေတာ မဟုတ်ပါဘူး . . တောခိုသွားတာပါ။ စိတ်ပုတီးနဲ့ ရိပ်ကြီးခို ဆိုတာမျိုးလေ. . . .ဟီး . . .

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်ရွှင်ချမ်းမြေ့စွာ နေ့ရက်များကို ကျော်ဖြတ်နိုင်ပါစေ
မွေးနေ့ပေါင်းများစွာကိုလည်း ချစ်သူခင်သူများနဲ့ ဆင်နွဲနိုင်ပါစေနော်
မွေးနေ့ရှင်ရော စီစဉ်သူရော ပျော်ရွှင်ကျန်းမာပါစေ

သဒ္ဓါလှိုင်း said...

မွေးနေ့ရှင် ညီမပူးတေလေး
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေ .မိသားစု..ချစ်သူခင်သူများနဲ့ အတူ အေးချမ်းသောဘဝကို ဖြတ်သန်းနိုင်ပါစေ.။
အကြံအစီမှန်သမျှ အကောင်အထည်ဖေါ် လုပ်ဆောင်ကြိုးစားနိုင်ပါစေ။
မွေးနေ့စီစဉ်ပေးတဲ့ နမ်းလည်း အမြန်ဆုံးကျန်းမာလာပါစေ.။

ချစ်တဲ့
သဒ္ဓါ

မြစ်ကျိုးအင်း said...

မွေးနေ့ရှင် ပျော်ရွှင်ချမ်းမြေ့ပါစေ။

တိုရှည်စားချင်လိုက်တာ။

ဆူးသစ် said...

ညီမရေ-- မအားလို့ သိပ်မရောက်ဖြစ်တာ sorry ပါ။ မွေးနေ့မုန့်တွေ သွားရည်ကျသွားပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

မိုးငွေ့...... said...

မွေးနေ့မုန့်တွေတောင် ကျန်သေးရဲ့လား အလာနောက်ကျသွားတယ် ဖဘမှာတော့ ဆုတောင်းပေးလိုက်သေး... ဒီကလေးမပျောက်နေတယ် မွေးနေ့ရှင် ဘယ်မလဲ...။
ပူးတေလေး ပျော်ရွှင်ချမ်းမြေ့ပါစေ...

ခင်တဲ့
မိုးငွေ့

သက်တန့်ချို said...

ဒီနှစ်တော့ သယ်ရင်းကြီးပူးတေမွေးနေ့ ကို ကျော်သွားမိပြီ ဘုန်းဘုန်းဝတ်လိုက်တော့ အဆက်ပြတ်သွားတယ်ကွဲ့ ဟီး Happy Birthday !!! ပါ ချစ်သောသူငယ်ချင်းရေ နှစ်ပေါင်းများစွာတိုင် ချစ်သော ဘလော့ဂ်လေးနဲ့အတူ ဆက်လက်ရှင်သန်နိုင်ပါစေ ။

ရဲဝင့်သူ said...

ရောက်လာတယ်အမရေ။ ဗိုက်ဆာပီးတော့လည်းပြန်သွားတယ်။ စီပုံးမတွေ့တော့လို့ ဒီမှာပဲရေးလိုက်တယ်နော်။ လာလည်ဦးပေါ့။

စော(အဝါရောင်မြေ) said...

ဟင် ကျောက်တုံးနဲ့  ကင်တာပြပြီး မွေးနေ့ မှာ ကျွေးလည်း ကျွေးဘူး။
အကင် စားခြင်ပါတယ်ဆို။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .