ဟိုး...နှစ်ပေါင်းများစွာက အီသီယိုးပီးယားနိုင်ငံမှ ကာလ်ဒီ(Kaldi)အမည်ရှိ သိုးကျောင်းသားတယောက်သည် သိုးကျောင်းနေစဉ် အစိမ်းရင့်ရောင်အရွက်များဖြင့် ဖုံးအုပ်နေသော ချုံပုတ်အတွင်းမှ ချယ်ရီသီးနှင့် သဏ္ဍာန်တူသော အသီးငယ်များကို ၎င်း၏ သိုးများမှ ပျော်ရွှင်စွာ စားသောက်နေကြပြီး သိုးများ၏ အသွင်သဏ္ဍာန်မှာလည်း သွက်လက်မြူးကြွနေသည်ကို သတိထားမိခဲ့သည်။
သိုးများစားသောက်နေသော ချယ်ရီသီးနှင့် သဏ္ဍာန်တူသော အနီရောင်နှင့် အစိမ်းရောင်များရှိသည့် ထိုအသီးကလေးများတွင် ထူးခြားသည့် အာနိသင်တခု ရှိရမည်ဟု ကာလ်ဒီ(Kaldi) စဉ်းစားမိပြီး ထိုအသီးများကို ခူး၍ စမ်းသပ် စားကြည့်သည့်အခါ ခါးသက်သက်အရာသာနှင့်တကွ စိတ်ကိုနှိုးစွပေးသည့် (သို့) စိတ်ကိုးတက်ကြွစေသည့် ထိုအသီး၏ လျှို့ဝှက်ချက်ကို သိရှိပြီးသည့်နောက်တွင် ထိုအသီးများကို ၎င်းနေထိုင်ရာ အရပ်ဒေသရှိ ဘုရားကျောင်းများသို့ ဖြန့်ဝေခဲ့ရာ ဘုရားကျောင်းမှ ဘုန်းတော်ကြီးများသည် ထိုအသီးများ၏ အာနိသင်ကြောင့် ပုံမှန်အိပ်ချိန်ထက် လျှော့နည်းစွာအိပ်စက်နိုင်ခဲ့ကြပြီး တရား ဘာဝနာများကို ပိုမိုအားထုတ်နိုင်ခဲ့လေသည်။
အချိန်ကာလပြောင်းလည်းလာသည်နှင့်အမျှ ထိုအသီးများကို စားသုံးသော သူများလည်း တစထက် တစများပြားလာခဲ့ပြီး ကမ္ဘာတဝှမ်းသို့ ပြန့်နှံ့ကာ ကော်ဖီသီးမှ ကော်ဖီစေ့ အဖြစ်သို့၎င်း၊ ကော်ဖီစေ့မှ ကော်ဖီမှုန့်အဖြစ်သို့၎င်း ပြောင်းလည်း အသုံးပြုလာခဲ့ကြရာ ယခုခေတ်တွင် အမျိုးအစားပေါင်းများပြားလှသော ကော်ဖီမှုန့်၊ ကော်ဖီရည်များ အဖြစ်ဖြင့် သောက်သုံးသူများထံသို့ ရောက်ရှိလာခဲ့လေပြီ။
Espresso, Cappuccino, Cafe' Latte, Filter Coffee, Nescafe, Cyprus Coffee, ...အစရှိသည့် ကော်ဖီများနှင့် အရက်အနည်းငယ်နှင့် ရောယှက်သောက်သုံးရသော Irish Coffee, Calypso Coffee, Royale Coffee, Caribbean Coffee, Liqueur Coffee,... အစရှိသည့် ကော်ဖီများ ဆင့်ပွားပေါ်ပေါက်လာခဲ့လေပြီ။
“အချစ်ကို...အာဒံနဲ့ဧဝက စခဲ့ကြပြီး ကော်ဖီကိုတော့ အီသီယိုးပီးယားနိုင်ငံမှ အာရပ်လူမျိုး သိုးကျောင်းသားလေး ကာလ်ဒီ(Kaldi) မှ စခဲ့ပါကြောင်း တင်ပြရင်း များပြားလှသော ကော်ဖီများထဲမှ ကျမ အကြိုက်ဆုံး Cafe' Latte ပြုလုပ်ပုံလေးကို ဖော်ပြပေးလိုက်ပါတယ်..။ အမြှုပ်ထအောင် ပြုလုပ်ထားသော နွားနို့ခွက်ထဲသို့ Espresso Coffee(သို့) Filter Coffee ရည်များကို ဇွန်းတချောင်းအား မှောက်ခုံအနေအထားပေါ်မှ ဖြည်းညှင်းစွာလောင်းထည့်ပေးပါ။
ပုံတွင်မြင်ရသည့်အတိုင်း ကော်ဖီရည်များသည် နွားနို့အမြှုတ်များ၏ အောက်သို့ တဖြည်းဖြည်းချင်းနေရာယူလာသည်ကို တွေ့၇ပါလိမ့်မည်။
ဖန်ခွက်ပြည့်သည်အထိ ကော်ဖီရည်များကို ထည့်ပြီးသည့်အခါ နွားနို့တရစ် ကော်ဖီတရစ်ဖြစ်နေသော Cafe' Latte ကို တွေ့ရပါလိမ့်မည်။
ထို့နောက် မိမိအလိုရှိရာ သကြားပမာဏကို ထည့်ပြီး သောက်သုံးနိုင်ပါတယ်။
သကြားနှင့် ရောမွှေအပြီးတွင် တွေ့မြင်ရသော Cafe' Latte တခွက်အဖြစ် တင်ပြရင်း....
ကော်ဖီချစ်သူများ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်...။
Friday, January 28, 2011
အချစ် ဘယ်က...“စ” ကော်ဖီ ဘယ်က...“စ”
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
25 comments:
အိပ်မရအောင်လုပ်ပြီ။ ကော်ဖီသောက်ပြီးရင် အိပ်မရလို့ ပါ။
နံနက် ခင်းကို ဘလက်ကော်ဖီနဲ့  မကြိုဆို ရတာ ကြာပြီ။
သံပရာသီးလေးနဲ့ လေ။
စက်ရှိရင်ညွှန် ပေးပါနော်။
ကော်ဖီ သောက်သွားပြီနော်
ဘာဖြစ်လို့ဇွန်းကိုမှောက်ရတာလဲ
ဖျော်သောက်ကြည့်အုံးမယ်
ခင်မင်တဲ့
seesein
အံမယ်လေး ဖျော်တိုက်မယ့်သူရှိရင်တော့ မဆိုးဘူး.
ကိုယ့်ဘာသာဆိုရင်တော့..
သိတယ် ဒါတို့ မမဖျော်တဲ့ ကော်ဖီ... သောက်သွားတယ် ..နေကောင်းတယ်ဟုတ် မ..အေးတယ်နော် ..ညီမလည်း Bloog ရေးချင်တယ် မ ..ကူညီမယ်မဟုတ်လား ..မမနတ်သမီး ...မ ရေငတ်တိုင်း ရေချိုတွေကမ်းမယ့်လက်နဲ့တွေ့ ပါစေ....
သောက်ချင်လိုက်တာ....နတ်သာမီးရယ်....။
ရှိတဲ့ နတ်စ်လေးပဲသွားဖျော်သောက်ရတော့မှာပဲ....:)
ဝါး တို့က ကော်ဖီကြိုက်သူဆိုတော့ ကော်ဖီဖျော်နည်း စိတ်ဝင်စားတယ်.. ဟိဟိ ဒါပေမဲ့ အမြုပ်ဖြစ်အောင် မလုပ်တတ်ဘူး။
အဲလို အမြုပ်လေးတွေကိုလည်း သဘောကျတယ် ဆိုင်မှာဘဲသောက်ပါတော့မယ်လေး)
အဘတို့ကတော့ အဘတို့ တောမှာလို ကော်ဖီသီး စစ်စစ်ကို ကြိတ်ထားပြီးတော့ ရေနွေး + သကြားနဲ့ သောက်ရတဲ့ ကော်ဖီကြမ်းပဲ ကြိုက်ပါတယ်ကွယ်။ လုံမလေးတို့လို ခေတ်မှီသူတွေ မဟုတ်တော့ ဒါတွေလည်း မကြိုက်ပေါင်။ နက်ကဖေး ဆိုလား ဘာလား ဒါတွေ သောက်ရင်ဖြင့် ရင်ကို တုန်လွန်းလို့ ကောင်မလေးတွေနဲ့ ဖိခိုင်းထားရတာနဲ့ မလွယ်ပေါင်ကွယ်။
ဗဟုသုတတော့ရသွားတယ် ကော်ဖီအစသိုးကျောင်း
သားလေးတစ်ယောက်ကစတာပေါ့ Cafe Latte
လက်လုပ်တခွက်လောက်ဗျို့း)
အမတို့တော့ ဒီလိုမျိုးတွေဆို သိပ်တော်တာပဲ.. ဟိုတစ်ခါက အရက်ခွက်တွေတင်ပြသွားတာလည်း ဂွတ်ရှယ်...း))))
မင်္ဂလာပါ နတ်သမီးလေးရေ...
ကော်ဖီမှာတော့ Cappuccino ကို ကြိုက်တယ်။
ကာလ်ဒီ (Kaldi) က စခဲ့ပြီး နောက်ပိုင်း ကာလ်ဒီ..ကာဒီ.. တဖြည်းဖြည်းနဲ့ ကာဖီ...ပြီးတော့ ..ကော်ဖီ.. လို့ ခေါ်ကြတာ ဖြစ်မယ်... ( ရမ်းစမ်းပြီး ပြောသွားပါကြောင်း... :) :) :) :P....
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)
နန်းဖျော်တဲ့ကော်ဖီလေးသောက်ကြည့်ချင်လိုက်တာ။
ချစ်တဲ့
သဒ္ဓါ
ကျေးဇူး နတ်သမီးရေးး
အဲလိုဘယ်လိုလုပ်ရမယ်မှန်းမသိအမြဲစဉ်းစာနေတာ လှလို့ လေ။ ကော်ဖီအရင်ကတနေ့ ၅ ထုပ်ကအသာလေးပါ။ခုတော့ ရင်တုန်တာမခံနိုင်လွန်းလို့ တစ်နေ့တကြိမ်သာသောက်ရပါတယ်။
သာယာချမ်းမြေ့ပါစေရှင်း
မိုး
PS: ကော်ဖီဒီကစမှန်းဒီိနေ့မှသိ
ဝေး နတ်သမီးရေ ကော်ဖီလတီး လာသောက်သွားတယ်ဟေးး))) အခုမှ ပဲအိပ်ငိုက်ပြေသွားတော့တယ်း))))
ကျေးဇူးသူငယ်ချင်းလေး... Cafe' Latte အရမ်းကြိုက်တယ် :)
"ဘီယာအစ မန္တလေးက" ဆိုသလို "ကော်ဖီအစ သိုးကျောင်းသားက" ပေါ့နော်။ လင့်လေးခိုးချိတ်ထားတယ်။ ခွင်ပြုအုံးနော်...အဟယ်
ဆိုင်မှာပဲ မှာသောက်ဖူးတာ။
နတ်သမီးဖျော်သလို ဖျော်ကြည့်အုံးမှ
ကော်ဖီဆို အကုန်ကြိုက်တယ် နတ်သမီးလေးရေ.... နည်းလေးပြောပြတာ ကျေးဇူးပဲနော်... ပြန်လုပ်ကြည့်ဦးမယ်.... :)))
ကော်ဖီသောက်သွားပါတယ်။ ။ :)
ကော်ဖီသောက်ရတာ မသောက်ရတာထက် အဲဒီကော်ဖီဘယ်ကပေါ်လာတယ်ဆိုတဲ့ ဗဟုသုတလေးရလိုက်တဲ့အတွက်တော့ ကျေးဇူးပါညီမရေ။
တားက ကော်ဖီနဲ့ကော်ပီမကြိုက်ဖူးရယ်
ဘီယာချိုတောက်တယ်း)း)
း)
ကော်ဖီသောက်သွားပါတယ်ဗျာ
ကြော်ဖီဆို ဘာဖြစ်ဖြစ် ကြိုက်တယ်..
ဒါပေမယ့် နွားနို့တွေ အများကြီးနဲ့ ဆိုတော့ အဆီတက်မယ့် ကော်ဖီပဲနော်..
မီးမီးကောဖီလက်တေးသိပ်ကြိုက်တာဘယ်လိုသိ...
အချစ်ဆိုတာ ကော်ဖီက `စ´ တယ်ဆိုရင်
အနှိုင်းမဲ့ အသည်းကွဲတာ
ကော်ဖီမသောက်ခဲ့လို့ပဲနေမယ် :)
နားလည်သလို ဖတ်သွားတယ်
Post a Comment