သောကြာနေ့ ညကဖြစ်သည်....
ဆိုင်သိမ်း၍ ဝန်ထမ်းများ အိမ်ပြန်ခါနီးတွင်...
“မင်းတို့ရဲ့ လက်မှာဝတ်ထားတဲ့ လက်ပတ်နာရီတွေကို ချွတ်ကြပါ”...တဲ့
“ဗုဒ္ဓေါ”..
ဘာလုပ်မလို့ပါလိမ့်...
ကျမတို့ဆိုင်မှ မန်နေဂျာ၏ စကားကြောင့် ကျမ အပါအဝင် ဝန်ထမ်းများ အားလုံး ၏ မျက်နှာမှာ ဆူးစမ်းခြင်း၊အံ့သြခြင်းတို့ဖြင့် မိမိတို့လက်မှာ ဝတ်ထားသော နာရီကို ချွတ်ရင်း မန်နေဂျာထံမှ ဆက်လက်ပြောလာမည့် စကားကို စောင့်ဆိုင်းနေကြသည်။
“ မင်းတို့ရဲ့လက်ထဲက နာရီမှာ အခု မနက် ၁နာရီ(1am) ထိုးပြီး၊ အဲဒီအချိန်ကို ည ၁၂နာရီ(12pm) ဖြစ်အောင် ပြောင်းကြပါ။ ”
အန်...
ကျမတို့ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ နာရီအချိန်ပြောင်းသည်ဟု ကျမ တသက်တာတွင် မကြားဘူးခဲ့ပါ။
ကျမကဲ့သို့ပင် မြန်မာနိုင်ငံမှ လူအတော်များများသည်လည်း ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ကြုံတွေ့ခဲ့ဖူးမည်မထင်ပါ။
ကျမလက်ထဲမှ လက်ပတ်နာရီကို အချိန်ပြောင်းရင်း ရွေ့လွှားနေသော အချိန်ကို အဘယ်အကြောင်းကြောင့် လူတို့ ရှေ့တိုး၊ နောက်ဆုတ် ပြုလုပ်ကြပါသနည်း..ဟု ကျမသိချင်စိတ်ဖြင့် မန်နေဂျာအား မေးရင်း..
ကျမသိသမျှကို စာဖတ်သူ သူငယ်ချင်းများအား မျှဝေလိုက်ပါသည်။
Europe ဟုခေါ်သော အနောက်နိုင်ငံများတွင် ထိုကဲ့သို့ အချိန်ပြောင်းသော ဓလေ့ရှိသည်ဟု ကျမကြားသိခဲ့ရပါသည်၊ ဤဓလေ့ကို ကျမထက်ပိုပြီးသိသူ အနောက်တိုင်းတွင်နေထိုင်လျှက်ရှိကြသော သူငယ်ချင်းများအား Comment နေရာတွင် မိမိတို့၏ ဗဟုသုတများကို မျှဝေပေးပါရန် မေတ္တာရပ်ခံပါသည်။
ကျမ ခေတ္တနေထိုင်လျှက်ရှိသော ဆိုက်ပရပ်စ်(Cyprus) နိုင်ငံတွင် အချိန်နာရီကို တနှစ်လျှင် (၂)ကြိမ်မျှ ရှေ့တိုး၊ နောက်ဆုတ် လုပ်ရသော အစဉ်အလာရှိသည်။
ဆောင်းရာသီကုန်ဆုံးသော မတ်(March)လ၏ နောက်ဆုံးအပတ်ဖြစ်သည့် သောကြာ(သို့) စနေနေ့တွင် မူလ အချိန်ကို ၁နာရီ ရှေ့တိုး၍သော်၎င်း၊ နွေရာသီကုန်ဆုံးသော အောက်တိုဘာ(October) လ၏ နောက်ဆုံးအပတ်ဖြစ်သည့် သောကြာ(သို့) စနေနေ့တွင် ရှိရင်းစွဲအချိန်ကို ၁နာရီနောက်ဆုတ်၍သော်၎င်း၊ အချိန်ပြောင်းလေ့ရှိသည်။
ဆိုက်ပရပ်စ်တနိုင်ငံလုံးတွင် ရှိကြသော အချိန်နှင့် အလုပ်လုပ်ကြရသည့် ရုံးဝန်ထမ်းများ၊ အလုပ်သမားများ၊ ကျောင်းသားများ အတွက် အချိန်ပြောင်းလဲလိုက်သည်ကို မသိပဲ ၁နာရီနောက်ကျ၍သော်၎င်း (သို့) ၁နာရီစော၍သော်၎င်း ၊ လုပ်ငန်းချိန်၊ ကျောင်းချိန်များ မှားယွင်းမှုများမဖြစ်ရလေအောင် အချိန်ပြောင်းတိုင်းလည်း သောကြာ(သို့) စနေနေ့တွင်သာ ပြောင်းလေ့ရှိသည်။ ထို့အတွက် ရုံးများ၊ ကျောင်းများဖွင့်သော တနင်္လာနေ့တွင် လူတိုင်းလိုလို အချိန်မှန် နေရာမှန်သို့ ရောက်ရှိနေကြလေပြီ။
ထိုသို့အချိန်ပြောင်းခြင်း အားဖြင့် မန်နေဂျာ၏ အကြောင်းပြချက်မှာ “ Save the energy”ဟုသိရှိရသည်။
မှတ်ချက်။ ။ ဆိုက်ပရပ်စ်နိုင်ငံတွင် (၆)နှစ်ခွဲခန့် ရှိနေပြီဖြစ်သော ကျမအတွက် အဆန်းမဟုတ်တော့သော်လည်း အမှတ်ရအနေဖြင့် ဤ post ကို အချိန်ပြောင်းချိန်နှင့်တိုက်ဆိုင်ခဲ့သဖြင့် ယခုမှ ရေးဖြစ်ခဲ့ခြင်းဖြစ်သည်။
Monday, November 1, 2010
ကြားဖူးပါရဲ့လား...
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
16 comments:
မမနတ်သမီး.......
အဲလို လုပ်တာ ကမ္ဘာမှာ နိုင်ငံပေါင်း 70 လောက်ချိဒယ် တဲ့။ အဲ.... သူတို့ ပြောပုံ အရ ဘာကြီးက ဘယ်ကိုရွေ့သွားလို့ ဘာကြောင့်ဆိုလားပဲ။
အဲဒါကို ဥာဏ်ကြီးရှင် သိပ္ပံပညာရှင်များကလဲ ဘာဖြစ်တယ် ဆိုလားပဲ ပြောကြတယ်လား မသိ...
ဟဲဟဲ ရှင်းသွားပြီ မဟုတ်လား... သိတာတွေရှိသေးတယ် နာ့အစ်မ နတ်သမီး ထပ်မူးသွားမှာ စိုးလို့ နကြောတော့ ပါဝူး။ ဂြီ
နတ်သမီးလေးရေ
ဘယ်နှစ်နာရီရှိပြီလဲ
အချိန်နာရီတိုက်ထားချင်လို့ပါ:P
ဆိုက်ပရပ်စ် နိုင်ငံကိုမရောက်ဖူးပေမဲ့
အစဉ်အလာဓလေ့စရိုက်တွေကို သိရှိရတဲ့အတွက်
ကျေးဇူးတင်ရှိပါတယ်
ခင်မင်စွာဖြင့်
ညအလင်္ကာ
ကမ္ဘာ့မြောက်ချမ်းနိုင်ငံတွေက ၂၃ ၁/၂ စောင်းနေတော့ အချိန် ကို save လုပ်ကြတာလေ၊ ရှေ့တိုးနောက်ဆုတ်နဲ့ နေရတော့တာပဲ
ဘာမှမသိလို့ ဘာမှကိုဝင်မပြောတော့ဘူးနော် ...
ကြားဖူးရုံပဲ ရှိပါတယ်။ သေချာ မသိသေးတော့ မပြောသွားတော့ပါဘူး။
မင်္ဂလာပါ ရောက်လာပါတယ် နတ်သမီးရေ ..... စာတွေလာဖတ်သွားပါတယ် ..... အနောက်ဥရောပ မှာကတော့ အချိန်ကို စနေနေ့ကနေ တနင်္ဂနွေနေ့အကူးမှာပဲပြောင်းကြပါတယ် ......... သီတင်းကျွတ်ပြီးသွားပြီနော် နတ်သမီး မင်္ဂလာဆောင် ဖို့အစီအစဉ်လုပ်ပြီးရင်လည်း ကြိုပြောထားနော် မင်္ဂလာ လက်ဖွဲ့တခုခုပို့ပေးနိုင်အောင်ကြိုးစား ကြည့်မလို့ပါ ............... :D
ဒီရောက်မှ သိတာ အချိန်ကို ရှေ့တိုးနောက်ဆုတ် ဆော့နေတာဆိုတာလေ ကိစ မစိဘူး များက ကွန်ပူကတာ နာရိကို ဒီနိုင်ငံအချိန်ပေးထားတာ သူ့အလိုလို ချိန်းပေးသွားတယ် ဟိုးး တခါ စောင့်ကြည့်တယ် သိလား
မနက် ၁ နာရီလဲ ထိုးရော နာရီက အလိုလို ၁၂ ကိုပြောင်းသွားတာ သိလား အံ့သြစရာရယ် ခစ်ခစ်
အဟဲ ပြောရဦးမယ် အဲဒီ ပြောင်းတဲ့နေ့က များ တနာရီ ပို အိပ်လိုက်ရတယ် ခစ်ခစ်
လာပါလိမ့်မယ် နွေရာသီကျရင် ရှေ့တိုး လိမ့်မယ်
နေကောင်းလား အမရေ.. မတွေ့တာကြာပေါ့နော.... အခုအချိန်တွေပြောင်းသွားတဲ့ရာသီလည်းရောက်လာပြီ... အေးလည်းအေးလာပြီနော်...း)))...
ခင်မင်တဲ့
နေ၀သန်
ကိုကြီးကျောက်ပြောတာလေးရှင်းတယ်....
မရေ...ခုမှ ကြားဖူး သိဖူးတာမို့ 
ဆည်းပူးသွားခဲ့ပေမဲ့ ပြန်မပြောနိုင်ခဲ့ပါဘူး..
တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းပါတယ်။
ညီမကတော့ ညီမပတ်တဲ့ နာရီကို အမြဲပုံမှန် ၁၅ မိနစ်
မြန်မြန်ထားတယ်။ ဘာလုပ်လုပ် စောစောပြီးနေအောင်
လို့ ...:)
..ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)
မွေးနေ့ လေးတောင် တော်တော် နီးလာပြီနော်..မ...:)
ဗဟုသုတသိပ်မရှိလို့ အချိန်နဲ့ပတ်သက်ပြီး မပြောပြနိုင်ပေမဲ့ ဒီပို့စ်လေးနဲ့ ကွန်မန့်တွေက ရတဲ့ ဗဟုသုတအတွက်တော့ ကျေးဇူးပါ
ကျေးဇူးတင်ပါတယ်မ..။
ဟုတ်ပ.....။
ကိုဏီးတို့များ.....ခုမှသိတယ်လေ.....။
ကျေးဇူးပဲ....နတ်သာမီးရေ့....။
(သူများတွေပြောကုန်.......သီတင်းကျွတ်စ်ပြီတဲ့ဗျိုးးးးးးး...............း))
ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို
ကျနော့်ကွန်ပြူတာက ဟိုတနေ့က အလိုလို တနာရီ နောက်ကျနေတယ်။ ဘယ်လိုဖြစ်တာလဲ မသိဘူး တွေးပြီးမှ ဥရောပ အချိန်ကို ကျနော့် ကွန်ပြူတာဆက်တင်ထဲ ဘယ်လို လုပ်ထားမှန်း မသိလိုက်ဘူး။
ဥရောပက အချိန်ပြောင်းတာက အာရှက ကျနော့် ကွန်ပြူတာပါ အချိန်ပြောင်းသွားသေးတယ်။
ဆိတ်ဆိတ်နေတာပဲကောင်းမယ်ထင်တယ်း))
တကယ်တော့ မသိလို့ပါ။းP အချိန်ပြောင်းသွားတာလောက်ပဲသိတာလေ
ဟုတ်တယ် မမ နတ်သမီးလေးရေ..ဒီဂျာမနီမှာလဲ ဒီလိုပဲ..အမြဲ အလုပ်ရှုပ်ရတယ်...
Post a Comment