မိမိပြုလုပ်မိခဲ့တဲ့ အမှားတခုကြောင့် တပါးသူအတွက် “ဆုံးရှုံးနစ်နာမှု”ဖြစ်စေခဲ့တဲ့ အကြောင်းတရားလေးတခု လွန်ခဲ့တဲ့ ၂ရက်ခန့်က ကျမ အလုပ်လုပ်သော စားသောက်ဆိုင်တွင်ဖြစ်ပေါ်ခဲ့ပါတယ်။
ဤကဲ့သို့သော အမှားမျိုးကို ကျမအပါအဝင် စားသောက်ဆိုင်နှင့် ဟိုတည်ကြီးများတွင် အလုပ်လုပ်လျှက်ရှိကြကုန်သော စာဖတ်သူ သူငယ်ချင်းများ သင်္ခန်းစာယူတတ်စေရန် ဤဆောင်းပါးလေးကို ဖော်ပြယုံမှလွဲ၍ မည်သူ တဦးတယောက်ကိုမျှ နစ်နာစေလိုသော ရည်ရွယ်ချက်မရှိပါကြောင်း ဦးစွာ ဖော်ပြလိုပါသည်။
ထိုနေ့က ကျမတို့ဆိုင်တွင် အုပ်ချုပ်သော မန်နေဂျာ၏ အလုပ်နားရက်ဖြစ်သဖြင့် ဆိုင်၏ အုပ်ချုပ်မှုပိုင်းကို ကျမက ယာယီတာဝန်ယူရသော နေ့ဖြစ်သည်။
သို့သော် စားသောက်ဆိုင်(၅)ဆိုင်ကို ပိုင်ဆိုင်သော ကျမတို့၏ ကုမ္ပဏီ၏ အကြီးဆုံးသူဌေးမှာ ရုံးခန်းထဲတွင် အလုပ်များရှုပ်ရင်း တဆိုင်လုံးတွင်တပ်ထားသော ကင်မရာမှတဆင့် ဝန်ထမ်းများကို ထိန်းချုပ်ထားသည့်အတွက် ကျမအတွက် စိတ်ပူစရာမရှိပေ။
ည ၉နာရီခွဲခန့်တွင် ကျမအား ရုံးခန်းမှ ခေါ်သည်ဆိုသဖြင့် သူဌေးနှင့် သွားတွေ့သောအခါ သူဌေးမှာ ညစာစားပွဲသွားရန်ရှိသဖြင့် ဆိုင်ကို ဂရုစိုက်ရန် မှာကြားခြင်းဖြစ်သည်။ ထိုအချိန်မှ စ၍ ဆိုင်တဆိုင်လုံး၏ တာဝန်မှာ ကျမ၏ ခေါင်းပေါ်သို့ ရောက်ရှိလာခဲ့လေသည်။
ည ၁၀နာရီ၁၅ခန့်တွင် ဧည့်သည်များလည်း ညစာစားပြီး၍ အသီးသီး ထွက်ခွာနေလေပြီ၊ ဆိုင်ကြီးတဆိုင်လုံးတွင်မှ စားပွဲ၅ဝိုင်းခန့်သာ ကျန်ချိန်တွင် ကျမလည်း အမျိုးသမီးခန်းသို့ သွားပြီး ပြန်လာချိန်တွင်တော့....
“နမ်း...စားပွဲ ၁၂ဘေးက မှန်ချပ်ကြီး ဧည့်သည်လုပ်လို့ ကွဲသွားတယ်”
“ဟင်..”
ဝန်ထမ်းမလေးပြောလိုက်သော စကားကြောင့် စားပွဲ ၁၂ ဘေးမှ မှန်ချပ်ကို ကြည့်ရင်း....
“ဧည့်သည်တွေရော...”
“ထွက်ပြေးကုန်ကြပြီ”
“ဘာ....”
ကျမ အံ့သြမိပါသည်...အဘယ်ကြောင့် ဧည့်သည်များထွက်ပြေးရသနည်း...
“သူတို့က ဘာလို့ ထွက်ပြေးရတာလဲ”
“မှန်ကွဲသွားလို့ Cindy က သူဌေးကို လှမ်းဖုန်းဆက်တာကို ဧည့်သည်တွေကြားပြီး အရော်ပေးရမှာကြောက်လို့ ထွက်ပြေးသွားကြတာ ဖြစ်နိုင်တယ်...”
ဆိုင်တဆိုင်လုံးကို မျက်စိ ဒေါက်ထောက်ကြည့်နေသည့်ကြားမှ ၁၀မိနစ်ခန့် ကျမပျောက်သွားချိန်တွင် ဖြစ်သွားခဲ့သော အဖြစ်အပျက်မှာ ဧည့်သည်များ ညစာစားပြီး၍ ငွေပေးခြေပြီး ထပြန်ချိန်တွင် ကုလားထိုင်နှင့် မတော်တဆတိုက်မိပြီး မှန်အက်သွားခြင်းဖြစ်သည်။ကျမ၏ ခေါင်းမှာ မီးတောင်ပေါက်သလို ခံစားလိုက်ရသည်။
Cindyဆိုသော ဝန်ထမ်းမလေးမှာ အလုပ်အလွန်ကြိုးစားသူတယောက်ဖြစ်သည်၊ သူမအလုပ်ကြိုးစားသည်ကို အထက်လူကြီးများက ချီးကျူးသြဘာပေးလျှင် သူ့ကိုယ်သူ အနာခံ၍ ပိုလုပ်ပြတတ်သူဖြစ်သည်။
လူဆိုသည်ကား အမြဲတန်းမှန်လေ့မရှိ ၊ တခါတရံ ပညာရှိများတောင် အမှားနှင့် မကင်း ဆိုသည့်အတိုင်း ယခု ဖြစ်ခဲ့သော အဖြစ်အပျက်တွင် သူမဖက်မှ များစွာမှားယွင်းခဲ့ပါသည်။
ဟိုတည်နှင့် စားသောက်ဆိုင်များ၏ ဥပဒေအရ အုပ်ချုပ်မှုပိုင်းတွင် ရာထူးအဆင့်ဆင့်ရှိသည်၊ သာမန်ဝန်ထမ်း၏ ပြဿနာများကို လက်ထောက်မန်နေဂျာနှင့် ပြောရသည်၊ လက်ထောက်မန်နေဂျာမှတဆင့် မန်နေဂျာကို ပြောရသည်၊ မန်နေဂျာမှ အထွေထွေ မန်နေဂျာသို့ပြောရသည်၊ အလွန်ခက်ခဲသော ပြဿနာ အဆင့်ရှိမှသာလျှင် အကြီးဆုံးသူဌေးထံသို့ တင်ပြရသည်။
ယခုဖြစ်သော အဖြစ်အပျက်တွင် ဖြစ်သင့်သည်က Cindyက တဆိုင်လုံး၏ တာဝန်ကို ယာယီယူထားရသော ကျမကိုသာပြောသင့်သည်မဟုတ်ပါလား။
အခုတော့ ကျမကို ကျော်၍ တခြားဆိုင်တွင် မိတ်ဆွေများနှင့် ညစာစားနေသော ဆိုင်(၅)ဆိုင်ပိုင်ရှင် သူဌေးကို တိုက်ရိုက်ဖုန်းဆက်၍ သတင်းပို့သည်၊ သူဌေးကို လှမ်းခေါ်သည်။
သူမ၏ အကြောင်းပြချက်ကတော့ ကျမရှိသောနေရာကို ဝန်ထမ်းများ၏ အကူညီဖြင့် ရှာရန်မှာ အလွန်လွယ်ကူလှသော်လည်း သူမအနားတွင် ကျမ မရှိ၍ ရုံးခန်းထဲတွင် သူဌေးရှိနေသည်အထင်နှင့် သူဌေးကို လှမ်းခေါ်ရခြင်းဖြစ်သည်..ဟုဆိုပါသည်။
ပိုဆိုးသည်က တချိန်ထဲမှာပင် ဧည့်သည်မိသားစု တစုသည်လည်း ညစာစားရန် ဆိုင်ထဲသို့ ရောက်လာချိန်တွင် ၎င်းတို့မှ အပေါ်ထပ်တွင် ထိုင်ချင်ကြောင်း ခွင့်တောင်းလာသဖြင့် Cindy မှာ အမျိုးသမီးခန်းသွားနေသော ကျမ၏ ဆုံးဖြတ်ချက်ကို မရယူပဲ သူဌေးကို ထပ်၍ ဖုန်းဆက်ပြန်ပါသည်။
တခါတလေ ဝန်ထမ်းများ၏ မှားယွင်းသော ဆုံးဖြတ်ချက်နှင့် လုပ်ရပ်များကြောင့် ကျမ စိတ်ပျက်မိတိုင်း မျက်ရည်ကျမိပါသည်။
ကျမ၏ တာဝန်မှာ မန်နေဂျာ(သို့)သူဌေး၏ ညွှန်ကြားချက်အတိုင်း လုပ်ယုံမှလွဲ၍ သူဌေးဘယ်မှာရှိသည်၊ ဘာလုပ်နေသည်၊ မန်နေဂျာက ကျမကို ဘာပြောထားသည် ၊ ဘာမှာထားသည်ဟု ဝန်ထမ်းတိုင်းကို ပြောပိုင်ခွင့်မရှိသည်ကို ဝန်ထမ်းများမှ သဘောပေါက်နားလည်သင့်ပါသည်။
အထက်ပါ အဖြစ်အပျက်မျိုးနှင့် ကျမ ထိပ်တိုက်တွေ့ခဲ့ပါလျှင်.....
မှန်ကွဲသွားသည့် ကိစ္စတွင် အကြောင်းပြချက် ၂မျိုးရှိသည်..
(၁)မှန်ကို ကွဲစေလိုသော စိတ်ဖြင့် တမင်တကာခွဲခြင်း။ ။ ဤကဲ့သို့ ဆိုပါလျှင် ရော်ကြေးတောင်းရန်လိုပါသည်။
(၂) မတော်တဆ တိုက်မိ၍ ကွဲရခြင်း။ ။ ဆိုလျှင်တော့ “မတော်တဆဖြစ်တာပဲ...စိတ်ထဲဘာမှမထားပါနဲ့..ရပါတယ်” ဟု ကျမပြောဖြစ်ပါလိမ့်မည်။
ဤသို့ ပြောလိုက်ခြင်းဖြင့် မိမိကြောင့် မှန်ကွဲသွားသဖြင့်“ ငါတော့ ပြဿနာတက်ပြီ” ဟူသော အတွေးမှ လျှော့ကျစေခြင်း။
မှန်ကွဲသွားသော်လည်း ပြဿနာမလုပ်ပဲ ဖော်ရွေစွာ နားလည်ပေးသော ကျမတို့၏ စားသောက်ဆိုင်သို့ ထိုဧည့်သည်များ ထပ်လာနိုင်ခြင်း။
ထိုဧည့်သည်များမှတဆင့် ၎င်းတို့၏ နီးစပ်ရာ မိတ်ဆွေများကို (ကျမတို့၏ဆိုင်ကောင်းကြောင်း၊ )ကြော်ညာပေးခြင်းဖြင့် ကွဲသွားသော မှန်၏ တန်ဖိုးထက် အဆပေါင်းများစွာကို ကျမတို့ပြန်ရနိုင်မည်မဟုတ်ပါလား။
စီးပွားရေးဆန်စွာပြောရမည်ဆိုလျှင် မှန်ကွဲ၍ အရော်တောင်းရန် သူဌေးသို့ ဖုန်းဆက်နေသည်ကို သိမြင်ပြီး ဧည့်သည်များထွက်ပြေးခဲ့ရသည့် အတွက် ကျမတို့ဆိုင်အတွက် ဖောက်သည်လျှော့သွားသည့်အပြင် မှန်ပါ ဆုံးလေပြီ။မိအေး၂ခါနာခဲ့လေပြီ။
စာဖတ်သူများ နားလည်အောင် အရှင်းဆိုရသော်...
“မိမိအိမ်သို့ လာလည်သော ဧည့်သည်တယောက်ကြောင့် မတော်တဆ ပန်းအိုးတလုံး(သို့)ဖန်ခွက်တခွက် ကျကွဲသွားသည် ဆိုပါစို့....
သင် အရော်တောင်းပါမည်လား...” (သို့) “ကျောင်းခန်းထဲတွင် ကလေးများကစားရင်း ကလေးတယောက်ကြောင့် မတော်တဆ ပြတင်းပေါက်မှန်ကွဲသွားသည်ဆိုပါစို့...
တခြားကလေးများမှ မင်းကြောင့်မှန်ကွဲသွားပြီ ဆရာမနဲ့တိုင်မယ်” ဟု ပြောလိုက်လျှင် အတိုင်ခံရသော ကလေးမှာ ကျောင်းတက်ရန် ငြင်းဆန်သူ၊ ကျောင်းကြောက်သူ ဖြစ်သွားမည်မှာ သေခြာသည်”...
ပညာရှိ သတိဖြစ်ခဲ့ဆိုသကဲ့သို့ ပညာရှိမဟုတ်သော ဟိုတည်နှင့် စားသောက်ဆိုင်များတွင် အလုပ်လုပ်လျှက်ရှိသော ကျမတို့လို သာမန်ဝန်ထမ်းများအဖို့ လက်ရုံးရည်နှင့် ဖြေရှင်းရသည့်ပြဿနာမျိုးရှိသလို နှလုံးရည်နှင့် ဖြေရှင်းရသည့် ပြဿနာများလည်းရှိပါသည်။
မည်သို့ပင် တတ်သိသော်ငြားလည်း ဝန်ထမ်းများအနေနှင့် ရင့်ကျက်မှုနှင့် အတွေ့အကြုံရှိသော မိမိတို့၏ အထက်လူကြီးများကို လေးစားရန်၊
မိမိ၏ စကားတခွန်းကြောင့် ဆုံးရှုံးနစ်နာမှုများနှင့်အတူ မိအေး၂ခါ မနာမိစေရန် အသိတရားနှင့် ယှဉ်၍ သတိပေးရင်း ......တာဝန်ကျေသော ဝန်ထမ်းများဖြစ်စေရန် ရည်ရွယ်ရင်း ဘဝ၏ လက်တွေ့ပို့ချသော သင်္ခန်းစာတခုကို မျှဝေလိုက်ရပါသည်။
မှတ်ချက်။ ။ ကျမသည်လည်းပဲ တာဝန်လစ်ဟင်းမှုဖြင့် သူဌေးထံတွင် ထုခြေလွှာတင်ရပါတော့မည်။း(
Thursday, October 28, 2010
နောက်တခါ မမှားရလေအောင်
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
14 comments:
ဟောဗျာ...ဖြစ်ရလေ...။အေးဗျာ ဒီကလေးမနှယ်..။
ဒီမှာတော့ တစ်ခုခုဖြစ်ရင် သူဌေးသိမှာစိုးလို့ ကိုယ့်ဘာသာ
ဖြေရှင်းလိုက်ကြတာပါပဲ..။ဘယ့်နှယ် နေရာတကာ သူ့ပြော
နေလို့ဖြစ်မလား..။
အိုးးး အစ်မရေ
ကြားရတာ စိတ်မသက်သာလိုက်တာ .. အင်းပေါ့လေ လူပေါင်းစုံနဲ့ ဆက်ဆံရတော့လည်း စရိုက်ပေါင်းစုံပေါ့ ..
အဆင်ပြေ ပျော်ရွှင်ပါစေနော် ..း)
အစ်မရေ ကြားရတာ စိတ်လဲ မကောင်းဘူး။ သတိထားရမည့် သင်ခန်းစာတွေလဲ ယူသွားတယ်။ သိပ်လဲ စိတ်ညစ်မနေပါနဲ့ဦးနော်။
တစ်ခါတစ်လေ ဒီလိုစိတ်ညစ် စရာတွေ ကြုံတတ်တယ်လို့ တရားချရအောင်လဲ အစ်မလောက် အတွေ့အကြုံ မရင့်သေးတော့ ခက်ပြန်ရော ။ ဟီဟိ
ပျော်ပျော်နေ ထမီပြဲ ။ ဂြီ
အဲဒါတွေခက်တာပဲ...သူဌေးရှိမှ အလုပ်လုပ်ချင်တဲ့ သူတွေ......။ ခုတော့ ငါ့နတ်သမီး အလုပ်ရှုပ်သွားပြီ.. ဒီကလေးမ အလုပ်အတွေ့အကြုံနည်းသေးမှန်း သိသာတယ်...။
ဘာပဲဖြစ်ဖြစ် နတ်သမီးကတော့ အတွေ့ကြုံရင့်ကျက်ပြီးသားမို့ ဒီလို ပြဿာနာမျိုးကို အဆင်ပြေချောမွေ့စွာ ဖြေရှင်းနိုင်မှာပါ...။
ခင်တဲ့
မိုးငွေ့
ညီမ ရေ
ဖတ်လိုက်ရတာ စိတ်တောင် မကောင်းဘူး ကိုယ် တချိန်လုံး ကောင်းကောင်းလုပ်ခဲ့ပြီးမှ ခဏလေး မရှိတုန်းပြသာနာဖြစ်သွားတယ်
အဆင်ပြေပါစေ ညီမရေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဟူး..ကြားရတာ မ အစားပင်ပန်းလိုက်တာ..
အတွေ့အကြုံတစ်ခုရတယ်ပဲ သဘောထားလိုက်ပါ။
ညီမဆို...ရတယ် ရတယ်လို့ ပြောလိုက်မှာ..
ပြီးမှ ကိုယ့်ဘာသာ သဌေးကို ရှင်းပြလိုက်မယ်..။
သဌေးက အဲလောက်တော့ သဘောထား ကြီးမှာပါ။
ဒါမှ မဟုတ်ရင် ပိုက်ဆံ တစ်ဝက် ဖြတ်ရင် ဖြတ်ပေါ့..။
ညီမကတော့ သူများကို ပြောရမှာ အားနာတော့လေ...။
မမ သနားပါတယ်..။
သဌေး ဘယ်လို စီစဉ်မလဲ မသိဘူးနော်။
မမအဖြူရောင်လေးရေ...
လောကမှာ အလုပ်များများလုပ်ရတဲ့သူ တာဝန်များများ ယူရတဲ့သူက က အမှားများတတ်တာ မဆန်းပါဘူး ...။ အဲဒီ့အမှားတွေထဲကနေ ဘ၀အတွက် သင်ခန်းစာတွေရယူရင်း ရင့်ကျက်တဲ့လူသားတစ်ဦး ၊ အောင်မြင်တဲ့ဘ၀ပိုင်ရှင်တစ်ယောက် ဖြစ်လာဖို့ပဲ ကြိုးစားသင်ယူရမယ်ဆိုတဲ့ သင်ခန်းစာလေးရလိုက်သလိုပါပဲ...။
ပျော်ရွှင်ငြိမ်းချမ်းပါစေ ....
ညီမလေး နှင်း
အဖြူရောင်နတ်သမီးကလေးရေ
လေးစားသွားမိကြောင်းပါခင်ဗျာ-
Cindy ကို ဒီအတိုင်းလွတ်ထားလို့ မဖြစ်ဘူးလေ၊
စကားမစပ် Cindy ကပြည်ကြီး တရုတ်လား တောင်အိန္ဒယ သူလား
မအဖြူရောင်ရေ. နေ့စဉ်ရုန်းကန်နေတဲ့ဘ၀တွေထဲက အတွေ့အကြုံတွေယူတက်ဖို့မီးမောင်းထိုးပြ လိုက်သလိုပါပဲဗျာ. ကျွန်တော်တို့ဆပ်စက်မှုတိုင်းမှာ သတိထားရမလိုပေါ့နော်. အားပေးခဲ့ပါတယ်ဗျာ...
ကျွန်တော့်ရင်ဖွင့်မှုများကို အားပေးသည့်အတွက်လည်း အထူးကျေးဇူးပါ. မဖြူရောင်...
စိတ်မကောင်းဘူး ဖတ်ရတာ
သူများ နိုင်ငံမှာ အလုပ်လုပ်တယ်ဆိုတာကတော့ အစစ ဂရုစိုက်ရတာပဲလေ ဒီလို ဂရုစိုက်နေရဲ့ကြားထဲက ဖြစ်သွားတာတော့လဲ
အင်းးးးးးးးး
လျှာရှည်တယ်လို့ မပြောနဲ့နော် မမ
အဆင်ပြေပါစေနော်
တာ့တာ
အစစ ဆေင်ပြေပါစေ နတ်သမီးရေ့..
မအားလို့ ခုမှအိမ်လည်ရတော့တယ်
အခုမှရောက်တယ်အစ်မရေ...
လုပ်ငန်းခွင်ထဲမှာလူစုံစရိုက်စုံပေါ့ဗျာ တခါတခါ ကိုယ့်စိတ်လိုသဘောထားမိလို့ အခက်ကြုံရတာမျိုးရှိတယ်...
သူဌေးမြင်မှ ပြေးလွှားပြတဲ့သူမျိုးမုန်းမှမုန်းပဲ
ထိုင်နားတုန်းသူဌေးလာရင်တောင် ကျွန်တော်တော့ထိုင်နေမြဲပဲ... သူလာမှထလုပ်တယ်အထင်မခံနိုင်လို့း)
အစစအရာရာ အဆင်ပြေပါစေဗျာာာာ
Post a Comment