Saturday, January 30, 2010

“Chopsticks” နောက်ကွယ်မှ လျှို့ဝှက်ချက်များ


တရုတ်လူမျိုးများသည် အစာစားရာတွင် Chopsticks ဟု ခေါ်သော “တူ”များကို အသုံးပြုကြသည်ကို လူတိုင်းသိရှိပြီးသားဖြစ်ပါလိမ့်မည်။ Europe နိုင်ငံသားများသည် ဇွန်း၊ခက်ရင်းနှင့် ဓား များကို အစာစားရာတွင် အသုံးပြုနေသည့်အချိန်တွင် တရုတ်လူမျိုးများသည် Chopstick ဟု ခေါ်သော “တူ”များကို စတင်အသုံးပြုနေပြီဖြစ်သည်။ “တူ”ကို အသုံးပြုရခြင်း၏ လျှို့ဝှက်ချက်ကတော့ အစာစားရာတွင် ဓားနှင့် ခက်ရင်းကိုအသုံးပြု၍ အစာ(အသား)များကို လှီးဖြတ်ရသည်မှာ အစာစားနေခြင်းနှင့်မတူပဲ သတ္တဝါများကို သတ်ဖြတ်နေသည်ဟု ခံစားရ၍သော်၎င်း၊ “ဓား”ဆိုသည်မှာ လူသတ်လက်နှက်တခုအဖြစ် သတ်မှတ်ထားသောကြောင့် ထမင်းစားဝိုင်းများတွင် “ဓား”ကို အသုံးမပြုသင့်ကြောင်း တရုတ်တွေးခေါ်ပညာရှင်များက (၅၅၁-၄၇၉ဘီစီ)ခန့်တွင် အခိုင်အမာထောက်ခံဆုံးဖြတ်ခဲ့ကြသည်။ ထိုအချိန်မှ“စ”၍ ထမင်းစားဝိုင်းများတွင် အသင့် လှီးဖြတ် ချက်ပြုတ်ပြီးသား ဟင်းလျှာများကို အိန္ဒြရေရှိစွာ ကောက်ယူစားသောက်နိုင်သည့် Chopsticks ဟုခေါ်သော “တူ”များကို တရုတ်လူမျိုးများသာ မက အခြားလူမျိုးများပါ အသုံးပြုနေကြခြင်းဖြစ်ကြောင်း“Chopsticks နောက်ကွယ်မှ လျှို့ဝှက်ချက်များ”အဖြစ် ဗဟုသုတအနေဖြင့် ဝေငှလိုက်ရပါသည်။




12 comments:

ကိုကိုမောင်(ပန်းရနံ့) said...

တူအကြောင်း ဗဟုသုတ ယူသွားပါတယ်။

sosegado said...

ဖတ်ဘူးတာနဲ့ ကွာနေသလိုပဲ နောက်တခု မှတ်ဘို့တိုးသွားတာပေါ့ ‘တ’ူ ဆိုတာမြန်မာသံ ယူထားတဲ့ တရုတ် ဟုတ်ကင့် စကားပါ ၊ ရုံတင်တော့မဲ့ ကွန်ဖြူးရှင့် ရုပ်ရှင်ကားကိုကြည့်ကြည့်ပါ၊ ကျေးဇူးတင်ပါသည်။

မိုးစက်အိမ် said...

မှတ်သားစရာလေးပါဘဲဗျာ ဗဟုသုတိုးသွားပါတယ်

ညလင်းအိမ် said...

Chopsticks နဲ့ ထမင်းတော့ မစားတတ်သေးဘူးဗျ..း)

~ဏီလင်းညို~ said...

နတ်သာမီးရေ...
ကိုဏီတို့ကတော့ လက်နဲ့ဆွဲရတာလောက် ဘယ်ဟာမှ စားရတာအားမရဘူး...။ မြန်မာလူမျိုးစစ်စစ်လေ...း)
တူဆိုတာ ကြေးအိုးသောက်မှပဲ...သုံးဖြစ်တာ....။
(ပြောရင်းနှင့် ကြေးအိုးသောက်ချင်လာပီ....။ လျှော်ပေးတော့ နတ်သာမီးရေ...း))
ခင်မင်တဲ့
ဏီလင်းညို

ရွှေရတုမှတ်တမ်း said...

တူမ ရဲ့နောက်ကွယ်ကလှို့ဝှက်ချက်လဲရှိရမယ်

Flower said...

တူနဲ့တော့ နေ့တိုင်းစားတာဘဲ..ဘာကြောင့်တူနဲ့စားတယ်ဆိုတာတော့ ခုမှဘဲ သိတော့တယ်... ဒီလိုဆို တူနဲ့စားတဲ့ရည်ရွယ်ချက်က တော်တော်ကောင်းတာဘဲ..
နောက်ကိုလဲ တူနဲ့ဘဲ စားတော့မယ်... :)

kiki said...

“တူ” ကို “မ” သော သူအား “တူမ ”ဟု ခေါ်ပါသည် ။
တူ ကို ပြုတ်အောင် ဖြုတ်သူအား “ ပြုတ်တူ” ဟု ခေါ်ပါသည် ။း))

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နတ်သမီးလေး ရေ..

တူ အကြောင်းလေး ဝေမျှဖော်ပြပေးတာ သိရလို့ ကျေးဇူးပါ။ နောက်တစ်ခါဆိုရင် တူမ အကြောင်းလေးလဲ ဝေမျှအုံးဗျ :) :) :)...

ခင်မင်စွာဖြင့်
ကိုမျိုး

မောင်ပါလ said...

ကျနော်သိတာကတော့ တူဟာတချောင်းထဲဆို အသုံးမ၀င်တော့ဘူးဗျ။

kiki said...

ဘာ တူ ကြောင့် စိတ်ညစ်နေတာလဲ နတ်သမီးရဲ့ ...
စီဗုံးကြီး ရှာမတွေ့ လို့  ဒီထဲမှာပဲ အော်ခဲ့တာ ...

တူပျောက်သွားလို့ လား ..စီဗုံးတောင် ပျောက်သွားတယ် ဆိုတော့ ဒီကိစ္စ မရိုးသားဘူး နော်... ပြန်တပ်ပေးပါ ဒါဗြဲ...

လုလု said...

တူအကြောင်း ဗဟုသုတရသွားတယ်။
သူတို့အတွေးလေးက ကောင်းတယ်နော်။
ကျေးဇူးပါနော်။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .