Wednesday, January 27, 2010

ပယင်းယောင်ခန်း





စံလေး မြတ်ငုံ ဂန္ဓာမာရုံ ၊
ခတ္တာခွေခက် ဇီဇ၀ါရွက်
ကံ့ကော်ဖက်လည်း
နန်းထိုက်တော်ဝင်
ဂေါ်သဇင်လည်းမဖြစ်လိုပါ . . .
ချစ်သူ့ ရင်ပန်း
စဉ်တင့်လန်းတဲ့ 
ပယင်းယောင်ခန်း
အလင်းပြောင်လွှမ်းမဲ့ 
" အချစ်ရောင်ပန်း " လေးသာဖြစ်လိုပါသည် ။

15 comments:

Anonymous said...

ဖြစ်စေ......


ပဲပုတ်

မိုးငွေ့...... said...

အလဲ့...ဒီတစ်ခါတော့ တစ်ဖြစ်သွားပြီ..။
ချစ်သူ့ ရင်ပန်း
စဉ်တင့်လန်းတဲ့ 
ပရင်းယောင်ခန်း
အလင်းပြောင်လွှမ်းမဲ့ 
" အချစ်ရောင်ပန်း " လေးသာဖြစ်လိုပါသည် ...တဲ့။

“ပရင်းယောင်”ဆိုတာ “ပယင်းရောင်”ကိုပြောချင်တာလား..အဲဒီလိုနာမည်မျိုး ကောလိပ်ဂျင်နေ၀င်းကားရှိတယ်လေ..။

ခင်မင်စွာဖြင့်
မိုးငွေ့

မင်္ဂလာပါ .... said...

နုညံ့သိမ့်မွေ့လှတဲ့ ကဗျာလေးကို ဖတ်ရင်း အဖြူရောင်နတ်သမီးလေးကိုလည်း ငေးသွားပါတယ် ..
ပျော်ရွှင်ပါစေ ...
ညီမလေး နှင်း

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နတ်သမီးလေးရေ..

ကဗျာစာဆို လဲ အလွန်တော်သူလေးပါလား ကွယ်။ ရှေးစာဆို ဦးကြင်ဥ တို့ ဦးပုည တို့ကိုတောင် မှီတော့မယ်နော်။
တကယ့်ကို ပြောင်မြောက်လှပတဲ့ ကဗျာလေးပါ။

ခင်မင်စွာဖြင့်
ကိုမျိုး

ဒဏ္ဍာရီ said...

ဖြစ်မှာပါ သူငယ်ချင်းရယ်... အချစ်အတွက် အချစ်ပန်းလေးပဲ ဖြစ်ရမှာပါ..။
ကဗျာလေး ကောင်းတယ်။

ခင်မင်လေးစားလျှက်

ရီမိုးပြည့်  said...

မရေ...
ကာရန်တွေက လိုက်ဖက်ပြီး
ရင်ကို ထိမိစေပါတယ်...

~ဏီလင်းညို~ said...

နတ်သာမီးရေ...
ဖြစ်စေသတည်း....ဖြစ်စေသတည်း....။
(သေချာဆုတောင်းပေးသွားခြင်းဖြစ်ကြောင်း....)
ခင်မင်တဲ့
ဏီလင်းညို

အဖြူရောင်နတ်သမီး said...

“ပရင်းယောင်”ဆိုတာ “ပယင်းရောင်”ကို
ပြောချင်တာလား..အဲဒီလိုနာမည်မျိုး
ကောလိပ်ဂျင်နေ၀င်းကားရှိတယ်လေ..။

ခင်မင်စွာဖြင့်
မိုးငွေ့
-------------------------------------------ပယင်းယောင်ဘက်ကို ယောင်ယောင်လေးသန်းနေတဲ့  အလင်းရောင်မျိုးနဲ့ လွှမ်းခြုံထားတဲ့  အချစ်ရောင်ပန်းလေးဟာ ကျွန်မသာဖြစ်လိုပါတယ်လို့  တင်စားထားတာပါ...မမိုးရေ...

Craton said...

ကဗျာကလန်လှချည်လား မမရေ

Flower said...

ပယင်းရောင် က ဟင်နစီရဲ့အရောင်လား ဂျော်နီဝါကားရဲ့ ပယင်းရောင်လား..ရှင်းရှင်းပြောနော် နတ်သမီးလေး.. :)

အဖြူရောင်နတ်သမီး said...

အင်တာဗျူးပုံစံလေး လုပ်လိုက်မယ်။ ကျနော်က ဗျူးဆရာပေါ့ဗျား မေးခွန်းတွေ စဉ်းစားပြီး ပို့လိုက်မယ်။
--------------------------------
OK ပါ..ဦးလေးရေ....

ရွှေရတုမှတ်တမ်း said...

ကဲ..နတ်ပြည်က အချစ်ရောင် စင်္ကြာဝဠာတသောင်းတိုက်.....
လင်းစေသတည်း.......

ပုံ
ဘိုးဘိုးကျောက်

အယ်ကို said...

သူချစ်တဲ့ပန်းနဲ့ သူလွမ်းတဲ့ဒီကဗျာ

သူနှစ်သက်တဲ့ပယင်းယောင်ခန်း

ကဗျာကပွင့်တဲ့ပန်းရုံမှာ

အချစ်ရောင်ပန်းလေးအဖြစ် ထာဝရလန်းပါစေ.. :D

ကဗျာလေးကကောင်းလိုက်တာ
နတ်သမီးရေ....


လေးစားလျက်ပါ

ညလင်းအိမ် said...

အဲဒီပန်းမကြားဖူးဘူး...
ခေတ်သစ်ပန်းထင်တယ်....

နတ်သမီးပဲ ....
ဖြစ်ချင်တာတွေ ဖြစ်စေသတည်း....

ကဗျာက မိုက်တယ်...

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကဗျာလေး တမျိုးထူးခြားတယ်
အရင်ကဗျာတွေနဲ့ မတူဖူးရယ်
ကြိုက်၏

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .