"လ"သာတဲ့ လပြည့်နေ့ ညလေးတညမှာ "သူ" နဲ့ ကျမ "စ" တွေ့ခဲ့ကြတယ်...။
အမှတ်ရစရာ အဖြစ်အပျက်လေးတခုနဲ့ ကြုံတွေ့ခဲ့ကြတဲ့
အဲဒီ"တန်ဆောင်တိုင်လပြည့်နေ့လေးကို...အခုထိ အမှတ်ရနေဆဲပါ။ အဲဒီနေ့က ရွှေဘုန်းပွင့် ဘုရားသို့...ကျမ ရောက်ရှိခဲ့တယ်...။လပြည့်နေ့မို့ ဘုရားရင်ပြင်တော်ပေါ်တွင်...ဘုရားဖူးများနှင့် ပြည့်နှက်နေခဲ့သည်။ ကျမလည်း ဘုရားဝတ်ပြုပြီးဖြစ်၍ အသံချဲ့စက်ကြီးဖြင့် အလှူခံနေသောဂေါပကအဖွဲ့အလှူခံဋ္ဌါနဆီသို့လှမ်းလာခဲ့ပါတယ်။ ဋ္ဌါနဆိုင်ရာများ...အစိုးရ ရုံးနှင့်ကျောင်းများပိတ်သောတန်ဆောင်တိုင် လပြည့်နေ့ဖြစ်သဖြင့်...ဘုရားဖူးများ အလွန်စည်ကားသော ဤနေ့တွင်အလှူခံဋ္ဌါနမှာ လက်မလည်နိုင်အောင် အလုပ်များလျှက်ရှိသည်...။လှူဒါန်းကြသော အလှူရှင်များ၏စာရင်းကို ဂေါပက အဖွဲ့ဝင်လူကြီးတဦးမှ အသံချဲ့စက်ဖြင့် အစဉ်လိုက် ကြေငြာ ပေးလျှက်ရှိသည်..။ကျမလည်း လှူဒါန်းငွေကို သက်ဆိုင်ရာ ဂေါပက အဖွဲ့ဝင်တဦး၏ ရှေ့တွင် လှူဒါန်းရင်း "၃၀၀၀ ကျပ် ပါဦးလေး" ဟု ပြောလိုက်စဉ်...အမျိုးသားတဦးမှလည်း...ကျမနှင့် နည်းတူ လှူဒါန်းရင်း သံပြိုင် ပြောမိကြလေသည်....။ ကျမတို့တဦးကို တဦး ကြည့်မိကြရင်း...သူ၏ ဖြူဆွတ်နေသော ရှပ်အင်္ကျီ ကော်လာကတုံး လက်စကနှင့် ကချင်ပုဆိုး အစိမ်းရောင်လေးကို တွဲဖက်ဝတ်ဆင်ထားသည့် တည်ကြည်ခံ့ညားသော အမျိုးသားတဦးကို တွေ့လိုက်ရသည်...။
"သူ"သည် နောင်တချိန်တွင် ကျမမြတ်နိုးစွာချစ်ခဲ့ရသော ကျမ၏ ချစ်သူဖြစ်လာလိမ့်မည်ဟု အဲဒီတုန်းက လုံးဝတွေးထင်မထားခဲ့ပါ....။
ဒုတိယ အကြိမ် အမှတ်ရစရာကလေးကတော့ အလှူခံဋ္ဌါနမှ အလှူခံများ၏အမည်ကို မေးရာတွင်... မိမိတို့၏ အမည်ကိုယ်စီကို ကျမတို့သံပြိုင်ထပ်ပြောမိကြခြင်းပင်....။ပြီးတော့နှစ်ဦးသား ပြုံးမိကြသည်....။ ထိုနေရာတွင် ဆက်နေလျှင် အလွဲများနှင့် ဆက်လက် ကြုံတွေ့နေရအုံးမည်ဆိုးသဖြင့် အဲဒီနေရာမှ ကျမလှည့်ထွက်လာခဲ့သည်...။
မကြာခင်မှာပင် အလှူခံဋ္ဌါန ၏ အသံချဲ့စက်မှ ကြေငြာလိုက်သော အမည်တခုကြောင့်
လှမ်းနေသော ကျမ၏ ခြေလှမ်းများ အယောင်ယောင်အမှားမှား ဖြစ်ခဲ့ရသည်...။
အကြောင်းမှာမူ...အလှူခံဋ္ဌါနတွင် မိမိတို့၏အမည်များကို သံပြိုင်ပြောခဲ့ကြသော သူနှင့်ကျမ၏
အမည်နှစ်ခုကို ပူးတွဲပြီး "ကို- - - နှင့် မ - - - တို့မှ ငွေသားကျပ် ၆၀၀၀ တိတိကိုလာရောက်လှူဒါန်းသွားပါတယ်...။ယနေ့မှ "စ"၍ ချစ်သူနှစ်ဦး အလှူရေစက် လက်နှင့်မကွာ လှူနိုင်တန်းနိုင်ကြပါစေ"....ဟု ကြေငြာလိုက်သောကြောင့်ဖြစ်သည်...။
အမျိုးအမည် ဖေါ်မပြတတ်သောခံစားချက်လေးတခုနှင့် အတူ ကျမလေ.....အဲဒီအချိန်မှာ
အဲဒီနေရာကနေ အခိုးအငွေ့လေးအဖြစ်နဲ့ ချက်ချင်းပျောက်ကွယ်သွားချင်ခဲ့တာပါ...။
ကြက်ပျံမကျ စည်ကားလှတဲ့ ဘုရားရင်ပြင်တော်ပေါ်ကနေ အဝေးကို ပြေးထွက်သွာဖို့ဆိုတာ
လွယ်ကူတဲ့ ကိစ္စမှ မဟုတ်တာပဲနော်...။
အဲဒီအဖြစ်အပျက်တွေဟာ ဘုရားပေါ်မှာတင် ပြီးဆုံးသွားခဲ့ပြီလို့ ကျမထင်ထားခဲ့မိတာ....
အမှန်တကယ်မှာတော့...........................................
Sunday, November 15, 2009
အမှတ်ရနေဆဲပါ....(၁)
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
16 comments:
အမှတ်ရနေတုန်းပဲလား မမရယ်။
အဆင်ပြေပျော်ရွှင်ပါစေနော်။
အဖြူရောင်နတ်သမီးပန်းလေးကို
မွေးနေ့ လက်ဆောင်ပေးမယ်နော် ၁၉ ရက်မှား)
တန်းလန်းကြီးရယ် half feel ကြီး ဆက်လည်းမေ၇းဘူး
ကဗျာရေးရမှာ အုံးစားသွားပြီ :P
နတ်သမီးကလဲလေ ဘာလို့ ဇာတ်လမ်းကိုတုံးတိဖျက်ချလိုက်တာလဲ
ဘာတွေဆက်ဖြစ်သလဲဆိုတာ သိချင်နေတယ် ဆက်ရေးဦးလေ
အကောင်းဆုံး လက်ဆောင်ပေးမယ်.... နညမလေးကို.... ဟိဟိ... ဘာလို့ထင်လဲ ကျော...
တိုက်ဆိုင်မှုတစ်ခုက ထူးဆန်းတယ်နော်.... ဒါပေမယ့်လည်း ဖူးစာပါရင်တော့ ဂေါပကလူကြီး အော်ဟစ်ကြေငြာသလို တစ်ရက်ဖြစ်လာမှာပေါ့..
လုပ်ပြန်ပြီ တန်လန်ကြီး
ဆက်ရေးပါ
ခင်တဲ့ ရီနို
ဘာလို့ တိုတိုလေးနဲ့ ဖြတ်လိုက်ရတာလဲလို့..
ဘယ်လို ဖူးစာဆုံလဲ သိချင်သေးတာကို..
နတ်သမီးနော်... ကိုရီးယားကားရိုက်တယ်...။
ဆန့်တစ်ငန့်ငန့်နဲ့...။
(ကဗျာလေးပြီးတော့မယ်ဗျာ...။)
ရပြီးတဲ့ကဗျာတွေရော...
မရသေးတဲ့ ကဗျာတွေအတွက်ပါ...
ရင်ခုန်နေပါသည်...
ဟုတ်ပါ့ ဆန့်တငန့်ငန့်နဲ့.။ နောက်ဆက်တွဲ တင်ပါဗျို့.။
ခင်မင်တဲ့
ညီညီ
စာလာဖတ်ပါတယ်.. အရင်တည်းက ရောက်ဖြစ်တယ်..
မမန့်ဖြစ်ခဲ့ဘူး..
စာရေးကောင်းတယ်နော်.. :)
အားပေးနေပါတယ်..
း) ဇတ်လမ်းလေးပါလားဗျာ
တကယ်လားသိဖူး
း)
ဖတ်ရင်းတောင် ရင်လိုက်ခုန်မိတယ်
နောက်မှဒုန်းတန့်တန့်နဲ့ တန့်ခနဲ့ဖြစ်သွားတာ
ဇတ်လမ်းက တိကနဲ့ဖြတ်သွားတာကိုး
း) ကဗျာတပုဒ် ကြိုးစားရေးနေတယ်
း)
ဆက်ရန်ပေါ့ ဟုတ်လားဗျို့ ..
ဘုရားပေါ်..လော်ကြီးနဲ့ အော်ပြီးမှ..
ဒီလောက်ပဲလား..
ဆက်ရေးရမှာ ရင်ခုန်လို့ပါ..ဟိ..
Post a Comment