Tuesday, November 17, 2009

မွေးနေ့မင်္ဂလာဖိတ်ကြားလွှာ


ဟီး....သူများတွေပဲ ဆားချက်နေလို့ဘယ်ရမလဲ..နတ်သမီးလည်းဆားချက်ကြည့်တာပေါ့..
နတ်သမီးချက်တဲ့“ဆား” မွေးနေ့ကျမှ မြည်းကြည့်နော်...မေ့နဲ့အုံး...လာဖြစ်အောင်လာ...
ဝမ်းနှုတ်ခဲ့...အဝကျွေးမှာ..အလကားရတာတွေကို..အဲ..မှားလို့...ကိုယ်တိုင်ချက်ထားတာတွေ ။မမခြင်လေးပြောတဲ့ အချိုတွေမစားသင့်တာတော့ဟုတ်ပါတယ်...ဒါပေမဲ့ တခါလောက်စားရင်တော့ ဘာမှမဖြစ်နိုင်ပါဘူး.(ဟီး)။အိမ်ကရေခဲမုန့်တွေဘယ်သူမှမစားလို့ကတော့ မမခြင်လေးကိုပဲစားခိုင်းမှာ၊ အကုန်ထိုင်စားရမယ်နော်..ဒါပဲ..။အဘကြိုင်လဲ ဒီပွဲကိုတက်ရောက်ပါလိမ့်မယ်၊မိန်းခလေးများ ရှင့်..အဘကြိုင်နဲ့အငြင်းပွားချင်ရင်တော့ အဘကြိုင်လည်း နတ်သမီးရဲ့မွေးနေ့ပွဲမှာရှိနေပါလိမ့်မယ်။သူငယ်ချင်းဒဏ္ဍာရီနဲ့ ညီမလေးပူးတေလည်း နတ်သမီးနဲ့အတူရှိနေပါမယ်။
ဘကျောက်က ရွှေစောင်းတော်ကြီးကိုတီးပြမယ်တဲ့..(ဟုတ်တယ်နော်..ဘကျောက်)..
လေလှိုင်းကြားမှာမင်းသားလေးဖိုးစိန်နဲ့မဗျူးလိုက်ရတဲ့သူတွေ..။နတ်သမီးမွေးနေ့မှာမင်းသားလေးဖိုးစိန်ကိုဖိတ်ထားပါတယ်..ဆက်၍ဗျူးနိုင်ပါကြောင်း။
လာဖြစ်အောင်လာနော်...နိုဝင်ဘာ(၁၉)...

20 comments:

ညလင်းအိမ် said...

အတတ်နိုင်ဆုံးတော့ လာဖြစ်အောင်လာပါ့မယ်...
အားလုံးရဲ့ ကဗျာတွေကို ခံစားကြည့်ချင်လို့ပါ...

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဝုတ်ကဲ့ အဘကြိုင်တော့ ချောချောချီးချီးဖိတ်စာလာဖတ်
တွားပါဒယ် မွေးနေ့ပွဲတက်ရမှာပေါ့ဂျား)
း) မွေးနေ့ကဗျာလေးလဲ အစွမ်းကုန်စပ်ထားတယ်
း)

ဧပရယ်လ်ပူး@ပူးတေ said...

နတ်သမီးရေ...
ပူးတေကလာမှာနော်။ အစားလဲကြီးတယ်သိလား။ သူများတွေ အတွက်မကျန်ပဲနေလိမ့်မယ်နော်။ များများပိုချက်ထားဦး။
:)
ဟီး

ဖိုးစိန် said...

မွေးနေ့ရှင် ကပ်စည်းနဲမနေနဲ့လေ...

ကားခပေးလေ... ဟိဟိ... paphos ကို အရောက်ချီးမြှင့်ပေးမယ်လေ... ဟိဟိ...

ဗြူးချင်တာ ဗြူးလို့ရအောင်လဲ ဖိုးစိန်အချိန်ပေးပါ့မယ်...


ပျော်ရွင်စရာ မွေးနေ့လေးဖြစ်ပါစေလို့ ဆုတောင်းရင်း
ကဗျာများနဲ့မွေးနေ့ရှင်မလေးရင်ခုန်သံကို နားစွင့်နေပါကြောင်း....

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

mosquito said...

အဟမ်း.... အဟွတ်ဟွတ်ဟွတ်... ရေဒဲမုန့်တွေ အဝတီးပြီးရင်.... ကွမ်းရွက်ပုံလျက်ဆားလေးပါ ဝယ်ထားပါအေ..... အမရင်ကြပ်မစိုးလို့.... အဟွတ်ဟွတ်ဘွတ်...

~ဏီလင်းညို~ said...

ဲကြည့်စမ်း...
နာ့ချောင်ကလေးတစ်ကင်...အဲ့လေ...ခြင်ကလေးတစ်ကောင်တောင်...ပန်းနာထ, အဲ...မှားပြန်ဘီ..၊ ချောင်းဆိုးတွားတော့မယ်...။ ရေခဲမုန့်တွေ...မတရားစားချင်လို့..(အလကားရတိုင်း...အဟီး)
(နာ့နာမည်ကျတော့ မပါဘူးဟ...နတ်တမီးရေ...တော်ဘီ...လာတော့ဝူး...ချိတ်ကောက်တယ်...။ ဒါပေမဲ့ ဟို ကော့လ်တေးဆိုတာ..လာသောက်မယ်နော်...ဟီးဟီး..)

ဆွေလေးမွန် said...

မ..နတ်သမီးနော် ဆွေလေးလာရင် အစ်ကိုကြီး အစ်မကြီး တွေလိုပဲ ရင်းရင်းနှီးနှီးခေါ်ရမယ်နော်..
မျက်နှာငယ်မှာစိုးတယ်..ဂယ်ပဲ..ဂယ်ပဲ..

အဖြူရောင်နတ်သမီး said...

ဟဲလို......-

ချစ်မိုးညို said...

မွေးနေ့ ပွဲလေးကို အရောက်လာခဲ့မယ်နော်......

ချမ်းလင်းနေ said...

ရေခဲမုန့်လာစားတယ်ဗျို့။

Anonymous said...

ကဗျာတွေလည်းလာဖတ်ချင် ကျွေးတာလဲတခုခုစားရင်း
ပရိသတ်ထဲမှာတော့. ညီလေးဖိုးစိန်ပဲ ရင်းနှီးသေးသဗျာ.
လက်ဆောင်ကဗျာလေးအတွက်ကို ခံစားနေမည်။ အဖြူရောင်နတ်သမီးတွက် အနည်းဆုံးတော့ ဆုမွန်တောင်းပေးသွားမယ်လေ..

ရွှေရတုမှတ်တမ်း said...

မွေးနေ့မှာ စောင်းကြီးပိုက် လာရမယ် ဆိုရင်တော့
ဦးရှင်ကြီးနဲ့ နင်လားငါလားနေမှာပဲနော်..အဟဲ

အိအိချောကလျာ said...

ဖြူလေးရေ.... ကိုယ်တိုင်မသွားရောက်နိုင်သော်လည်း ဘလော့ကနေတဆင့် ဆက်ဆက်လာခဲ့မယ်နော်။

ဒဏ္ဍာရီ said...

သူငယ်ချင်း ဒဏ္ဍာရီ လည်း အတူရှိနေမှာဆိုပြီး ကြိုတင် ဟောကိန်းထုပ်ထားပုံ ထောက်ရင်တော့ ရင်လေးတယ် သူငယ်ချင်းရေ..... ဒို့ကို စာပွဲထိုး လုပ်ခိုင်းတော့မယ် ဆိုတာ ကြိုသိနေတယ်။းP
ဒါလည်း ကောင်းတာပဲ မသိသေး မမြင်ဘူးသေးတဲ့ ဘလောဂ့်ကာတွေနဲ့ တွေ့ရမှာပေါ့နော်။ မနက်စောစော အိပ်ရာနိုးတာနဲ့ လာခဲ့မယ်နော်။း))

ခင်မင်လေးစားလျှက်

အရုပ်ကလေး said...

မကြီးရေ .. ကိုယ်ပိုင် ဘလော့ခ်မှာ စာဆက်ရေးဖို့ မအားတော့လို့ .. ခဏ နားထားမယ် .. အဲဒီအတွက် တစ်လက်စတည်း မတင်တော့ဘူးနော် မကြီး .. ပြန်ရေးမှ တင်တော့မယ်... အဆင်ပြေခြင်းများစွာ ပိုင်ဆိုင်ပါစေ ..။

Anonymous said...

မွေးနေ့မှာလည်း sexy အဖြစ်ဆုံးပုံလေးတွေပဲ တင်ပါလား။ တကယ်လှတယ်။ ညညဆိုဒီပုံတွေပဲ မြင်နေမိတားဝ)။

kiki said...

အဘ ကျောက် စောင်းပြီး တီး နေတဲ့ပုံ ကိုကြည့်ချင် ပါတယ် ။။
ဒါတ် အပုံ လိုက် ရိုက်ပြီး ပို့ ပေးနှော် ..
နီးသမတ်စ် .. နတ်သမီးစ်စ်စ်

mosquito said...

ကဲ... ကဲ... မပြောမရှိနဲ့နော်..... အဟိဟိ...

ဂေါက်သီးနဲ့ရှောက်သီး said...

၁၉ ရက်နေ့မွေးနေ့မှာ ၁၉ယောက်မြောက် ဆုတောင်းသွားတယ်ဗျာ..
မွေးနေ့မှ စပြီး နောက်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် မမနတ်သမီး..:)

chocothazin said...

အဖြူရောင်နတ်သမီးရေ...
မွေးနေ့ ပွဲကိုနောက်ကျမှ ရောက်လာတဲ့အတွက် espresso တစ်ခွက်ပဲသောက်သွားပါတယ်။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .