“ချစ်တယ်”ဆိုတာ “ရူးတာ”...တဲ့
ရူးတာမှ တစ်ကယ့်စိတ်ရောဂါသည် အစစ်တွေလို အလုံပိတ်ခန်းထဲ ထည့်ထား...ကြိမ်နဲ့နာနာဆော်ထားရလောက်အောင်ကို ရူးတာ..တဲ့..။ (အဲဒါက ရှေးတုန်းက စိတ်ရောဂါ ကုထုံးတစ်ခုကိုး)။
ဘာကြောင့်အဲဒီလိုတစ်ကယ်ရိုက်ပြီး မကုဖြစ်သလဲဆိုတော့ ကြိမ်ရိုက်မဲ့ လူတွေကိုယ်တိုင်ကလည်း အချစ်ရူး ရူးနေကြလို့တဲ့....။
ရှိတ်စပီးယားက ပြောခဲ့တာပါ...။
ရှိတ်စပီးယားက ကြိမ်ခတ်ခိုင်းနေပေမဲ့ စပိန်ပြဇာတ်ရေးဆရာကြီး
“ပေဒရိုကဲလ်” ကတော့ “အချစ်ဆိုတာ ရူးမှ”တဲ့....“မရူးရင်အချစ်စစ်အချစ်မှန်မဟုတ်ဘူး”.. လို့ဆိုပါတယ်.....။ အချစ်အကြောင်းပြောတဲ့အခါ....ယောက်ျားတို့ရဲ့အချစ်က ဘယ်လို...
မိန်းမတို့ရဲ့ အချစ်က ဘယ်ပုံဆိုပြီးတော့ခွဲခြားပြောဆိုတတ်ကြတာ လူမျိုးတိုင်းရဲ့သဘာဝဖြစ်ပုံရတယ်..။
ဆရာကြီးရှိတ်စပီးယားက ယောက်ျားတို့ရဲ့ အလှည့်ဖျားခံရတဲ့ မိန်းမသားများကို တရားချတယ်..။အမျိုးသမီးတွေ ဝမ်းနည်းကြေကွဲမနေနဲ့..လွမ်းဆွတ်တသမနေကြနဲ့...ယောက်ျားတွေဆိုတာ လိမ်ညာလှည့်ဖျားတတ်သူတွေချည်းပဲ....။တစ်ခုထဲမှာ ဘယ်တော့မှမစွဲမြဲဘူး..။ ခြေတစ်ဖက် ပင်လယ်ထဲလှမ်းထားပေမဲ့...တစ်ဖက်က ကုန်းပေါ်မှာ...တဲ့။
ဣတ္ထိဝင်္ကံ နဒီဝင်္ကံတို့..မိန်းမဟူသည်..ဆောင်းလေပမာညီတို့... ဆိုတဲ့စကားများနဲ့တော့ ပြောင်းပြန်ပေါ့...။ယောက်ျားနဲ့မိန်းမတို့အပေါ် အချစ်စိတ်ရဲ့လွှမ်းမိုးသက်ရောက်ပုံ မတူညီတဲ့အကြောင်း ရေးကြပြောကြတာတွေလည်း အတော်များများရှိခဲ့တယ်..။
မဒမ်ဒီစတေးဆိုတဲ့ ပြင်သစ်စာရေးဆရာမကြီးက မိန်းမအဖို့အချစ်ဟာတစ်ဘဝဖြစ်တယ်...ယောက်ျားအဖို့တော့ ဘဝရဲ့ကဏ္ဍတစ်ခုလောက်သာ ဖြစ်တယ်ဆိုတဲ့သဘောပြောခဲ့တယ်..
“ရောဘတ်ဘာတန်”ကလည်း ဒီလိုပြောပြန်တယ်....
ကြိုးကြီးကြိုးငယ်တွေရဲ့ အားနဲ့...မြဲအောင်မခြည်နိုင်...... ပါအောင်လည်း မဆွဲနိုင်တဲ့ အရာကို ....အချစ်က ကျစ်ကြိုးလေးတစ်ပင်နဲ့....ခိုင်ခိုင်မြဲမြဲချည်ဆွဲနိုင်တယ်.....တဲ့။
အင်္ဂလိပ်ကဗျာဆရာမ“အယ်လစ်ဇဘတ်ဘရောင်းနင်း”ရဲ့အယူအဆကတော့....သူ့ကိုချစ်မယ်ဆိုရင် အချစ်အတွက်မှ တစ်ပါး....အခြားဘာမှ မဖြစ်ပါစေနဲ့...။သူ့အပြုံးလေးကို နှစ်သက်လို့....သူ့မျက်နှာလေး၊ ညင်သာသိမ်မွေ့တဲ့ သူ့စကားပြောပုံလေး....သူ့အတွေးတစ်စ ကိုယ်နဲ့ထပ်တူကျသွားတာ လေးကို...သဘောကျလို့ချစ်မိတယ်ဆိုတာမျိုး မပြောပါနဲ့...။ချစ်လို့ချစ်တာပဲ ဖြစ်ပါစေ....။
အဲဒါမှ အစဉ်အမြဲချစ်မှာ...အချစ်ရဲ့မဆုံးနိုင်သော သက်တမ်းတစ်လျှောက်လုံး ထာဝရချစ်နေမှာ....တဲ့။
အင်္ဂလိပ်စာဆို “ဖုခ်ဂရေးဗီးလ်”..ပြောတာကတော့...
အီဂျစ်ဒဏ္ဍာရီထဲက ဖီးနစ်ငှက်ဟာ အသက်(၅၀၀)ပြည့်တဲ့အခါ.... မီးပုံထဲဝင်ပြီး သူ့ကိုယ်သူ မီးရှို့တယ်....ပြာကျသွားတော့ အဲဒီပြာကနေနောက်ဖီးနစ်တစ်ကောင်ဖြစ်ပြီး...ထပျံတယ်...။အချစ်ဟာ သူ့မီးနဲ့သူ...လောင်ကျွမ်းတယ်...တဲ့။
ဒါပေမဲ့..(လောင်တာက ပြီးသွားဖို့မဟုတ်ဘူး)..အချစ်ဟောင်း ပြာပုံကနေ အချစ်ငှက်သစ်တွေ စိတ်ထဲ ဆက်ဆက်ပေါက်ဖွားဖို့အတွက်ပါ...တဲ့။
ကျွန်မကတော့ ကျွန်မရဲ့နှလုံးခုန်သံနဲ့ထပ်တူ....
ကျွန်မကို အချိန်ပြည့်လွှမ်းမိုးနိုင်တဲ့သူ....
သူ့ရဲ့လက်ထဲက အရုပ်ကလေးတစ်ရုပ်လို ကျွန်မကို ချုပ်ကိုင်နိုင်တဲ့သူ....
ကျွန်မ..သူ့ကို တစ်ရက်ထက် တစ်ရက်....ပိုပိုချစ်လာနိုင်အောင်...လုပ်နိုင်တဲ့သူ....သူ့ဘက်က လိမ်လည်လှည့်ဖျားပြီး ကျွန်မရဲ့အချစ်ကို ရယူရင်တောင်မှ...
ကျွန်မဘက်က ကျေနပ်စွာနဲ့ လက်ခံမှာပါ...
(အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးလေ)..အဓိက ကတော့
သူ့ကိုကျွန်မ ရာနှုံးပြည့်တစ်ဘဝလုံးစာ ရူးသွတ်စွာ ချစ်နေဖို့ပဲမဟုတ်လား...။
Monday, August 31, 2009
ဂန္ထဝင်...အချစ်စကားများ
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
1 comments:
i got free feeling when i read.
Post a Comment