အလုပ်တွေမအားလပ်တဲ့ကြားက ကျမရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်းတို့အတွက် ကျမရဲ့လက်ရာ “ကြက်သားဆွမ်းချက်” ဟင်းနဲ့ ဧည့်ခံဖို့စဉ်းစားမိတယ်။
“ကြက်သားဆွမ်းချက်” ဆိုတဲ့ နာမည်လေးက သူငယ်ချင်းတို့အတွက် အဆန်းအပြားများ ဖြစ်နေမလားပဲ..
ကျမရှင်းပြမယ်နော်..
ဖခင်မြန်မာ၊ မိခင်မြန်မာ၊ ဗုဒ္ဓဘာသာလူမျိုးမိဘ(၂)ပါးမှ မွေးဖွားလာတဲ့ မြန်မာဗုဒ္ဓဘာသာစစ်စစ် အမျိုးသမီးတယောက်ဖြစ်တဲ့ ကျမကို ကျမရဲ့မေမေက ဟင်းချက်နည်းအားလုံးကို လက်ထပ်ပြီး သင်ကြားပေးခဲ့ပါတယ်။ (အိမ်ထောင်ရှင်ပီသတဲ့ မိခင်တိုင်းဟာ မိမိတို့ရဲ့ သမီးမိန်းခလေးတိုင်းကို ဟင်းချက်နည်းတော့ လက်ထပ်ပြီး သင်ပေးလေ့ရှိကြပါတယ်)။
မြန်မာဗုဒ္ဓဘာသာဝင်တိုင်းဟာ မိမိတို့၏ နေအိမ်တွင်၎င်း၊ မိမိတို့ ကိုးကွယ်ရာ ဘုရားကျောင်းကန်များတွင်သော်၎င်း အလှူအတန်းများကို မကြာခန ပြုလုပ်ရင်း ရဟန်း သံဃာတော်များကို ပင့်ဖိတ်ပြီး ဆွမ်းကပ်လှူဒါန်းလေ့ရှိကြပါတယ်။
အဲဒီလိုလှူဒါန်းသည့်အခါတိုင်း ကျမရဲ့မိဘများအပါအဝင် ဆွေမျိုးမိသားစုတိုင်း ချက်လေ့ရှိတဲ့ ဟင်းကတော့ ဆီပြန်ပြီး မာဆလာနံ့သင်းသင်းလေးနဲ့ အရသာရှိလှတဲ့ “ကြက်သားဆွမ်းချက်” ဟင်းပွဲလေးပဲဖြစ်ပါတယ်။
“ဆွမ်း” ကပ်လှူတယ် ဆိုကတည်းက ရက်ရောစွာ သဒ္ဓါတရားထက်သန်စွာလှူဒါန်းခြင်းဖြစ်လို့ ကောင်းပေ့ ညွန့်ပေ့ ဆိုတဲ့ ပစ္စည်းများနဲ့ ချက်ပြုတ်ထားခြင်းဖြစ်သည့်အတွက် သာမန်ကြက်သားဆီပြန်ဟင်း ဆိုတဲ့ အမည်နှင့် အဓိပ္ပါယ်ချင်း ကွဲပြားသလို အရသာချင်းလည်းကွာပါလိမ့်မယ်၊ (ဟုတ် မဟုတ် ဆိုတာကတော့ ကျမဆီကို တကယ်လာလည်တဲ့အခါ ကျရင် မြည်းကြည့်ပေါ့နော်)။
ပြီးတော့ ကျမရဲ့ဆွေမျိုး(အမျိုး)မှန်ရင် ကြက်သားဆွမ်းချက် ဟင်းကို ချက်တတ်ကြပါတယ်။
ဆွေစဉ် မျိုးဆက် လက်ဆင့်ကမ်းအမွေ ဟင်းချက်နည်းလေးလည်းဖြစ်တဲ့အတွက် သူငယ်ချင်းတို့ကို မျှဝေရင်း လက်ဆင့်ကမ်းမျှဝေလိုက်တယ်နော်...
ကဲ... စလိုက်ကြရအောင်...
၁။ ကြက်ရင်အုံတခုကို အတုံးညီစွာလှီးပြီး ရေသန့်စင်အောင်ဆေးပါ ၊ (လတ်ဆတ်သော ကြက်သားမှန်ရင် ပုံပါအတိုင်း အနီရောင်သန်းပြီး အသားမှာ ကြည်လင်နေပါတယ်)။၂။ အချိုမှုန့် လ္ဘက်ရည်ဖွန်း(၁)ဇွန်း၊ နနွင်းမှုန့် အနည်းငယ်၊ ငြုပ်သီးမှုန့် ဟင်းခပ်ဇွန်း(၁)ဇွန်း၊ အချိုမှုန့်လ္ဘက်ရည်ဇွန်း(၁)ဇွန်း၊ ငံပြာရည် ဟင်းခပ်ဇွန်း(၃)ဇွန်း(ငံပြာရည်နှင့် ချက်သော ဟင်းလျှာများတွင် ဆားမရောပါ) တို့နှင့် ကြက်သားကို သမအောင် (အရသာများ အသားထဲသို့ စိမ့်ဝင်သွားအောင်)နယ်ပါ။
၃။ ဂျင်းလက်တဆစ်ခန့်ကို အခွံခွာပြီး အချောင်းလေးများဖြစ်အောင်လှီးပါ၊ ကြက်သွန်ဖြူ အနည်းငယ်ကိုလည်း ပုံပါအတိုင်း အချောင်းလေးများဖြစ်အောင်လှီးပါ၊ ကြက်သွန်နီ၃လုံးခန့်ကိုတော့ လေးထောင့်အတုံးလေးများဖြစ်အောင်လှီးပါ။
၎။ အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဆီဇွန်းကြီး(၂)ဇွန်းကို အိုးထဲတွင်ထည့်ပြီး ဆီပူလာသည်အထိ ထားပါ။
၅။ ဆီပူလာပါက အရသာ အသင့်နယ်ထားပြီးသား ကြက်သားများကို ဆီအိုးထဲသို့ရော၍ ရေမြုတ်အောင်ထည့်ကာ ရေခန်းခါနီးအချိန်ထိစောင့်ရင်း
သရက်သီးအသားသနပ် ၃/၄ ဖတ်ကိုပါရောထည့်ပါ။
(ရေမခန်းခင်အချိန်၊ ၃ကြိမ်ခန့် ကြက်သားများ အိုးမကပ်စေရန် အထက် အောက် လှန်ပေးသည့် အချိန်မှအပ အဖုံး အုပ်ထားပေးရန်လိုပါသည်)။
ထိုသို့ ကြက်သားများကို အထက်အောက်လှန်ပေးချိန်တွင် ကြက်သား နူး မနူးကိုပါ စမ်းသပ်ရန်လိုပါသည်၊ မနူးသေးလျှင် ရေအနည်းငယ်ထပ်ထည့်ပါ။ကျမကတော့ ကြက်သားအိုးထဲမှ
“ဗွက်..ဗွက်..ဗွက်” ဟူသော ရေပွက်သံနှင့် “ရှဲ..ရှဲ..” ဟူသော ရေခန်းကာနီး၍ မြည်လာသော ဆီသံတို့ကို ရေများ ခန်း၊ မခန်းကို နားနဲ့ နားထောင်လေ့ရှိပါတယ်။
၆။ အိုးထဲမှ ရေများ ခန်းကာနီးအချိန်တွင် အသင့်လှီးထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို တလွှာချင်း ကြက်သားပေါ်တွင်ဖြူးရာမှာလည်း ထိုပစ္စည်း(၃)မျိုး၏ တကြိမ်တည်းတွင် အနူးပမာန တူညီစေရန် မာသော ဂျင်းကို အရင်ဖြူးပါ။၇။ ဒုတိရ.. ကြက်သွန်ဖြူ
၈။ အနူးလွယ်သော ကြက်သွန်နီကို နောက်ဆုံးအုပ်ပါ၉။ ထို(၃)မျိုး အုပ်ပြီး၍ ၅မိနစ်ခန့်တွင် အိုးထဲမှ ရေခန်းချိန်နှင့် ဂျင်း၊ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့သည်လည်း တူညီစွာ နူးနေပါလိမ့်မည်။
၁၀။ အိုးထဲမှ ရေများခန်းချိန်တွင်တော့ မာဆလာ(၁)ဇွန်းခန့်ကို ကြက်သားများပေါ်တွင်ဖြူးပြီး မီးဖိုပေါ်မှ ချရန်လိုပါသည်၊ ထိုသို့မဟုတ်ပါက ကြက်သားများ မီးအပူရှိန်ကြောင့် အိုးကပ်သွားပါလိမ့်မည်။
ကဲ..
သူငယ်ချင်းတို့ရေ..
ကျမရဲ့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းအမွေဖြစ်တဲ့ ဆီပြန်ပြီး အနံ့ အရသာနှင့်ပြည့်စုံသော “ကြက်သားဆွမ်းချက်” ဟင်းလေးကို မြည်းကြည့်လိုက်ကြပါအုံးနော်..။
မှတ်ချက်။ ။ ကျမ ဟင်းချက်တဲ့အခါတိုင်း ဟင်းရည်မှအပ ကျန်ဟင်းများကို မြည်းလေ့မရှိပါဘူး၊ ယုံကြည်စွာ စမ်းသပ်သုံးဆောင်ကြည့်ပါ။
ဘယ်လောက်ပဲ ထက်မြက်တဲ့ မိန်းမဖြစ်နေပါစေ..၊ မိန်းမမှန်ရင် ဟင်းချက်တတ်ရပါမယ်၊ အိမ်ထောင်မှုနိုင်နင်းရပါမယ်..၊ မိန်းမဟာ မိန်းမပါပဲ..၊ အထူးသဖြင့် အိမ်ထောင်သယ် အမျိုးသမီးများ မိမိတို့ရဲ့ အိမ်ဦးနတ်များ အိမ်မကူးစေရန်အတွက် မိမိတို့ရဲ့ အိမ်ရှင်မလက်ရာကို တတ်နိုင်သလောက်ထိန်းသိမ်းနိုင်ကြပါစေရှင်...။
Friday, June 17, 2011
ကျမရဲ့ဆွေစင်မျိုးဆက်“ကြက်သားဆွမ်းချက်”
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
19 comments:
ဟင်းတော့ချက်တတ်ပါတယ်... နတ်သမီးချက်သလောက်တော့မကောင်းဘူးကွဲ့... ဘယ်တော့ရန်ကုန်ပြန်ဖြစ်မလဲ...ဆုံဖြစ်ရင် ဟင်းချက်ကျွေးမှာလား... :)
ကျွေးမှာပေါ့ သူငယ်ချင်းလေးရဲ့..
မိသားစုလိုက် လာခဲ့နော်.. အဝကျွေးမယ်...
အခု စားမယ်.............
ညီမ ချက်နည်းက အဆန်းပဲ ... အမတို့ ပုံမှန်ချက်တာကတော့ ကြက်သွန်ဖြူနီဂျင်း ဆီသတ်ချက်ချင်ချက်၊ အကုန်လုံးချက်ချင်ချက် အဲဒါမျိုးပဲ ချက်နေကျ။ အခုနည်းလေးက တမျိုး ဆန်းတယ်။ တခါမှ မချက်ဖူးဘူး စမ်းချက်ကြည့်အုံးမှပဲ။
မနက်ဖြန်ကြရင် ကြက်သားဆွမ်းချက် ချက်စားမယ်။
ဗိုက်ဆာနေပါတယ်ဆို... ဟွန်း....။
သိပ်တော့ မခက်သလိုပဲ စမ်းချက်ကြည့်သင့်တယ်..။ သူက အိမ်ထောင် ရှင်မ ဖြစ်တော့မှာမို့  လေကြီးလေကျယ် တွေ လုပ်နေတာ.. ဟွန်း မသိခက်မယ်..။
ဒကာမလေး....ဦးဇင်း ညန်မာပီ ပြန်ရောက်လျှင် ဆွမ်းလာ
ဘုန်းပေးပါမည်...။ခုလောလောဆယ်တော့ တရေ တောက်
တောက်ကျသွားပါသည်...တောက်....တောက်....တောက်..
ဦးဇင်းညိုင်နိမ်း
အင်း နတ်သမီး ရေ ချက်စားကြည့် ပါအုန်းမယ်
ကိုလတ်(ဒေဝေါ)>>> မနာလိုဖြစ်နေတယ်မလား..၊ အကြေနပ်ရင် ကိုလတ်လည်း ယောက်ျားမြန်မြန်ယူပေါ့ (ဟိ)။
ဦးဇင်းငြိမ်းနိုင်>>>> ရပါတယ် ဦးပုဇင်းရယ်..ဒကာမလေးရဲ့အိမ်မှာ အိမ်တက်လုပ်ရင် ပင့်ပါ့မယ်..ကြွတော်မူပါ..
မကြီးရွှေစင်>>>ဝက်သားနဲ့ချက်ကြည့် မကြီးရေ.. ပိုမိုက်တယ်
စားချင်တယ်ဗျိုး
အဲလိုပြောင်းပြန်နည်းချက်စားဖူးသေး ဘူး....။ နတ်သမီးလက်ရာ စားချင်စရာ ပြန်လာရင်ချက်ကျွေးရမယ်...။
မချက်ခင် နန်းချက်တဲ့လက်ရာပဲ စားသွားတယ်..။
အမြင်လေးနဲ့ပဲလေ...။
ချစ်တဲ့
သဒ္ဓါ
ဟုတ်သား ဒီနည်းက ချက်နည်းတစ်မျိုးပါလား
ဟင်းချက်နည်းအသစ်လေးရပြီ
မျှဝေပေးတာ ကျေးဇူးပါ နတ်သမီးရေ
အိမ်ထောင်ရှင်မ ပီသသော ဟင်းချက်ကောင်းသူလေး ဖြစ်စေသော် ..
မမရဲ့ လက်ရာ...လေးက မြင်ရုံနဲ့ စားချင်စဖွယ်.. လေး..:):)
စားချင် လို့ပါ...
နမ်းမ၀ရေ ကြက်သားဟင်းက မွှေးနေတာပဲ။ အားပါးတရ ဘုဉ်းပေးသုံးဆောင်သွားပါတယ်။ အိန္ဒိယပြန်ရောက်ရင်တော့ အဲဒီနည်းအတိုင်း ချက်စားကြည့်ဦးမှ။ (မှတ်ချက်။ ။အိန္ဒိယမှာ ဈေးသွားတဲ့ကိစ္စ၊ ချက်ပြုတ်တဲ့ကိစ္စ ဘုန်းဘုန်းတို့ကိုယ်တိုင်ပဲ လုပ်ရလို့လေ။) ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ
ဆွမ်းတော်ဗျို့။
နတ်သမီး ဆွမ်းထွက်လောင်းပါ။ ချဉ်ပေါင်ဟင်းမဟုတ်ဘူးနော်။ ကြက်သားဆွမ်းဟင်း။
ဦးဇင်းလဲ ဘုဉ်းပေးချင်တယ်။း))
ခင်မင်လျက်
ဦးဇင်း ကိုကိုမောင်
:D :D :D
ဟဲ့...ကြက်သားထဲမှာ ဘယ့်နှာဖြစ်လို့ ချင်း(ဂျင်း)တွေပါနေရပါလိမ့်...သူများချက်တာနဲ့လဲ မတူပါကလား...မကျေနပ်လျှင် နတ်သမီးချက်နည်းဟုမှတ်...
ကြက်သားဆွမ်းချက်တဲ့လား.
good girl .
Post a Comment