Saturday, January 15, 2011

မသိသူကျော်သွား..သိသူဖော်စား



“ချဉ်ပေါင်ဟင်းရည်” “ချဉ်ပေါင်ကြော်”...လို ဆိုလိုက်တာနဲ့ နိုင်ငံရပ်ခြားမှာရောက်ရှိနေကြတဲ့ မြန်မာလူမျိုးများအားလုံးဟာ “ဂလု ဂလု” ဖြစ်နေကြလိမ့်မယ်လို့ ကျမယုံကြည်ပါတယ်။
မြန်မာပြည်နဲ့ဝေးကွာနေကြတဲ့ မြန်မာလူမျိုးများဟာ ချဉ်ပေါင်ကြော် ၊ ချဉ်ပေါင်ရွက်ခြောက်များကို မြန်မာနိုင်ငံတွင်ရှိသော မိမိတို့ရဲ့ မိသားစုများမှတဆင့် မှာယူစားသောက်နေရတဲ့အချိန်မှာ ဆိုက်ပရပ်စ်နိုင်ငံမှ မြန်မာလူမျိုးများကတော့ နေရာအနှံ့မှာ သဘာဝပေါက်ရောက်လျှက်ရှိသော ဆိုက်ပရပ်စ်ချဉ်ပေါင်များကို အလိုရှိသလို ခူးယူစားသုံးနိုင်ကြပါတယ်။



ဆိုက်ပရပ်စ်နိုင်ငံတွင်သာမက တချို့သောနိုင်ငံများတွင်ပါ ပေါက်ရောက်လျှက်ရှိသော ထိုအပင်ကို ဆိုက်ပရပ်စ်ဘာသာစကားဖြင့်
“စီနိသ်ကာ”(Ksinithkia) ဟုခေါ်သည်။
“စီနော့ဂ်” (Ksino) ၏ အဓိပ္ပါယ်မှာ “ချဉ်သော“ ဟု အဓိပ္ပါယ်ရသည်။
အသဲပုံသဏ္ဍာန်အရွက်(၃)ရွက် ခေါင်းချင်းဆိုင်အနေအထားမျိုးဖြစ်ပြီး အနီ နှင့် အစိမ်း ၊ အရောင်(၂)မျိုးကိုတွေ့ရှိနိုင်သည်။
အပင်ပုမျိုး(တနည်းအားဖြင့်) မြေကြီးမှ အမြင့် တထွာခန့်သာရှိသည်။
အရွက်များမှာ ပါးလွှာပြီး နူးညံ့သည် ။ အဝါရောင်ပန်းပွင့်သော ဆိုက်ပရပ်စ်ချဉ်ပေါင်ရွက်၏ အရသာမှာ မြန်မာပြည်မှ ချဉ်ပေါင်ရွက်၏ အရသာနှင့် ၉၀%ဆင်တူသည်။
ဆိုက်ပရပ်စ်နိုင်ငံ၏ ဆောင်းတွင်းဖြစ်သော နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ လများတွင် နေရာအနှံ့တွင် မျက်ခင်းစိမ်းကြီးသဖွယ် အလေ့ကျ ပေါက်ရောက်လေ့ရှိသော ဆိုက်ပရပ်စ်ချဉ်ပေါင်များ၏ အကြောင်းကို တင်ပြရင်း တခြား တခြားသော နိုင်ငံများမှ ချဉ်ပေါင်ဟင်း၊ ချဉ်ပေါင်ကြော်များကို လွမ်းဆွတ်တောင်းတနေကြသော မြန်မာသူငယ်ချင်းများအတွက် လက်တို့ပြီးတော့ ပြောလိုက်ရပါတယ်..။

29 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နတ်သမီးလေးရေ..

အဲဒီက ချဉ်ပေါင်ကို အခြောက်လှမ်းပြီး ကျုပ်တို့ဆီကို တစ်ထုတ်လောက် ပို့ပေးပါလားကွယ်...

ချဉ်ရည်ဟင်း ချက်သောက်ချင်လို့။

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

rose of sharon said...

ဟယ်ပျော်စရာကြီး... ချဉ်ပေါင်နဲ့ ၉၀% တူတဲ့ အပင်ရှိတာ ကောင်းလိုက်တာနော်... ဒီမှာတော့ လူကြုံပါမှစားရတား(

ကိုဇော် said...

သြော်. . . .

အင်္ဂါဟူး said...

တို့နေတဲ့ နိုင်ငံဂျားဆိုတာကြီးကတော့ တို့ရွာက ဘာဂျီး သာဒွန်းရဲ့ နှမ မဖော့အူတောင်ရှိတယ်.။

ဝက်ဝံလေး said...

မမ ရော ချဉ်ပေါင်ဟင်းချက်မစားဘူးလား

အဖြူရောင်နတ်သမီး said...

ဗဟုသုတတွေတိုးပွားအောင် ဖြည့်စွက်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် မနိုင်းရေ...
အာဘွား

လရိပ်အိမ် said...

အသဲပုံ ပွင့်ဖတ်လေးတွေ

ကိုဇော် said...

စီဘောက် မရှိလို့ ဒီမှာပဲ ထပ်အော်သွားပြီ...

အဟီး . .အော်မဲ့လူ မရှိလို့ အလုပ်ပဲ အလုပ်များချင်ယောင် ဆောင်ပြီး ပျင်းနေတာ . .
အခုတော့ အပေါ်ကို နှိပ်နှိပ် အောက်ကိုပဲ နှိပ်နှပ် ...
ကြိုက်သလို နှိပ်ပြီး မန့်နိုင်ပါပြီ...

ချော(အစိမ်းရောင်လွင်ပြင်) said...

သူ့အသီးက ရုံးပတီသီး ပုံစံလိုလား
သေးသေးရှည်ရှည်နဲ့လေ.. အဲလိုပုံဆိုရင်တော့ အစ်မတို့ကချင်ပြည်နယ်ဘက်မှာလဲ ရှိတယ်.. အလေ့ကျပေါက်တယ်.. အသီးရော အရွက်ရော ချဉ်ချဉ်နဲ့ဟင်းလဲချက်စားကြတယ်..
နံမည်က စဉ်းစားမရဖြစ်နေတယ်..
တူတာတော့ တော်တော်လေးကိုတူတယ်
အဲ အနီရောင် မရှိဘူး အစိမ်းရောင်ဘဲ ရှိတယ်..

မြစ်ကျိုးအင်း said...

ကြော်ပြီး တထုတ်ပို့ပေး...

ညိမ်းနိုင် said...

ဒီမှာတော့ ဝယ်လိုရတယ်ဗျ...။အဲဒီမှာတော့ ရှားမှာ....။
တော်သေးတာပေါ့ဗျာ.....အစားထိုးစရာရှိတော့ အလွမ်း
ပြေစားရတာပေါ့နော့

ခွန် said...

မ​မေ​ရ... ပံု​ေ​လး​ေ​တြ ေ​တြ​႕ေ​တြ​႕ခ်​င​္း ဒီ​အရြ​က​္ေ​လး​ေ​တြ ျ​မင္ဖူး​ပါ​တယ္လို​႕ ထ​င​္ေ​န​တာ။ မ​နို​င်း​နို​င်ြးေ​ပာ​သ​လို​ဘဲ ဒီ​မှာ​လ​ည်း အဲ့​အရွက်ကို အလွာ​ေ​လး​ရြက္ပါ​တာ​ကို ရွာ​ေ​တြ​႕​ရ​င​္ ကံ​ေ​ကာ​င​္း​တယ္ဆို​လား ဘာ​ဆု​ိ​လား...
မမ​တို​႕​က စား​လို​႕ေ​တာင္ရ​တာ​ဆု​ိေ​တာ့ ကံ​ေ​တြ​အမ်ား​ၾ​ကီး ေ​ကာ​င​္း​တာ​ေ​ပ့ါ​ေ​နာ​္... :)
အညို​ေ​ရာ​င​္ေ​လး​ကေ​တာ့ မျ​မင္ဖူး​ဘူး။ သူ​ကခ်​ဥ​္ေ​ပါင္ရြက္အေ​ရာင္နဲ​႕ ပို​ဆင္တ​ယ​္ေ​နာ်...

ဆွေလေးမွန် said...

လောလောဆယ် ရန်ကုန်က ယူလာတဲ့ ချဉ်ပေါင်တွေတော့ ကျိုခဲပြီးစားတာ ကုန်သေးဘူး..
ကုန်ရင် မတို့ ဆိုက်ပရပ်က လူကြုံမှာမယ်နော်.

သစ်နက်ဆူး said...

မဖြူ
အဲလို အပင်တော့ မဟုတ်ဘူး..
ဒါပေမယ့် နော်ဝေမှာလဲ ချဉ်ပေါင်ရှိတယ်ဗျ..
သူနဲ တော့မတူဘူး..
နွေမှ ပေါက်တယ်..အလေ့ ကျအပင်ဘဲ..သူလဲ ၉၀%
ဘဲ..။ တစ်ကယ်ကို တူတာပါ..။
နောက်ကြုံမှ ဓါတ်ပုံပို့ ပေးမယ်..။

naylinnhtun said...

ဗိုက်စာလိုက်တာဗျာ ...

နှင်းဟေမာ said...

စင်္ကာပူနိုင်ငံမှာကတော့ ချဉ်ပေါင်ရွက်တွေကို ကုလားဆိုင်တွေမှာ ၀ယ်လို့ရပေမယ့် အဲဒီပုံထဲက ချဉ်ပေါင်ရွက်လေးကို ချက်စားကြည့်ချင်တယ်
အရွက်လေးတွေက ကဗျာဆန်လိုက်တာနော်
အသည်းပုံလေးတွေဆိုတော့ ချစ်သူတွေအတွက် သီးသန့်ချဉ်ပေါင်လို့ နံမည်ပေးရမယ်းD

Anonymous said...

မရေ..
ဟုတ်တယ် မနိုင်းနိုင်း ပြောသလိုပဲ..။
ဒီမှာတော့ ကံကောင်းခြင်း သစ်ရွက်လေ..။
အဲဒီသစ်ရွက်ပုံဆံကိုယူပြီး တစ်ချို့တွေ လတ်ဝတ်ရတနာတွေ လုပ်ကြတယ်။
မွန်လည်း လော့ကတ်လေးလုပ်ထားတယ်..။

စားလို့ရတယ်ဆိုတော့
အံသြသွားတယ် မစားရဲဘူး။

မြတ်မွန်

မိုးငွေ့...... said...

နိုင်ငံခြားချဉ်ပေါင်ရွက်လေးက သိပ်လှတာပဲ ဟင်းတစ်ခွက်ချက်ပြီး တင်ဦး....။

ဆောင်း said...

clover ပင်လေးတွေက အလေ့ကျပေါက်တယ်။ အရွက် ၃ရွက် ပုံမှန်ထက် ပိုရင် ကံကောင်းတယ် ဆိုလို့ အချိန်ကုန်ခံ ရှာဖူးပါတယ်။

မြက်တွေ လိုပေါက်ပြီး လူတကာ နင်းသွားတာမို့ မစားချင်ဘူး။ တခါတလေ ခွေးတွေက မစင်စွန့် ကျင်ငယ်ပါ စွန့်  တော့ မစားတာ ကောင်းမှာပါ။

sour leaf ဆိုတာ တမျိုး ရှိတယ် အရွက်ကသရက်ရွက် နဲ့ ဆင်တယ်။ ပိန်းလိုစုပြုံပြီး ခြုံလိုပေါက်တာ။

ချဉ်ပေါင်က ဗိုက်နာအုန်းမယ် sour leaf ကဗိုက်မနာဘူး။ တချို့ ကကိုးရီးယားချဉ်ပေါင် ခေါ်ကြတယ်

အွန်စော said...

မမနတ်သမီးကို နာလိုတော့ဘူးချင်--သူကြဘာပဲရေးလိုက်ရေးလိုက် ကွန်မင့်တွေအများကြီး ရတယ်။ ဟင့်။

ဘာပဲပြောပြောလာအားပေးသွားတာကိုပဲကျေးဇူးပါမမ။

စံလင်းထွန်း said...

မနတ်သမီးရေ ...
အလည်ရောက်လာပါတယ်ဗျာ။

ကျန်းမာရေးပုံမှန်ကောင်းပါစေ.။

ပြေးမယ်ဆိုရင်လည်း ပြေးပေါ့။ ဒါပေမယ့် တစ်ယောက်တည်းသွားလာရင် လုယက်သူတွေဘာတွေရှိလားဗျ .အဲမှာ...။ တော်ကြာ ...

ခင်မင်စွာနဲ့
စံလင်းထွန်း

သဒ္ဓါလှိုင်း said...

နန်းရေ..
ဖေါ်စားသွားပြီနော်..
ခုမှပေါ်လာလို့ ဆောရီးပါ..။
သတိရနေပါတယ်နန်းရေ.။ နေကောင်းအောင်နေနော်။
ချစ်တဲ့
သဒ္ဓါ

မိုးယံ said...

ကမ်းခြေပေါ်က ခုံတန်းရှည်ကို ပတ်ပြေးမနေနဲ့.. တစ်ခွက်လောက်ကစ်လိုက်... အပေါ်ကအရွက်ကို ကြော်ပြီး မြည်းလိုက်... အမောတောင် သက်သာသေးတယ်.. အမူးလည်းယဉ်တာပေါ့...ခုံပတ်ပြေးတော့ မမူးပဲမော တာပေါ့အေ... ဂွီ။

အစ်မရေ.. နောက်တာနော် (မသင့်တော်ရင်ဖျက်ပါဗျ)

အဖြူရောင်နတ်သမီး said...

မိုးယံ..
စိတ်ပုတ်...
သူများ အားကစားလေ့ကျင့်နေတာကို ဖျက်လိုဖျက်စီးလိုက်လုပ်နေပါတယ်..
:sutti
:=
:=

ငဝန်နဒီ said...

ဂျပန်မှာတော့ မြန်မာတွေက စိုက်တာနော်။ အိန္ဒိယ က လာတဲ့ ချဉ်ပေါင်ကုလားဒယ်လည်းရှိတယ် GONGURA (HIBISCUS CANNABINUS)PICKLE

ငဝန်နဒီ said...

လူမိုက်ရှာတာတော့ မလုပ်နဲ့ နော် လစ်တမတ်စက္ကူတော့ အရောင်ပြောင်းမှာ သေချာတယ် စတာနော် မတင်သင့် ရင် မတင်ပါနဲ့ ခင်ဗျာ
လူကြီးတယောက်ကပြောဖူးတာ သူကို ဦးချတာ အဆိပ်ရှိမရှိ စမ်းတာလားတဲ့ သူတကယ်ပြောတော့ မှတ်မှတ်ရရပဲ

myathida said...

အပတ်တိုင်း နားရက်တွေချဉ်ပေါင်ကြော်သွားသွားယူလို့ မနော်ယဉ်မွှေးက ညီမလေးနောက်အပတ်ဆိုချဉ်ပေါင်ကြော်မရတော့ဘူးနော်တဲ့ နှုတ်စရာမကျန်အောင်ကုန်ပြီးတဲ့....ဟင့်..ဟင့်..စိတ်မကောင်းဘူး..ဆောင်းတွင်းဆိုတော့လူစုံအောင်မတွေ့ရတာ မုန့်လုံးရေပေါ်လုံး မလို့လည်းခုထိမလုပ်စားရသေးဘူး။မမပျော်ရွင်ပါစေ.....အချိန်တိုင်း....း)

akm said...

သုတဖြစ်စရာတစ်ခု ဖြစ်ပါတယ် မအဖြူရောင်ရေ. ကျွန်တော်အားပေးခဲ့ပါတယ်

မိုးစက်အိမ် said...

အနော်တို့ နိုင်ငံက ချဉ်ပေါင်ပင်တွေလိုလည်းကဗျာ
မဆန်ပါဘူးဗျာ သူတို့ အရွက်သာမန်အပင်အရွက်လိုဘဲ

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .