Friday, August 6, 2010

ခရေရှိုက်သံ

တဖျောက်ဖျောက် ကြွေကျလာတဲ့
သူ့ရဲ့အကြင်နာ ခရေပန်းတွေ
မေ့နှလုံးသားပေါ်မှာဖွေးလို့...။

တပွင့်ချင်း ကောက်ယူသီကုံး
မကုန်ဆုံးနိုင်တဲ့ မေတ္တာပွင့်လွှာတွေက အစုအရုံး...။

မေ့လက်နှစ်ဆက်နဲ့ သိမ်းကြုံးပွေ့ဖက်
လှိုက်ဖိုသဲညှာ မခွဲခွာနိုင်တဲ့ တင်္ဒဂ
ငုံ့ယူနမ်းရှိုက်
အလွမ်းရှိုက်သံ ခပ်သဲ့သဲ့ကြားက
မြတ်နိုးတွယ်တာ မခွဲခွာနိုင်ခဲ့တာ
ချစ်ပန်းခရေ သိမြင်ပါစေ...။

(ခရေပန်းပုံကို Google Image မှ ကူးယူဖော်ပြပါသည်)

12 comments:

blackroze said...

ခရေပန်းရနံလေးသင်းနေတဲ့
ကဗျာလှလှလေးလာဖတ်သွားတယ်အမ...

ကိုကိုမောင်(ပန်းရနံ့) said...

ခရေပန်းလေးတွေက ချစ်စရာကောင်းသလို သနားစရာလဲကောင်းတယ်။ မြေခ ကြွေကျပေမဲ့ ရနံ့မပြယ်ကြဘူးလေ။

ခရေပန်းနှင့်တူတဲ့ ချစ်သူလဲ ခရေပန်းလိုဘဲ သက်တမ်းကုန်တဲ့အထိ သစ္စာရနံ့သင်းနေပြီး မေတ္တာမျှဝေပေးနိုင်ရင်တော့... သူလဲ ချစ်ပန်းခရေဆိုတဲ့ နာမည်ကို ပိုင်ဆိုင်နိုင်မှာပါ။

ကိုဇော် said...

ဂွတ်ဟ . . .တိုတိုနဲ့။

ကိုရီး{ကိုကြီး} said...

ခရေအကြောင်းကို အတော်အဖွဲ့ကောင်းတယ်ရော.....


ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

အရုပ်ကလေး said...

စိတ်အစဉ်ရဲ့ အတွေးဆက်တွေတိုင်းမှာ...
မြတ်ပန်းခရေ တည်ပါစေ ..။
လင်းခြင်းဖြာ နေ့ရက်တွေတိုင်းမှာ....
သွေဖီမလွဲတဲ့ ရာသီတွေတိုင်း
ချစ်ပန်းခရေ သင်းပျံ့ပါစေ ..။

idulize (အရုပ်ကလေး)

ခိုင်နုငယ် said...

တရှိုက်ရှိုက်မက်မက်...ခရေတွေသီကုံးနေပုံက
အားကျစရာ...အင်း..ခရေ
ရနံ့လေးရှုရှိုက်သွားတယ်။...မနမ်းရေ..

ခင်မင်စွာဖြင့်
ခိုင်နုငယ်

PhyoPhyo said...

ကြိုက်တယ်

နွေဆူးလင်္ကာ said...

ခရေပန်းတွေကို ချစ်တယ် .. နွမ်းခြောက်သွားတာတောင် မွှေးနေလို့ ...

ညလင်းအိမ် said...

ခရေပန်းကဗျာတွေ ရေးနေပါလား ... တို့အစ်မကြီး တခုခုတော့ တခုခုပဲ ...

တိုတိုလေးနဲ့ ကဗျာလေးကကောင်းတယ် ...

ခင်တဲ့
ညလင်းအိမ်

rose of sharon said...

ခရေရှိုက်သံလား
မကြားမိသေးဘူး
လေရူးကြောင့်အထင်မှားလေသလား
စဉ်းစားပါရှင်...
( ကဗျာ အပျော်စပ်သွားသည် )

မိုးစက်အိမ် said...

ချစ်သူခရေ က အမအချစ်တွေကိုသိမြင်
နိုင်မှာပါဗျာ ခင်မင်လျက် . . .

ကောင်းကင်ကို said...

ခရေ ကဗျာလေး နှစ်ပုဒ် ဖတ်သွားပါတယ်။ ခရေက အမ အချစ်နဲ့ အလွမ်းတွေကို သိမြင်ပါစေ

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .