အိုအေစစ်ရင်ခွင်ထက်ကခရေတပွင့် ကြွေလွင့်သွားချိန်
နွေဥသြ တေးသံကမချို....
ပုဇင်းတို့ရဲ့
ရင်ကွဲည သံစဉ်တွေက ခပ်အအ
ကန္တာရ အခန်းကျဉ်းလေးထဲမှ
အကြင်နာမီးအိမ်က မှုံပြပြ
ဒိုင်ယာရီ တအုပ်က ကြေမွမွ....
အာကာသ ကြယ်တွေက
ဟိုတပျောက်..ဒီတပျောက်
လမင်းမျက်ရည်ကလည်း
ဟိုတပေါက်...ဒီတပေါက်....
ဝိုင်နီ ချိုချိုတခွက်နဲ့ရေးတဲ့
အသဲကွဲ ပန်းချီကားတချပ်
နွေနေပူမှာ တခန်းရပ်သွားတဲ့
ဒီပြဇာတ်....
သြော်...
နောက်ဆုံးတော့လည်း
သူ့ဆီက
မတန်မရာ ငါလှမ်းယူမိခဲ့တဲ့
ကြင်နာခြင်းဆိုတာ
ငါ့အတွက်တော့
နာကျင်ခြင်းတွေပါပဲလား....။
10 comments:
သြော်...
နောက်ဆုံးတော့လည်း
သူ့ဆီက
မတန်မရာ ငါလှမ်းယူမိခဲ့တဲ့
ကြင်နာခြင်းဆိုတာ
ငါ့အတွက်တော့
နာကျင်ခြင်းတွေပါပဲလား....။
မိုက်တယ်...မိုက်တယ်..မိုက်တယ် :)
မင်္ဂလာပါမနတ်သမီးရေ.။
ကဗျာလေးကိုဖတ်သွားပြီ.။
နေကောင်းတယ်နော်။
ခင်တဲ့
သဒ္ဓါ
အရင့်အရင်...ကဗျာတွေထက်ပိုပိုကောင်းလာတယ်..။
ကာရံတွေလဲထိမိ..စကားလုံးတွေလှကြွယ်လာတယ်..။
အဟဲ ဆရာကြီးစတိုင်လ်နဲ့ ဝေဖန်သွားတယ်...။
ခင်မင်စွာဖြင့်
မိုးငွေ့
နာကျင်ခြင်းတွေနဲ့တော့ အဆုံးမသတ်ပါရစေနဲ့ကွယ်။ မမနတ်သမီးရယ်။
နာကျင်စရာနိဂုံးဆိုရင် ဘယ်သူ့အတွက်မှ မကောင်းဘူး
ပျော်ရွှင်စရာ နိဂုံးသာ ဖြစ်စေချင်ပါတယ်..
ကဗျာသက်သက်သာ ဖြစ်ပါစေ..
“သြော်
နောက်ဆုံးတော့လည်း
သူ့ဆီက
မတန်မရာ ငါလှမ်းယူမိခဲ့တဲ့
ကြင်နာခြင်းဆိုတာ
ငါ့အတွက်တော့
နာကျင်ခြင်းတွေပါပဲလား။”
နာကျင်ခြင်းမှာကင်းဝေးနိုင်ပါစေ...
မနမ်းရေ
ခင်မင်စွာဖြင့်
ခိုင်နုငယ်
စကားလုံးလှလှလေးတွေနဲ့ ကာရံညီတဲ့ကဗျာလေးတစ်ပုဒ်ကို ဖက်ရတာ နူးညံ့ဆွတ်ပျံ ကြည်နူးခြင်းတွေခံစားရတယ် မမ။ ကဗျာလေးကို ကြိုက်လွန်းလို့ ကွန်မတ်ဝင်ပေးသွားတယ်နော်း)
ပျော်ရွှင်ပါစေ
ခင်လျှက်
ဆု
အသည်းကွဲ ပန်းချီဆိုတာ အသည်းကြီး ကွဲနေတဲ့ ပုံလား ဂျီးတော် ..
ကောင်းလိုက်တဲ့ ကဗျာ ...
အစ်မအရေးအသားတွေ အရမ်းတိုးတက်လာတယ် ...
စာသားအယူအဆ အရမ်းထိမိတယ် ..
အင်း....ကိုယ့်ဟာနဲ့ကိုယ်က ခပ်ယဲ့ယဲ့ပါဆိုမှ ဒီကဗျာလေးဖတ်ပြီး ငိုချင်သွားတယ်။
ဂျင်းဆီကို ကဗျာလေးလာအားပေးသွားတာကျေးဇူးနော်။ ဂျင်းလည်း လင့်လေးယူသွားဦးမယ်။ ၃၀ ရက်နေ့တင်မယ့်ပိုစ့်မှာ ဂျင်းနာမည် ယူသုံးထားတယ်ဆိုလို့ ဖတ်ချင်လှပြီ။ မျှော်နေမယ်နော်....း))
ခင်မင်စွာဖြင့်
ဂျင်း
Post a Comment