“ You are my ANGEL” ..တဲ့လား မောင်...
“A-N-G-E-L” ဆိုတဲ့ နာမည်လေးကို ကျမအတွက် မောင်ပေးရင်း ကျမဆီက ချစ်ခွင့်ကို မောင်တောင်းခဲ့ဖူးတယ်...။
“A-N-G-E-L” ဆိုတဲ့ စာလုံးလေးတွေ သီကုံးထားတဲ့ လက်ကောက်လေးတခုကို ကျမရဲ့လက်မှာ မောင်ဝတ်ပေးရင်း
“ဒီလက်ကောက်လေး မင်းနဲ့အတူရှိနေသလိုပဲ..မောင့်ကိုလည်း မင်းရဲ့ဘေးမှာ ထာဝရရှိနေခွင့်ပေးပါ”...လို့ မောင်ပြောခဲ့တုန်းက
ကျမ ရှက်စနိုးပြုံးရင်း ခေါင်းညှိတ်ခဲ့ဖူးတယ်...။
“မောင့်ရဲ့ ANGEL လေး...အစစ အရာရာစိတ်ချမယ်နော်...မောင်သွားတော့မယ်” ဆိုပြီး
ကျမရဲ့အနားက မောင်ထွက်ခွာသွားခဲ့တုန်းက မျက်ရည်တွေကြားကခေါင်းညှိတ် ပြုံးပြခဲ့ဖူးတယ်...။
ပျော်ရွှင်ခြင်းဆိုတာ အမြဲတန်းရှိမနေနိုင်ဘူးဆိုတဲ့ လောကဒါဏ်တရားကို ကျမမေ့လျှော့သွားခဲ့တဲ့တနေ့မှာပဲ
“ANGEL ” ဆိုတဲ့ ကောင်မလေးတယောက်ကို အကြောင်းတခုခုကြောင့် မောင်ထားသွားခဲ့တယ်နော်....။
“မောင့်ရဲ့ ANGEL လေး...အစစ အရာရာစိတ်ချမယ်နော်...မောင်သွားတော့မယ်” ..လို့ ကျမကိုမောင် နှုတ်ဆက်ထွက်ခွာသွားတုန်းက
ခနတာ ခွဲခွာခြင်းလို့ ကျမထင်ထားခဲ့ပေမယ့် ကျမဆီကို မောင်ပြန်မလာခဲ့တာ ခုချိန်ထိပါပဲ....။
နွေ..မိုး..ဆောင်း ရာသီတွေ တရွေ့ရွေ့ပြောင်းလဲသွားပေမယ့် မပြောင်းလဲသေးတဲ့
မောင်ပေးခဲ့ဖူးတဲ့ A-N-G-E-L ဆိုတဲ့ ခပ်နွမ်းနွမ်းလက်ကောက်လေးကတော့
ကျမရဲ့လက်ကောက်ဝတ်လေးမှာ အခုချိန်ထိ နေရာယူနေဆဲပါ...။
အဲဒီလက်ကောက်လေး ကျမနဲ့အတူရှိနေသ၍ ကျမရဲ့ရင်ထဲမှာ မောင်ရှိနေဆဲပါ.....
မောင်ကတော့ဖြင့်........
***“တကယ်တော့...ANGEL ဆိုတဲ့ အမည်နာမရဲ့သဘောတရားကိုက
ဖမ်းဆုပ်ဆွဲကိုင်ပြလို့မရပဲ သူ့အလိုလိုပျောက်ကွယ်သွားတတ်တဲ့ အဖြူရောင်အငွေ့အသက်ကလေး” ပဲမဟုတ်ပါလား”....
(မြန်မာပြည်မှာ ကျမသီဆိုခဲ့သော “ပြန်မလာသူ” VCD...သီချင်းလေးထဲက ဇာတ်ဝင်ခန်းများကို ခံစားရေးဖွဲ့ထားခြင်းဖြစ်ပါသည်)
သီချင်းအမည်။ ။ ပြန်မလာသူ
တေးရေး။ ။ ရာဇာကိုကို
တေးဆို။ ။ နမ်းမဝ
သရုပ်ဆောင်။ ။ရဝေအောင်+နမ်းမဝ
ဒါရိုက်တာ။ ။L ချင်းဝေ
ထုတ်လုပ်ရေး။ ။ ငွေအိမ်စံ ဗီဒီယိုထုတ်လုပ်ရေး
Monday, July 12, 2010
ပြန်မလာသူ.....
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
16 comments:
သီချင်းလေးကတော့ ကောင်းမယ့်ပုံပဲနော် ...
သူများတွေများ ချစ်တတ်လိုက်တာနော် . .
ဟွန်း . . .နာလိုဘူး။
ခံစားရေးတာတောင်မှ မောင် တွေက ပါနေတာပဲ :)
ကောင်းမယ့်ပုံပဲ .. ထွက်မှပဲ စောင့်ကြည့်တော့မယ်..
အရုပ်တို့ကတော့ ဖော်ကောင်လုပ်ပြီ...
VCD ရိုက်ပါတယ်ဆိုမှ...
ANGEL လက်ကောက်က..ကိုယ့်ဖာသာဝယ်ဝတ်ပြီးရိုက်ရတာပေါ့...
ရဝေအောင်က တကယ်ဝယ်ပေးမလားလို့..
းး(((
သူများတွေလာဖတ်တာ..အရသာပျက်အောင်မလုပ်နဲ့လေ...
တင်းလာပြီ.....
မမနတ်သမီးလေးရေ....
VCD တွေအများကြီး ရိုက်ခဲ့တာလား...
ထွက်ရင်အသိပေးဦးနော်... အားပေးမလို့။ ရန်ကုန်က ညီမလေးကို လှမ်းပို့ခိုင်းလိုက်မယ်....
မမနမ်းမဝရဲ့
ထာဝရ ပိတ်သတ်လေး...
ပူးတေ
(စာတွေရော၊ ကဗျာတွေရော၊ သရုပ်ဆောင်တာတွေရော၊ သီချင်းဆိုတာတွေရော အားပေးနေမှာနော်...
ဟုတ်ပဟယ်...အရုပ်မကလဲ :P
အော်ထွက်လာမှ စောင့်ဝယ်ရမယ်ပေါ့။ သိပါဘူး။ ကိုယ်တိုင်ဆို၊ သရုပ်ဆောင်ဆိုတော့ မေတ္တာလက်ဆောင်များရမလားလို့လေ။ ဟီး။ ဒီလိုဆိုတော့လဲ ၀ယ်ပြီးအားပေးရမှာပေါ့။ ဒီထိရောက်အောင် ဘယ်သူပို့ပေးမှာလဲ။ အွန်လိုင်းကနေ၀ယ်ယူအားပေးမယ်နော်။ ကာယကံရှင်ဆီကပဲဝယ်ချင်တယ်။
အဲလက်ကောက်လေးဘယ်ကရလဲ မီးမီးသိတယ်...။
ဟုတ်တယ် အဲဒီအရုပ်မ တကယ်ဆိုးတယ် လူတိုင်းကို ကဗျာတွေနဲ့လိုက်မန့်နေတာ မျက်စိနောက်လာပြီနော်...။
မောင်နဲ့အဆင်ပြေပါစေနော် အိန်ဂျယ်လေး..။
ခင်မင်စွာဖြင့်
မိုးငွေ့
ဘယ်တော့နားထောင်ရမလဲဟင်..။ဇာတ်ဝင်ခန်းလေး
ကတော့အလွမ်းတွေနဲ့ပြည့်နေပြီ..။
အဆင်ပြေပျော်ရွှင်ပါစေနော်..။
ခင်တဲ့
သဒ္ဓါ
တော်သေးတာပေါ့
တကယ်များပြန်မလာတော့ဘူးလားလို့
သီချင်းဆိုလို့ ဖြေသာသွားတယ်..
စိတ်မကောင်းဖြစ်အောင်တော့ မလုပ်နဲ့နော်...
အိန်ဂျယ်လေးရေ... 15ရက်နေ့မနက်ကို စာမျက်နှာပေါ် တပြိုင်တည်းတွေ့ကြမယ်နော်...
မိုးငွေ့
ဟင်း မမနတ်သမီးက ပြန်လည်းပြောဘူး။ စကားပြန်မရတော့ တဘက်သတ် ပြောရတာ မော---တာ။
သတိရလျှက်။
ွှအွန်စော။
စာသားတွေမိုက်ပါ့
အခွေထွက်ရင်အလကားပေးပါလားဟင်း)))
မောင်ဘကြိုင်
အသံလေးက ဘယ်တော့နားထောင်ရမှာလဲ...
နတ်သမီးလေး
ဆင်းသက်ကြွေခိုက်မှာ
အလွမ်းတွေ
အမှတ်တရတွေ ထွေးပိုက်လို့
ဝမ်းနည်းပျော်ရွှင်စွာ
အဝေးကို ပျံသန်းသွားလေရဲ့....
သိပါဘူး
မမရဲ့ မောင်က တစ်ကယ် ပြန်မလာတော့ဘူးလားလို့..
နိုချင်အောင် စနဲ့နော်...။
မမနဲ့ မမရဲ့ မောင် အမြန်ဆုံး ဆုံဆည်းနိုင်ပါစေ..။
Post a Comment