Saturday, July 10, 2010

နတ်သမီးနှောင်ကြိုး


.ငါ.....“စ”ခဲ့တဲ့ “ဘဝ”
အခုတော့ ငါ “ထ”မရခဲ့တာ....

ငါ လျှောက်ခဲ့တဲ့“လမ်း”
အခုတော့ ငါ လမ်းပျောက်ခဲ့တာ...

ငါ ထွင်ခဲ့တဲ့ “အချစ်”
အခုတော့ ငါ..မပြစ်ရက်တာ...

“ထောင်ချောက်”ဆိုတဲ့
အသိတဖျောက်
ငါ့ အာရုံထဲ အရောက်မှာ

“အရှုံး”ဆိုတဲ့“မာယာ”ကြီးက
“စုတ်”တသသနဲ့ ငါ့ကိုကြည့်လို့....

ရုန်းထွက်ဖို့ ကြိုးအစားမှာ
နှလုံးသားရေးရာက မလှုပ်မယှက်

ရုတ်တရက် သိလိုက်ရတာက
ငါထွင်ခဲ့တဲ့..“နှလုံးသားနှောင်ကြိုး”
ငါ့ကိုယ်ငါ....ပြန်ရစ်မိပြီ...။

11 comments:

ဆန်းဝင်း said...

နတ်သမီးနှောင်ကြိုးက နတ်သမီးကို ရစ်တာပဲ.
ကိုယ်တိုင် ဖြေမှ ပြေမယ့်ကြိုးမျိုးနေမယ်။
လူသား မတတ်နိုင်ပေါင်... :P

အရုပ်ကလေး said...

ရစ်ပတ်နှောင်ဖွဲ့ စိတ်၏အကွက်
ဖြည်ပါသော်ညား ချိတ်လင့်ကစားမို့
နတ်သမီးနှောင်ကြိုး စိတ်ရဲ့တန်ခိုး....

idulize(အရုပ်ကလေး)

ချော(အစိမ်းရောင်လွင်ပြင်) said...

နှောင်ကြိုးဆိုမှတော့ ဖြေဖို့ခက်ပြီပေါ့ နတ်သမီးရေ..
ခိုင်မြဲတဲ့ နှောင်ကြိုးဖြစ်ပါစေနော်..

ညလင်းအိမ် said...

နှလုံးသားနှောင်ကြိုးဆိုမှတော့ ရစ်မိပြီပေါ့ အစ်မရယ် ... အရစ်ခံရသူက အပြစ်မရှိပါဘူးလေ ...။

ကဗျာတွေ ကောင်းလာတယ်ဗျာ အရင်ကထက်ပိုပိုပြီးတော့ ...

အနှိုင်းမဲ့ said...

ဖြေနိုင်မယ့်သူတော့ရှိမှာပါ..ဟုတ်တယ်မလား
သူ့ ဖြေခိုင်းလိုက်ပေါ့..ငါ့အမရယ်..နော့ :P

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

း) ဘယိနတ်မင်းလာကူမှာတုန်းး)
သကြားလာမှရမယ် ဗျး)

မြစ်ကျိုးအင်း said...

ဘယ်သူရစ်နှောင်လိုက်တာလဲ သိတယ်နော်း)
ပြန်ဖွသွားတယ်ဗျို့

အွန်စော said...

နတ်သမီး သရုပ်ဆောင်ထားတဲ့ ဗွီဒီယိုကလစ်ဖိုင်လေး ဘယ်တော့တင်မှာလဲ စောင့်နေတယ်နော်။ လည်ပင်းကိုးတောင်ပြည့်တော့မယ်။ ဆယ်တောင်ကျော်အောင် မျှော်နေရအောင်တော့လုပ်နဲ့နော် မမ။ သူ့ကိုယ်သူရစ်ပတ်မိတဲ့ နှောင်ကြိုးထဲမှာပဲ လုံးထွေးရစ်ပတ် နေတယ်ထင်ပါ့။ အွန်စော မျှော်နေတာတောင် တတိမရတော့ ဘူး။ ရစ်ပတ်နေတဲ့ နှောင်ကြိုး ကို အဖြည်ရခက်နေလဲ တစ်ခါတည်း ဆွဲယူ သိမ်းပိုက်လိုက်ပေါ့။ ဟီး---ဟီး။

သဒ္ဓါလှိုင်း said...

ကိုယ့်ကိုယ်ကိုပြန်ပြန်ရစ်မိလို့ခက်နေတာနော်မနတ်သမီး..
ကိုယ့်ကိုယ်ကိုပြန်ဖြည်မှပဲရမယ်...။
နေကောင်းတယ်နော်..။
ခင်တဲ့
သဒ္ဓါ

မိုးငွေ့...... said...

ဒီတခါနတ်သမီးရေးတဲ့ ကဗျာအလှဆုံးပဲ...။
ကဲ....နတ်သျှင်တောင် ဘယ်ရောက်နေလဲ နတ်သမီး နှောင်ကြိုးကိုလာဖြတ်လှည့်တော့....။

ခင်မင်စွာဖြင့်
မိုးငွေ့

sosegado said...

ကဗျာလေးကိုခံစားသွားပါတယ်၊ တကယ်တော့ပြန်ရစ်မိရင်မလွယ်ဘူး

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .