“စကားဝါငုံ သင်းလို့
ကြယ်မင်းတဲ့ ဝိသာခါ
တိမ်ဗွေမှာ ရောင်ခြည်ရွှန်း
ထွန်းတဲ့ချိန်ခါ
စုံကန္တာ၊ ဟေမာမြိုင်ထဲ
ရွှေကျေး ပျံသင်လို့
စံပျော်ရွှင် သည်ဟိုကူးလို့ငယ်
မြူးကြစမြဲ။”
ဖိုးသူတော်ဦးမင်း၏ ကြည်နူးစရာ ကဆုန်လ ဘွဲ့လေးနှင့်အတူ မြန်မာနှစ်သစ်၏ ဒုတိယလဖြစ်သော “ကဆုန်လ” သည် လတကာတို့တွင် အမြတ်ဆုံးလဟု အသိအမှတ်ပြုရာ၌ အကြောင်းတရား(၄)ပါးရှိ၏။ အကြောင်းမှာ...
(ပ)ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ခံယူသည်မှာ ကဆုန်လပြည့်နေ့ဖြစ်သည်။
(ဒု)ထိုသို့ နိယတဗျာဒိတ်ကို ခံယူပြီးနောက် ဤဘဒ္ဒ ကမ္ဘာတွင် မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့၌ ဂေါတမမြတ်စွာဘုရားအလောင်း သိဒ္ဓတ္ထမင်းသားသည် ဖွားမြင်တော်မူ၏။
(တ)ထို့နောက် မဟာသက္ကရာဇ် ၁၀၃ခု ကဆုန်လပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော်သည် ဗောဓိမဏ္ဍိုင်၌ သဗ္ဗညုတ ဥာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူ၏။
(စ)စတုတ္ထအကြောင်းကား မဟာသက္ကရာဇ်၁၄၈ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခြင်း အကြောင်းဖြစ်၏။
ဤကဲ့သို့ ကဆုန်လကို အမြတ်ဆုံးဟု ယူမှတ်ကြပြီးလျှင် ကဆုန်လပြည့်နေ့၌ ညောင်ရေသွန်းပွဲတော်ကို ခြိမ့်ခြိမ့်သဲမျှ ကျင်းပကြသည်။
ကဆုန်လ
“နေနန်းရယ်တဲ့ ဖန်သူရိန်
တန်ခိုး ဥဏှဂူနှင့်
ကဆုန်ဟူ သည်မာသမှာ
ပြင်းပြပူရှိန်။
ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့
ထွန်းလှတဲ့ ငွေတာရိန်ငယ်
ဒွတ္တိံသ နေ့စွဲ။
ပန်းစကားဝါ
နန်းဘမယာ ကေသီဆင်လို့
ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့
ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်
ခါသဘင် ညောင်ရေသွန်းကြတယ်
လွမ်းစရာ့ပွဲ။”
.......ဟု ရေးဆပ်ထားသော ကဗျာကဲ့သို့ ထူးခြားလှသော ကဆုန်လ၏ မှတ်သားဖွယ်ကြီး(၁၆)ချက်မှာ
(၁)အလောင်းတော်သုမေဓါသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသောလ။
(၂)အလောင်းတော် သိဒ္ဓတ္တမင်းသားဖွားမြင်တော်မူသောလ။
(၃)တောထွက်တော်မူသောလ။
(၄)သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကိုရယူသောလ။
(၅)ပရိနိဗ္ဗာန်စံဝင်တော်မူသောလ။
(၆)ဗောဓိပင်မြတ်ကို ညောင်ရေဓာတ် သွန်းလောင်းသောလ။
(၇)စံကားပန်းပွင့်သောလ။
(၈)ဝိသာခါ နက္ခတ်နှင့် စန်းယှဉ်၍ ပြည့်သောလ။
(၉)တံငါတာရာထွန်းသောလ။ သက္ကဋ နက္ခတ္တ ဒီပနီအလိုဆင်တာရာ ထွန်းသောလ။
(၁၀)နေ့နာရီ ၃၂၊ ညနာရီ ၂၈ ရှိ၍ ညတာတိုသောလ။
(၁၁)ရက်စုံသတ်သောလ။
(၁၂)နဂါးဦးခေါင်း အနောက်မြောက်မှာ ဝမ်းပြင်တောင်ခွင် ကျောသားမြီးက အရှေ့သို့ထားသောလ။
(၁၃)စနေ ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူး သောကြာ ပြဿဒါးဖြစ်သောလ။
(၁၄)နှစ်ဖဝါးဖြင့် မွန်းတည့်သောလ။
(၁၅)ပြိဿရာသီမြည်သောလ။
(၁၆)ဖွားဖက်တော် ၇ ပါး မွေးဖွားဖြစ်ပေါ်သောလ။
တို့ဖြစ်ပြီး ညောင်ရေသွန်းလောင်းခြင်းကား မြတ်စွာဘုရား သဗ္ဗညုတဥာဏ်တော်ရရာ ဗောဓိညောင်ပင်ကို ရည်စူး၍ ပူဇော်ခြင်းဖြစ်၏။
ပုဂံကျောက်စာတို့တွင် “ကုန်ဆုန်” ဟူသောစကား၌ “ကု”သည် “ရေ” ကိုဆိုလိုခြင်းဖြစ်ပြီး “ဆုန်”ကား စုန်ဆင်းခြင်း၊ စီးဆင်းခြင်း၊သွန်းလောင်းခြင်းကိုဆိုလိုသည်။ “ကု”မှ“က” သို့ပြောင်းလဲပြီး “ရေသွန်းလောင်းသောလ” ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့ခြင်းဖြစ်သည်။
ထိုနေ့ထူးနေ့မြတ်ကို ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်ဘုရားနေ့ဟူ၍ အထိမ်းအမှတ်တခုအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။ နတ်သျှင်နောင်သည် သူ၏စစ်ချီရတုပိုဒ်စုံ၌
“ပေါ်နွေလလျှင်
တောင်ကခြိမ့်မြူး
မင်းလွင်ဦးနှင့်
ပျံ့ပူးချုပ်ဆိုင်း
မုန်တိုင်းဆင်လို
တိမ်ညိုမှိုင်းထပ်
စိမ်းဝါ မိုးပန်း
ထွေထွေစွန်းက
ရေသွန်းသာကြည်
ပျော်ရမည်ကို”.....
ဟူ၍ နေပြည်တော်၌ ကျန်ရစ်ခဲ့သော ချစ်သူကို တမ်းတကာ စပ်ဆိုခဲ့ဖူးသည်။
လက်ဝဲသုန္ဒရ အမတ်ကြီးသည်လည်း မင်းမျက်သင့်၍ မဲဇာသို့ရောက်နေခိုက်ဝယ်
“မဲဇာတောင်ခြေ၊ ပွဲခါညောင်ရေ၊ သဲသာသောင်မြေ”...အစချီသော ရတုပိုဒ်စုံဖြင့် နေပြည်တော်ကို တမ်းတခဲ့ဖူးသည်။
ဤကဲ့သို့သော သမိုင်းရာဇဝင်အထောက်အထားများစွာဖြင့် ပြည့်နှက်နေသော မြတ်လှသည့် ကဆုန်လ (၀၈.၀၅.၂၀၁၀)နေ့တွင် မွေးဖွားခဲ့သော မောင်လေး“မိုးစက်အိမ်”အား ကဆုန်လအကြောင်းလေးနှင့်အတူ .... ခေတ်သစ်နတ်သျှင်နောင်ဟု တင်စားခေါ်ရလောက်အောင် ကဗျာစပ်ကျွမ်းကျင်သူတစ်ယောက်အဖြစ်၎င်း၊မြင့်မြတ်သော ကဆုန်လတွင် မွေးဖွားခဲ့သူမို့ လူမျိုး၊ဘာသာ၊သာသနာနှင့် တိုင်းပြည်အတွက် အားထားရသော အမျိုးသားကောင်းတစ်ယောက်အဖြစ် နိုင်ငံ့အကျိုးပြုလုပ်ငန်းများကို ဆထက်ထမ်းပိုး ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း အပြာရောင်ကို နှစ်သက်တဲ့ မွေးနေ့ရှင်ရဲ့အပြာရောင်မွေးနေ့ပွဲ ခန်းမဆောင်ထဲသို့ ကြွရောက်ကြပါရန် စာဖတ်သူ မောင်နှမများကို ဖိတ်ကြားအပ်ပါသည်ရှင်......
Happy Birthday..MOE SET EIAN
ဧည့်သည်များအား ကြိုဆိုနေသော အပြာရောင်ခန်းမဆောင်....
မွေးနေ့ရှင်အတွက် မွေးနေ့ကိတ်...
ကလေးများအတွက် သကြားလုံး၊ချော့ကလက်နှင့်ဂျယ်လီများ...

ၽRoyal Cocktail မ်ား...



Sushi အစုံအလင်..








ပုဇွန်တန်ပူရာ
သက်ကျော် ရာကျော်ရှည်စေရန် ... ကြာဇံကြော်
ပုဇွန်အစပ်
ဂဏန်းအစပ်
သီးစုံအချိုပွဲ
သီးစုံဂျယ်လီ...အချိုပွဲ
သီးစုံဂျယ်လီ အချိုပွဲ
မွေးနေ့လက်ဆောင်အဖြစ် Paddinton Bear ဝက်ဝံရုပ်လေးwww.paddingtonbear.co.uk




13 comments:
တာမီးအိမ်မှာ သူငယ်ချင်းမိုးစက်အတွက် ဆုပြန်တောင်း သွားပေးတာ ကျေးဇူးနော် အမ။
တာမီးဆီမှာတော့ မွေးနေ့ ရှင်အတွက် ဘာမှ ကျွေးစရာမရှိဘူး။
မွေးနေ့ ရှင်ကလဲ ဘာ..........မှ မကျွေးတော့
အမအိမ်မှာဘဲ လာငတ် အဲလေ လာစားသွားတယ်နော်။
တာမီးချစ်သူနဲ့ ချုံတွဲလာအားပေးသွားတယ်။ အပြန် ပါဆယ်ပါ ဆွဲသွားတယ်နော်။
HaPpY bIrThDaY မိုးစက်အိမ် !!!
လမ်းကြုံတာနဲ့ စားစရာတွေ သောက်စရာတွေ ဝင် ငေးသွားပါတယ် ။ ( မြင်သာ မြင်ရ မစားရ၍ တော က ပြိတ္တာ များ ဖြစ်နေပြီလား လို့  ကိုယ့်ကိုယ်ကို ထင်သွားမိတယ်း)) )
ကျွန်တော်တို့ရဲ့ မွေးနေ့ရှင် ကဗျာဆရာ ပျော်ရွှင်ပါစေဗျာ။
မွေးနေ့ပွဲကျင်းပထားပုံက တကယ့်
စည်စည်ကားကားပါပဲ။
ဂဏာန်းအစပ် တွေ့တော့ ဟန်မဆောင် နိင်တော့ဘူး။
အမရေ
အခုဘဲ မိုးစက်အတွက် တာမီးလဲ ပါတီလုပ်ပေးထားတယ်။
လာအားပေးပါဦးနော်။
ချုံတွဲတတ်နော်။ မွေးနေ့ ပါတီကို
အဟတ်
အပြာရောင်မွေးနေ့ခန်းမထဲကို ရောက်လာပြီး ဂဏန်းအစပ်
ဟင်းကိုလည်း စားသွားတယ်နော်။ ပြီးတော့ အချို cookie စားသွားတယ်။ မွေးနေ့ရှင်လည်း ပျော်ရွှင်
ချမ်းမြေ့ပါစေနော်။ မွေးနေ့ကို ဖန်တီးပေးတဲ့ မနတ်သမီး
လည်း ပျော်ရွှင်ပါစေလို့.
သဒ္ဓါလည်း စိတ်ပန်းလူပန်းမို့လို့ ဘလော့ကိုအခုမှလာဖြစ်တယ်။
ခင်တဲ့
သဒ္ဓါ
အိုး
တကယ်များ စားလိုက်ရလို့ကတော့လေ...
အန္တရာယ်ဖြစ်မယ်ဆိုရင်တောင် အကုန်စားမိမှာ သေချာတယ်..
မွေးနေ့ရှင်လေး ပျော်ရွှင်ချမ်းမြေ့ပါစေ..
ကိုယ်စိတ်ကျန်းမာ ချမ်းသာစွာနဲ့ စာတွေကဗျာ
အများကြီး ဆက်ပြီးရေးသားနိုင်ပါစေ..
သိပ်လှတဲ့ မွေးနေ့ပါဘဲ..
အားကျလိုက်တာ ဒီလိုပွဲမျိုး တကယ် တက်ချင်မိပါရဲ့
ကောင်းလိုက်တဲ့ မွေးနေ့ပွဲလေး..
မွေးနေ့မှာပျော်ရွှင်ပါစေ..မိုးစက်အိမ်ရေ
ငါ့အမကတော့ သိပ်တော်..အားကြီးတော်..
အလို...မွေးနေ့ရှင်အတွက် နတ်သုဒ္ဓါတွေဖန်ဆင်းပေးထားပါလား..
ပျော်ရွှင်ပါစေ ကိုမိုးစက်ရေ
နောက်ကျသွားတယ် ပွဲတက်တာ ကုန်ရောပဲ
း) ဆုတောင်းပေးသွားတယ်ဗျား)
မွေးနေ့ရှင် ကလောင်ထက်လေး မိုးစက်အိမ် ကျန်းမာချမ်းသာပါစေသား ...
ကဗျာတွေကို ဆထက်တပိုး ဖွဲ့သီနိုင်ပါစေသား ...
အလွန်တော်တဲ့ နတ်သမီး ...
ဖန်ဆင်းမှုကတော့ လက်ဖျားခါလောက်တယ်ဗျို့ ...
မမရေ..ကဆုန်လပြည့်အကြောင်းလေး သိခွင့်ရတာ ကျေးဇူးတင်ပါတယ် မမရေ..
ကိုမိုးစက်လည်း ကျန်းမာပျော်ရွှင်ပါစေ။
နောက်ကျတဲ့ မွေးနေ့ဆုတောင်းလေးပါ
Happy Birthday ပါ မွေးနေ့ရှင် မိုးစက်ရေ....မွေးနေ့မှသည် နှစ်ပေါင်းများစွာ အောင်မြင်ပျော်ရွှင်ပါစေလို့ ...
မွေးနေ့ပွဲများကို မွေးနေ့ရှင်များ ကြည်နူးပျော်ရွှင်စေရန် မေတ္တာထား အပင်ပန်းခံ လုပ်ပေးတဲ့ မမနတ်သမီးလဲ မွေးနေ့ရှင်များ စိတ်ချမ်းသာ ပျော်ရွှင်သလိုပဲ အဆပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့....
ဆုတောင်းလိုက်ပါတယ်
ခင်တဲ့ ပူးတေ
မကိလို ဘဲ...စားစရာတွေကိုမြင်သာမြင် မကြင်ရလို့ ...သွားရည်တောက်တောက်ကျပြီးဝမ်းနည်းစွာဖြင့် ပြန်ပါပြီ၊၊ (ပျံတာမဟုတ်ပါ)
Post a Comment