Tuesday, April 20, 2010

ပူးတေအတွက် “နှင်းဆီမွေးနေ့ပွဲ”

ညီမလေးလိုချစ်ရတဲ့ “ပူးတေ”ရဲ့(၂၃.၀၄.၂၀၁၀)သောကြာနေ့မှာ ကျရောက်တဲ့ မွေးနေ့ပွဲလေးကို ရောက်ရှိခဲ့ပါပြီ....။ (၁၉.၁၁.၂၀၀၉)နေ့က ကျင်းပခဲ့တဲ့ “မမ”ရဲ့မွေးနေ့ပွဲလေးမှာ ညီမလေးပူးတေက“ကဗျာ လေးတပုဒ်နဲ့အတူ စိန်သရဖူ”လေးကို မွေးနေ့လက်ဆောင်အဖြစ်ပေးပြီး “မမ”ကိုပျော်ရွှင်စေခဲ့ဖူးပါတယ်..။

အဲဒီနေ့ကတည်းက ညီမလေးပူးတေရဲ့မွေးနေ့လေးကို ၅လကြာမျှစောင့်မျှော်ရင်း ယနေ့ကျရောက်လာပြီဖြစ်တဲ့ ညီမလေးရဲ့မွေးနေ့မှာ “မမ”ရဲ့အကြင်နာ မေတ္တာများနဲ့အတူ “ကြက်သရေရှိခြင်း၊ရဲရင့်တည်ငြိမ်ခြင်း၊လှပတင့်တယ်ခြင်း”ဆိုတဲ့ အဓိပ္ပါယ်များစွာကိုဖော်ဆောင်သော “နှင်းဆီ မွေးနေ့ပွဲ”လေးကို ကျင်းပပေးလိုက်တယ်နော်....

HAPPY BIRTHDAY ....ပူးတေ

နှင်းဆီမွေးနေ့ကိတ်လေးနှင့်အတူ.....နှင်းဆီကိတ်များ































နှင်းဆီအအေးများ





























နှင်းဆီမွေးနေ့ဆုတောင်းကဒ်




နှင်းဆီရေမွှေး








နှင်းဆီမျက်နှာလိမ်းCream





နှင်းဆီ နားကပ်နှင့် လည်ဆွဲ





နှင်းဆီပိုက်ဆံအိတ်

အဖြူရောင်နတ်သမီးကပေးတဲ့ အဖြူရောင်ပန်းစည်းလေးပါ...


ညီမလေးပူးတေရဲ့ဘဝမှာ အနာရောဂါကင်းရှင်းပြီး နှင်းဆီလို လှပတင့်တယ်ခြင်း၊ကိုယ်ပိုင်ဆူးများဝန်းရံထားတဲ့ နှင်းဆီပန်းကဲ့သို့ ကျရောက်လာမယ့်ဘေးအန္တရာယ်များကို ရင်ဆိုင်ကာကွယ်နိုင်ခြင်း၊ဂုဏ်သတင်းကျော်ဇောခြင်း၊ လူချစ်လူခင်ပေါများခြင်း၊ကြက်သရေရှိသော မြန်မာ့ဂုဏ်ကိုဆောင်တဲ့ မြန်မာသမီးပျိုလေးတယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွယ်....


9 comments:

အဖြူရောင်နတ်သမီး said...

HAPPY BIRTHDAY ...ပါ ပူးလေးရေ....
ဆိုက်ပရပ်စ်မှာတော့ (၂၂.၀၄.၂၀၁၀)နေ့ပဲရှိသေးတာ...
ပူးလေးတို့ စင်္ကာပူမှာတော့ (၂၃)ရက်ထဲကိုရောက်နေပြီလေ...
post ကို စင်္ကာပူအချိန်အတိုင်း တင်ပေးလိုက်တယ်နော်...
အပြုံးများစွာနဲ့ ပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေကွယ်....
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မိုးငွေ့...... said...

ပူးတေလေးရေ..နတ်သမီးစီစဉ်ပေးတဲ့ အစားသောက်တွေကို အ၀သုံးဆောင်သွားပါတယ်..။
း) ညီမလေးမွေးနေ့မှသည် နောင်နှစ်ပေါင်း 120တိုင် ကျန်းမာစွာ မိသားစုနဲ့အတူရှိနေနိုင်ပါစေ


ခင်မင်စွာဖြင့်
မိုးငွေ့

အနှိုင်းမဲ့ said...

မွေးနေ့မှာပျော်ရွှင်ပါစေ..ပူတင်း (အဲလေ) ပူးတေ :P

SHWE ZIN U said...

Happy Birthday ပါ ညီမပူးတေ

မွေးနေ့ ၁၀၀ တိုင်ပါစေ

အမရွှေစင်


အဖြူရောင် နတ်သမီး လေး လည်း ပျော်ရွှင်ပါစေနော်

ရွှေစင်

ညလင်းအိမ် said...

လက်ဆောင်နဲ့ မုန့်တွေကို လာငေးသွားတယ် ...
နောက်ပြီး ပူးတေအတွက် ဆုတောင်းပေးပါတယ် ...
နောက်နှစ်ပေါင်းများစွာတိုင် စိတ်သွားတိုင်း ကိုယ်ပါ၍ ရည်မှန်းချက်တိုင်း ဖြစ်ရပါစေ ...

what is good things said...

ကဗျာဆန်ဆန်ကျင်းပပေးထားတဲ့ ပူးတေရဲ့မွေးနေ့ပွဲလေး ကိုလာသွားပါတယ် နတ်သမီးရေ..။
မွေးနေ့ကျင်းပပေးတဲ့ နတ်သမီးနဲ့ မွေးနေ့ရှင်ပူးတေတို့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ရှိကြပါစေ..။

ဝက်ဝံလေး said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ လို့
ဆုတောင်းပေးလိုက်ပါတယ်နော်

မိုးစက်အိမ် said...

Happy Birthday ပါပူးတေရေ နှစ်သစ်မှာ
မွေးနေ့ ရက်မြတ်မင်္ဂလာလေးကိုကျော်ဖြတ်ရင်း
လိုရာဆန္ဒတွေပြည့်ဝနိုင်ပါစေသားဗျာ မွေးနေ့ ကို
စီစဉ်ပေးတဲ့မအဖြူရောင်နတ်သမီးလည်း မွေးနေ့ ရှင်
ကဲ့လို့ လိုရာဆန္ဒတွေထပ်တူကျပြည့်စုံပါစေဗျာ :)

မန်းကိုကို said...

မုန့်တွေကြည့်ပြီး သွားရည်တွေ .. ရှလွတ် ... တောင်ကျသွား .. ရှလွတ် ... တယ်။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .