Monday, March 29, 2010

ကဗျာ...သို့




စားပွဲတလုံးပေါ်က
ခန်းခြောက်လုဆဲဆဲ ကော်ဖီတခွက်
နွမ်းခြောက်လုဆဲဆဲ အနီရောင်ပန်းတပွင့်
ပြီးတော့..
ရေးလက်စ ကဗျာတဝက်တပျက်..
ကဗျာရှင်ကိုစောင့်မျှော်နေကြတယ်
ကဗျာရှင်ရယ်...
ရှင့်ရဲ့ရင်ထဲမှာ သိပ်လှတဲ့စကားလုံးတွေရှိနေတယ်
နူးညံ့လွန်းတဲ့ ခံစားချက်တွေရှိနေတယ်
ဒဏ္ဍာရီထဲကလို လှပတဲ့ပန်းချီကားချပ်တွေရှိနေတယ်
ရှင့်ရင်ထဲကို ခနလောက်ဝင်ကြည့်ချင်တယ်
ခနလေးမှ တစ်ကယ့်ကိုခနလေးရယ်ပါ
ခွင့်ပြုပါ...ကဗျာ...

15 comments:

rose of sharon said...

ဒီလောက်လှတဲ့နတ်သမီးလေးကို ကဗျာရှင်ကခွင့်ပြုမှာပါကွယ်... :)

ဒဏ္ဍာရီ said...

အိမ်အသစ်လေးနဲ့ လှလို့ပါလား နမ်းရေ....
ကဗျာလှလှ စကားလုံး နုနုလေးတွေနဲ့ ချစ်တတ်တဲ့ သူငယ်ချင်းကို ခွင့်ပြုမှာပါ။

ခင်မင်လေးစားလျှက်

သိင်္ဂါကျော် said...

အိမ်အသစ်လေးကို လာပြီး.. ကဗျာအသစ်လေး လာဖတ်သွားပါတယ်...။

မြတ်မွန် said...

သိပ်လှတဲ့ ကဗျာတစ်ပုဒ်ပါပဲ မမရေ..
မမရေ.. မွန်အိမ်လေး လင့်ပြောင်းသွားပြီနော်။

ဆောင်းနှင်းရွက် said...

ဟုတ်တယ်နော် ...
အဲ့လောက် တန်ဖိုးထားတဲ့ သူကို
အသိအမှတ် ပြုတဲ့ အနေနဲ့
ခဏလေးတော့
ခွင့်ပြုသင့်တယ် ...

Flower said...

အိမ်သစ်တက်ပွဲလည်း မလုပ်ပါလား
ဒီလို ကဗျာ တိုတိုလေးတစ်ပုဒ်နဲ့ဘဲ
လာတဲ့သူတွေကို ဧည့်ခံတော့မယ်လား
ဘာဘဲဖြစ်ဖြစ် ဒီအိမ်အသစ်ကလေးကလည်း
ခန့်ခန့်ထည်ထည်လေးပေါ့
ပျော်ရွှင်အဆင်ပြေပါစေ ညီမလေးရေ...

မိုးစက်အိမ် said...

အိမ်သစ်လေးကလည်း လန်းတယ်ဗျာ ကဗျာလေး
ကလည်း တကယ်လှတယ် ကဗျာရှင်ကတော့ ဒီ
တစ်ပုဒ်နဲ့ တင်ကြွေလောက်တယ် :)
ခင်မင်အားပေးလျက် . . .

ရွှေရတုမှတ်တမ်း said...

အိမ်သစ်လေးလှတယ်.
ကဗျာရှင် တော့ နတ်သမီးလေးအဖမ်းစားခံရတော့မယ်

မိုးငွေ့...... said...

အိမ်သစ်ကလေးပြောင်းသွားတာပဲ...။ အိမ်လှလှကလေးမှာ ကဗျာလှလှလေးနဲ့ဖွင့်ပြီး ကဗျာရှင်လေးနဲ့ ကြိုဆိုနေတဲ့ နတ်သမီး လိုအင်ဆန္ဒပြည့်ဝပါစေနော်...။

ခင်မင်စွာဖြင့်
မိုးငွေ့

mosquito said...

ဟေး.. ညီမလေး မအားလို့ ဘလော့မလည်ဖြစ်တာ တော်တော် လှလာတယ်ဝေ့.... နေကောင်းလား ညီမရေ..

နွေဆူးလင်္ကာ said...

ဂျီးတော် ... နေကောင်းလား ?

ဏီလင်းညို said...

နတ်သာမီးရေ........
ခွင့်ပြုဇေ...... ခွင့်ပြုဇေဗျား..............း))
ကဗျာလေးကောင်းတယ်............။
အိမ်သစ်လေးလည်းလှတယ်.........။
(ကော်ဖီအကပ်အသတ်ကျန်နေသေးတယ်ဆိုလို့ နည်းနည်းခိုးသောက်ရင်း........နှင်းဆီပန်းကို ရေလောင်းပေးသွားသည်........း))
အစစအဆင်ပြေပါစေဗျိုးးးးးးးးးးးး
ခင်မင်တဲ့
ဏီလင်းညို

sosegado said...

တစ်ချို့က ခနလေး(ခဏလေး)ဆိုဝင်ခွင့် မပြူဘူးတဲ့၊ အမြဲတမ်းလား ကြင်နာသလောက်လား မေးတတ်တယ်……
အသက်ထက်ဆုံးဆိုရင်တော့….?
N;အိမ်လှလှလေး change နေတာကိုး ဝင်လို့မရတာ၊

မိုးဦးစံပယ် said...

လှပတဲ့ အိမ်လေးထဲက နတ်သမီးလေးရဲ့ ကဗျာနုနုလေးကို လာဖတ်သွားတယ်နော်။

ညလင်းအိမ် said...

ကဗျာက နုတယ်ဗျာ ...
ကော်ဖီနဲ့ နှင်းဆီ အရမ်းလိုက်ဖက်တယ် ...

အိမ်အသစ်လေးကလည်း လှတယ်..

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .