Monday, March 15, 2010

အဖြူရောင်ငြိမ်းချမ်းရေး









လေကြိုပန်းရိုင်း ရာဇ၀င်ရိုင်းသော

ဒီ လူ့ ဘောင်အသိုင်းအ၀ိုင်း၌

ငါ . . . " အဖြူရောင်နတ်သမီး " သည်

“အလံဖြူ ”ကိုင်ထားပါလျက်

စစ်တလင်း အလယ်ဝယ်

အဘယ်ဒင်းကြောင့် တိုက်ခိုက်ခံရပါသနည်း . . .



အို . . . ဖြူစင်သူပေါင်း

စိတ်နှလုံး မွန်မြတ်သူအပေါင်းတို့ 

သင်တို့ ကသာဖေးမကူညီမည်ဆိုလျှင်

အမှောင်သည် နက်သထက်နက်

ကမ္ဘာသည်လည်း ပျက်သုန်းပါစေ

ငါ . . . ကား အလင်းကိုစီး

အာရုဏ်ဦးဆီသို့ ရောက်အောင်လာခဲ့ပါမည် . . .



ထို့ နောက်

လောကဓံ လှေဦးမှာ

လေဆန်ကို ကန်ထုတ်

“မေတ္တာ ” ကိုခံတပ်လုပ်မည်

ရန်သူအားလုံးမိုးစုန်းစုန်းချုပ်စေသား . . .



(အဖြူရောင်နတ်သမီး)

11 comments:

အနှိုင်းမဲ့ said...

မှန်တာပေါ့..မေတ္တာအရင်းခံရင် ရန်သူဆိုတာ ဒီဘ၀မှာ
မိုးစုန်းစုန်းချပ်ရုံတင်မကဘူး..နောင်ဘ၀ထိပါ မိုးချုပ်သွား
မှာပါ....မေးလ်းပို့ထားတယ်နော်..(လ၀)

Flower said...

ကိုယ်က သူတို့ကို ဘာမှ မလုပ်ပါဘဲနဲ့
သူတစ်ပါးအပေါ် ဘာလို့မကောင်းကြံချင်ကြတာလဲ
စဉ်းစားလို့တောင် မရဘူး..
လောကကြီးဟာ ကိုယ်ချင်းစာတရားတွေ နည်းပါးနေကြပြီထင်ပါတယ်..
အနည်းဆုံးတော့ နှမသားချင်းစာနာသင့်ပါတယ်..
ညီမလေး
အမြန်ဆုံး ပျော်ရွှင်ချမ်းမြေ့ပါစေနော်...

ခင်တဲ့
မချော

~ဏီလင်းညို~ said...

နတ်သာမီးရေ......
ကိုဏီကတော့ နတ်သာမီးစာပြန်ရေးမယ့် အချိန်ကိုမျှော်နေမယ်ဗျိုးးးးးးးးး
(အားလုံးကို အနောက်မှာ ချန်ထားခဲ့လိုက်တော့ ......။ အရှေ့ကိုသာကြည့်ဗျာ.....။ မောင်နှမတွေ အများကြီးလေ........း))
ခင်မင်တဲ့
ဏီလင်းညို

ဒဏ္ဍာရီ said...

မေတ္တာသည်သာ အောင်နိုင်ရာတဲ့ သူငယ်ချင်းရေ... ဒီလို စိတ်ထားလေးနဲ့ အားလုံးကို အနိုင်ယူလိုက်ပါနော်။ ကဗျာလေးထဲက အလံဖြူကိုင်ထားတဲ့ အဖြူရောင် နတ်သမီးဟာ အားလုံးကို မေတ္တာနဲ့သာ အနိုင်ယူသွားပါတယ်။

ခင်မင်လေးစားလျှက်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဟုတ်ပြီဗျ အားပေးနေတယ်ဗျို့
း) လူတိုင်း အသိတရားရှိကြပါစေလို့လဲဆုတောင်းနေ
တယ်

သဒ္ဓါလှိုင်း said...

မနတ်သမီးရေ..
လောကကြီးမှာရှိတဲ့ လူတချို့ကြောင့်..ဒီလိုပဲလားမသိဘူး။အေးအေးနေတဲ့သူ
တွေလည်းသူတို့လိုလူမျိုးတွေကြောင့်စိတ်အနှောက်အယှက်
ဖြစ်ရပြီ။မနတ်သမီးရဲ့စာတွေကိုမျှော်နေမယ်နော်..။
ကျန်းမာပျော်ရွှင်ပါစေလို့...
ခင်တဲ့
သဒ္ဓါ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နတ်သမီးလေးရေ..

မေတ္တာကဲတော့ အောင်ပွဲတဲ့ဗျာ...

စိတ်ချမ်းသာ ကိုယ်ကျန်းမာ အစဉ်ရှိပါစေလို့ ဆုမွန်ချွေလိုက်ပါတယ် ကွယ်...

ခင်မင်စွာဖြင့်
ကိုမျိုး

မိုးငွေ့...... said...

အမတို့ဘလော့ဂ်မောင်နှမတွေ အမြဲအားပေးနေမယ်..။
မေတ္တာတရားတွေနဲ့အုပ်မိုးပြီးတော့ပေါ့...။ ဒါဆို ဘယ်ရန်သူကမှာ ၀င်လာလို့မရတော့ဘူး..။

ခင်မင်စွာဖြင့်
မိုးငွေ့

မိုးစက်အိမ် said...

လောကဓံ လှေဦးမှာ
လေဆန်ကို ကန်ထုတ်
“မေတ္တာ ” ကိုခံတပ်လုပ်မည်
ရန်သူအားလုံးမိုးစုန်းစုန်းချုပ်စေသား . . .
အလိုဖြစ်ကို ဖြစ်မှာပါဗျာ အမှောင်ကလူဟာ
ဘယ်တော့မှအလင်းက လူကိုမနိုင်ပါဘူး
ရဲရဲသာဆက်လျှောက်ပါ အားပေးနေပါတယ်....

ညလင်းအိမ် said...

ကျွန်တော်တို့ အားလုံးက အစ်မ ဘက်ကရှိနေကြပါတယ် ...

အစ်မ စိတ်ချမ်းမြေ့ပါစေတော့...

ရင်ထဲက ရုန်းကြွလာတဲ့ ကဗျာမို့လား ...
ကဗျာလေးက ထိရောက်ပါပေတယ် ...

sosegado said...

ကဗျာလေးက မိတယ်ထိတယ်၊ “မေတ္တာ ” နှင့် အောင်နိုင်ခြင်းလောက် ကောင်းတာရှိမှာ မဟုတ်ဘူး၊ အမြဲပျောရွှင်နိုင်ပါစေ၊

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .