Saturday, February 6, 2010

ဘုရင့်နန်းတော်ပျက်ထဲက အဖြူရောင်နတ်သမီး




အေဒီ ၄ရာစုနှစ်က ထင်ရှားခဲ့တဲ့ “The basilica of Khrysopolitissa” ဆိုတဲ့ မြို့ပျက်ထဲကို နတ်သမီးရောက်ခဲ့စဉ်က ရိုက်ခဲ့တဲ့ဓာတ်ပုံလေးတွေပါ..။ Basilica ရဲ့အဓိပ္ပါယ်ကတော့ King Place ဖြစ်ပြီး Khryso ရဲ့အဓိပ္ပါယ်ကတော့ God ။ Polis ရဲ့အဓိပ္ပါယ်မှာ Town ဖြစ်တဲ့အတွက် (ဘုရင်နေတဲ့မြို့တော်) လို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။

အေဒီ ၇ ရာစုနောက်ပိုင်းမှာ အာရပ်လူမျိုးများရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရင့်နန်းတော်ဟာ ပျက်စီးခဲ့ရပေမယ့် ပြန်လည်မပြုပြင်ပဲ ကျန်ရှိနေတဲ့ အနုပညာလက်ရာများကို အခုချိန်ထိ ဆက်လက်ထိန်းသိမ်းထားဆဲပါ။
အဲဒီ မြေနေရာမှာ တည်ရှိနေတဲ့ ဘုရားရှိခိုးကျောင်းလေးကိုAgia Kyriaki လို့ခေါ်ပါတယ်၊ Kyriaki ရဲ့အဓိပ္ပါယ်ကတော့ တနင်္ဂနွေနေ့ကိုဆိုလိုပါတယ်။ အခုချိန်ထိ တနင်္ဂနွေနေ့မှာ ဝတ်ပြုလေ့ရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အဖြစ် အသုံးပြုလျှက်ရှိပါတယ်။

ပျက်စီးကြေမွနေပြီဖြစ်တဲ့ ခြေနင်းကြမ်းပြင်သံမံသလင်းမြေပြင်မှာအခုချိန်ထိရောင်စုံဆေးရေးပန်းချီ အနုပညာလက်ရာများကိုတွေ့ရှိနိုင်သော ဤမြို့ပျက် နေရာကိုဟောင်းကို “ကြမ်းပြင်မှဆေးရေးပန်းချီအနုပညာလက်ရာအများအပြားရှိသော ရှေးဟောင်းနယ်မြေ ”အဖြစ်၎င်း၊ တနင်္ဂနွေနေ့တွင်ဝတ်ပြုသည့် ဘုရားရှိခိုးကျောင်းအဖြစ်၎င်း၊ ကမ္ဘာလှည့်ခရီးသည် အများ အပြား လာရောက်လည်ပတ်သည့် သမိုင်းဝင် နယ်မြေတစ်ခုအဖြစ် တင်ပြရင်း “ဘုရင့်နန်းတော်ပျက်ထဲက နတ်သမီးရိုက်ခဲ့သော ဓာတ်ပုံတချို့”ကိုတင်ပြလိုက်ရပါတယ်။

12 comments:

~ဏီလင်းညို~ said...

နတ်သာမီးရေ...
ကြည့်ဇမ်းဘာအူး....
သူဂ လျှောက်လည်နေတယ်ပေါ့လေ....
တော်တော်ပျော်ခဲ့တာပေါ့...ဟုတ်လား...ဟင်....း))
(ဓာတ်ပုံလေးတွေကြည့်ရလို့ ကျေးဇူး....ခိခိ...း))
ခင်မင်တဲ့
ဏီလင်းညို

ကိုဇော် said...

တကယ်စိတ်ဝင်စားဖို့ ကောင်းတဲ့ နေရာလေးတွေဗျာ။
ကျနော်က ဒီလိုနေရာတွေကို လျှောက်သွားရတာ ပျော်တယ်။ လေ့လာချင်တယ်။

အားကျသွားတယ်နော်။

ကိုဇော်

ရွှေရတုမှတ်တမ်း said...

နတ်ပြည်ကတော့..နန်းတော်ပျက်ကအစ တယ်သာယာသကိုး...အင်း...နတ်သမီးကလဲလှတာလဲပါသပေါ့

ဝေလင်း ( Вэй Линн) said...

အဲလိုနေရာတွေရောက်ဖူးချင်တယ်ဗျာ..

rose of sharon said...

ညီမလေးပုံလေးတွေလှလိုက်တာ

နွေဆူးလင်္ကာ said...

ကြည့်လုပ် ဂျီးတော် .. တေရင် အဖြူရောင်နတ်သမီးကနေ နန်းတော်စောင့် နတ်သမီး ဖြစ်သွားဦးမယ် :-)

အယ်ကို said...

“The basilica of Khrysopolitissa”
အဲဒီနေရာကဘယ်မှာများဘာလိမ့် ။
စိတ်ဝင်စားစရာနေရာလေးတွေနော်
နတ်သမီးရေ ။

Flower said...

နံမည်နဲ့ ၀တ်စုံလေးနဲ့ လိုက်ပါပေတယ်.. နန်းတော်ဟောင်းကြီးထက် လူပုံလေးကိုဘဲ သေချာကြည့်မိတယ်..
နန်းတော်ကြီးကတော့ ဟောင်းနေတော့ ဘယ်စိတ်ဝင်စားတော့မလဲနော်...
:)

သဒ္ဓါလှိုင်း said...

မနတ်သမီးရေ...
လူလည်းလှတယ်.. နန်းတော်ကြီးကလည်း ဗဟုသုတ ရစရာပေါ့.. လိုက်ဖက်ပါတယ်...

ခင်တဲ့
သဒ္ဓါ

ညလင်းအိမ် said...

လှလိုက်တာဗျာ...
နောက်ခံပုံတွေက အဟီး ...

အဲလိုနေရာတွေကို ရောက်ဖူးချင်တယ်ဗျာ...

ရှေ့က နတ်သမီး ရုပ်ထုလည်း လှပါတယ်ခင်ဗျာ့ ...း)

ဒဏ္ဍာရီ said...

နမ်းရေ............ ထူးဆန်းတဲ့ နန်းတော်ပျက်နေရာလေးနဲ့ လှပတဲ့ နတ်သမီးလေး တစ်ပါးကို လာရောက် ခံစားသွားတယ်နော်။ ဗဟုသုတ ရသလို ပုံလေးတွေကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။
ဒို့အကို ကိုဏီးနဲ့ မောင်လေး ကိုတူးကတာ့ သွားရည်ကျသွားတယ် ထင်တယ်နော်။း)

ခင်မင်လေးစားလျှက်

Angel Shaper said...

မရေ.. တကယ်စိတ်ဝင်စားဖို့ ကောင်းသလို ရောက်လဲရောက်ဖူးချင်လိုက်တာ။
ခုလိုမျှဝေပေးတာ ကျေးကျေးစ်နော်။
အဆင်ပြေပျော်ရွှင်ပါစေ။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .