Monday, January 25, 2010

ရာဇဝင်ထဲကမောင့်သတို့ သမီး




ကဗျာပြုသူ
စာနုသူမို့ 
“စိတ်ကူးတိမ်တိုက်သူ”လို့
တွေးလိုက်လေသလားမောင် . . .

ကဗျာဖူးသူ စာရူးသူ
မေ့နှလုံးသားဖော့ဖယောင်းလို
ပျော့ပြောင်းပေမဲ့
ချစ်သူအတွက်ဆိုရင်
ကလောင်ကို
ကိုင်တဲ့လက်ဖမိုးနု
ရဲရင့်ခြင်းကို
သွေးသောက်အဖော်ပြုလို့ 
ပြတ်သားခြင်း
အဘိဓာန်ကိုချနင်း

အန္တရယ်စက်ကွင်းမှာ
စီးချင်ထိုးရင်း
မာန်ဟုန်ပြင်းပြင်း
ရင်ဆိုင်ခြင်းကျောက်စာမှာ

“ရာဇဝင်ထဲကမောင့်သတို့ သမီး” ဖြစ်သူမို့ 
ချစ်သူသည်သာ
ကိုယ့်အနားရှိဖို့ လိုသည် . . .

14 comments:

Anonymous said...

အိပ်မရလို့အလည်ရောက်ခဲ့ပါတယ်
လှပါတယ်မမကရာဇ၀င်ထဲကသတို့သမီးပါဘဲဗျာ
နေကောင်းကျန်းမာပါစေလို့သတိရဆုတောင်းလျက်


ပဲပုတ်

ညလင်းအိမ် said...

“ရာဇဝင်ထဲကမောင့်သတို့ သမီး” ဖြစ်သူမို့ 
ချစ်သူသည်သာ
ကိုယ့်အနားရှိဖို့ လိုသည် . . .

လိုအင်ဆန္ဒတွေ ပြည့်ဝပါစေဗျာ...

ရွှေရတုမှတ်တမ်း said...

ကဲ...ချစ်သူရေ..မှီရာလေယာဉ်စီးပြီးအမြန်လာပါတဲ့

မိုးငွေ့...... said...

နတ်သမီးရဲ့ စိတ်ကူးနုနုတွေကို လက်ချောင်းနုနုလေးတွေနဲ့ သီကုံးထားတဲ့ အချစ်ကဗျာနုနုလေးကို လာ၍ခံစားသွားပါသည်..။

ခင်မင်စွာဖြင့်
မိုးငွေ့

kyaw zaw said...

nice white angle

ဂျေဂျူဝိုင် said...

ကောင်းပါ့ဗျာ

kiki said...

သူကလည်း ပြောရှာပါတယ်..
“ နေချင်တာ မင်းအနားမှာ” တဲ့ ....
လမ်းစရိတ် ပြတ်နေလို့ တဲ့ ....

ဘီလို လုပ်ကြမတုံးးးးးး

Flower said...

ရာဇ၀င်ထဲက သတို့သမီးမဟုတ်ဘဲ အပြင်မှာ တကယ့် သတို့သမီးဘ၀ကို အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေ

ချစ်ခင်စွာဖြင့်

ချော

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နတ်သမီးလေး ရေ..

ခံစားမှုလေးတွေကို ကဗျာနုနုလေးတွေအဖြစ် လက်ရာမြောက်စွာ ဖွဲ့ဆိုနိုင်သူမို့ အထူးပင် လေးစား အားကျမိပါတယ်ကွယ်။

ရာဇ၀င်ထဲက သတို့သမီး အတွက် ချစ်သူအနားမှာ ထာဝရချစ်ခြင်းတွေနဲ့ တူနှစ်ကိုယ်တိုင်းပြည် တစ်ခုကို တည်ဆောက် အောင်မြင်ပါစေဆို ဆန္ဒပြုလိုက်ပါတယ် နတ်သမီးလေး ရေ..

ခင်မင်စွာဖြင့်
ကိုမျိုး

မြတ်မွန် said...

ရာဇဝင်ထဲက နတ်သမီးလေး..

နွေဆူးလင်္ကာ said...

ရာဇဝင်ထဲက သတို့သမီးဆိုတာ ကိုငှက်ပြောတာတော့ ဧရာဝတီပဲဗျ။ အဲဒါဆို ဂျီးတော်ဟာ ..
၁၊ ရှည်လျားလိမ့်မည်(တစ်ခုခု လျှာ၊ အရစ်)
၂၊ ကွေ့ကောက်လိမ့်မည် (စိတ်၊ ဘဝခရီးကြမ်း)

~ဏီလင်းညို~ said...

နတ်သာမီးရေ..
ရှိပါစေဗျား.... နတ်သာမီးရဲ့မောင်က နတ်သာမီးအလိုရှိတဲ့အချိန်တိုင်း... နတ်သာမီးရဲ့အနားမှာ...း)
(သေချာ ဆုတောင်းပေးသွားဒါနော်....း))
ခင်မင်တဲ့
ဏီလင်းညို

ဒဏ္ဍာရီ said...

ရာဇ၀င်ထဲက သတို့သမီး သူငယ်ချင်းလေးကို လာကြည့်သွားတယ်။ ကဗျာလေးလည်း ခံစားသွားတယ် နမ်းရေ..။

ခင်မင်လေးစားလျှက်

မာန်လှိုင်းငယ် said...

အဖြူရောင်နတ်သမီးရေ... ကဗျာချစ်သူတယောက်အတွက် ကဗျာတွေကို လာခံစားသွားတယ်ဗျာ။ ဒီထက်မက ကဗျာဝိုင်ချိုလေးတွေ ထုတ်လုပ်နိုင်ပါစေဗျာ။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .