Tuesday, January 5, 2010

နှလုံးသားဖြင့် နားဆင်ပါ...






သခင်........
အသင် နားဆင်ရန်
အချစ် စောင်းကြိုးကို
ကျွန်ုပ်၏ နှလုံးသားဖြင့်
တီးခတ်ပါမည်...
အရှင့် နှလုံးသားဖြင့်
နားဆင်ပါ....။

ကျွန်ုပ်၏ ဆံနွယ်ကို
လွှမ်းခြုံ၍
ကျွန်ုပ်၏ရင်ခွင်တွင်
လဲလျှောင်းပါ....။

အချစ်၏ ကကြိုးများကို
ကျွန်ုပ်၏ မျက်ဝန်းမှ ရှုစား၍
အချစ်၏ ဂီတသံစဉ်ကို
ကျွန်ုပ်၏ ရင်ခုန်သံမှ နားဆင်ပါ...။

သာယာသော တေးသွားများကို
ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာဖြင့်
ရွတ်ဆို၍
ငြိမ့်ညောင်းသော သံစဉ်များကို
ကျွန်ုပ်၏ နှလုံးသားဖြင့်
တီးခတ်ပါမည်...။

ရှုစားတော်မူပါ.....
ကျွန်ုပ်၏ ...သခင်

23 comments:

Flower said...

တကယ်ကို တီးနေတာလား ညီမလေးရေ..
အရမ်းကိုချစ်စရာကောင်းတဲ့ ပုံလေးပါနော်..
သံစဉ်လှလှလေးတွေ သီကုံးနိုင်ပါစေ...

မိုးစက်အိမ် said...

ကဗျာတစ်ပုဒ်လုံးက ချစ်ခြင်းတွေနဲ့ ပြည့်နှက်နေတယ်
romantic ဆန်တဲ့ စကားလုံးလေးတွေပေမဲ့  ချစ်ခြင်း
အားကြီးမားသူတွေ အတွက် ဒီတင်စားချက်လေးက
အရမ်းကို အသက်ဝင်လှပါတယ် . . . ပြောစရာနေရာ
မရှိအောင်ကိုပြည့်စုံကောင်းမွန်ပြီး အသက်ဝင်နေတယ်
ကဗျာကို ကဗျာလို ထပ်ပြောရမယ်ဆိုရင်တော့ တကယ်
ကို ကဗျာဆန်တယ်ဗျာ . . . ရွှင်လန်းချမ်းမြေ့ ပါစေအမရေ

မြလေးသျှင် said...

ကဗျာဆန်တဲ့ကဗျာလေးပါပဲ

shwezinu said...

သခင်နားဆင်လားတော့ မသိဘူး ကျနော်တော့ နားဆင်သွားတယ်နော် စိတ်ကူးလေး နဲ့ လှပတဲ့ မနမ်းမဝ ရဲ့ပုံလေးတွေ ကြည့်ရင်းနဲ့ပေါ့

အရမ်းကောင်းတယ်နော် ဟဲ..ဟဲ

ကိုဇော် said...

သက်ဆိုင်သူ ခံစားမိပါစေဗျာ.။

အဖြူရောင်နတ်သမီး said...

အယ်လ်ကို တို့ကတော့ လက်စွမ်းပြတယ်ဟေ့....
အားဖြည့်ပေးတဲ့အတွက် ကျေးဇူးပါ..အယ်လ်ကိုရေ...

ရွှေရတုမှတ်တမ်း said...

အလို.....နတ်ပြည်ကစောင်း...ငြိမ့်ငြောင်းလှချည့်လား

~ဏီလင်းညို~ said...

နတ်သာမီးရေ...
ရှုစားနားဆင်သွားပါကြောင်း....
(တစ်ကယ်ပဲ တီးနေဒါလားဟင်င်င်...)
ခင်မင်တဲ့
ဏီလင်းညို

ဒဏ္ဍာရီ said...

နမ်းရေ....... လှပတဲ့ သံစဉ်တွေကို ချစ်သူနိုင်ဆင်နိုင်ပါစေ...

ခင်မင်လေးစားလျှက်

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

သြော်.. အဖြူရောင်နတ်သမီးကနေ အနီရောင်နတ်သမီးအဖြစ် နတ်စောင်းကြီး တီးခတ်နေပါရော့လား။
မြင်သူ သိသူအားလုံး နှလုံးသားဖြင့် ခံစားနားဆင်တော်မူကြပါကုန်။ :) :)...
အနုပညာပိုးကတော့ မသေးဘူးနော်။ ကဗျာ၊ စာပေ၊ ရုပ်ရှင်၊ အားလုံး ၀ါသနာပါတဲ့ နတ်သမီးလေးတစ်ပါးပါဘဲ။

ခင်မင်စွာဖြင့်
ကိုမျိုး

သက်တန့်ချို said...

သခင်တော့မသိဘူး ကျွန်ုပ်တော့နားဆင်သွားပါတယ် ကဗျာကို သံစဉ်လုပ်ပြီးတော့း)

ရီမိုးပြည့်  said...

နှလုံးသားနှင့် ရင်းပြီး ဖတ်သွားပါတယ်နော်... နှလုံးသားနဲ့ ရင်းပြီး တီးခတ်မဲ့ သံစဉ်တွေ ကိုနားဆင်ချင်သေးရဲ့ ...

နွေဆူးလင်္ကာ said...

စောင်းမတီးပါနဲ့ ဂျီးတော် တည့်တည့်ပဲ တီးပါ။ သန်းတွေရှိရင်တော့ သခင်က ခြုံချင်မှာ မဟုတ်ဘူးနော်။

မင်္ဂလာပါ .... said...

မမအဖြူရောင်လေးရေ...
ကဗျာလေးက နုညံ့သိမ်မွေ့သလို လူကလဲ မဟာဆန်ဆန်လှနေပါတယ် ...
အမြဲအားပေးလျှက်နော်
ညလေး နှင်း

mosquito said...

နာ့သမီးရေ အဲလေ နတ်သမီးရေ... ကြားလဲ မကြားရဘူး.... အဟဲ

Anonymous said...

အိပ်မရလို့စောင်းတီးတာကိုလာနားထောင်သွားတယ်
ဗျ....တွေ့တာတော့ကြာပါပြီ...စတင်ကတည်းကပါ
အခုမှအိပ်လို့မရလို့လာနားထောင်သွားတယ်ဗျ

ပဲပုတ်

မိုးငွေ့...... said...

ကဗျာလေးကိုဖတ်ပြီး ကမ္ဘာကျော်ကဗျာဆရာကြီး ရာဘင်ဒြာနသ်တဂိုးရဲ့ ကဗျာတွေကို အောက်မေ့မိပါတယ်..။

ခင်မင်စွာဖြင့်
မိုးငွေ့

minthant2009 said...

တကယ်တီးတက်လား :P

ကိုကိုမောင်(ပန်းရနံ့) said...

ကဗျာလေးကလဲ အရမ်းကောင်း။
သံစဉ်လေးကလဲ အရမ်းချို။
ဖွဲ့နွဲ့မှုကလဲ တောက်ပ။
လာရတာ စိတ်ချမ်းသာမှုဖြစ်ပါတယ်။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

သေချာနားဆင်သွားတယ်ဗျာ့
အစ်မရေးတာ အားကျလိုက်တား)

မြတ်မွန် said...

ကဗျာလေးက မိုက်တယ်..တော်လိုက်တာမမရာ..

အချစ်မဲ့ဂစ်တာ said...

တကယ့်ကို ကောင်းလိုက်တဲ့ ကဗျာလေးဗျာ... အားကျပါရဲ့..။

စကားဝါမြေ said...

ကဗျာကလည်းကောင်းပြီး အောက်က Comment လေးတွေ နဲ့ ပံ့ပိုးထားပြန်တော့ တော်တော် ဖတ်ရတာ အသက်ဝင်သွားတယ် အမ နတ်သမီးလေးရေ...

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .