နတ်သမီးရေ့ 
ပျော်ရွှင်တဲ့မွေးနေ့ဖြစ်ပါစေလို့
အဝေးကနေပဲဆုတောင်းပေးလိုက်ရဲ့  ။
နတ်သမီးရေ့ 
မွေးနေ့ကဗျာမရေးပေးရင်
ကမ္ဘာတည်သမျှမုန်းပြစ်မယ်လို့ ခြိမ်းချောက်တာကို
ကြောက်သွားလို့တော့မဟုတ်ပါဘူး
ဒါပေမယ့်လည်း
သူငယ်ချင်းတွေဂရုစိုက်တာကို
ခံချင်တဲ့ နတ်သမီးမွေးနေ့အတွက်
အမှတ်တရအဖြစ်
စကားလက်ဆောင်တွေ
ကမ်းပေးခဲ့မယ့့်  ။
နတ်သမီးရေ့ 
အရာရာတိုင်းမှာ
ဘက်နှစ်ဖက်စီရှိကြလို့
တဖက်အစွန်းရောက်တာမျိုးမဖြစ်စေဖို့
ဦးနှောက်နဲ့နှလုံးသားကို
မျှတအောင်ထားပြီးတော့
စဉ်းစားဆုံးဖြတ်ပေါ့  ။
နတ်သမီးရေ့ 
လေ့လာရေးရဲ့ရန်သူဟာ
ကိုယ့်ကိုကိုယ်ကျေနပ်နှစ်သိမ့်နေမှုပဲတဲ့
နဲနဲသိချင်ရင်တော့
အနည်းငယ်လေ့လာ
များများသိချင်ရင်တော့
ဇွဲနဲ့မာန်နဲ့လေ့လာရတော့မပေါ့
နတ်သမီးရဲ့ blog ကိုဝင်တဲ့အခါတိုင်း
မန်း ( Comment ) မထားခဲ့နိုင်တာကိုလည်းပဲ
ခွင့်လွှတ်ပေးပါ့  ။
နတ်သမီးရေ့ 
ကိုယ်တတ်စွမ်းသမျှ
လောကကြီးကိုအလှဆင်ဖို့
နည်းအမျိုးမျိုးနဲ့ကြိုးစားနေကြတဲ့အခါမှာ
အတွေ့အကြုံဆိုတာက
အကောင်းဆုံးဆရာပါ့  ။
နတ်သမီးရေ့ 
ကွန်ပျုတာအင်တာနက် ခေတ်ထဲ့မှာ
ပညာရှိတွေ မဟုတ်ကြပေမယ့်
ဝါသနာတချို့တူကြလို့
အခုလို ခင်ကြရတာကိုလည်းပဲ
ဝမ်းသာသပ နတ်သမီးရ့  ။
နတ်သမီးရေ့ 
လောကကောင်းကျိုးကို
နိုင်သလောက်ဆက်သယ်ပိုးကြဖို့
လွတ်လပ်တဲ့အတွေးအခေါ်
အသိအမြင်တွေကို
အများတကာ ဗဟုသုတရအောင်ဖြန့်ဝေနိုင်ဖို့
အတွေးအခေါ်အသိအမမြင်တွေကို
လွတ်လပ်စွာပဲ အန်ထုတ်ကြစို့  ။
နတ်သမီးရေ့ 
မအားလပ်တဲ့ကြားက
မွေးနေ့မှာအမှတ်တရဖြစ်အောင်
ဗဟုသုတရစရာ စကားတချို့ကိုမျှဝေခဲ့ပြီ့း့ 
Happy birthday to you.
May all your wishes come true in your life.
Wishing you very wonderful
Happy birthday for you. Cheers
အဖြူရောင်နတ်သမီးတယောက်
ယခုမွေးနေ့မှစပြီး
အများတကာကောင်းကျိုးတွေ
ဆထက်တပိုးများစွာ ထမ်းရွက်နိုင်ပါစေသော်ဝ့့်  ။
ကဲ့  နတ်သမီးရေ့ 
အမှတ်တရမွေးနဲ့ ကဗျာရေးပေးပြီးတော့
နတ်သမီး blog မှာကိုယ်တိုင်ရေးကာမျှဝေထားတဲ့
Hot Ice Cream ခေါ် ရေခဲမုန့်ကြော်ကိုပဲ
မွေးနေ့မုန့်အဖြစ် ၀အောင်ကျွေးပါတော့  ။
ဇာနည်မောင်
မှတ်ချက့့်  ( အဖြူရောင်နတ်သမီး bl0g ပိုင်ရှင် blogger သူငယ်ချင်း မနန်းမ၀ ၂၀၀၉ ခုနှစ် မွေးနေ့အမှတ်တရ )
Wednesday, November 25, 2009
“ မွေးနေ့ရှင်အတွက်ဆန္ဒမွန် ”
မွေးနေ့ပွဲလေး ပြီးဆုံးသွားခဲ့ပေမယ်...
မွေးနေ့လက်ဆောင် ကဗျာလေးတွေ ကြားထဲမှာ ကျမပျော်ရွှင်နေဆဲပါ....
မဖော်ပြတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ်...
တန်ဖိုးရှိလှတဲ့ ကိုဇာနည်ရဲ့ မွေးနေ့ဆုတောင်းလေးကို ပြန်ဖတ်ရင်း
တန်ဖိုးထားတဲ့ အနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်...
စာမေးပွဲရှိတဲ့ကြားထဲက အချိန်ပေးပြီး မွေးနေ့ဆုတောင်းပို့ပေးခဲ့တဲ့ ကိုဇာနည်ကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်....
မှတ်ချက်။ ။ ရောက်လာတဲ့ မွေးနေ့ဆုတောင်းတွေထဲမှာ အရှည်ဆုံး မွေးနေ့ဆုတောင်းအဖြစ် မှတ်တမ်းတင်အပ်ပါသည်။
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
1 comments:
မွေးနေ့ဆုတောင်းက တော်တော်လေး ပြည့်စုံပြီး အနှစ်သာရ ပါပါ ဆုတောင်းပေးထားတာ အားကျပါတယ်.။
မွေးနေ့ရှင်လည်း ဆုတောင်းထဲကအတိုင်း ပြည့်စုံပါစေဗျာ.
ခင်မင်တဲ့
ညီညီ
Post a Comment