Thursday, November 12, 2009

“အရှက်”ကိုကွဲရောပဲ....



လွန်ခဲ့တဲ့(၁)လလောက်ကပါ။ Mr. & Mrs. Philips တို့ဇနီးမောင်နှံဟာ ဆိုင်မှာလားစားနေကျ ဧည့်သည်တွေဖြစ်ကြတဲ့အတွက် ကျမနဲ့ အတော်ရင်းနှီးနေကြပါပြီ။ Mr.Philips က "Reiki"(Reiji)သင်တန်းကျောင်းဖွင့်ထားတဲ့ နည်းပြဆရာတစ်ယောက်ပါ။ "Reiki"(Reiji)ဆိုတဲ့အဓိပ္ပါယ်ကတော့ "ယောဂကျင့်စဉ်နဲ့ လူ့ခန္ဓာကိုယ်ထဲကရောဂါဝေဒနာတွေကို စိတ်စွမ်းအားနဲ့ခန္ဓာကိုယ်မှ ထုတ်လွှတ်တဲ့ အပူလှိုင်းဓာတ်တခုကိုအသုံးပြုပြီးကုသတဲ့နည်း"ကိုဆိုလိုပါတယ်။ကျမလည်း အဲဒီနည်းနဲ့ (၂)ကြိမ်ကုသမှုခံယူခဲ့ဖူးပါတယ်။ အကျိုးသက်ရောက်မှုရှိ/မရှိဆိုတာကတော့ ရေရှည်ဆွဲကုကြည့်မှသိသာနိုင်ပါလိမ့်မယ်။ ကျမအတွက်ကတော့ တဒင်္ဂအတွင်းမှာ ကျမရဲ့စိတ်နဲ့ခန္ဓကိုယ်ဟာ တော်တော်လေးကို ပေါ့ပါးလန်းဆန်းသွားတာကို ခံစားတွေ့ရှိရပါတယ်။ ကဲ....အရှက်ကွဲရခြင်းရဲ့အကြောင်းရင်းကို ပြောပါမယ်။ Mr.Philips ဟာ ကျမတို့ရဲ့ဆိုင်မှာ ညစာလာစားရင်း ကျမကို ကိုယ်ဟန်ပြပြီးဓာတ်ပုံအရိုက်ခံပေးရန် (Model လုပ်ပေးရန်)ကမ်းလှမ်းလာပါတယ်။ ကျမကလည်း အစကတည်းကမှ ဓာတ်ပုံရူး၊ Model ရူးဆိုတော့ ချက်ချင်းပဲခေါင်းညှိတ်လက်ခံခဲ့ပါတယ်။ စိတ်ထဲမှာလည်းကျိတ်ပြီးပျော်နေမိတာပေါ့(နိုင်ငံခြားမှာ Model ဖြစ်ရနည်းလား...နော်)။ ဒါနဲ့ပဲ..သူလိုချင်တဲ့အဝတ်အစားပုံစံ၊အရောင်၊ဆံပင်ပုံစံတို့ကို ညှိနှိုင်းပြီးရိုက်ရက်ကိုသတ်မှတ်လိုက်ကြတယ်။ညရောက်တော့လည်းအိပ်လို့ကိုမပျော်ဘူး၊ရူးပြီလေ..သိတယ်မို့လား..အဲဒီပိုးအကြောင်းကို..သတ်လို့ကိုမလွယ်တာ။ဒီလိုနဲ့ ချိန်ဆိုထားတဲ့ရိုက်ရက်ကို ရောက်လာခဲ့ပါတယ်။ ကျမလည်းမိတ်ကပ်အဖွေးသားနဲ့ ဓာတ်ပုံအရိုက်ခံဖို့ အတွက် Mr.Philipsပြတဲ့ သရုပ်ဆောင်ရမယ့် နမူနာပုံတွေကြောင့် ၊ ကျမလေ...အရှက်ကိုကွဲရောပဲ။အကြောင်းကတော့ ကျမရိုက်ခဲ့ရတဲ့ဓာတ်ပုံတွေဟာ Mr.Philipဖွင့်လှစ်ထားတဲ့"Reiki"သင်တန်းကျောင်းက သင်တန်းသားများအတွက် "သင်ရိုးစာအုပ်"ထုတ်ဖို့ပါတဲ့။ Model တော့ Model ပေါ့....၊
ဒါပေမယ့် ...ကျမအတွက်တော့..."အရှက်ကိုကွဲရောပဲ".....





(အားလုံးပြုံးပျော်နိုင်ကြပါစေ)









20 comments:

ဖိုးစိန် said...

အဟိ


မယ်တော် အရှက်ကွဲသွားတယ်ပေါ့... ဟိ

သရုပ်ဆောင်ခဲ့ရတဲ့ပုံတွေကျတော့ မကျဘူး....

ဘယ်လိုကျင့်စဉ်လဲဆိုတာသိရအောင်းးး


တင်ပါ..

တင်ပါ...

မယ်တော်ပုံတွေ ကြည့်ချင်လို့ပါ...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အမ် အရှက်ကွဲစရာဘာမှလဲတွေ့ပါဖူး
း)

ရွှေရတုမှတ်တမ်း said...

အရှက်မကွဲပါဘူး..
သင်တန်းသားတွေ အထူးစိတ်ဝင်စားအောင်..
ရွေးထားတာလေ..း)

Vista said...

ကင်းမီးကောက်မထောင်ခိုင်းရင်ပီးတာပဲ ဟိ

mosquito said...

အမယ်လေး.... တို့ကတော့ ဘာပဲပြောပြော ဂုဏ်ယူတယ်အေ....

ညလင်းအိမ် said...

မော်ဒယ်ကတော့ မယ်ဒယ်ပါပဲ ...
ဘာမှလဲ မတွေ့လိုက်ဘူး...း)

အချစ်မဲ့ဂစ်တာ said...

အစ်မရေ... ကျွန်တော်လည်း မော်ဒယ်လိုရင် ခေါ်မယ်နော်.... :P

မိုးငွေ့...... said...

အနုပညာဆိုတာ ဘယ်အခန်းကဏ္ဍကပဲ ဖြစ်ဖြစ်ပါဝင်သရုပ်ဆောင်နိုင်ရင်ပဲ ချီးကျူးစရာဖြစ်နေပါပြီ
ဒါအရှက်ကွဲစရာမဟုတ်ပါဘူး နတ်သမီးရဲ့...။
ဒါလဲ မော်ဒယ်ပဲပေါ့နော.း)

kiki said...

ဒီလိုလေး ဇိမ်ကျကျနဲ့ သရုပ်ဆောင်ရတာ ..ဘယ်က အရှက်ကွဲရမှာလည်း လို့  ..
လုံလုံခြုံခြုံ ဝတ်ထားတာပဲလေ...
အဟေးးး ဒါမှ နတ်သမီးကွ ....

အဲ့ ဒါ က ရောဂ (Yoga ) ကျင့်စဉ် မျိုး နဲ့ ဆင်တာလား ဟင် ...
ပြီးတော့ ဘယ်လို ရောဂါမျိုး တွေ ကုလို့ ရတာလဲ..
နောက် သေချာရှင်းပြပေးပါအုံး ။

မိုးစက်အိမ် said...

မဆိုးပါဘူး အမရာ ဒီလိုပါလည်း နည်းလား
တစ်ပုံတောင်ဟုတ်ဘူး အများကြီးပါတာဘဲ :)

Ree Noe Mann said...

အိုး... ဘာပဲဖြစ်ဖြစ် ပါဝင်ခွင့်ရတာကိုက နည်းတဲ့

အခွင့်အရေးမှ မဟုတ်တာ။

ခင်တဲံ ရီနို

ဒါနဲ့ ဖိုးစိန်နဲ့ မတွေ့ဖြစ်ကြဘူလားဗျ။

~ဏီလင်းညို~ said...

ဒီလို မော်ဒယ်(လ်)ဖြစ်ရတာ...နည်းတာမှ မဟုတ်တာပဲနတ်သမီးရယ်...။
ပြီးတော့... နိုင်ဂံဂျားမှာကြီးဟာကိုဗျာ...။ ဂုဏ်ယူပါတယ်..။
(နှဖူးပေါ်မှာ လက်အုပ်ချီတင်ထားတာ... ဘာနတ်ဝင်တာလည်းဟင်...နတ်သမီး..?...။ ကျွန်တော့်စိတ်ထင်..ဂျေဒေါနတ်လားမသိ... အဟီး...)

ကိုရင်နော်ခင်လေးငယ် said...

း)
ပြုံးပြီး ဖတ်သွားပါတယ်..
ဒါအရှက်ကွဲတာ မဟုတ်ပါဘူး..

အရုပ်ကလေး said...

ဓါတ်ပုံအရိုက်ခံလို့ စိတ်အာရုံနိမိတ်အမှန်ဆို
ဖြစ်တည်ရာဖြစ်တည်ကြောင်းမှာ
ကျင့်စဉ်တစ်ခုကို သရုပ်ဆောင်တစ်ခွင်
အခုပြင်ဖို့ ..အတော်လေးနဲ့
စိတ်အမောလေး ဖြစ်ရတယ် ဆိုပါတော့ ..။



ခင်မင်စွာ
idulize(အရုပ်ကလေး)

ညီညီ said...

ဒါလဲ မော်ဒယ် ပါပဲဗျာ.။ အရှက်မကွဲပါဘူး.။

ခင်မင်တဲ့

ညီညီ

Angel Shaper said...

မမကတော့ နောက်တယ်။
ဘယ်ကလာ အရှက်ကွဲရမလဲ။
ဂုဏ်ယူလိုက်စမ်းးးဘာာာာာာဗျာာာာာာာာာာာာ ဟဲဟဲ
မော်ဒယ်လုပ်ရတယ်။ ဟိဟိ

kyawhtet said...

လေးစားပါတယ် မြန်မာပြည်လို မော်ဒယ်လိုမရိုက်ရင်ပြီးတာပဲ အရှက်မကွဲပါဘူး

သားကြီး said...

အရှက်မကွဲလောက်ဝူး ထင်ပါရဲ့ဂျာ

အလင်းသစ် said...

လာလည်သွားပါတယ်။ခွင့်မတောင်းပဲလင့်ချိတ်ထားပါတယ်။ခွင့်ပြုပါခင်ဗျာ။

အတူး said...

ဟားဟားးးးး

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .