Thursday, November 5, 2009

သူနဲ့လမ်းခွဲပြီးတဲ့နောက်...


ချစ်သူနှစ်ဦး ..အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ကြတယ်....။
လမ်းခွဲခြင်းသည်...ဘဝတွင်..စိတ်ထိခိုက်စရာ အကောင်းဆုံး တွေ့ကြုံမှုများအနက်တခုဖြစ်နိုင်ပါသည်။

အမှန်မှာ...လမ်းခွဲခြင်းသည်...သင့်ဘဝ တစိတ်တပိုင်းသေသွားသည်နှင့် မခြားဟု...တချို့ကဆိုခဲ့ကြသည်။

သင်သည် အောက်ဖော်ပြပါအတိုင်း ခံစားရနိုင်ပြီး..တဦးတယောက်သေဆုံးသွားသကဲ့သို့လည်း ဝမ်းနည်းပူဆွေးရနိုင်သည်။
(၁)လက်မခံနိုင်ခြင်း။ သူ ငါ့ကို သိပ်ချစ်ခဲ့တာပဲ..ငါအိပ်မက်များ မက်နေတာလား။
(၂)ဒေါသထွက်ခြင်း။ ငါ့ကို ဘာကြောင့် ဒီလိုလုပ်သွားရတာလဲ...လုံးဝသည်းမခံနိုင်ဘူး။
(၃)စိတ်ဓာတ်ကျဆင်းခြင်း။။ငါဟာဆွဲဆောင်မှုမရှိဘူး..ငါ့ကိုဘယ်သူကမှ သူ့လို ချစ်မှာမဟုတ်တော့ဘူး။
(၄)လက်ခံခြင်း။ ငါကောင်းသွားမှာပါ..လမ်းခွဲလိုက်လို့ နာကျင်ရပေမဲ့ ငါပြန်ကောင်းလာပါပြီ။
သတင်းကောင်းမှာ သင်သည် လက်ခံခြင်းအဆင့်ကို ရောက်ရှိနိုင်ခြင်းဖြစ်သည်..။
ရှေ့ဆက်၍ သင်အသဲကွဲနေသည်ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်

(၁)ဝမ်းနည်းကြေကွဲလိုက်ပါ။ ငိုကြွေးလိုက်ခြင်းက မမှားပါ...။အမှန်မှာ...မျက်ရည်ကျခြင်းက သင်သည် လူပျော့လူညံ့ ဖြစ်သည်ဟု မဆိုလိုပါ...။ သင့်ရဲ့ ဝမ်းနည်းကြေကွဲနေတဲ့...နှလုံးသားကို..မျက်ရည်များနဲ့အတူ..ဖွင့်ထုတ်လိုက်ပါ.....

(၂)သင့်ကျန်းမာရေးကို ဂရုစိုက်ပါ။ ။ကာယလေ့ကျင့်ခန်းနှင့် သင့်တော်သော အစာအဟာရက လမ်းခွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမှ ဆုံးရှုံးသွားသည့် အားအင်တွေကို ပြန်လည်ဖြည့်ပေးပါလိမ့်မည်။

(၃)အလုပ်များနေပါ။ ။ သင်စိတ်ဝင်စားသော အရာများအား လုပ်ဆောင်ခြင်းကို မရပ်တန့်လိုက်ပါနှင့် ။ သင့်ကို ဂရုစိုက်သော သူများနှင့် ပေါင်းသင်းခြင်းက သင့်အားအပြုသဘောရှိသည့် အရာအပေါ် အာရုံစိုက်စေပါလိမ့်မည်။

လမ်းခွဲစတွင်အဆိုပါစကားများက သင့်ကိုနှစ်သိမ့်ပေးနိုင်လိမ့်မည်မဟုတ်ချေ။ လေမုန်တိုင်းတိုက်နေစဉ် မည်းမှောင်နေသောကောင်းကင်နှင့် ရွာချလိုက်သောမိုးကို အာရုံစိုက်ဖို့လွယ်ကူသည် ။ သို့သော် တဖြည်းဖြည်းမိုးတိတ်သွားပြီး ကောင်းကင်မှာ ကြည်လင်လာ၏။ လူငယ်များသည် အချိန်တန်သော် အခြေအနေမှန်သို့ ပြန်ရောက်ခဲ့ကြကြောင်း တွေ့ရှိခဲ့ရသည် ။


8 comments:

~ဏီလင်းညို~ said...

ဖတ်ရတာ ကျေးဇူးပါ နတ်သမီးရေ...
(ကျွန်တော်တွေ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ လမ်းခွဲခံရလို့ မူးအောင်သောက်ပြီး...ဂစ်တာတီးသီချင်းဆိုတာ...သနားစရာကြီးသိလား..နောက်တော့လည်း မသောက်တော့ပါဘူး...။ ပိုက်ပိုက်မရှိတော့လို့လားမသိပါဘူး...အဟီး...)

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အသဲကွဲရင် ချစ်သူနဲ့လမ်းခွဲပြီးရင်
ဝမ်းနည်းလိုက်မယ် ငိုပစ်လိုက်မယ်
အချိန်လေးတခုထိပေါ့ဗျာ
နာကြင်တာတွေရင်ထဲကြာကြာသိမ်းမထားနိုင်ဖူး
း) ပြောပြီးသား အသဲလေးကို ဟဲဟဲ
တူကပြောတယ်တော်တော်ချစ်တာပဲနော်တဲ့
း)

ကျွန်တော် said...

အင်း.. တစ်ရက်တော့ငိုပါပေါ့.. ဟုတ်လား..ဟဲဟဲ.. ကိုဘိုင်ကျ.. ဒေါက်ဖိနပ်နဲ့ မခုတ်သွားတာကံကောင်း..ဟီဟီ

ညလင်းအိမ် said...

တကယ်တော့လည်းလမ်းခွဲခြင်းဟာ...
လမ်းခွဲခဲ့သူကတော့ စွန့်လွှတ်ခြင်း (ချစ်လွန်းလို့စွန့်လွှတ်တာလည်း ဖြစ်နိုင်ပါတယ်)
လမ်းခွဲခံခဲ့ရသူကတော့ ကျန်ရစ်ခြင်း ပေါ့။
(လမ်းခွဲချင်လို့ ခွဲခဲ့တာမှမဟုတ်တာကိုး)
မေ့ပျောက်ချင်တာတော့ မဟုတ်ပါဘူး...
အတင်းကိုမေ့ပျောက်လိုက်ရတာပါ...
တခါတခါမှာ ဖူးစာဆုံဖို့ လမ်းခွဲခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ် ။ :P

ဏီ(န်)ကင်း said...

မှန်ကန်တဲ့ရွေးချယ်မှုတွေပါ။ ကောင်းပါတယ်

သိင်္ဂါကျော် said...

mail ထဲက ရဖူးပါတယ်.. လိုက်နာသင့်တဲ့ အချက်တွေပဲနော...

Thet Naing Tun said...

လက်တွေ့ကျတဲ့ အချက်တွေပါပဲ။း)

Angel Shaper said...

အဲလိုပဲ ဖြစ်သင့်တယ် လုပ်သင့်တယ်နော်။
မှတ်သားထားမယ်။ သူငယ်ချင်းတွေကို ဆရာလုပ်ရမယ်။ အဟိ

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .