Saturday, October 17, 2009

ဆက်ချစ်နေပါရစေ..


မင်းပေးခဲ့တဲ့
မျှော်လင့်ချက်အလင်းရောင်နဲ့
ငါ..ရင်ကော့ပြီး လမ်းလျှောက်ခဲ့ဖူးတယ်
ငါ့ဘေးမှာ မင်းရှိနေတုန်းကပေါ့....။
ခိုင်မာတဲ့ ယုံကြည်ချက်တွေနဲ့
ဘဝအတွက်
ငါ..အိမ်ကလေးတစ်လုံးဆောက်ခဲ့ဖူးတယ်
ရင်ထဲမှာ မင်းရှိနေတုန်းကပေါ့....။
ပျှော်ရွှင်ခြင်းတွေ ပြည့်နှက်နေတဲ့
အချစ်နိဗ္ဗာန်ကို ငါ ရောက်ခဲ့ဖူးတယ်
မင်းနဲ့ငါ အတူရှိနေစဉ် အချိန်တုန်းကပေါ့....။
အခုတော့
အချစ်နိဗ္ဗာန်ပျောက်လို့
အချစ်ငရဲရောက်ခဲ့ရတဲ့...ငါ....။
မှောင်အတိ အလင်းမရှိ
ငါ ဆောက်ခဲ့တဲ့
မင်းအတွက် အိမ်ကလေးထဲမှာ
မျှော်လင့်ချက် မရှိတော့တဲ့
ငါ့ ဘဝ....
မင်း..နင်းချေခဲ့လည်း
ပျက်သုန်းသွားတဲ့ ငါ့နှလုံးသား
သွေးရူးသွေးတန်းနဲ့
ငုတ်တုတ်“ထ”ထိုင်လို့
မင်းနာမည်ကို တဆာဆာအော်ခေါ်ရင်း
ငါ့အချစ်တွေ
မင်းတစ်ယောက်ထဲအတွက်မို့
ငါလေ...
ရင်မှာ မျက်ရည်အပြည့်နဲ့ကြေကွဲနေလည်း
နောက်ဆုံးထွက်သက်အထိ
မပြောင်းလဲနိုင်တဲ့အချစ်တွေနဲ့
မင်းကိုပဲ
“ထာဝရ”...ဆက်ချစ်နေပါရစေ....။

(နမ်းမဝ)

2 comments:

နိုင်နိုင် said...

ဦးဦးဖျားဖျား
စူးစမ်းသွားသည်
သူ့အတွက်ဆိုပြီး
မျှော်လင့်ခြင်းတွေ
ယုံကြည်မှုတွေ
အနာဂါတ်တွေ
ပျော်ရွှင်ခြင်းတွေကို
သူကပဲဖြက်ဆီးပြစ်တာပဲလေ
အချစ်ဆိုတာကိုခင်တွယ်နေသမျှတော့
ဘဝတွေပြိုလဲနေအုံးမှာပဲ
ဘယ်သူမှလဲအချစ်နဲ့မကင်းနိုင်ပါလားနော်
ကျနော်လဲပါတယ် ဟီးးးးးးးးးးးးး

ရွှေရတုမှတ်တမ်း said...

ကဗျာလေးတွေ တွေ့ရလို့ ဘဘ ဝမ်းသာပါ့ဗျာ....

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .