Tuesday, October 13, 2009

ဆိုက်ပရပ်စ်...ရိုးရာ ကော်ဖီ






Cyprus နိုင်ငံရဲ့ စိတ်ဝင်စားစရာများထဲတွင် "Cyprus coffee" ဟုခေါ်သော ဒေသခံများအများဆုံးသောက်သုံးလေ့ရှိသော ကော်ဖီတစ်မျိုးလဲ ပါဝင်သည်။

ကော်ဖီခွက်၏ပုံစံမှာမြန်မာနိုင်ငံမှလ္ဘက်ရည်ဆိုင်များတွင်သုံးလေ့ရှိသော ခွက်များနှင့် အရွယ်အစားဆင်တူပါသည်။

(၁)Sketos (သကြားမပါ)။

(၂)Medium( သကြားတစ်ဇွန်း)။

(၃)Sweet(သကြားနှစ်ဇွန်း) ဟူ၍ ၃မျိုးခွဲခြားထားသည်..။

နွားနို့မပါသော အသုံးမပြုရသော Coffee အမျိုးအစားဖြစ်၍ အလွန်ခါး အလွန်ပျင်းသောအရသာရှိသည်။

ထို့ကြောင့် ဤCoffee နှင့်အတူ သောက်ရေတစ်ခွက်ကိုပါ ထည့်ပေးလေ့ရှိသည်။

ဤCoffee ကိုသောက်ပြီးပါက Coffee ခွက်၏အောက်ခြေတွင်ကျန်ရှိခဲ့သော အနည်အနှစ်များ၏ပုံစံကို အတိတ်နမိတ်ကောက်သော ကစားနည်းကို ဒေသခံများအလွန်နှစ်သက်ကြသည်။

"Cyprus coffee" ဟုထင်ရှားသော်လည်း အဓိက အရင်းမြစ်မှာ တူရကီနိုင်ငံမှ ဆင်းသက်လာသော ရိုးရာဓလေ့ဟု သိရှိရပါသည်။



3 comments:

့hnin said...

သောက်ကြည့်ချင်တယ် မမရေ...
စာကျက်ရင်း အိပ်ငိုက်လွန်းလို့ပါ ဟီးး)
ဗဟုသုတပေါ့နော် ....
ချစ်တဲ့ နှင်း
hninhaymar

kiki said...

ကော်ဖီကြိက်လို့  ဝင်မိုက်လိုက်ပါတယ် ..
ကော်ဖီခါးခါးကို ချစ်ကောင်းလဲ ကြိုက်ခဲ့ ဖူးတယ် ။။
ဆိုက်ပရပ်စ်ကော်ဖီက Espresso ထက် ခါးတာလား ဟင် ..
အခါးလွန်တဲ့ကော်ဖီက အချဉ်ဓါတ်ပေါက်တယ်လို့ ဆိုကြတာ တကယ်လား ....

အဖြူရောင်နတ်သမီး said...

ခါးတယ်..မကိရဲ့..
အဲဒီလိုခါးလို့လည်း...ကော်ဖီသောက်ပြီးရင် ရေပါပြန်သောက်ရတယ်..။
ခွက်လေးကလည်း သေးသေးလေးရယ်..၊ပက်ချိန်တဲ့ခွက်အတိုင်းပဲ..။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .