Tuesday, September 29, 2009

ဝိညာဉ်မဲ့...ပန်း







ပန်းတစ်ပွင့်
အလွမ်းရင့်လို့
ပန်းသခင်ကိုစောင့်ရင်း
နွမ်းရောင်သန်းနေပြီ.........။
အဝေးဆီက
ဒီ ပန်းရဲ့အခင်
ဘယ်ဆီကို သဝေထိုး
ပန်းဟောင်းကိုပစ်
ပန်းသစ်ကိုနမ်း
ပန်းဝင်္ကမ္ဘာထဲမှာ
ပန်းတွေနဲ့ တဝဲလည်လည်...............။
ဝတ်ရည်ကျူးတဲ့
ပျားပိတုန်းဘုရင်
အပြန်လမ်းပျောက်လို့
ဒီ ပန်းဟောင်းကို
မေ့လေရော့သလား
ကျန်ရစ်သူ ဒီပန်းမှာဖြင့်
တမ်းခြင်းတွေထပ်
လွမ်းခြင်းတွေရင်မှာအပ်လို့
ဝိညာဉ်မဲ့ကာ
သခင်ကို
လွမ်းလျှက်နဲ့နွမ်း.........။

3 comments:

သက်တန့်ချို said...

ပန်းပွင့်လေးက သူ့သခင်ကိုစောင့်နေတာပေါ့နော်
ပန်းသခင်
ကလည်းဘယ်သွားနေမှန်းမသိ တွေ့မှပြောလိုက်အုန်းမယ်..:)

မိုးစက်အိမ် said...

ပန်းသခင်နဲ. ပြန်လည်ဆုံတွေ.နိုင်ပါစေဗျာ
ကဗျာလေးနုနုလေးဘဲ ကောင်းတယ်ဗျာ

နွေဆူးလင်္ကာ said...

ဟုတ်တယ် နွမ်းရောင်သန်းတာတော့ မသိဘူး။ အသက်တွေကြီးပြီး အတော်တော့ ရင့်နေပြီ ဟီးဟီး။ နောက်တာ ဂျီးတော် ...

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .