စီးပွားရေးသမားများအနေနှင့် ကိုယ်ရောင်းချချင်သော ကုန်ပစ္စည်းအား အမြန်ထွက်လိုလျှင် (သို့) ရောင်းကောင်းလိုလျှင် ကြော်ငြာရပါတယ်..။ ဥပမာ...ရောင်းကုန်ပစ္စည်းဖြစ်သော ဗီဒီယိုဖာတ်လမ်းများ (သို့) VCDကာလာအိုကေ အခွေများဆိုပါစို့..။
မိမိဖြန့်ဖြူးလိုသော ဤခွေအား “ပေါက် ” အောင် ..ရောင်းကောင်းအောင်..စိတ်ဝင်စားလာပြီး ကြည့်ချင်လာအောင် ၊လူအများသိလာအောင် ဤဇာတ်ကား “စ” ရိုက်သည့်နေ့ ၊ ကန်တော့ပွဲပေးသည့်နေ့မှ “စ” ခွေဖြန့်ချီရက် ရောက်သည့်နေ့အထိ နည်းမျိုးစုံဖြင့်ကြော်ငြာရပါတယ်...။
ဤဇာတ်ကားမထွက်မီ စာနယ်ဇင်းဆရာများ ဖိတ်၍ အစမ်းပွဲပြသခြင်း..စာစောင်..မဂ္ဂဇင်း..များတွင် ပလူပျံအောင်ထည့်ခြင်း ဤဇာတ်ကားရိုက်ကူးစဉ်က ဖြစ်ပျက်ခဲ့သောအမှတ်တရများ ကိုပရိသတ်များစိတ်ဝင်စားလာအောင် ဓာတ်ပုံများနှင့်တကွ
စာစောင်..ဂျာနယ်များတွင်ထည့်သွင်းရေးသားခြင်း..၊တခါတလေ...ဤဇာတ်ကားနှင့်ပါတ်သက်ပြီး...ထုတ်လုပ်သူနှင့် ဒါရိုက်တာ..၊ထုတ်လုပ်သူနှင့် အရုပ်ဆောင်...၊ဒါရိုက်တာနှင့် အရုပ်ဆောင်..၊များ၏ ရိုက်ကွင်းအတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပရိသတ်များစိတ်ဝင်စားလာအောင် ဂျာနယ်များတွင် “ဖွ” ရပါတယ်..။
အဲဒါတွေပြီးလို့..ဤဇာတ်ကားအတွက် ကြော်ငြာ ပိုစတာ ထုတ်ရာမှာ စိတ်ဝင်စားစရာကောင်းသော ဇာတ်ဝင်ခန်းများ ၏ ဓာတ်ပုံများကို ဆင်ဆာလွတ်အောင်..စိစစ်ရွေးချယ်ပြီး ထည့်သွင်းရပါတယ် အထူးသဖြင့် မြို့ကြီးများနှင့် နယ်များယှဉ်ရောင်းရာတွင်..နယ်ကိုယ်စားလှယ်များက ဝယ်အားသန်ပြီး ရောင်းဈေးကိုလဲ စိတ်ကြိုက်ညှိနှိုင်းလို့ရပါတယ်...ညည့်အတွက် နယ်အကြိုက် Fighting ခန်းဇာတ်ပုံအချို့ကို ပိုစတာတွင် မထည့်မဖြစ် ထည့်ပေးရပါတယ်..။ မြို့ကြီးများကတော့ ပုံမှန်သတ်မှတ် (မင်းသား) ဈေးရှိပြီးသားမို့ သိပ်စိတ်ပူရန်မလိုပါ..။
ဤ ဇာတ်ကား ဆင်ဆာကျ၍ ဖြန့်ချီရာတွင် ရန်ကုန်မြို့မှအပ...အခြားမြို့များနှင့် နယ်များကို အရင်ဖြန့်ရပါတယ်..။ရန်ကုန်မြို့အတွက်တော့ ၃ လ ခန့်နောက်ဆုတ်ပြီး နယ်များနှင့် အခြားမြို့များရောင်းပြီးခန့်တွင် ဖြန့်ရပါတယ်..။
ရန်ကုန်မြို့အတွက် ဗီဒီယိုဇာတ်ကားများဖြန့်ချီရာတွင် တနင်္ဂံနွေနေ့ အပတ်စဉ်တိုင်းကို ကားသစ်ဖြန့်ချီရက်အဖြစ် ရုပ်ရှင်အစည်းရုံးမှသတ်မှတ်ပေးထားပါတယ်..။ ကုမ္ပဏီများမှ မိမိတို့ ၏ကိုယ်ပိုင်ခွေများအား..ဖြန့်ချီရက်ဖြစ်သော တနင်္ဂံနေ့များတွင်.....အခြားကုမ္ပဏီမှ မင်းသားများနှင့်ယှဉ်ပြီး ဖြန့်ချီရက်ကို ရွှေ့ရပါတယ်..။
အဲဒီကတဆင့် ပရိသတ်လက်ထဲရောက်ပြီဆိုရင်တော့...တပါတ်စာထွက်သော video ကားများထဲမှ ကိုယ်ဖြန့်ချီသော ဇာတ်ကား “ပေါက်” “မပေါက်” ကို..ပရိသတ်မှတဆင့် ရင်ခုန်စွာ စောင့်စားရင်း “video ထုတ်လုပ်သူ တစ်ဦး၏ video ဇာတ်ကားဖြန့်ချီပုံ နှင့် “ဖွ” နည်း အတတ်ပညာ”ကို ဗဟုသုတအဖြစ် လက်ဆင့်ကမ်းလိုက်ရပါသည်..။
*အဖွကောင်း၍ အရမ်းပေါက်ပြီး ခိုးကူးခွေနှင့်မိလျှင်တော့ ရှုံးဖို့သာပြင်ပေါ့....
ဤ နည်းဖြင့် Video ထုတ်လုပ်သူ တစ်ဦး၏ Video ဇာတ်ကားဖြန့်ချီပုံ နှင့် “ဖွ” နည်း အတတ်ပညာကို တစေ့ တစောင်း ဖော်ပြလိုက်ရပါသည်...
Tuesday, August 4, 2009
ထုတ်လုပ်သူတစ်ဦး၏ Videoဇာတ်ကားဖြန့်ချီပုံနှင့် “ဖွနည်း”အတတ်ပညာ
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
0 comments:
Post a Comment