
နှလုံးသားမှာ........
ဆူးနစ်နာကျင်တဲ့....
ဝေဒနာတွေနဲ့
အချစ်ဆိုတဲ့
အခန်းကျဉ်း ...
ဒေါင့် တစ်နေရာမှာ
“ငါ”...........
ငူငူကြီး ထိုင်နေတယ်
ဒီဝေဒနာကို.....ဘာကြောင့်
ငါ ယူနေမိပါလိမ့်
တွေးရင်းနဲ့ပဲ
ငါ့နှလုံးသားက
သွေးစိမ်းရှင်ရှင်တွေ
“ဝေါ” ကနဲ...ထွက်ကျအလာ
နောက်ဆုံးထွက်သက်မရောက်ခင်
သိလိုက်ရတာက
“ငါ”.......
အဆိပ်သင့်.....သူ...........
1 comments:
အင်း အဲဒီအဆိပ်ကတော့ ဖြေဆေးမရှိဘူးထင်တယ်နော်
Post a Comment