တန်ဆောင်တိုင်ပွဲတော်ကို ဘုရားမပွင့်မီအခါက ဂြိုဟ်နက္ခတာရာများကို အဆိုးရသော
နတ်ဘုရားများအား ဂုဏ်ပြုသောအားဖြင့် ကြတ္တိကာပွဲဟုခေါ်တွင်ခဲ့သည်။
“တန်ဆောင်”ဆိုသည်မှာ မီးရှူးမီးတိုင်ဟု အဓိပ္ပါယ်ရ၍ “ပုန်း”မှာ မီးပန်းများထွန်းလင်းတောက်ပစြေ
ဖြစ်၍ “မီးရှူးမီးတိုင်တို့ကို တောက်ပစေသောလ”ဟု အနက်အဓိပ္ပါယ်ရပါသည်။
လောကနီတိဆရာက “သရဒံ ဥတုကာလနံ ပဓာနံ”(လ တကာတို့တွင် တန်ဆောင်မုန်းလသည် အမြတ်ဆုံးလဖြစ်သည်)ဟု ရေးစပ်ခဲ့ဖူးသည်။
တန်ဆောင်မုန်းလသည် ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိ
ခဝဲပန်းများပွင့်လန်းသော တန်ဆောင်မုန်းလတွင် ဗုဒ္ဓခွင့်ပြုတော်မူခဲ့သည့် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ စ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ (၁)လအတွင်း မိမိကထိန်ခင်းလိုသော ရက်ကိုရွေးချယ်၍ မိမိတို့နှင့်ပတ်သက်ရာ ဘုန်းကြီးကျောင်းများတွင် အလှူပေး၍ ကထိန်ပွဲများကိုကျင်းပလေ့ရှိသည်
“အလှူမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်၊ ရတနာမှာ စိန်၊ကျောင်းမှာ သိမ်” ဟူသော စကားကို ဗုဒ္ဓဘာသာဝင်တိုင်းသိထားကြမည်ဟု
အကြောင်းတိုက်ဆိုင်၍ အနည်းငယ်ဖြည့်စွက်လိုသည်မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း သီတင်းကျွတ်လပြည့်ကျော်(၁)ရက်ေ
အဲဒီအလှူဒါယိကာများထဲတွင် ကျမ၏မေမေလည်းတယောက်အပါအဝင်ဖြစ်
ကျမကိုဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်အောင် နည်းလမ်းပြပေးခဲ့သောမေမေ၊
ဝမ်းမှကျွတ်ကတည်းက ကျမကိုအလှူဒါနနှင့်မိတ်ဆက်ပေးခဲ့သောမေမေနှင့်
အတိတ်နမိတ်ကောက်၍ နေ့သင့်နံသင့် လှပသော အမည်လေးနှင့်တကွ ကံကောင်းခြင်းလက်ဆောင်များကို ဘဝတသက်စာပေးခဲ့သာ ဖေဖေတို့အား ကျမ၏မွေးနေ့သို့ေ
အအေးများ..



Candy Corn cocktail

Kiwi cocktail

Black background short drink

နတ်သမီးနဲ့ အလုပ်ထဲက သူငယ်ချင်း MAYA ရဲ့မွေးနေ့ တရက်ထဲမို့..ကိတ်မုန့်အတူတူခွဲကြမယ်
Salad

Sea food salad(Prawns Cocktail)
Garlic Bread



Hot and sour Chicken

Chicken with Brocolli

Taiwan cabbage

Sweet and sour Chicken

Chicken with black been

Chicken with vegetables

Chicken and mix seafood soup
Jelly cake

Fresh Fruits Ice cream


နတ်သမီးရဲ့မွေးနေ့ကို ရောက်လာကြတဲ့သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါကြောင်းပြောကြားရင်း ရရှိထားသော လက်ဆောင်များကို ဖော်ပြပေးလိုက်ပါတယ်။မအားလပ်တဲ့ကြားက နတ်သမီးအတွက် ဓာတ်ပုံများ၊ အက်ဆေးများ၊ ကဗျာများ ပေးပို့ကြသော သူငယ်ချင်းများနှင့် Facebook မှာ ဆုတောင်းပေးကြသော သူငယ်ချင်းများ၊ E mail နှင့် မွေးနေ့ဆုတောင်းများ ပေးပို့ကြသော သူငယ်ချင်းများအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။
နှပ်သမီးရေ... မွေးနေ့လက်ဆောင်ပုံပါ.. ကျုပ်က Vandar Thee ကိုဆွဲခိုင်းတယ်။ သူက သူ့ကောင်မလေး ပန်းချီဆရာမကို ပြန်ဆွဲခိုင်းတော့ ခုမှရတာ..း)))(ဦးလေးသာဝ ရဲ့လက်ဆောင်)

သူငယ်ချင်းသဒ္ဓါလှိုင်းရဲ့လက်ဆောင်

မချောရဲ့လက်ဆောင်

Black Rozeရဲ့လက်ဆောင်

နော်ဖောရဲ့လက်ဆောင်

ကိုရွှေပုရဲ့လက်ဆောင်

Noble Moe ရဲ့လက်ဆောင်

မောင်(စွယ်စုံကျမ်း)ရဲ့လက်ဆောင်

အောင်မြင်မှုအစီစဉ်တွေရေးဆွဲနိုင်ပါစေ........................................။
လောကအလယ် မှာ
သောကမကြွယ်တဲ့
ဒေါန၊ စံပယ်တွေလို
ပန်းတကာထက်မွှေး
စန်းတကာထက်အေး၍
အလွမ်းကမ္ဘာလေးနဲ့ ဝေးပါစေ..လို့ 
မင်္ဂလာရှိသော မွေးနေ့ အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါ၏..။
တစ်ရက် ၊ တစ်လ ၊ တစ်ခဏ သာမဟုတ်တဲ့
တစ်သက် တစ်ဘ၀ ထာဝရခင်မင်မှုများစွာဖြင့်
မမနတ်သမီးရဲ့ မောင်လေး.....
.မောင်(စွယ်စုံကျမ်း)
နာမည်ကတော့ မပြင်ဝူးနော် အတေခံလိုက်မယ် တတ်ချင်တတ်ပလိုက်...:p

အန်တီတင့်
“ပျော်ရွှင်သောမွေးနေ့ ပေါင်းမြောက်များစွာကိုနောင်နှစ်ပေါင်းများစွာအထိပျော်ရွှင်စွာကျင်းပနိုင်ပါစေ”(ကိုဂျစ်တူး)
၁၉ နို
နှင်းမိုးတွေ ခက်ဖွဲဖွဲနဲ့
နိုဝင်ဘာက စိုစွတ်စွာပြုံးတယ်...
ဒီနေ့
ဟိုး ....အနောက်မြောက် ယွန်းယွန်းက
ကျွန်း တစ်ကျွန်းမှာတော့
နတ်သက်ကြွေ နတ်သမီး
စောင်းတီးလို့ တေးဆိုနေလေရဲ့
နိုဝင်ဘာနတ်သမီးရေ...
ပန်းကလေးလို မွှေးပါစေ
နေခြည်ထွေးလို့ နွေးပါစေ
(Royal.rio)
.....................................................................
မနက်ဖြန်-စနေမှာ ကျရောက်မယ့် မွေးနေ့အတွက် ကြိုတင်ဆုမွန်ချွေခဲ့ပါတယ် ညီမလေးရေ..။19.11.2011 မွေးနေ့ရက်မှသည် ကျန်းမာချမ်းသာစွာ စာတွေရေးနိုင်ပါစေ..။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျပါစေလို့...။

..........................................................................
2011-Nov-19 ရက်နေ့တွင်ကျရောက်သော “မ”
Happy Birthday
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ ပျော်ရွှင်ချမ်းမြေ့ပါစေ..
(ပဲပုတ်)
...............................................................................
နတ်တွေအမျိုးပေါင်းများစွာ .. ၃၇ မင်း နတ်မင်းကြီးများ ၊ နတ်မင်းကလေးများ ၊ မြန်မာနတ် ၊ အင်္ဂလိပ်နတ် ၊ တရုပ်နတ်၊ ဘင်္ဂါလီိ နတ် ၊ မျက်နှာ ရောင်စုံနဲ့ နတ်ပေါင်းစုံ ၊ နတ်ဝတ် တန်ဆာ အစုံအလင် နဲ့ နတ် ၊ Nuts ခေါ် နတ် မျိုးစုံ ၊ အချစ်နတ် ၊ မျှား ပစ်တဲ့ နတ် ၊ အိမ် စောင့် တောစောင့် သစ်ပင်စောင့် နတ် .... အဲဒီ နတ် မျိုး စုံ တွေ အထဲမှာ မှ ထူးထူး ခြားခြား နတ်သမီးလေး တစ်နတ် ..အဲ..တစ်ပါး ။ မွေးဖွားလာခဲ့တာ နှစ်ပေါင်းများစွာ .. ဘယ်နှစ် နှစ်မှန်း သေချာ မသိ လို့  ?? နှစ် ပြည့် မြောက် တဲ့ ရက်ကလေး ရောက်လာပြန်ပါပြီ ။
အဲ ဒီ နတ်သမီးလေးက အဲဒီနေ့  ရောက်ခါနီးတိုင်း ဟိုလူ့  အပူကပ် ဒီလူ့ အပူကပ် ပြီး ၊လူ အတော်များများ မေ့ လျှော့နေတတ်ကြတဲ့ နတ်မွေးနေ့ အတွက် နတ်သဘင်ပွဲကို ဆင်နွှဲ တတ်လေ့ရှိကြတဲ့ အတိုင်း ၊ ဆုတောင်း သဝဏ်လွှာလေး ပို့ ပေးပါ မဲ့ အကြောင်း မက်ဆေ့ခ်ျ ပို့ပေးတတ်တာမို့  မသိချင်ယောင်ဆောင်နေချင်လို့ လည်း မရ ၊ အတော် ဂွတီးဂွကျ နဲ့ ပဲ မရေးတတ်တဲ့ ဆုတောင်းခန်းလေးကို ရေးပေးလိုက်ရပါတော့တယ် ။
“ မပြုစားနဲ”့ ဆိုပြီး “ ရင်ခုန်မိသူ ” တယောက်ကို “ ကိုယ်မညာတော့ဘူး” ကွယ် ။“ မင်းလေးအနားမှာ” ၊ “ ယုံကြည်သော အချစ်” နဲ့ “ မျှော်လင့်ခြင်းတသက်တာ ” ရယ်လို့ မှတ်ပြီး “ တိတ်တိတ်လေး ချစ်သွားမှာ ” ပါ ။
ဒီတော့ “ နှုတ်ဆက်မျက်ရည် ” ဝဲပြီး နတ်သမီး အတွက် “ သီချင်းလက်ဆောင်” လေး တပုဒ် ပေးခဲ့ပါတယ် ချစ် ပိတ်သတ်ကြီးတို့ ရယ်..အိန်ဂျယ် နတ်သမီး လေးက အဖြူရောင် ဆိုတော့ “ လိုက်ဖက်တဲ့ဘဝ” ထဲက နတ်သားလေး တစ်ပါး နဲ့ အမြန်ဆုံး တွဲဖက်နိုင်ပါစေ ။
တရုပ်စားတော်ဆက်ကြီးထဲမှာ အီလည်လည် မဆလာ နံ့ များမှ တခါတရံ ကင်းလွတ်ဝေးပြီး ချို မြ မြ အချစ်သီးချိုချို လေးတွေ စားသုံးနိုင်ပါစေ ။
နောင်နှစ်ပေါင်းများစွာမှာလည်း ချစ်ပိတ်သတ်ကြီးအား ဗီဒီယို သီချင်းများစွာ များစွာ များစွာ တင်ပြပြီး နှိပ်စက်..အဲ ... လှတပတလေးများအား မျှဝေခံစားခြင်း ပြု နိုင်ပါစေ လို့ ....ရာသက်ပန် ခင်မင်စွာ..
မကိ .. ( နှင်းဆီ၊ စပါယ်၊ ခရေ၊ ပိတောက် ပန်းပေါင်းစုံ တို့ရဲ့ အရှင်သခင်....း)))
(အံမလေးးး မောထှာ ...သူ့ ရှိရှိသမျှ ဗီဒီယိုMV သီချင်းတွေ ပြန်လိုက်ရှာ ကြည့်ရသေးတယ် ပြုစားလွန်းတဲ့ နတ်သမီးရယ်....)
................................................................
“နတ်သမီးပုံပြင်”

နှင်းရည်ဖျန်းပက်၊ ဟောဒီလိုနေ့ရက်မျိုးမှာပေါ့
ဟိုးးးးဆယ်စုနှစ် (၃)ခုလောက်တုန်းက
အမေတစ်ယောက်ရဲ့ အပြုံး
အလှဆုံးဖြစ်ခဲ့ဖူးတယ်။။
ခါတော်မှီ အအေးဓာတ်တွေ၊ တသက်သက်နဲ့ရစ်ပတ်တုန်း
အိပ်စက်ဖို့ အရွက်တွေသိမ်းတဲ့ အစိမ်းရင့်ရောင်သစ်ပင်တွေ
စိမ်းရာက ဝါ၊ ဝါရာက နီ၊
မြေမဟီပေါ် ကဗ္ဗလာခင်း ရဲရဲတောက်နေတဲ့အဆင်းတွေနဲ့
(အဲဒီမြင်ကွင်းကို..)
ငေးကြည့်နေတဲ့ သူမရဲ့မျက်ဝန်းအလှမှာ
လွမ်းဆွတ်ခြင်းတွေ ဖိတ်ကျလာတယ်
တကယ်ဆို သူမမျှော်ရည်ကြည့်နေမိတာ
အရှေ့တောင်စူးစူးအရပ်ဆီပါလား။။
ဆိုက်ပရပ်စ်မှာ တိုက်ခတ်တဲ့လေထဲ
သူစိမ်းဆန်ခြင်းတွေ ရေတောင်မရေနိုင်ခဲ့ဘူး
ရင်ထဲမှာမချိအောင် လွမ်းနေမိတာများ
သူမရင်ထဲ အေးစက်စက်ဆောင်းရာသီတွေ
တဖြုတ်ဖြုတ်နဲ့ကို ကြွေလို့။။
တစ်ချိန်တုန်းကတော့ ပုခက်လွှဲတဲ့လက်နှစ်ဖက်ကြားမှာ
သံသယလည်းထားစရာမရှိ
ညီမျှတဲ့ အပြန်၊အသွားမှာ၊ကံတရားကလည်းကြည်
လိုလေသေးမရှိတဲ့ဘဝနဲ့(သူမလေ)
မြန်မာပြည်ရဲ့ နေ့ရက်တွေကြားမှာ
သမပိုင်းရာသီဥတုနဲ့မို့ ဘဝကလည်းသမမျှတခဲ့
သူမဘဝရဲ့ ထိုစဉ်အချိန်တွေတုန်းကတော့
အလှပဆုံးအဖြူရောင်နတ်သမီးတစ်ပါး
မွေးရက်မှာ နှင်းစက်တွေနဲ့တူယှဉ်တွဲ
ဆင်နွှဲနေလိုက်ပုံများ
သဘာဝတရားနဲ့ တစ်သားတည်းကိုဖြစ်လို့။။
ခုတော့လည်း ဆယ်စုနှစ်(၃)ခုလောက်ဖြတ်သန်း
သူမလှမ်းခဲ့တဲ့ ဘဝလမ်းမှာ
ကြမ်းတဲ့နေရာကြမ်း၊ လန်းတဲ့နေရာလန်းခဲ့
ပန်းတွေပွင့်လိုက်၊ အလွမ်းတွေသင့်လိုက်နဲ့
ရင်ဘတ်တစ်ခြမ်းလုံးလည်း
အလွမ်းရောင်တွေ ရင့်နေလိုက်တာများ
သူမရဲ့ နှလုံးသားထဲမှာ
သိမ်းထားရတဲ့ကဗျာတွေ တောင်ပုံ၊ယာပုံ စုပြုံလို့။။
အရိုးရှင်းဆုံးနိုးထတဲ့ (သူမရဲ့)မနက်ခင်းတွေမှာ
အနူးညံ့ဆုံးအပြုံးတွေနဲ့ တန်ဆာဆင်ခဲ့ပါရဲ့
ဒါပေမယ့်ကွယ်
တချို့တချို့တွေရဲ့ အသုံးချမှုမှာ
အဲဒီအပြုံးတွေထဲ ဖျက်ရာတွေဒင်းကြမ်းထပ်ခဲ့။။
အပေါ်ယံမျက်နှာဖုံးနဲ့ ဟန်ဆောင်အပြုံးတွေကြား
တချို့တွေရဲ့မျက်လုံးများကို မဖတ်တတ်ခဲ့တော့
တစ်သက်စာသင်ခန်းစာတွေနဲ့
သူမဘဝရဲ့နေ့ရက်တွေ အေးစက်လာလိုက်တာများ
ဥရောပရဲ့ဆောင်းရာသီတောင် လက်မှိုင်ချခဲ့
နင်းကြမ်းလိုအသုံးချခံခဲ့ရတဲ့ (သူမရဲ့) နှလုံးသားခင်းလမ်းတွေအကြောင်း
တွေးမိတိုင်းတော့ စိတ်နာတတ်နေရှာပြီ။။
ဘဝဆိုတဲ့ ကင်းဗတ်စကိုဘောင်ခတ်ရင်း
ခပ်ပြင်းပြင်းစုတ်ချက်တွေနဲ့ ခပ်တင်းတင်းလေးပုံဖော်ခဲ့ပေမယ့်
သူမရဲ့ရင်တွင်းဆန္ဒတွေကတော့ ခုထိကိုမလင်းနိုင်ခဲ့သေးဘူး
ခပ်ယဲ့ယဲ့ပြုံးတတ်တဲ့ နှုတ်ခမ်းတွေဆီ
ယောင်ယမ်းပြီးတို့ထိမိတယ် တကယ်ဆို
တစ်သောင်းတစ်ထောင်ကျော်ပြီဖြစ်
သူမတမ်းတတဲ့လမင်းက ခုထိကိုလမ်းပြဖို့ထွက်မလာခဲ့ဘူး
(တော်ပါပြီကွယ်..)
လေပြေနွဲ့ရုံနဲ့တင် ဒီမျက်ဝန်းတွေ ငွေ့ရည်ဖွဲ့ချင်နေခဲ့ပြီပဲ
မျှော်လင့်ရတာလည်း မောလွန်းခဲ့ပါပြီ။။
ဘာပဲဖြစ်ဖြစ်လေ
မဆုံးတဲ့တမ်းချင်းတချို့တော့ ရှိသေးတာပေါ့
နေ့နဲ့ညဖြတ်မျဉ်းကြားမှာ မျှော်လင့်ခြင်းက
ချက်ချင်းတော့လည်း မချုပ်ငြိမ်းနိုင်တာမို့
သက်ပြင်းတစ်ချို့နဲ့ မြိုမြိုချခဲ့တဲ့
ခံစားချက် ရှတတတွေ
သူမရဲ့စာမျက်နှာမှာ ကဗျာပန်းတွေအဖြစ်ဝေလို့။။
၁၁၃၂၂ ရက်ဖြတ်သန်းခဲ့
နမ်းမဝဆိုတဲ့ သူမရဲ့ဘဝခရီး
အဖြူရောင်နတ်သမီးဆိုပြီး ကဗျာတွေနဲ့ပဲကြီးထွားခဲ့ရ
တကယ်ဆို ရင်နဲ့မဆန့်တဲ့ထိ
ဒဏ်ရာတွေက တစိတ်များလွန်းတယ်ကွယ်
အိပ်ဖို့မလွယ်တဲ့ညတွေလည်း
ကော်ဖီခါးခါးတစ်ခွက်ထဲကို စီးဝင်သွားကြလေရဲ့
တားဆီးမရတဲ့ စိတ်ဗီဇတွေအတွက်
ကဗျာကအခါခါသတ်တာ ခံခဲ့ရတယ် (ဒါပေမယ့်ကွယ်..)
သူမကတော့ နတ်ဘုရားတစ်ပါးလိုရိုကျိုး
ကဗျာဆိုတာကို ကိုးကွယ်ဆဲ...ကိုးကွယ်နေဆဲ...တဲ
PS: အမတော် နမ်းမဝ(အဖြူရောင်နတ်သမီး)ရဲ့ ၁၁၃၂၂ ရက်ခရီးထိ ဖြတ်သန်းပြီးခဲ့မှုအတွက် ဝမ်းမြောက်စွာ ကြိုဆိုရင်း ဖွဲ့ဆိုပါသည်။။ လက်ဆောင်ကဗျာမှာ အမတော် ကျေနပ်နိုင်ပါစေ။။။
လေးစားလျက်...အလင်းသစ်
.......................................................
နတ်သမီးချစ်တဲ့ ကဗျာတစ်ပုဒ်
ရေးထုတ်ဖို့အတွက်
ဒီတစ်ရက်ရဲ့ အေးစက်စက် ည မှာတော့ ...
ကြယ် တစ်ပွင့်ရဲ့တန်ခိုးနဲ့
ကဗျာဆရာ အဘိုးအိုအဖြစ်
ကိုယ့်ကိုယ်ကိုယ် ဖန်ဆင်းပစ်မယ် ။
ဧဒင်ဥယျာဉ် အလယ်မှာ
မှတ်တမ်းတင် ထားချင်တယ်လား
ဧ၀ခွင့်မပြုရင် ကျွန်တော်ခွင့်ပြုမယ် ။
ဝင့်ဝင့်ကြွားကြွား အိမ်မက်ဆန်တဲ့တေးသွားနဲ့
နှစ်တစ်နှစ်ရဲ့ ဒီတစ်ရက်ကိုသာသယ်သွား
ဧဒင်ရဲ့ ဘယ်နားမှာထားထားပေါ့ ...
မော့ထားတဲ့ သက်တန့်မျဉ်းကွေးက
ဘ၀ဆန်ဆန်မေးလိမ့်မယ် ။
“ ဘယ်ဆေးနဲ့ ရေးမှာလဲ ” လို့ . . .
နိုဝင်ဘာရဲ့ တစ်ဆယ့်ကိုးမှာ
ရိုးသားစွားတွေး
အဘိုးအဘွား တေးနဲ့ရေးမယ်သာပြော
သူကော၊ ဧ၀ကော လက်ခံလိမ့်မယ် ။
ကြယ်ရယ်၊ လရယ်က
အပြိုင်အဆိုင် အလှနဲ့
ဦးညွတ်လို့ ကြိုဆိုကြလိမ့်မယ် ။
အဲဒီ့လို တသိမ့်သိမ့်ရေးထားတဲ့
အလင်္ကာတေးနဲ့
ပြပြလေးလက်နေတဲ့ ဒီတစ်ရက်
သူငယ်ချင်းအတွက် လက်ဆောင်ပေးမယ် ။
နေထွက်ရာအရပ်က နှင်းဆီပန်းနဲ့
နမ်းမ၀ဆိုတဲ့ နတ်သမီးရဲ့သွားရာလမ်း
ပျော်ရွှင်မှုတွေ လွှမ်းလို့
ရောက်လေရာ အခန်းမှာ
အောင်မြင်စွာ လှမ်းနိုင်ပါစေကြောင်း . . . . .
(ကြယ်စစ်သည်)
.....................................................
ရိုမန်တစ်ဆန်ဆန် မြို့ပြမှာ
မလွန်ဆန်နိုင်တဲ့ လေပြေတွေနဲ့
ဆိုက်ပရက်စ်က တခါတခါ အရိုင်းဆန်မယ်
သူမကတော့ ...။
လေက မတိုက်ပါပဲ
ပြက္ခဒိန်တအုပ်က ဆုတ်ဖြဲခံလိုက်ရတယ်
မကြေနပ်ချက်တွေကို ချွန်းအုပ်လိုက်တဲ့နောက်
အခမ်းနားဆုံး စကားတွေနဲ့ ရေးဖွဲ့လိုက်ပါ
အနောက်လေကြမ်းတွေရဲ့ အဆုံးမှာ
အဖြူရောင် အလင်းတန်းနဲ့ နတ်သမီးတစ်ပါး ရှိနေတုန်းပါပဲ ...။
အလင်းနှစ်တချို့ရဲ့ ရာဇ၀င်မှာ
ကိုယ့်ရေးရာဇ၀င်ကို ရေးဖို့
ကလောင်တစ်လက်တော့ ရောက်လာမှာမဟုတ်ဘူး
မီးခဲ မရှိလဲ မာနနဲ့ တောက်လောင်လိုက်ပါ
အတိတ်ဆိုတာ ခရီးသွားဟန်လွှဲ တခုမို့
အဖြူရောင်ခြုံသော နေ့တွေဟာ
သိပ်မဝေးတော့ပါဘူးလေ ...။
ခလုတ်တခုတော့ နှိပ်လိုက်ပါ
ပြတင်းတံခါးက ထွက်ကြလာတဲ့
အလင်းပွင့်တွေကို ပွေ့ဖက်
အဲဒီ နိုဝင်ဘာ ၁၉ နံနက်မှာ
နတ်သမီးအဆင်းနဲ့
ဆိုက်ပရက်စ်က အလှဆန်လာလိမ့်မယ် ...။
(ညလင်းအိမ်)
............................................
ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ.
အနှိုင်းမဲ့(ဒေါင်းဒေါင်)
.................................................
အို….
နတ်သမီးတောင်ပံ….
သူ့ရဲ့အရိပ်သဏ္ဌာန်….
ကောင်းကင်ယံမှ လက်ခံရရှိလိုက်တဲ့ စာပေလွှာလို
ခုတော့ သိလိုက်ပြီ…..
ပုစ္ဆာ ဘယ်လောက်ခက်နေနေ
ပဟေဠိ ဘယ်လိုရှုပ်ထွေထွေ
အဖြေဟာ “ အချစ် “ ပါ…….
နတ်သမီးတောင်ပံမှာ ရေးထိုးထားပြီးသား……
(မမခြင်)
.......................................................................................................................
“နတ်သမီးအတွက် ဆုတောင်း”ဆယ့်တစ်ခုမြောက်လ ဧကနဝမနေ့ရဲ့ နတ်သမီးဟာထိစပ်သမျှလောကကိုအလှဆင်မယ့်သူ့လက်အစုံကို ဖွင့်ချလိုက်တယ်။
နှစ်ဆယ့်တစ်ရာစုရဲ့ နတ်သမီးကြည်စင်တင့်တယ် ချိုမြစွာနဲ့သူ့နှုတ်ခမ်းမှာ အပြုံးတွေ ပွင့်အာလိုက်တယ်။
အိုနတ်သမီး…. သင့်ခန္ဓာဇီဝတို့ ရှိနေသမျှ နသောကာ… ၊ အဘယာ….ဖြစ်ပါစေသတည်း။ချမ်းသာခြင်းတို့ ရှိပါစေသတည်း။တည်ကြည်မှုဖြင့် ငြိမ်းအေးပါစေသတည်း။
မမနတ်သမီးမွေးနေ့အတွက် အမှတ်တရ။ခင်တဲ့ မေသိမ့်(မေသိမ့်သိမ့်ကျော်)
................................................................
- အဖြူရောင်ရဲ့ အဖြူရောင်စွတ်ကြောင်း -
ဟောဒီမှာ နှင်းတစ်အုတ်
မနက်တစ်ခုကို သိမ်းပိုက်သွားပြန်ပီ ။
နှင်းတွေခတဲ့ နိုဝင်ဘာရဲ့၁၉ရက်
ဟုတ်တယ် အဲ့ဒီအချိန်မှာ နံနက်ခင်းတစ်ခုလုံးလဲ
ဖြူလွှလွှတွေ သိမ်းကြုံးပွင့်လန်းလို့
သန့်ရှင်းစင်ကြယ်သော နက်သမီးတစ်ပါး
မီးရူးသန့်စင်ခဲ့တာ ။
ဟောကြည့်ခုတော့လဲ
ဘ နှင့် ဝ ကိုရေးတတ်ဖို့
ဝင်သက်ထွက်သက်တွေ ရင့်ကျက်လို့
...........
ပတ်ဝန်းကျင်ရဲ့ လေးသံမျှားသံတွေကြားမှာ
လောက တစ်ခုလုံးအား
ဖြူစင်မှုကို ခပ်တင်းတင်းဆုပ်ကိုင်လို့
အလှပဆုံးဆုတ်ချက်တွေ ရေးချခဲ့တာ
အခုဆိုရင် ( - -) နှစ်တောင် ။
ကြည့်စမ်း ..
ကြည့်စမ်း . . .
သူ့ရဲ့စွတ်ကြောင်းတစ်လျှောက်က
စိတ်ရဲ့ဘေးကျပ်နံကျပ်တွေ ၊
ခံစားမှုရဲ့ ဘေးထွက်အကိုင်းအခတ်တွေ ၊
ဘယ်ဘက်ရင်အုံရဲ့ သစ္စာတရားတို့လက်ဆက်နေမှုတွေ
လေးနက်တဲ့ ပင့်သက်တွေနှင့်
အဖြူစင်ဆုံးရဲ့ အဖြူရောင်နက်သမီး
်နာမယ်နှင့်ကဗျာတွေဖွဲ့နေလိုက်တာ
ခင်ဗျား ကြိုက်တဲ့အချိန်ဆွဲဖွင့်ကြည့်
အဖြူရောင်နက်သမီးရဲ့ ရင်ထဲမှာ
အဖြူရောင်စွတ်ကြောင်းကြီးကို
ထင်းထင်းလင်းလင်းမတွေ့ရင်
မိုးဇက်ကို ကြိုက်သလိုပြော။ ။
မိုးဇက်
.......................................................................
ဒီနေ့ နမ်းမ၀ရဲ့ .......နှစ်မြောက်မွေးနေ့မှာ လက်ဆောင်လည်းပေးချင်တယ်၊ ပိုက်ဆံကလည်းမရှိ အဲလေ ရှိလည်း ၀ယ်ပေးလို့မှမရတာနော့။ ဒီတော့ မွေးနေ့မှာ မိဘတွေ ကို သတိရကြတဲ့ ထုံးစံအတိုင်း နမ်းမ၀ တစ်ယောက်လည်း မွေး မိခင် နဲ့ ဖခင်တွေကို သတိရနေမှာ ပဲဆိုပြီး ကိုယ်စားဝင်ပြီး ခံစားကြည့်ပြီး မတောက်တခေါက်အရေးသားလေးနဲ့ ကဗျာလို့ဆိုလို့ ရမလားမသိနိုင်တဲ့ စာတစ်ပုဒ်ရေးပြီး မွေးနေ့လက်ဆောင်အဖြစ် ပေးပို့လိုက်ပါတယ်။ နတ်သမီးရဲ့ ခံစားချက်နဲ့ ထပ်တူမကျနိုင်တာကို သိနေတဲ့အတွက် နတ်သမီးတစ်ယောက် နာလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း...............
" အရှင်ဘုရား"
ငါးဆူဂုဏ်တော်
ပူဇော်ဦးခိုက်
ဖြစ်ထိုက်ဘဝ
လူဖြစ်ရစဉ်
မွေးမိခင်နှင့်
ဖခင်တို့အား
ကျေးဇူးများစွာတင်ပါ၏..........
အရှင်ဘုရား
" အ " နိစ္စသဘော
မမြဲသောတရား
ဘ၀များစွာ
သံသရာဝယ်
တွယ်ငြိချစ်ခင်
မွေးမိခင်နှင့်
ဖခင်တို့အား
များစွာကြိမ်ဖန်
နိဗ္ဗာန်ထိတိုင်
ဆုံစည်းနိုင်ပါစေ ဘုရား................၊
သံသရာလွတ်ကြောင်း
တောင်းဆုနိဗ္ဗာန်
လေးတန်သစ္စာ
မြတ်စွာတရား
ဘ၀များစွာ
နာကြားရလို
ထိုထိုကောင်းမှု
ကုသိုလ်အမျှ
မိနှင့်ဘ ကို ( မိခင်နှင့် ဖခင်) ပြုရပါလို၏ အရှင်ဘုရား....................
ခင်မင်လေးစားစွာဖြင့်
မောင်မောင်တင်
.............................................................
“အဖြူရောင် အလင်းပွင့်ရစ်သမ်များ”
အေးစိမ့်မှိုင်းပြာသော
“ နှင်း ” ရဲ့ နေခြည်ဟာ
မြေကမ္ဘာကို ဖြန့်ကျဲသွန်းပက်ထားသလိုမျိုး
အရာရာဟာ . . . ငြိမ်သက်အေးချမ်းနေခဲ့
ဘယ်လိုရစ်သမ်မျိုးနဲ့ဖွဲ့စည်းထားခဲ့သလဲ ?
ကောင်းကင်ဟာ ရနံ့ပါးပါးကို သယ်ပိုးလို့
ခရမ်းပြာဂီတဟာ . . ခပ်တိုးတိုး
သူတို့. . . .ဟာ တစုံတရာကို စောင့်မျှော်နေကြဆဲ
ဖျက်ကနဲပဲ . . .နာရီလက်တံဟာ
ကိန်းဂဏန်းလှလှပေါ် ညွှန်ပြလို့
အဖြူရောင် . . အ ဖြူေ ရာ င် အ လ င်း ပွ င့်ေ တွ . . .
ဝင်းကနဲ့ . . . လက်ကနဲ
ကြယ်တွေ တဖျတ် ဖျတ် . . . .
စကြာဝဌာရဲ့ ဟိုးအစွန်းဆုံးထိ
ပျံသန်းနေကြဆဲ . . . .
ဟော . . သင်တို့ကြားရဲ့လား
အလင်းတို့ရဲ့ ဂီတ
သူမဟာ . . ဒဏ္ဍာရီ ကကြိုးကိုဆင်မြန်းလို့
ကောင်းကင်တံခါးကိုဖွင့်
မြေကမ္ဘာကို ဆီးမိုးကြည့်တယ်
နူးညံ့တဲ့မေတ္တာတရားတွေဟာ
အရာရာအပေါ် ဖိတ်ယိုစီးကျလို့
ဆံနွယ်ခက်တို့သည်လည်း
လေပြည်တို့တေးသွားနဲ့အတူ
ယိမ်းဖွာ လွင့်ပျံနေကြဆဲ . . .
ရင့်ကျက်သော တေးသံဟာ
ဆောင်းဦးပေါက်ရဲ့ နံနက်ခင်းရာသီနဲ့အတူ
လေလှိုင်းတွေကြား ပျံ့ဝေသင်းထုံဆဲ
အို . . .နတ်သမီး
လှိုင်းတွေဟာ ကြမ်းသထက် “ ကြမ်း ”
ဘ၀တွေဟာ မှန်းသထက် “ ပမ်း ”
စစ်ပွဲလည်းဆန်သတဲ့
စေတနာတရားကို ပန်းတို့အသွင်သီကုံး
သူမအပြုံးတွေနဲ့
အမှောင်တွေကို “ လင်း ” စေမတဲ့
အတိတ်ရနံ့တွေကို
“ မျှော်လင့်ချက် ” တွေနဲ့ကျော်ဖြတ်ခဲ့
လှိုင်းလည်း ဆန်ခဲ့
မုန်တိုင်းလည်းထန်ခဲ့
ဒီလိုနဲ့ . . . ဒီလိုနဲ့
ဘာတွေကို ပိုင်ဆိုင်လို့
ဘာတွေကို ဆုံးရှုံးခဲ့သလဲ
ဘ၀ဇတ်ဆရာရဲ့ စုတ်ချက်ကြမ်းကြမ်းထဲ
ဆယ်စုနှစ် တစ်ခုစာမက ကျော်ဖြတ်ခဲ့
အို . . .နတ်သမီး
ဟိုးအဝေးက . . .ခပ်သဲ့သဲ့.. . .ပွဲတော်သံတွေ
လမင်းဟာ မြုပ်တခါ ပေါ်တလှည့်
တံလျှပ်ကိုလည်း ရေမထင်မိစေနဲ့
ဘ၀က ခါးတယ်ဆိုတာ
တရားဓမ္မကသာ ဖော်ဆောင်နိုင်တယ်
အလွယ်လည်းမယုံမိစေနဲ့
အပယ်လည်း မထုံမိစေနဲ့
ကြုံဆုံသမျှ လောကဓံဟာ
ဘ၀ရဲ့ မှတ်ကျောက်တွေသာ ဖြစ်တယ်
ခေါင်းလောင်းထိုးသံ တိုးတိတ်ပျံ့လွင့်နေဆဲ
အမှန်တရားရဲ့ ဓမ္မတေးသံမှာ
နတ်သမီး တစ်ပါး
ငြိမ်သက်ချမ်းမြေ့လို့
အဖြူရောင် သလင်းပွင့်တွေအကြား
အဖြူရောင် အလင်းပွင့်တွေအကြား
နောင်မြေကမ္ဘာရဲ့ နှစ်ပေါင်းများစွာတိုင်အောင်
ေ နာ င်ေ မြ က မ္ဘာ ရဲ့  နှ စ်ေ ပါ င်း များ စွာ တို င်ေ အာ င်
သက်တန့်ချို
၁၉/၁၁/၂၀၁၁
...............................................
..........................................
ယခုချိန်ထိ ရောက်မလာသေးသော လက်ဆောင်များကို Comment ထဲမှာ ထည့်ပေးသွားဖို့ မေတ္တာရပ်ခံပါတယ်။ ဆိုက်ပရပ်စ်နိုင်ငံရဲ့ အင်တာနက်အခြေအနေကြောင့် ပို့စ်တွင်ထည့်ရန်ကျန်ခဲ့သော လက်ဆောင်ရှင်များကို အနူးအညွတ်တောင်းပါပါတယ်ရှင်..။
20 comments:
Happy Birthday, MaMa.. :)
best wishes for everyday ***
ံHappy birthday သူငယ်ချင်းချောချောလေးရေ... May all your wishes come true :)))
နေ့ခင်းကတစ်ခေါက် မွေးနေ့ပွဲစပြီလားလို့ ရောက်ခဲ့ပျါေကြာင်း ၊ခုမွေးနေ့ ပွဲကိုဝင်ရောက်စားောက်ပြီး နတ်သမီးတစ်ယောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ရာကျော်ရှည်လျက် ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေလို့ ..ခင်မင်လေးစားလျှက်
မောင်(စွယ်စုံကျမ်း)
မွေးနေ့ ပြန်တင်လိုက်ပီနော မမနတ်သမီး အာလူးဘူးသီးကလည်း ဘာမှမပြောဘူး ..တော်သေးတယ် ကွက်တိပြန်တင်လို့ ရသေးလို့ ..အပီအပြင် အလန်းဇယားတွေရေးထားတယ်နော်..လူကြီး..လာဖတ်ကြည့်ပေတော့
ဟက်ပီဘတ်ဒေး ... နမ်းမဝတဲ့ နတ်သမီးရေ
ပျော်ရွှင်ခြင်းတွေ သိမ်းပိုက်နိုင်ပါစေ
ခင်တဲ့
စနေ
Happy Birthday နတ်သမီး !!!
blog နဲ့ဝေးရာကို ရောက်နေပေမယ့် နတ်သမီးရဲ့ မွေးနေ့ဆိုလို့ ရောက်လာပါတယ်။ နတ်သမီးရဲ့ မွေးနေ့မှာ ထူးထူးခြားခြား ဘာမှပြန်မလုပ်ပေးနိင်ပေမယ့် ဘဝတစ်လျှောက် ကိုယ်ကျန်းမာ စိတ်ချမ်းသာ စေကြောင်း အဆင်ပြေချောမွေ့ပါစေကြောင်း လေးလေးနက်နက် ဆုတောင်းပေးသွားပါတယ်။
အလိုဗျာ...မွေးနေ့ရှိတာ ကြိုကြိုတင်တင်လည်း မသိရပါကလား...စိတ်ပေါက်ပေါက်နဲ့ ကော့တေးတွေ အကုန်မော့ပြီးပြန်သွားတယ်...အမူးပြေမှပဲ လက်ဆောင်လာပို့မယ်...
ဟက်ပီးဘတ်ဒေးပါ....အက်ဆေးတင်ထားတယ်....ချစ်နတ်သမီး
နတ်သမီးလေး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။
ချစ်သူခင်သူတွေလဲ ဒီထက်မက ပေါများပါစေ။
အားလုံးအဆင်ပြေအောင်မြင်ပါစေ။
Happy Birthday to you!!!!
ခင်မင်လျှက်
သူကြီးမင်း
Happy Birthday ပါ။
ပျော်ရွှင်စရာနေ့ရက်လေးမှ နှစ်ပေါင်းများစွာ ပျော်ရွှင်ပါစေ။
--*--Happy Birthday white angel--*--
HAPPY BIRTHDAY
ဒီနှစ်တော့ အလုပ်တွေများလို့ ကဗျာမရေးပေးနိုင်တော့ဘူး၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းကင်းပါစေ။
Happy Happy Birthday, beautiful sis white angle!! May all of your wonderful birthdays bring you happiness, health and wealth.
HAPPY BIRTHDAY ပါ မရေ..
ဒီနှစ်တော့ အလုပ်တွေ များနေတာမို့ မွေးနေ့ ဆုတောင်းလေးနဲ့ ပဲ လက်ဆောင်ပေးပါရစေ..
၁၉ နိုဝင်ဘာမှာ ကျရောက်သော မွေးနေ့ မှသည် နောင်လာမယ့် နှစ်များတွင် ဘ၀ကို မေတ္တာတံတားခင်း အားမာန်အပြည့်နှင့် အောင်မြင်မှုပန်းတိုင်ဆီသို့ ချီတက်နိုင်ပါစေနော်...
happy BD နတ်သမီးလေး
ခင်မင်စွာနဲ့ 
ဝင်းမင်း
Happy belated Birthday ပါ ချစ်စရာကောင်းသော အစ်မ (အဖြူရောင် နတ်သမီးလေး) ရေ..။ အန်တီတင့် ပို့စ်ကိုဖတ်မိမှ အစ်မရဲ့မွေးနေ့မှန်းသိရလို့ နောက်ကျပြီးမှ ရောက်လာတာခွင့်လွှတ်ပါနော်...း)
ပျော်ရွှင်၊ ကျန်းမာ၊ စိတ်ချမ်းသာပါစေ မ..ရေ..။
မွေးနေ့ပွဲနောက်ကျမှရောက်လာပြီး ကြွင်းကျန်သည်များ လှန်လှောစားသွားပါသည်။
ပျော်ရွှင်ဖွယ်မွေးနေ့ရက်မြတ်ဖြစ်ပါစေညီမရေ....။
မွေးနေ့ပွဲကိုနောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပါအမရေ .
ပျော်ရွှင်ခြင်းတွေကိုအသက်ထက်ဆုံး ပိုင်ဆိုင်ခွင့်ရနိုင်ပြီး အဖြုရောင်နတ်သမီးတစ်ပါးရဲ့ အဓိပါယ်အတိုင်း ရာသက်ပန် ပြီးပြည့်စုံစွာနေထိုင်နိုင်ပါစေ.
ခင်မင်လျှက်
မွေးနေ့မှာ လူတစ်ယောက်ကို ထပ်ထပ်မွေးတယ်လို့အစ်ကိုယုံပါတယ်။ နောက်ထပ်စိတ်သစ်၊လူသစ်နတ်သမီးတစ်ပါး ဒီထက်ကောင်းတာတွေနဲ့အတူ မွေးဖွားနိုင်ပါစေ။ ပျော်ရွှင်ဖွယ်ရာမွေးနေ့ဖြစ်ပါစေညီမငယ်။
Post a Comment