Sunday, August 28, 2011

Happy Blog Day (တဂ်ပို့စ်)

သြဂုတ်လ(၃၁)ရက်နေ့မှာ ကျရောက်မယ့် Blog Day အတွက်

ကိုအောင်(ပျူနိုင်ငံ)က ကျမကို Tag ထားတဲ့ ပို့စ်လေးပါ..

ဘလော့ဂ်နဲ့ပတ်သက်တဲ့ အကြောင်း ဘာတွေရေးရမလဲလို့ စဉ်းစားမိတယ်...



လွန်ခဲ့တဲ့ (၂)နှစ်ကျော်လောက်တုန်းကပေါ့..

ကျမကို “Blog” ဆိုတဲ့ နယ်ပယ်နဲ့ မိတ်ဆက်ပေးခဲ့သူ(၄)ယောက်ရှိခဲ့တယ်။

သူတို့ကတော့ ၁။ ဇောင်း၊ ၂။နေစစ်သူ၊ ၃။မရွှေဇင်ဦး၊ ၄။ညီမငယ် ဝင်းမင်း တို့ပဲဖြစ်ပါတယ်။

သူတို့ကို http://vzochat.com ဆိုတဲ့ ဆိုဒ်တခုရဲ့ ကဗျာများ၊ ဆောင်းပါးများ၊ ခံစားချက်အပိုင်းအစလေးများ စုဝေးရာ Blog နေရာမှာ သိကြွမ်းခင်မင်ခဲ့ရတယ်။ အဲဒီအချိန်ကတည်းက သူတို့(၄)ယောက်ဟာ ကိုယ်ပိုင်Blog တခုစီပိုင်ဆိုင်ပြီးသား Blogger တွေဖြစ်နေကြပါပြီ။

အဲဒီနောက်ပိုင်းမှာတော့ မောင်လေး နေစစ်သူက ဆိုရှယ်ဆိုဒ်တွေမှာ ရေးနေမယ့်အစား ကိုယ်ပိုင် Blog လေးတခု လုပ်ပြီး ရေးဖို့ တိုက်တွန်းရင်း “အဖြူရောင်နတ်သမီး” ဆိုတဲ့ Blog အိမ်လေးတခုကို တည်ဆောက်ပြီး လက်ဆောင်ပေးခဲ့ရာမှ အစပြုလို့ “အဖြူရောင်နတ်သမီး” ဆိုတဲ့ Blog အိမ်လေးတခု ဖြစ်လာခဲ့တာပါပဲ..။



ကျမရဲ့ Blog အိမ်လေးထဲကို အစောဆုံးလာလည်ကြသူများကတော့ မလေးရှားက မောင်လေးတက်လူငယ် ၊ မောင်လူဆိုးလေး CO2 ၊ Blog အိမ်လေးကို လက်ဆောင်ပေးခဲ့တဲ့ မောင်လေးနေစစ်သူ၊ ကျမက သူ့ကို “ဦးလေး” လို့ခေါ်ပြီး သူက ကျမကို “ဂျီးတော်” လို့ပြန်ခေါ်ရင်း post တွေထဲက မှားနေတဲ့ သတ်ပုံလေးတွေကိုပြင်ပေးတတ်တဲ့ နွေဆူးလင်္ကာ။

ဘယ်သူ့အိမ်မှာမဆို ကဗျာလေးတွေရေးပြီး comment ပြန်ပေးလေ့ရှိတဲ့ မောင်လေး “အရုပ်ကလေး”။ ဗေထိဆိုရင် ကျမရဲ့ဘေးမှာ အမြဲရှိနေပေးတဲ့ ကျမရဲ့မောင်လေးကဗျာဆရာ..စာရေးဆရာ..ပြီးတော့ ကျမရဲ့မိသားစုဆရာဝန် ဒေါက်တာသက်တန့်ချို။ ကျမဘလော့ဂ်လေးရဲ့ ကျမ်းမာရေးကို တာဝန်ယူပေးတဲ့ ကိုမိုးသွေးငယ် ၊ ကိုလင်းဦး(စိတ်ပညာ)၊ ကိုလင်းထက်။



အဲဒီနောက်ပိုင်းမှာတော့ အသဲကွဲကဗျာတွေကိုရေးတဲ့ “အနှိုင်းမဲ့” ၊ “မောင်လေးဗညားရှိန်”၊ “မောင်လေးကိုတူး(ခ)ညလင်းအိမ်”။ အချစ်ကဗျာဆရာလေး“မိုးစက်အိမ်”။

“မိုးငွေ့”ဆိုတာ စိတ်ကူးယဉ်သူ.... ရုပ်ရှင်ကြိုက်သူ....ဖက်ရှင်နှစ်သက်သူ... ကော်ဖီခါးခါးကြိုက်သူပါ..လို့

ကြွေးကျော်ထားတဲ့ အရမ်းသဘောကောင်းတဲ့မမိုး။

Blogspot လောကကို ယောင်လည်လည်နဲ့တယောက်ထဲ လျှောက်နေချိန်မှာ

တီတီတာတာနဲ့ စကားချိုချိုလေးတွေပြောပြီး အမြဲအားပေးခဲ့ကြတဲ့ ညီမလေးများဖြစ်ကြတဲ့

ဝက်ဝံလေး၊ အိပ်မက်ခြေရာ၊ မိုးစက်ပွင့်လေး၊ Dream၊ Angel Shaper ၊နှင်းဟေမာ ။

လင်းကြယ်ဖြူ ။

ကျမရဲ့ကဗျာကိုဖတ်ပြီး သက်ပျင်းရှည်ကြီးချသွားတဲ့ “ကိုမိုးမောင်”။

“နမ်းလို့နွမ်းတာ နဲ့ မနမ်းပဲနွမ်းတာ တူမှမတူတာ”ဆိုပြီး

ကျမရဲ့ကဗျာရဲ့စာသားကို မကျေမနပ်ဖြစ်သွားတဲ့ “အိုအေစစ်”။



“မြန်မြန်နေကောင်းပါစေ”လို့ဆုတောင်းပေးသွားတဲ့“ဘရာဘို” “aungko78” နဲ့ “ထင်လင်းအောင်”။ “အချစ်ဘယ်မှာလဲ သီရိမာ”post ကိုဖတ်ပြီး တရားမှတ်သွားတဲ့ မောင်လုလင်။

အဲဒီpost ကိုပဲ ရုပ်ပြ ကာတွန်းတခုမှာဖတ်မိပြီး ကျမနဲ့ အကြိုက်ချင်းတူပြီး အမှတ်တရရှိနေခဲ့တဲ့ than ။

အဲဒီ post မှာပဲ သံဝေဂရသွားသူ နောက်တယောက်ကတော့ “ဏီ(န်)ကင်း” ပါပဲ။

“အတွေးလေးကောင်းပါတယ်” လို့ပြောသွားတဲ့ ချစ်ကြီး။

“အမေပေးတဲ့ အား” ကိုဖတ်ပြီး ဝမ်းနည်းသွားတဲ့ “chit chit”။

“ပိုး” post မှာ အားပေးစကားပြောသွားတဲ့“ septembe rainbow” ။

“အထဲက ဆားဘဲဥနဲ့ လမုန့်စားချင်တယ်” လို့ပူဆာသွားတဲ့ “မ မချစ်ရ”။

၅၀၀၀ကျပ်တန်ကို သဘောကျနေတဲ့ “ကိုလူလ”။

“လမုန့်ထဲက ဒဏ္ဍာရီ” post ကို ထပ်တူခံစားသွားတဲ့ “နိုင်နိုင်”။

အဲဒီပုံပြင်ထဲက လမင်းသမီးလေးအကြောင်းကို နားထောင်သွားတဲ့ “wing”။



“လူဆိုတာမလုပ်နဲ့ဆို လုပ်ချင်ကြတယ် မကြည့်နဲ့ဆို ကြည့်ချင်ကြတယ်” လို့

လမုန့်ထဲက မင်းသမီးလေးကို အပြစ်တင်သွားတဲ့“ဂေါက်သီးနဲ့ရှောက်သီး”(သူတို့လည်း ပျောက်နေတယ်)။

“အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးတဲ့လား နတ်သမီးလေးရေ...” လို့လာအော်သွားတဲ့ “အနော်”။ “washinggton dc” လို့comment ပေးသွားတဲ့ Rosan ။

“ကျွန်တော်က မိန်းခလေးနော်” လို့ပြောသွားတဲ့“ဇော်”။

ဖိနပ်လှလှလေးတွေကို လာကြည့်သွားတဲ့ “ဆောင်းနှင်းရွက်နဲ့ Talkii ။

ကျန်းမာရေးကောင်းဖို့ ဒေါင်းဖြူလေးတွေကို လာကြည့်သွားတဲ့

မ အမရာ နဲ့ http://www.aungftub.blogspot.com/



“အင်း..ဘယ်လိုမှ နားလို့မရတဲ့ ဒီဘလော့ဂ်” လို့ ဝေဖန်သွားတဲ့ “ဘလော့ဂ်ဂါတို့ရဲ့ဘလော့ဂ်ဂါ”။ ကျမစိတ်အဝင်စားရဆုံး ဘလော့ဂ်တခုဖြစ်ပြီး ကိုယ်တွေ့ဇာတ်လမ်းတွေကိုအမြဲရေးလေ့ရှိတဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘကျောက်(ရွှေရတုမှတ်တမ်း)။

ဘလော့ဂ်လောကမှာ မသိသူမရှိတဲ့နေ့စဉ်Blog Diaryရေးလေ့ရှိတဲ့ မကြီးခင်ဦးမေ။

“နတ်သာမီးရေ...ကိုဏီလာသွားတယ်” ဆိုပြီး ကျမကို ညီမလေးတယောက်လို ဂရုတစိုက်နဲ့ လာလာအော်တတ်တဲ့ ကိုဏီလင်းညို( ခုတော့ ရန်ကုန်မှာ ဘာတွေလုပ်နေတယ် မသိ)။

သူ့အိမ်ကို သွားလည်ရင်း “ကိုမိုးခါး” လို့comment ပေးမိပြီးမှ ညီမလေးမှန်းသိခဲ့ရတဲ့ညီမလေးမိုးခါး။

ရင်ထဲမှာ အရမ်းနီးကပ်တဲ့တကယ့်ညီအမတွေလိုခံစားမိတဲ့ဒဏ္ဍာရီ၊

မချော(အစိမ်းရောင်လွင်ပြင်)၊ သဒ္ဓါလှိုင်း၊ Rose of Sharon ၊ ပူးတေ၊

မသိင်္ဂါကျော်၊ မမခြင် နဲ့ မမကိ(KIKI) ။ ဆရာမင်းဒင်။



ဓာတ်ပုံရိုက်ဝါသနာပါလွန်းလို့ ဓာတ်ပုံတင်လေ့ရှိတဲ့ ကျမရဲ့အိမ်ကို မကြာခန လာလည်တတ်တဲ့

ကိုဂျစ်တူး(မုံရွာ)။ ကျားနှစ်မှာ မွေးခဲ့တဲ့ မီးလေး။

ကဗျာနဲ့ ဓာတ်ပုံလေးတွေလှလို့လင့်ခွင့်တောင်းသွားတဲ့ကိုသက်အောင်။

“ကျွန်တော့်နာမည်တူများတွေ့မိသေးလား” လို့ မေးလာတဲ့ မောင်နွေသစ်။

“မီးဖိုချောင်လက်” post က နတ်သမီး သေးသေးလေးဓာတ်ပုံကိုကြည့်ပြီးအသည်းယားသွားတဲ့ မစန္ဒကူးမေ။

အချစ်အကြောင်း လာဆွေးနွေးသွားတဲ့အိမ်မက်မြေ။ ”ရုပ်ရှင်မင်းသမီးနဲ့ တူတယ်”လို့ပြောသွားတဲ့“လှိုင်”။

အော့လစ်ဗ်(Olive)သီးစားသွားကြတဲ့သဒနဲ့ ဂျူနို(မအယ်)။ နတ်သမီးရဲ့စောင်းတီးသံကို လာနားထောင်သွားကြတဲ့မမြလေးသျှင်၊ လတ်တလော နတ်သမီးဗိုင်းရပ်စ်အထိခံထားရတဲ့ မကြီးရွှေဇင်ဦး(sorryပါ မကြီးရေ.. တကယ်စိတ်မကောင်းဘူး)။ မောင်လေး အယ်ကို၊ ညီမလေးရီမိုးပြည့်(ညီမလေးပျောက်နေတာကြာပြီနော်)။ ကျမရဲ့ အမာခံပရိတ်သတ်ဖြစ်တဲ့

မောင်လေးပဲပုတ်၊ minthant2009၊ စကားဝါမြေနဲ့ kokomaung.uk ကိုကိုမောင်(ပန်းရနံ့)။



ကျမရဲ့ post ထဲက “သံဒယ” နဲ့ “သံသယ” စာလုံးပေါင်းကို အမှန် ပြင်ပေးသွားတဲ့ ko-thura ။ “ချစ်သူနှစ်ဦးကြားမှာ နှစ်ဦးသားအချစ်ကို ပမာပြု၊နားလည်မှုတခုကို ထားရှိထားမယ်ဆိုရင်

နောင်လာမယ့် အနာဂတ်မှာ တွဲလက်တွေမြဲနေအုံးမှာပါ” လို့ပြောလာတဲ့ ရန်ကုန်က ညီမငယ် ပန်းခင်းလေး ။

“ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး...ဘာမှမပြောတော့ပါဘူးဗျာ” ..လို့ပြောပြီး လှည့်ထွက်သွားတဲ့ ကိုဟိန်းမောင်(အချစ်မဲ့ဂီတာ)။

“မြန်မာလူမျိုးဖြစ်တဲ့ ကျမအတွက် အများဆုံးပြောဖြစ်ခဲ့တဲ့အကြောင်းကတော့ ကျမချစ်တဲ့ မြန်မာပြည်အကြောင်းပါပဲ”..ဆိုတဲ့ ကျမရေးခဲ့တဲ့စာပိုဒ်လေးကိုဖတ်ပြီး ကြည်နူးသွားတဲ့အဇ္ဈတ္တပြခန်း။

သဘောင်္ကြီးနဲ့ ဘလော့ဂ်ဂါတွေစုပြီး ပင်လယ်အပျော်ခရီးထွက်ရင်း ကျမကိုဇာတ်လမ်းအဆုံးထိပြန်မခေါ်သွားပဲ

ဆိုက်ပရပ်စ်နိုင်ငံက ကျွန်းလေးမှာ ယနေ့အချိန်ထိ ထားရက်ခဲ့တဲ့ ကိုမြစ်ကျိုးအင်း(ဘယ်တော့မှမမေ့ဘူး..အကြွေးပြန်ဆပ်ပါ)။ ။



အသားရည်လှပအောင် စားသောက်ပုံကို လေ့လာသွားတဲ့ ညီမလေးနှင်းဆီဖြူ (emodoll)။

“မျိုသိပ်တတ်တဲ့ယောက်ျားတွေက အချစ်ကြီးတတ်တယ်နော်” လို့ဆိုလာတဲ့ ကိုနေညိုရင့်။

“အမ ကဗျာလေးတွေဖတ်ရတာ ဝေဒနာတခုကိုဖော်ညွှန်းနေကြသလိုပဲ.. အားလုံးလိုလိုပဲ”.. လို့သတိထားမိသွားတဲ့ ဒီကောင်ပျောက်ပျောက်နေတယ်ဆိုတဲ့မောင်လေးဝေလင်း။

“အမှတ်ရနေဆဲပါ” ဝတ္ထုဇာတ်သိမ်းကိုလာဖတ်သွားကြတဲ့ Evy ၊ မောင်လေး Craton ၊

ညီမလေးမြတ်မွန် နဲ့ vista ။

“မှန်ကန်တဲ့ ရိုးသားတဲ့ချစ်ခြင်းမေတ္တာတွေ ရရှိပါစေ”လို့ဆုတောင်းပေးသွားတဲ့ညီမလေး သုနြေ္ဒ ။

လမ်းလျှောက်ရင်း လမ်းပျောက်သွားလို့လမ်းပြခိုင်းတဲ့F@LL3N ။

“ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ပါတယ်” လို့“လမ်း” ကဗျာမှာ comment ပေးသွားတဲ့ ဘုန်းဘုန်းဂျေဂျူပိုင် ။

တရုတ်ပြည်က ပန်းလ္ဘက်ခြောက်အကြောင်းကို သဘောတွေ့သွားတဲ့ဆောင်း ။

အေးအေးချမ်းချမ်းလေးနဲ့ လာနှုတ်ဆက်တတ်တဲ့အမချစ်ကြည်အေး။

“မင်းအရမ်းလှတာပဲ” လို့ပြောသွားတဲ့ sitt ။

“starry prince” ကတော့ “အရမ်းကောင်းပါတယ်” လို့ပြောသွားလေရဲ့ ။

ကျမနဲ့ ကျမရဲ့ချစ်သူတို့ အချစ်ပြိုင်ရာမှာ ဘယ်သူ့ဘက်ကိုမှ မလိုက်ပဲ ကြားနေဝါဒကို ကျင့်သုံးသွားတဲ့ nyimg ။

တရုတ်ရိုးရာပုံပြင်တွေမှာ တရုတ်အသံထွက် စာလုံးပေါင်းကိုအမြဲပြင်ပေးတတ်ပြီး ဗဟုသုတ တချို့ကို ထပ်မံဖြည့်စွက်ပေးလေ့ရှိတဲ့ ကျမလေးစားရတဲ့ ဆရာမနိုင်းနိုင်းစနေ ။

“I Love You ”ကဗျာလေးကျမှ အရမ်းနှစ်သက်မိလို့comment ချန်သွားတဲ့ကိုမျိုး(အညာမြေ) ။





“တူ”ဆိုတာ ၁ချောင်းထဲဆိုရင် အသုံးမဝင်ဘူး” လို့ပြောသွားတဲ့ မောင်ပါလ ။

“တူ” အကြောင်း ဗဟုသုတယူသွားတဲ့လုလု ။

ဆိုက်ပရပ်စ်တစ်နိုင်ငံထဲမှာ ရှိနေပြီး ဘလော့ဂ်သက်တမ်း(၄)လမြောက်မှ မွေးနေ့လက်ဆောင်ကဗျာလေးလာပေးခဲ့တဲ့မောင်လေးဖိုးစိန်

(ခုတော့ ရန်ကုန်မှာ)။

မလေးရှားက ညီမချောချောလေး သဇင်ဏီ ။

“စိတ်ဓာတ်ကျချိန်မှာ ဘေးနားမှာ ရှိနေပေးမယ်” လို့အားပေးခဲ့တဲ့ညီမ မနောဖြူ ၊စန္ဒကူး၊ နဲ့ JP ။

ကျမရဲ့ ပြဿနာတွေကို နားထောင်ပြီး “နိဗ္ဗာန်ရောက်အောင်ပဲ အားထုတ်ပါတော့” လို့စိတ်ပျက်စွာ ပြောလာတဲ့THE STARRY NIGHT ။

“အချစ်နဲ့ စတွေ့ချိန်က စပြီး ကိုယ့်လောကကြီးဟာ အရောင်တွေ ပြောင်းသွားပါပြီ” ဆိုတဲ့မအိအိချော။

“အချစ်ဆိုတာ ကျွန်တော့်အတွက်တော့အိုအေစစ်တခုပါပဲ” ဆိုတဲ့ဘလော့ဂ်ဂါ မောင်မိုး (ကိုမိုးရေ..ပျောက်နေတယ်နော်)။

“ကျမ ချရေးထားတဲ့အချစ်ရဲ့ ခံစားချက်တွေက တကယ်ကိုမြတ်နိုးစရာကောင်းတဲ့ အချစ်စစ်တခုပဲ”လို့

ကဗျာလာဖတ်သွားတဲ့မာန်လှိုင်းငယ်။

“အခုတော့လည်း အမရေသူမ နတ်သမီးပေါ့” လို့ပြောသွားတဲ့ငဝန်နဒီ(ပေါ်မလာသူ)။



“လောကမှာ အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ကို လူအများလက်ခံချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း လူအများကို လက်ခံနိုင်အောင်ကြိုးစားရမှာပါ”လို့ဝင်ဆွေးနွေးသွားတဲ့Aries's နဲ့ ယောက်ျားတို့ကမ္ဘာ

(တခါတလေ သူတို့ပြောခဲ့တဲ့ စကားလေးတွေဟာ ကျမအတွက် တန်ဖိုးမဖြတ်နိုင်အောင်ဖြစ်ခဲ့ရပါတယ်)။

“နမ်းမဝဆိုတာ ဘယ်သူတုန်းဗျ” လို့မေးလာတဲ့မောင်လေးပြည့်စုံ(ပျောက်သောသူများထဲမှ တယောက်အပါအဝင်)။

“တွေ့ရင်ပြောပြလိုက်မယ်လို့ကတိပေးသွားတဲ့ဧရာဝတီသား။

ကျမရေးတဲ့ကဗျာထဲမှာ သူ့နာမည်ပါလို့ဂုဏ်ယူစွာဖြင့်လာအော်သွားတဲ့ အဆိပ်ခွက်(ပျောက်နေတယ်)။ ရုပ်ရှင်သရုပ်ဆောင်ကိုဇီးသီးအကြောင်းဖတ်ပြီးသဘောကျနေတဲ့မဆုမွန်၊ မခရေညို နဲ့ ကိုလူထွေး။

“အသရေဖျက်ခံရခြင်း” post မှာ ဝင်ဆွေးနွေးသွားကြတဲ့ထက်စု၊ ရင်ဘတ်ထဲမှ ဆွဲထုတ်ထားသော အရာများ၊ နှင်းဆီပန်းချစ်တဲ့ကောင်မလေး၊ ချစ်တီး၊ အမPandora ။

ကိုရီးယားဇာတ်ကားလေးကို ဘာသာပြန်ပြီးရေးထားတဲ့ ဝတ္ထုရဲ့ မူရင်းဇာတ်ကားနာမည်ကို သိချင်နေတဲ့ ကိုချစ်ဖေကြီး။

စိန်ပန်းပင်အကြောင်း လေ့လာသွားတဲ့မိုးထက်အိမ်။ “ချစ်ချစ်၊မုန်းမုန်း ကိုယ့်ခံစားမှုတွေကို သူ့အတွက်ပေးလိုက်ရပြီဆိုကတည်းကကိုယ်ရှုံးပြီးသား ဖြစ်သွားပြီ၊ kiki ပြောသလို မချစ်မမုန်းအကောင်းဆုံးပဲ”

လို့ မျှော်လင့်ခြင်းတသက်တာ VCD မှာ ကျမရေးခဲ့တဲ့စာသားလေးကို ထောက်ခံရင်း comment

ပေးသွားတဲ့မငယ်နိုင်နဲ့မလုံမလေး။



သက်တန့်ချို ကနေတဆင့် လာလည်သွားတဲ့ ရန်ကုန်သား။

ဆိုက်ပရပ်စ်အနုပညာတက္ကသိုလ်ကို လာလည်သွားကြတဲ့ ရွှန်းမီ နဲ့ than htike zaw ။

ကျမကို အနီရောင်နတ်သမီးလို့ နာမည်ပေးသွားတဲ့ ကျွန်တော်။

ကျမရဲ့ဆံပင်ရှည်တွေကို သဘောကျနေတဲ့ညီမလေးရည်မွန်ထိပ်ထား (ညီမလေး နေကောင်းရဲ့လား)။

ပြီးတော့ July Dream ၊ ကိုအောင်(ပျူနိုင်ငံ)ယ္ခု ပို့စ်ကို တဂ်သူ..၊ Steve Evergreen၊

ဘာသာရေးအရမ်းလုပ်တဲ့ မဝါဝါခိုင်မင်း၊

ဆွေလေးမွန်၊ မကြီးသိင်္ဂါကျော်၊ အန်(န်)စလင်း၊ မောင်ဘကြိုင်၊တောလူသစ်၊

Promise ၊ ဇာနည်မောင်၊ whitelotus။ ကိုချမ်းလင်းနေ၊ chocothazin ။ ဝက်ဝံလေး၊ moon ။

ဆရာဝန်ဘဝကို စွန့်ခဲ့ရပြီး ထိုင်းနိုင်ငံက အကျိုးပြုလုပ်ငန်းတွေကို လုပ်ရင်း ဘဝကိုပေးဆပ်နေတဲ့ ကိုနောင်၊



“အမှတ်ရနေဆဲပါ” ဝတ္ထုကို အဆုံးထိမဖတ်ရလို့ တန်းလန်းကြီးဖြစ်သွားတဲ့ reenoemann ၊ ညီညီ(အနာဂတ်သံစဉ်)။

“ကမ္ဘာပျက်ချိန်မှာ ကျွန်တော်တို့ မရှိနိုင်တော့ဘူး”လို့ကျမရဲ့ ကြောက်နေတဲ့စိတ်ကို ပြေပျောက်အောင် လုပ်ပေးသွားတဲ့ မောင်လေးလေပြေ။

“အရှက်ကို ကွဲရောပဲ” post မှာ “ဒါ အရှက်ကွဲတာမဟုတ်ပါဘူး” လို့အားပေးသွားတဲ့ကိုရင်နော် ခင်လေးနွယ် ၊ Londa၊ သားကြီး ။



“ငါ့ဘဝကို အဆုံးစီရင်လိုက်ရင်ကောင်းမလား” ပို့စ်မှာ အကြံကောင်းတွေ ပေးသွားတဲ့ TnT ။ သားအိမ်ကင်ဆာဖြစ်နေတဲ့ကျမရဲ့မန်နေဂျာအတွက်ဆုတောင်းပေးသွားတဲ့ May , CTM , Moe Cho Thinn , Rita ။

သရုပ်ဆောင်တာ ကောင်းတယ်လို့ပြောသွားတဲ့ ဖိုးသားငယ်။

“မသိတာလေးတွေ တော်တော်များများလည်း သိခဲ့ရတယ် ” လို့ဆိုလာတဲ့ ညီမလေး ခင်မာလာအောင်။

“ရိုက်ကွင်းနောက်ကွယ်က အကြောင်း” ကို စိတ်ဝင်တစားနားထောင်သွားတဲ့ အဖြူရောင်ညီမလေး။

“Romantic ကဗျာ” မှာ လိပ်ပြာလေး မူးမှာစိုးရိမ်နေတဲ့ myat ။

“မလှတဲ့ စာမျက်နှာတွေကို ဖျောက်ထားရင်း ပျော်ရွှင်တဲ့ဘဝလေးကိုပဲ ရရှိနိုင်ပါစေ” လို့

ဆုတောင်းပေးသွားတဲ့ linn ။

“ကျနော့်အတွက်ကတော့ဗျာ အချစ်ဆိုတာကို သေသေခြာခြာသိဖို့ တော်တော်ကိုကြိုးစားရအုံးမယ်ဗျာ”လို့ပြောသွားတဲ့ အရူးလေး။

“မိန်းမတယောက်ရဲ့အချစ် ဘယ်တော့မှမတည်မြဲဘူး”လို့ဝေဖန်သွားတဲ့ အညတရမိုးစက်။

“၃၀ကျော် အသက်အရွယ်မှာ ကျွန်တော် အချစ်နဲ့ပတ်သက်ပြီး ရင်ထဲခံယူချက်ကတော့ နူးညံ့စွာပေးဆပ်မှုပဲဖြစ်သွားပြီ”..လို့ရင်ဖွင့်လာတဲ့ Aung Kyaw Min ။

“လမ်း” ကဗျာမှာ လမ်းလာလျှောက်သွားတဲ့ အန်တီချမ်း။ “မေတ္တာနှင့် အောင်နိုင်ခြင်းလောက် ကောင်းတာရှိမှာမဟုတ်ဘူး”လို့ပြောသွားတဲ့ ဦးပေါက်ဖော်ကြီး sosegado။

မမိုးငွေ့အတွက် လုပ်ပေးတဲ့ မွေးနေ့ပွဲမှာ ပန်းရောင်မုန့်လေးတွေကို သဘောကျသွားတဲ့ 9-9 နဲ့ ဇောင်း ။

လှပတဲ့အိမ်လေးထဲက နတ်သမီးလေးရဲ့ ကဗျာနုနုလေးကို လာဖတ်သွားတဲ့ မိုးဦးစံပယ်။



“ရင်ထဲက အတွေးစလေးများ” ပို့စ်မှာ ကျမရဲ့စိတ်နေသဘောထားကိုမေးသွားတဲ့ ကိုကိုးအိမ်။

အဲဒီပို့စ်ကို ထောက်ခံသွားတဲ့ ရွှေနတ်သား၊ငြိမ်းချမ်းအိမ်၊ Phyo Phyo ။

“သင်္ကြန်” ဇာတ်လမ်းလေးကိုဖတ်ပြီး စိတ်မကောင်းဖြစ်သွားကြတဲ့ မေဇင် နဲ့ nainai14 ။

ကိုဇော်အတွက် လုပ်ပေးထားတဲ့ မွေးနေ့ပွဲလေးကို လာလည်သွားတဲ့what is good things ။

သင်္ကြန် မှာ ရေလာလောင်းသွားကတဲ့ညီမလေးအင်ကြင်းသန့်၊ မအနမ်း၊ khun thandar ၊

An Asian Thur Operator ၊ phyo phyo ၊ အင်ကြင်း။

“အမြင်များ”ပို့စ်မှာ သူမရဲ့အမြင်ကို ရင်ဖွင့်သွားတဲ့ ညီမငယ်Dlay ။

ပူးတေမွေးနေ့ပွဲမှာ မုန့်တွေကိုသွားရည်ကျသွားတဲ့ မန်းကိုကို။

“တိတ်တိတ်လေးချစ်တာ ကောင်းပါတယ်”ဆိုတဲ့ ရဲနိုင်ဝင်း နဲ့ yenaing။

VCD ကြည့်ချင်လို့ လာလာပူဆာတဲ့အွန်စော(ကျောင်းစာတွေကြား အလုပ်ရှုပ်နေပြန်ပြီထင်တယ်))။

VCD ထဲမှာ နတ်သမီး နွားလှည်းမောင်းတာကို သဘောကျနေတဲ့ THEIN LIN OO ။ မုန့်စားဖို့လာဖိတ်တဲ့ညီမလေး ကျောပိုးအိတ်။

“ဘယ်နိုင်ငံရောက်နေနေ ကိုယ့်မွေးရပ်လောက် မကောင်းဘူး”ဆိုတဲ့ဥာဏ်လင်းထူး@norman။ “နွေးထွေးမှုမေတ္တာ အပေးနိုင်ဆုံး နေရာဟာ အိမ်ပါပဲ” လို့ ပြောသွားတဲ့အပြုံးပန်း။

“မတတ်သာလို့သာ ခပ်ခွာခွာဝေး၊ ရာသီဆွေးလည်း၊သွေးကြောထဲမှာဒို့ဗမာ။ ”

ကဗျာလေးလက်ဆောင်ပေးသွားတဲ့ ကိုရီးယားစီးရီး ဦးဟန်ကြည်။ ကိုယ်မှန်တယ်ထင်တာကို

ရဲရဲဆက်လုပ်ဖို့ အကြံပေးသွားတဲ့ ကိုဇာနည်မောင်။

“ဆိုက်ပရပ်စ် အစား တခြားဥရောပနိုင်ငံမှာ ကြိုးစားရင်ရော..” လို့အကြံပေးသွားတဲ့soe moe thu။ ရောက်ပေမယ့် ခြေရာမချန်ခဲ့တာများတဲ့မဗေဒါ။

Team Effort Make Success ပို့စ်ကို လိုချင်လို့ Mail နဲ့ပို့ပေးခဲ့ရတဲ့ညီမလေး shwe ။

အဲဒီပို့စ်လေးဟာ အများအတွက်လည်းအကျိုးရှိစေပါတယ်လို့ထောက်ခံသွားတဲ့ ပေါ့ဆိမ့်။
လက်ထပ်ခွင့်ကဗျာမှာ “အဓိက က သူသာကိုယ်နာ ဆိုတဲ့ဈေးတွက် တွက်တဲ့စိတ်မျိုး မရှိကြဖို့ပါပဲ” လို့ပြောသွားတဲ့ ကိုသီဟသစ်။ “သူများတွေများ ချစ်တတ်လိုက်တာနော် . . ဟွန်း . . .နာလိုဘူး။ ခံစားရေးတာတောင်မှ မောင် တွေက ပါနေတာပဲ :)“...လို့“စ”သွားတဲ့ post တွေကို

တနေ့တပုဒ်မှန်မှန်တင်တဲ့ လူပျိုကြီးကိုဇော်(မကျေနပ်ရင် သက်သေပြလိုက်စမ်းပါ..)။



သူ့အိမ်ကိုလာလည်ဖို့ဖိတ်သွားတဲ့မင်းပျို။

“ကောင်မလေး ချောချောလေးတွေရောလာတတ်လား” လို့ မေးသွားတဲ့ thaw zin soe ။

“သံသယကင်းစွာ စောင့်မျှော်နေပါကြောင်း...(လာလည်ဖို့ပြောတာပါ)” လို့ “စ”သွားတဲ့သကျသွေး။

“မြန်မာပြည်ကိုပြန်ရင် စားချင်တာတွေစားပြီး ဘလော့ဂ်ဂါ မောင်နှမတွေနဲ့ တွေ့ဖို့ကြိုးစားနေတဲ့ညီမလေး Blackroze ။

အမှတ်တရ အာဝါး x တသိန်းပေးသွားတဲ့ ရန်ကုန်မှာ တွေ့ခဲ့ရတဲ့ညီမလေးတာတာ။

“နတ်သမီး နှောင်ကြိုးက နတ်သမီးကို ရစ်တာပဲ၊ကိုယ်တိုင်ဖြေမှ ပြေမယ့်ကြိုးမျိုးနေမယ်၊ လူသားမတတ်နိုင်ပေါင်” လို့ပြောသွားတဲ့ကိုဆန်းဝင်း။

ကိုယ့်ဟာနဲ့ကိုယ်က ခပ်ယဲ့ယဲ့ပါဆိုမှ ဒီကဗျာလေးဖတ်ပြီး ငိုချင်သွားတယ်ဆိုတဲ့ ညီမငယ် အင်ကြင်းသန့်။

အဖြူရောင်နတ်သမီးဘလော့ဂ်(၁)နှစ်ပြည့်မှာ ကျမအတွက် ကဗျာလက်ဆောင်ပေးဖို့ဆက်သွယ်လာတဲ့ညီမငယ် ပြုံးသက်ခြယ်(ကျေးဇူးအထူးတင်ပါကြောင်း)။

“ဘဝရဲ့အမောတွေ ပြေပျောက်နိုင်ကြပါစေဗျာ” လို့ဆုတောင်းပေးသွားတဲ့ ညီသစ္စာ။ “နာကျင်ခြင်းတွေကင်းဝေးနိုင်ကြပါစေ” လို့ဆုတောင်းပေးတဲ့ ခိုင်နုငယ်။

ကိုရီးယားလိုပြောနေကြတဲ့ မြန်မာပြည်က မြန်မာမလေးတွေ ကိုယ့်ဘာသာစကားကို တန်ဖိုးထားရကောင်းမှန်းမသိလို့စိတ်မကောင်းဖြစ်နေတဲ့ယွန်း။

Ukraineကို အလည်ခေါ်နေတဲ့Mila။

အမှားဆိုတာ (၃)မျိုးပဲရှိတယ်ဆိုတဲ့ညအင်္လကာ။

အတွေးများနဲ့အဆွေးသမား မလေးရှားက ကိုစံလင်းထွန်း။

“လူ့လောကမှာ လူတွေက ဒီလိုပါပဲဗျာ.. စကားနဲ့တော့ သက်သေယူလို့မရတာ အမှန်ပဲ ကြည့်ရမှာပေါ့” လို့မျှမျှတတတွေးပေးသွားတဲ့နေဝသန်။

သူတတ် သိသမျှ နည်းပညာတွေကို အများအတွက် မျှဝေပေးတဲ့ အဲလာ။

“ဘာပဲဖြစ်ဖြစ်ပေါ့ နတ်သမီးရယ်.. ပြုံးနေတာက မဲ့နေတာထက်တော့ ပိုပြီး ကြည့်လို့ကောင်းနေမှာပါ။ :) ”...လို့အားပေးသွားတဲ့ နန်းလေပြေနု။



“ခပ်လွယ်လွယ် ပြောတက်တဲ့ အမှတ်တမဲ့ မောင်ရဲ့ စကားတွေကို ခုံခုံမင်မင် ရူးသွပ်နေမိတဲ့သူပာာ

ကျမ ပါပဲ။”..ဆိုတဲ့ ဆုငယ်။

ကံကောင်းခြင်း၊ ကံဆိုးခြင်းတွေကို သူတတ်တဲ့ပညာနဲ့ မျှဝေပေးတဲ့ ဆရာဟိန်းတင့်ဇော်။

“ကျွန်တော်ကတော့အခုထိကို မပြုံးတတ်သေးပါဘူးဗျာ” လို့ပြောလာတဲ့ မမseesein၊ ကိုမြတ်(နည်းပညာ)။

“ထားရစ်ခဲ့တော့မြိုင်ရေ” ဆိုတဲ့ပို့စ်လေးကိုရေးပြီး ပျောက်သွားတဲ့ ကိုသစ်နက်ဆူး ။ လက်ရှိဖြစ်ပျက်နေတဲ့ လောကကြီးရဲ့အကြောင်းတွေကို ကဗျာရေးလေ့ရှိတဲ့ မလေးရှားက ကိုရဲဝင့်သူ( သူရေးတဲ့ကဗျာထဲက အကြောင်းအရာတွေနဲ့ ကျမရင်ထဲက အတွေးတွေ အတော်များများတိုက်ဆိုင်နေတတ်တယ်)။

ကျမအိပ်ခါနီးတိုင်း ကျမကြည့်ဖို့ သရဲဗီဒီယို ဇာတ်လမ်းတွေကို တင်ပေးလေ့ရှိတဲ့ ကိုထိန်လင်း(ဗီဒီယို)။

ပြီးတော့ အမည်(comment) မချန်ခဲ့ကြတဲ့ ဘလော့ဂ်ကာမောင်နှမများ။ နာမည်ကျန်ခဲ့တဲ့ ဘလော့ဂ်ကာမောင်နှမများ(ခွင့်လွှတ်ပေးပါရှင်...)



နောက်ပိုင်းခင်မင်ခဲ့ရတဲ့ သူငယ်ချင်းများနဲ့ လက်ရှိ ကျမအနားမှာ ရှိနေကြတဲ့ ဘလော့ဂ်ကာ သူငယ်ချင်းများကတော့ အန်တီတင့်၊ မေသိမ့်သိမ့်ကျော်၊ အိန်ဂျယ်လှိုင်၊ အလင်းသစ်၊ မအိမ်သူ၊ နတ်ဆိုး၊ ကိုဆူးသစ်၊ ဘုန်းဘုန်းတောက်ပကြယ်စင်၊ နွေမင်းလွင်၊ ဆုငယ်၊ မောင်(စွယ်စုံကျမ်း)။ ဇနပုဒ်ရွာသား၊ ရင်ထဲကမေတ္တာ၊ ချစ်ခြင်းအလင်္ကာ၊ ဆောင်း၊ မင်းခ၊ မော်ကွန်းသစ်၊ လရိပ်အိမ်၊ ပန်းချီ၊ KMC@ချင်းလေး၊ အိပ်မက်စေရာ၊“ဒီကျွန်းမှာ ငါက သူစိမ်း..ဒါပေမယ့် မင်းဆံပင်ယိမ်းပုံကိုတော့အလွတ်ရတယ်” ဆိုတဲ့ ကဗျာလေးကို လက်ဆောင်ပေးခဲ့တဲ့ Royal Rio၊ သမီးစံ၊ ကိုရွှေပု(အဖြူရောင်သံစဉ်)၊ ဒဂုံသား(အဖြူရောင်သံစဉ်)၊ ကိုထွဋ်၊ ဖြိုးဖြိုး၊ တောင်ကြီးက စပယ်ပွင့်လေး Jasmine ၊ မဒမ်ကိုး၊ aung zin ၊

ko 007 ၊ baby ၊ khin ၊ Ubaid Roza ၊ Crystal ၊ Crystalsnow၊ barbielay ၊ Oversea burmese Youth Group ၊ dream of dream ၊ TT Sweet ၊ Baby taster ၊ Nay Linnhtun ၊ Dream(selda) ၊TM၊ December Mgmg ၊ san htun ၊ ကြောင်ကိုလတ်၊ ကြောင်မျိုး၊ ကြောင်ဖြိုး၊ ကြောင်ယံ၊ ကြောင်ထွဋ် ၊ ကြောင်လေးတို့နဲ့အတူ Blocking ရင်း ဘလော့ဂ်ကာ မိသားစုဝင်ဖြစ်ခဲ့ရပါတယ်။



ဘယ် ဘလော့ဂ်တွေကို အဖတ်အများဆုံးလဲလို့မေးရင် အတော်ဖြေရခက်တဲ့မေးခွန်းမို့ မဖြေပါရစေနဲ့..

Top 10 စာရင်းဝင်အနေနဲ့ ပြောရမယ် ဆိုရင်တော့..

၁။ ဘကျောက်(ရွှေရတုမှတ်တမ်း)

၂။ မနိုင်းနိုင်းစနေ

၃။ ဒေါက်တာ သက်တန့်ချို

၎။ ကိုလင်းဦး(စိတ်ပညာ)

၅။ မချော(အစိမ်းရောင်လွင်ပြင်)

၆။ မကိ(KIKI)

၇။ ဒေါက်တာဦးဟန်ကြည်

၈။ ကိုမြစ်ကျိုးအင်း

၉။ ကိုဇော်(357)

၁၀။ မမခြင်တို့ပဲ ဖြစ်ပါတယ်..။

ကျမရဲ့ စာရင်းထဲက ဘလော့ဂ်ကာမောင်နှမများအားလုံးကို ဖော်ပြရင်လည်း အယောက်(၂၀၀)ကျော်ရှိနေတဲ့အတွက် ဘယ်လိုမှ ဖော်ပြလို့မရတဲ့အတွက် Top 10 စာရင်းဝင်ထဲမှာ မပါတာကိုနားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။

ဘလော့ဂ်ကာ အားလုံးစီက ပညာတွေ ဗဟုသုတတွေကို ကျမ ယူပါတယ်။



အပေါ်က ဘလော့ဂ်တွေအားလုံးကို အချိန်ရရင် ရသလို ဖတ်ဖြစ်ပါတယ်။ Comment ကတော့ မရေးဖြစ်တာများပါတယ်၊ နိုင်သလောက်တော့ရေးပါတယ်၊ ကျမအနေနဲ့ကတော့ နာမည်ကြီးချင်လို့ ဘလော့ဂ်ကာလုပ်ခြင်းမျိုးမဟုတ်ပဲ ကိုယ်သိထားတဲ့ ဗဟုသုတတွေကို မျှဝေရင်း ကိုယ်မသိသေးတဲ့ဗဟုသုတတွေကို ပြန်လည်ရယူချင်လို့ပါပဲ။

ဒီကြားထဲ ကျယ်ဝန်းလှတဲ့ Blog လောကကြီးထဲမှာ အချင်းချင်းတိုက်ခိုက်လိုက်ကြ၊ နာမည်ဖျက် အရှက်ခွဲလိုက်ကြ၊ ဟပ်ကာဓားမြရန်၊ သူခိုးရန်၊ ဗိုင်းရပ်စ်ရန်တွေကိုလည်း ကြောက်ရသေး...။

ကျမ စဉ်းစားလို့မရတာက ဘာကြောင့် ဒီလိုမျိုး အဖျက်လုပ်ရပ်တွေကို မြန်မာလူမျိုးအချင်းချင်း ဖျက်လိုဖျက်ဆီးလုပ်နေကြသလဲဆိုတာကိုပါပဲ။

မောင်လေးသက်တန့်ချိုပြောသလိုပါပဲ..၊ အဲဒီလို အဖျက်လုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ သူတို့ ဘာအကျိုးအမြတ်တွေရရှိသွားခဲ့ပါသလဲ..၊ မိမိလုပ်လိုက်တဲ့ လုပ်ရပ်တခုကြောင့် တဖက်သား ဒုက္ခရောက်သွားတာကို သဘောတွေ့နေကြတဲ့ သူတွေအတွက် ကျမ တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အားလုံးလည်း သိပြီးသားဖြစ်နေပြီး

ကျမလည်း ပုံမှန်အခြေအနေကို ပြန်ရောက်နေပြီမို့ အကျယ်ချဲ့ပြီးမပြောလိုတော့ပါဘူး။



သြဂုတ်လ(၃၁) ရက်နေ့မှာ ကျရောက်မယ့် “Blog Day ” အတွက် ကျမနဲ့ ရင်းနှီးခဲ့ကြတဲ့ Blogger များရဲ့ Comment လေးတွေကို ဖော်ပြရင်း ဗဟုသုတတွေကို မျှဝေရင်း.. ရယူရင်း... Blogger မိသားစုဝင်များအားလုံး ချစ်ချစ်ခင်ခင်နဲ့ ရှေ့ဆက်ပြီး ဘလော့ဂ်ဂင်းလိုက်ကြရအောင်နော်...



အားလုံးပဲ... “HAPPY BLOG DAY” နေ့ကို ပျော်ရွှင်စွာ ကြိုဆိုလိုက်ကြရအောင်လားရှင်...





မှတ်ချက်။ ။ ဒီပို့စ်ကို ခင်မင်ရင်းနှီးစွာ တဂ်ပေးခဲ့တဲ့ ကိုအောင်(ပျူနိုင်ငံ) ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်

၁။ ကိုလင်းဦး(စိတ်ပညာ)

၂။ ဒေါက်တာသက်တန့်ချို

၃။ အနှိုင်းမဲ့

၎။ သဒ္ဓါလှိုင်း

၅။ မကိ

၆။ မမခြင်

၇။ နွေဆူးလင်္ကာ

၈။Rose of sharon

၉။ကိုဆူးသစ်

၁၀။ကိုလင်းထက်

တို့ကို အားရင်ရေးပေးကြဖို့ ဆက်ပြီးတဂ်ပါတယ်ရှင်။

34 comments:

အမှတ်တရ နေ့စွဲများ.... said...

များလိုက်တာ မှတ်တောင်မှတ်နိုင်ဘူး....
ပျော်ရွှင်ပါစေအမ ... ဆေးသောက်နော်

KMC@ချင်းလေး said...

ဟုတ်ကဲ့အစ်မ...ဘလော့ဆိုတာဘာမှန်းမသိတဲ့အချိန်ကတည်းက ဖတ်ဖူးထားတဲ့ဘလော့လေးပါလို့ဝန်ခံချင်ပါတယ်။ခြေရာမချန်ခဲ့တာက မချန်တတ်သေးလို့ပါ:Dခုတော့တချိန်ကဖတ်ခဲ့ရလို့အားကျခဲ့ဖူးတဲ့ စီနီယာဘလော့ဂါများကိုအမြဲလွယ်လွယ်ဝင်လာနိုင်အောင်စီစဉ်ထား လိုက်တာမို့အရမ်းအဆင်ပြေသွားကြောင်းပါ.အစ်မတို့လိုစီနီယာ
တွေကိုအစဉ်လေးစားလျက်ပါ(KMC)

PhyoPhyo said...

နတ်သမီးရဲ့ ဘလောဂ့်ဒေးပိုစ့်လေးဖတ်သွားပါပြီ။
သူငယ်ချင်းတွေခင်တတ်လိုက်တာ။
အားတိုင်းလာလာငေးရတာပေါ့။
နတ်သမီးကလှတာကိုး။

sosegado said...

ပို့စ်တစ်ခုထဲက နွာလှည်းစီးတဲ့ပုံကို သတိရမိပါသည်။
နာကျဉ်ပြီးရေးတဲ့ ကဗျာလေးကိုလဲ အမှတ်ရမိပါသည်။
ပျော်ရွင်ချမ်းမြေ့ပါစေ။

ညိမ်းနိုင် said...

များထှာနတ်နတ်ရယ်...၊အနော်မရောက်ဘူးသေးတဲ့
ဘလော့တွေရသွားတယ်..ကျေးဇူးပဲ...၊မအားတဲ့ကြားက
ဘလော့ဂါတွေကိုတစ်ဦးချင်းသေသေချာချာရေးထားတာ
ပဲ....:)

ကိုအောင် said...

နတ်သမီးတစ်ယောက် ဘလော့လောကကြီးထဲမှာ ထာဝရ ပျော်ရွှင်ပါစေ၊ တက်ဂ်ကို ရေးပေးတဲ့အတွက်ရော တခြား မိတ်ဆွေတွေကို ထပ် တက်ဂ်ပေးလို့ရော ကျေးဇူးကမ္ဘာ ... :D

ဆွေလေးမွန် said...

မနတ်သမီးရေ..လူစုံတက်စုံပါပဲလား..
ဖတ်ရတာ အားရစရာကြီး..

khin oo may said...

ဟုတ်တယ် ပုံလေးတွေ. တင်တုံးကဆို သိတ်လှတာဘဲ။

သဒ္ဓါလှိုင်း said...

နမ်း.
ဘလော့ဒေးအမှတ်တရလေးကို ကြည်နူးပျော်ရွှင်စွာ ဖတ်ခဲ့ပါတယ်။ အားလုံးကိုမေတ္တာထား အလေးထားတတ်တဲ့ နမ်း.ဘလော့လေးကိုချစ်တဲ့နမ်း. စိတ်ထားလေးနူးညံ့တဲ့နမ်း. ညီအမရင်းကဲ့သို့ ချစ်ရတဲ့နမ်း. စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ဘလော့လေးမှာဆက်လက်ပြီး ကဗျာစာပေတွေကို ဝေမျှပေးနိုင်ပါစေလို့. ဆုမွန်တောင်းပါတယ်။
ချစ်တဲ့
သဒ္ဓါ

mstint said...

ဘလော့ဂ်ဒေးတက်ဂ်ပို့စ် ဖတ်သွားပါတယ်ကွယ်။
အခွင့်အခါပေးနေသမျှ ကာလပတ်လုံး ပျော်ရွှင်ချမ်းမြေ့စွာနဲ့ စာပေများဆက်လက်ရေးသား ဖြန့်ဝေနိုင်ပါစေလို့ တောင်းဆုချွေခဲ့တယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

blackroze said...

ကဲ..မရေ.
လာဖတ်သွားပြီနော်..
လာလည်ဖူးတဲ့သူတွေအားလုံးကို
အမှတ်တရမှတ်တမ်းတင်ထားတာဘဲ
စနစ်တကျရှိလိုက်တာမရယ်။။။

မောင်(စွယ်စုံကျမ်း) said...

အလုပ်များတဲ့မမကြီးအတွက်မောင်(စွယ်စုံကျမ်းက)
အလုပ်မများတဲ့ဆော့ဝဲတစ်ခုကိုရေးနေပါတယ်လို့ 
အဝေးတမြေမှာမမကြီးတစ်ယောက်အဆင်ပြေပါစေ..
ခင်မင်လေးစားလျှက်....မောင်(စွယ်စုံကျမ်း)

မောင်(စွယ်စုံကျမ်း) said...

အလုပ်များတဲ့မမကြီးအတွက်အလုပ်များတဲ့ဆော့ဝဲလေး
အမောင်ကြိုးစားတီထွင်နေပါတယ်ဗျာ.....အဝေးတမြေ
မှမမကြီးတစ်ယောက်အဆင်ပြေပါစေလို့ ....
ခင်မင်လေးစားလျှက်အမောင် (စွယ်စုံကျမ်း).....။
Ps(ဆုငယ်နဲ့ အမောင်ကရှေ့ နောက်ပါလား..ဟိဟိ)

ချော(အစိမ်းရောင်လွင်ပြင်) said...

ပိုစ့်လေးဖတ်ပြီး တကယ်ကို စိတ်ရှည်လက်ရှည်နဲ့ ရေးထားတာ ချီးကျုးမိတယ်
အလေးထားတဲ့ စိတ်ကို နှစ်သက်မိတယ် နတ်သမီးရေ
ဘလော့လောကမှာ နှစ်ပေါင်းများစွာ စာတွေရေးပြီး ပျော်ရွှင်နိုင်ပါစေနော်

ကိုဇော် said...

ဟိုက် . . . သူများတွေများ ရေးတတ်လိုက်ကြတာ။ ဒီမှာ ဘယ်လို ရေးရမှန်း မသိလို့ ငုတ်တုပ်။
အားကျပါရဲ့ . . . အားကျပါရဲ့။

အလင်းသစ် said...

ပြန်ရောက်ရောက်ချင်း ဖတ်ဖို့စာတွေက တဂ်ပို့စ်တွေချည်းပါပဲလား။။။
တဂ်ပို့တွေကို တစ်ခါတစ်လေ ပြုံးပြီး၊ တစ်ခါတလေ တခွိခွိ၊တဟိဟိနဲ့ လိုက်ဖတ်နေပါသည်။။
အမတော်ရဲ့ တဂ်ပို့စ်ကိုတော့ ခါးနှစ်ခါဆန့်ပြီး ဖတ်ခဲ့ပါကြောင်း။။။ဟီးးးးးးးးးးးးး။။။
ပျော်ရွှင်ပါစေ အမတော်ရေ့။။

rose of sharon said...

သူငယ်ချင်းလေးရေ...တဂ်ထားတာကျေးဇူးပါ... သတိတရရှိနေတဲ့အတွက်... ရေးမယ်နော်...

လင်းခေတ်ဒီနို said...

သူငယ်ချင်း . နာ အဲလောက်မမှတ်မိနိုင်ဘူး နတ်သာမီးရယ် . . သူမို့ မှတ်မိနိုင်လွန်းတယ် ဘလော့ လောကကုန်ပြီးထင်တယ်း))) ဘလော့သိုင်းလောကကြီးမှာ နတ်သာမီးကို ဘယ်လိုပြောရလဲ ဂုရုကြီးလို့ ဆိုရလားး))) ဟားး


ခင်မင်စွာဖြင့်
ဗညား

မိုးငွေ့...... said...

နတ်သမီးရဲ့ ဘလော့ဂါအသိအကျွမ်းတွေများလို့ ဖတ်ရင်းမူးသွားတယ်...။ ဘယ်ပျောက်နေလဲ နေကောင်းလား....။ အမတို့နဲ့အတူ အမြဲ ဘလော့ဂင်းနိုင်ပါစေ...။

ခင်တဲ့
မိုးငွေ့

မဒမ်ကိုး said...

မမနတ်သမီးရေ ..

လာအားပေးသွားတယ်
စာတွေအများကြီးဆက်ရေးပြီး
ပျော်ရွှင်စွာနေသွားနိုင်ပါစေ ..

ခင်တဲ့

မဒိုးကန်

လွမ်းနေခွင့် said...

:) ဟီးး ဘယ်သူများတဂ်မလဲလို့ စောင့်နေတာ အစ်မကြီးက တဂ်လိုက်သကိုး ဟိဟိ ကျေးဇူးအများကြီးတင်ပါ၏ ရေးလိုက်ဦးမယ် အဖတ်အများဆုံး Top 10 ထဲ မှာ နာမည်တွေ့လိုက်ရလို့ ဟီးးး ခေါင်မိုးနဲ့ခေါင်းနဲ့ ဆောင့်တော့မှာပဲ မမနတ်သမီးရယ် ( ကျလိကျလိ - ၀မ်းသာလို့ သွားချင်းကြိတ်သွားတာ :P)

မြသွေးနီ said...

ဤနေ့ ဤရက် ဤဘလော့ဒေးမှသည် ဆက်လက်၍ စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာစွာဖြင့် ဘလော့ဂ်ဂင် နိုင်ပါစေကြောင်း ဆုမွန်ချွေခဲ့ပါ၏။

ဖြိုးမောင်မောင်(CTM) said...

နည်းတာမဟုတ်ဘူး အများကြီးပဲ
တော်တော်အချိန်ယူပြီးရေးရမှာနော်။
အမည်တွေကလဲတန်းစီနေတာပဲ။
ဆုံးအောင်ဖတ်သွားပါတယ်။
အစ်မ ကျမ်းမာပျော်ရွှင်ပါစေ ;p

နေ၀သန် said...

ဘလော့ခ်တွေများပြီး နာမည်တွေမှားကုန်တာလားမသိ... :P.. ဆောင်းနှင်းရွက်ပါ..။ ဒေါက်တာ ဦးဟန်ကြည် ပါ..။ နောက် ညီလေး ခရေတွန်ကို ပြောမယ်ဆိုရင် (Craton) ပါ.. (Carton) ဆိုတဲ့ ဘလော့ခ်ဂါရှိမယ်ဆိုရင်တော့ သိဘူး.. နတ်သာမီး... :D

ခင်မင်လျက်
နေ၀သန်

ဒီမိုးဆူး said...

အမှတ်တရတွေ မနည်းမနောသိမ်းထားပါလား မမနတ်သမီးလေးရယ် ... ဘယ်တော့မှ မပျက်စီးနိုင်တဲ့အရာတွေမို့ အားကျမိပါရဲ့ ... ပျော်ရွှင်ဖွယ်နေ့ လေးဖြစ်ပါစေနော် .... :)

အဖြူရောင်နတ်သမီး said...

ဟီးဟီး..
အလုပ်သွားခါနီး အမြန်တင်လိုက်ရတာ..
ပြန်မစစ်မိဘူး..စောဒီး..

ဆူးသစ် said...

ထားရစ်ခဲ့တော့ မြိုင်ရေ ကိုရေးတဲ့သူက ဆူးသစ် ပဲလား။ ဒါဆိုကလောင်တူနေတာပေါ့။ ကျွန်တော်က အဖြူရောင်လမ်းကလေး က ဆူးသစ်ပါ။ ညီမ တက်ဂ်လုပ်ထားတာ အဆင်ပြေရင်တော့ ရေးပါမယ်။

sonata-cantata said...

ဒီပို့စ်လေးကို S-C ဆိုက်ဘားမှာ တင်ထားပါရစေနော်

ကိုကိုမောင်(ပန်းရနံ့) said...

နတ်သမီးရေ...
နတ်သမီးပို့စ်ထဲ ပါတဲ့သူတွေအားလုံးကို ထမင်းဖိတ်ကျွေးရမှာဆိုရင် ဆန် ဆယ်တင်းလောက် ချက်ရမယ်ထင်တယ်။း)))

ပျော်ရွှင်ကြည်နူး အေးမြနိုင်ပါစေ။

ခင်မင်လျက်

noblemoe said...

့Happy Blog Day ပါ။

ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

An Asian Tour Operator said...

ဟက်ပီးဘလော့ဂ်ဒေးပါဗျား။

ခင်မင်စွာ

T T Sweet said...

ဘလောဂါတွေအဲလောက်အများကြီးကို မှတ်မိပြီး ပါအောင်ရေးနိုင်တာ အံ့သြရပါတယ်။ ပျော်ရွှင်စွာ ဆက်လက် ဘလော့ဂ်င်းနိုင်ပါစေ။

chitsoe said...

နတ်သမီးရဲ့ဘလော့ဒေးပိုစ်ကိုလာရောက်ဖတ်ရှု့သွားပါတယ်တော်၂ရေးနိုင်တာဘဲနော်....နတ်သမီးတင်တဲ့ပိုစ့်တိုင်းကိုအမြဲလာဖတ်ပါတယ်..ကွန်မန့်တော့မပေးမိဘူး..စီဘောက်မှာတော့တစ်ခါ၂ရေဖြစ်ပါတယ်..နတ်သမီးတစ်ယောက်ကျန်းမာရွှင်လမ်းချမ်းမြေပါစေ......


ရွှေဝန်းရတနာ

shwewunyatana said...

နတ်သမီးရဲ့ဘလော့ဒေးတဂ်ပိုစ့်ကိုလာရောက်ဖတ်သွားပါတယ်..တော်၂ရေးနိုင်တာဘဲနော်မှတ်မိတာလဲတော်ပါတယ်..နတ်သမီးရေးတဲ့ပိုစ့်တိုင်းကိုအမြဲတန်းလာဖတ်ပါတယ်..ဒါပေမဲ့ကွန်မန့်တောမပေးမိဘူး...စီဘောက်မှာတော့တစ်ခါ၂လာရေးသွားပါတယ်..နတ်သမီးတစ်ယောက်ကျန်းမာ
ရွှင်လမ်းချမ်းမြေ့ပါစေ....


ရွှေဝန်းရတနာ......

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .