အရေးပေါ်ပို့စ်”ဆိုတဲ့ခေါင်းစဉ်နဲ့ မောင်အရင်းတစ်ယောက်လိုခင်ရတဲ့ ကိုရဲ(ရဲထွန်းဇော်)မှ မှတ်မှတ်ရရ တဂ်လာတဲ့ ပို့စ်လေးကို နေမကောင်းတဲ့ကြားက ကျမ ဝမ်းသာအားရနဲ့ရေးဖြစ်ခဲ့ပါတယ်။
တဂ်ပို့စ်တွေရေးရတာကို ကျမ အရမ်းပျော်ပါတယ်၊ အထူးသဖြင့် တစ်ဖက်လူက အရေးတယူလုပ်ပြီး Request လုပ်လာခဲ့ရင် ကျမဘက်က စိတ်လိုလက်ရ အမြဲရေးပေးတတ်ပါတယ်။
အပြင်မှာ တစ်ခါမှ မတွေ့ဖူးကြပေမယ့် စာရေးသူအချင်းချင်း ဝါသနာတူချင်းမို့ ကျမတို့စာရေးသူမောင်နှမတွေဟာ အပြင်မှာရင်းနှီးတာထက်ကို ပိုပြီးရင်းနှီကြပါတယ်။
အထူးသဖြင့် ကျမက “စ”တာနောက်တာ သိပ်ဝါသနာပါတဲ့အတွက် FB က “ကြောင်”အဖွဲ့နဲ့ပေါင်းမိနေပါတယ်..။
“ကြောင်” အဖွဲ့ဆိုလို့ တစ်မျိုးမထင်ပါနဲ့..၊ သူတို့အဖွဲ့ဟာ ကြောင်လေးတွေကို သိပ်ချစ်ပါတယ်၊ သူတို့ရဲ့Profile မှာတောင် ကြောင်ပုံလေးတွေကိုပဲ တင်ထားတာမို့ ရင်းနှီးတဲ့သူတွေက သူတို့အဖွဲ့ကို ကြောင်အဖွဲ့လို့ နာမည်ပေးထားတာပါ..။
နောက်ဆိုရင်တော့ နာမည်တွေပါ ပြောင်းတော့မယ်လို့ သတင်းသဲ့သဲ့ကြားပါတယ်..၊ ကြောင်ကိုလတ်၊ ကြောင်မျိုး၊ ကြောင်ရဲ..ဆိုလား..(သာမီးပြောတာ မဟုတ်ပါ..)။
ပထမ အပိုဒ်နဲ့တင် သူတို့ရဲ့ကြောင်မျက်စောင်းတွေ ကျမဘက်ကို ချိန်နေကြပါပြီ၊
“ကျမကြိုက်၏..မကြိုက်၏” ဘက်ကိုပဲ လှည့်ပါတော့မယ်..
ကိုယ်ခန္ဓာ။ ။
“ဆံပင်ရှည်ရှည် အရပ်မြင့်မြင့်”နဲ့မို့ မြန်မာပြည်က လူကြားထဲမှာ ထိုးထိုးထောင်ထောင်ဖြစ်နေတတ်တဲ့ ကျမရဲ့ပုံစံဟာ ရုပ်ချောတဲ့မိန်းခလေးစာရင်းထဲမှာ မပါပေမယ့် တစ်ခါမြင်ဖူးယုံနဲ့ မှတ်မိလွယ်တဲ့ စာရင်းထဲမှာပါ ပါတယ်။
အရပ်၅ပေ၈လက်မရှိတဲ့ကျမအရပ်နဲ့ ညီမျှတဲ့ ကိုယ်အလေးချိန်ကတော့ ၁၃၀ပေါင်ပါ။
ကျမဟာ အလွန်အလှကြိုက်သူဖြစ်တဲ့အတွက် မိမိရဲ့ အရပ်နဲ့ညီမျှတဲ့ ကိုယ်လုံးကိုယ်ထည်ဖြစ်အောင် အမြဲဂရုစိုက်ပါတယ်။
မေမေက “ဝ”တဲ့အတွက် ကျမအနေနဲ့ အခုကတည်းက ကိုယ့်ကိုယ်ကို ထိန်းဖို့လိုပါတယ်၊
နည်းနည်း ဝိတ်တက်လာတာနဲ့ အစားလျှော့ပါတယ်။
ပိုဆိုးတာက ကျမမှာ အစာအိမ်နာ ရောဂါရှိနေတဲ့အတွက် ဗိုက်ပူလာရင် အိပ်-ထ မ-တင် ဗိုက်လေ့ကျင့်ခန်းမျိုးလုပ်လို့မရတဲ့အတွက် အစားကိုပဲ လျှော့စားရပါတယ်။
အထူးသဖြင့် မိန်းခလေးအတော်များများဟာ လူလတ်ပိုင်းအရွယ်ကို ရောက်လာတဲ့အခါ ဗိုက်က“စ”ပြီး“ဝ”လာကြပါတယ်။ ကြည့်ရတာ အလွန်ရုပ်ဆိုးပါတယ်။
ထိန်းနိုင်သလောက် ထိန်းကြဖို့ ကျမတိုက်တွန်းပါရစေ။
နောက်တစ်ခုက မိမိကိုယ်ကိုယ် လှဖို့သာ မဟုတ်ပဲ မိမိရဲ့ ချစ်သူ(သို့) ခင်ပွန်းသည်ရဲ့အကြည့်များ တစ်ခြားမိန်းမလှလေးတွေဆီကို ရောက်မသွားရလေအောင် မိမိကိုယ်ကို ထိန်းဖို့လိုပါတယ်။
ယောက်ျားလေးများပြောတတ်တဲ့စကား“ ချစ်ရယ်..ဝပါစေကွယ်..စားသာစားပါ၊
ချစ် ဘယ်လောက်ဝဝ.. ကိုယ်က ချစ်နေမှာပါ” ဆိုတဲ့စကား ကျမကတော့ အယုံအကြည်လုံးးးဝမရှိပါ၊ ယောက်ျားလေးများဟာ မိမိတို့ရဲ့ ချစ်သူကို ချစ်ကောင်းချစ်နေပါလိမ့်မယ်၊
သံယောဇဉ်နဲ့ တစ်သက်လုံး လက်တွဲသွားချင် သွားပါလိမ့်မယ်၊ ဒါပေမယ့် ဘယ်ယောက်ျားသားကမှ အလှမကြိုက်တဲ့သူ မရှိဘူးဆိုတာ မိန်းခလေးတိုင်းမမေ့သင့်ပါ။
တစ်ခါတစ်လေ ယောက်ျားလေးအများစုဟာ တစ်ကိုယ်ကောင်းဆန်တတ်ကြပါတယ် ။
အဲဒါကတော့ သူတို့ရဲ့ချစ်သူကို ဘယ်ယောက်ျားသားကမှ စေ့စေ့ကြည့်တာ မခံချင်ကြဘူး၊ အဲဒီအတွက် ချစ်သူကို အလှမပြင်ခိုင်းတာမျိုး၊ လှပလွန်းတဲ့ အဝတ်အစားမျိုးကို မဝတ်ခိုင်းတာမျိုးတွေ ၊
သူတို့ရဲ့ ချစ်သူ“ဝ”လေ ..သူတို့အတွက် စိတ်ချရလေပဲမဟုတ်လား။
အဲဒီတော့ ညီမလေးတို့.. မမတို့ရေ...၊
ကိုယ့်ကိုယ်ကို ယုံကြည့်မှုအပြည့်ရှိအောင် နည်းနည်းတော့ အပင်ပမ်းခံဖို့ တိုက်တွန်းလိုက်ပါရစေနော်။
ဒီလိုပြောလို့ ကျမရဲ့ ခန္ဓာ သိပ်လှတယ်လို့ မထင်ကြပါနဲ့..၊
မေမေပေးသလောက်နဲ့ လှအောင်ကျိုးစားနေတဲ့ သာမန် မိန်းခလေးတစ်ယောက်ပါ။
အပြုအမူ။ ။
မခင်သေးတဲ့သူဆိုရင် ခပ်တည်တည်နဲ့ ဆက်ဆံတတ်ပါတယ် ၊ ခင်သွားပြီဆိုရင်တော့ မောင်နှမအရင်းလို “စ” “နောက်”ပြောဆိုဆက်ဆံတတ်ပါတယ်။ စိတ်အရမ်းကောက်တတ်ပါတယ်။
အလုပ်ထဲမှာ စိတ်ရှည်ရှည်ထားရတဲ့အတွက် ကိုပိုင်အချိန်များမှာ စိတ်မရှည်တတ်တော့ပါဘူး။
လူတစ်ယောက်ကို စိတ်ကောက် စိတ်ဆိုးပြီဆိုရင် မျက်လုံးပြူးပြူးကြီးနဲ့ အဲဒီလူကို စူးစိုက်ကြည့်တတ်ပါတယ်။
လမ်းလျှောက်လျှင် ခြေသံမမြည်အောင်လျှောက်တတ်တဲ့အကျင့်ရှိပါတယ်။
အထူးသဖြင့် လှေခါးအတက် အဆင်းကြမ်းသူ၊ အသံကျယ်ကျယ်ပြောတတ်သူ၊ လူကြားထဲ ဒူးပေါ် ပေါင်ပေါ်နှင့် အနေအထိုင်မတတ်သူ၊ အနေအထိုင်ကြမ်းတမ်းသူများကို အရမ်းမုန်းပါတယ်၊
“နှုတ်ကြမ်းတော့ အမိ... ကိုယ်ကြမ်းတော့ အဖ” ဆိုတဲ့စကားအတိုင်း မိမိအပြောမခံရအောင် မိန်းခလေးတစ်ယောက်မှာရှိသင့်တဲ့ ယဉ်ကျေးသိမ်မွေ့ခြင်းများကို ထိန်းသိမ်းပါတယ်။
သူငယ်ချင်း အပေါင်းသင်းများပေမယ့် တစ်ကိုယ်တည်း နေရတာကိုကြိုက်ပါတယ်။
အားလပ်တဲ့အချိန်တွေမှာ ခပ်အေးအေးသီချင်းများကို နားထောင်နေတတ်ပါတယ်။
Feel သမားလို့ပြောလို့ရပါတယ်၊ စိတ်ကူးအလွန်ယဉ်တတ်သူပါ။
အစားအသောက်။ ။
မုန့်ဟင်းခါးကတော့ ကျမရဲ့အသဲစွဲ အစားအစာပါပဲ။
နာနတ်သီး၊ သြဇာသီး၊ သင်္ဘောသီး၊ လိမ္မော်သီးတွေကိုကြိုက်တယ်။
သားကြီးငါးကြီးများမစားပါ။
အဝတ်အစား။ ။
သိပ်ရွေးပါတယ်။
အပြင်တစ်ခါသွားဖို့အရေး အလှပြင်တာ ၁နာရီ၊ အဝတ်အစားရွေးတာ ၁နာရီကြာပါတယ်။
သွားမည့်နေရာဒေသ၊ ရာသီဥတု၊ သွားရသည့်ရည်ရွယ်ချက်(မွေးနေ့၊ လူမမာမေး၊ Shopping ၊ သာရေး၊ နာရေး) တို့ပေါ်မူတည်ပြီး အဝတ်အစားနှင့် အရောင်ကိုရွေးပါတယ်။
ကျမမှာ ရှိတဲ့ အဝတ်အစားများကတော့ အလယ်အလတ် တန်ဖိုးရှိ အဝတ်အထည်များပါတယ်။
မိမိကိုယ်ပေါ်မှာ ဆင်မြန်ထားတဲ့ အဝတ်အစားဟာ တန်ဖိုးကြီးဖို့ထက် မိမိနဲ့ အံဝင်ခွင်ကျ ဖြစ်နေဖို့၊ လိုက်ဖက်နေဖို့၊ Style ကျနေဖို့ပဲ လိုပါတယ်။
အထူးသဖြင့် အဖြူရောင်၊ ပန်းဆီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ ဆင်စွယ်ရောင်များ ကို ပိုဝယ်ဖြစ်ပါတယ်။ ချည်ထည် (စွတ်ကျယ်သား)ကိုယ်ကြပ်ဒီဇိုင်းများနဲ့ ချည်ထည်ဂါဝန်ဖားဖားကြီးများကို ဝတ်လေ့ရှိပါတယ်။
အလုပ်ထဲမှာလည်း မြန်မာပြည်က ချည်ထည်များကို မြန်မာလိုချုပ်ပြီးဝတ်ပါတယ်။
ကိုယ့်ကိုယ်ကိုလည်း လှအောင်ဝတ်သလို တခြားသူများ လှလှလေးတွေဝတ်ရင်လည်း ငေးကြည့်တတ်ပါတယ်၊ သူတို့ဝတ်တဲ့ style လေးတွေကို အတုယူပါတယ်။
မြန်မာပြည်မှာ ကတည်းက ဒီဇိုင်နာ အလုပ်ကို လုပ်ခဲ့သူမို့ အင်္ကျီဒီဇိုင်း၊ဖက်ရှင်နဲ့ပတ်သက်လာရင် သိပ်စိတ်ဝင်စားပါတယ်။
နေရာဒေသအလိုက် အဝတ်အစားကို ခေတ်နဲ့လျှော်ညီအောင် ကျမ ဝတ်နေရပေမယ့် မြန်မာရင်ဖုံးနဲ့ ချိတ်ထမီကို အလွန်နှစ်သက်ပါတယ်၊ ရှပ်အင်္ကျီဖြူ ကော်လာလည်ကတုံး၊ ကချင်ပုဆိုးဝတ်ထားတဲ့ အမျိုးသားများကိုတွေ့ရင်လည်း လိုက်ကြည့်တတ်ပါတယ်(တစ်မျိုးမထင်ပါနဲ့... မျက်လုံးအေးလို့ပါ)။
အကိုတွေ မောင်တွေ ပြောကြပါတော့မယ်..သူတို့ကြည့်ရင်ကောင်းတယ်၊ သူများကြည့်ရင် အပြစ်ပြောပါတော့မယ်။..း(
ကြိုက်တတ်တာလေးတွေ။ ။
ပန်းနံ့သင်းတဲ့ရေမွှေး၊ ပုဇွန်ဆီရောင်ဖျော့ဖျော့၊ အညိုနု နဲ့ပန်းနုရောင်နှုတ်ခမ်းနီတွေကိုဆိုးလေ့ရှိတယ်။
ကျမရဲ့လက်ချောင်းလေးတွေဟာ မလှပတဲ့အတွက် လက်သဲကို အရှည်ထားပြီး လက်သဲနီရောက်စုံလေးတွေနဲ့
လက်ချောင်းသွယ်သွယ်လေးတွေဖြစ်အောင် ဖန်တီးယူထားရပါတယ်။
ဖန်စီနားကပ်တွဲလဲလေးတွေကို ကြိုက်နှစ်သက်တယ်။ ဖိနပ်လှလှလေးတွေကြိုက်တယ်..၊
အိပ်ယာလေး တင်းရင်းနေတာကိုကြိုက်တယ်..
ထမင်းဝိုင်းမှာ ထမင်း၊ဟင်းတွေ ပူနွေးနေတာကိုကြိုက်တယ်..
ညဖက်မှာ ကော်ဖီတစ်ခွက်ရှေ့ချပြီး သရဲကားထိုင်ကြည့်ရတာကိုကြိုက်တယ်...
လက်စွတ်ကို လက်ခလယ်မှာဝတ်တာကြိုက်တယ်..
(လက်သားကြွယ်မှာဝတ်ရတာ စောင်းစောင်းကြီးဖြစ်နေလို့။
နတ်သမီးလေးလို့ ခေါ်တာကြိုက်တယ်(နတ်သမီးမဟုတ်မှန်းသိပါသည်...သို့သော်...)
တဂ်ပို့စ်ရေးခိုင်းတာကြိုက်တယ်...
ကဗျာကြိုက်တယ်...
ကဲ... ကိုရဲရေ...
ရေးပြီးပြီနော်...ကျေနပ်တယ်ဟုတ်...း)
ကျမကသာ သူများတဂ်တာကို ခံနေရတာ၊ ဒီတစ်ခါတော့ ကျမလည်း သူငယ်ချင်းတွေကို ပြန်တဂ်ပါရစေ..
၁။ မချော(အစိမ်းရောင်လွင်ပြင်)
၂။ကော်ဖီခါးခါးကြိုက်တဲ့မမိုးငွေ့
၃။ မကိ
၎။မမခြင်
၅။ မကြီးသိင်္ဂါကျော်
၆။အသဲကွဲနေတဲ့ အနှိုင်းမဲ့
၇။သဒ္ဓါလှိုင်း
၈။Blackrozz(ခံစားမှုသံစဉ်)
၉။ Rose of sharon
၁၀။မန္တလေးက မကြီးရွှေစင်
၁၁။ ညီမလေး အိန်ဂျယ်လှိုင်
တို့ကို ဆက်တဂ်ပါတယ်...။
အားရင် ရေးပေးကြပါ..၊ မအားလည်း စိတ်မဆိုးပါ...။
ကြားဖြတ်သတင်း။ ။
အခုလာမယ့် (၃၀)ရက်နေ့မှာ ကျမရဲ့ “အဖြူရောင်နတ်သမီးဘလော့ဂ်(၂)နှစ်ပြည့်ပါတယ်။
အဲဒီနေ့လေးမှာ သူငယ်ချင်းဘလော့ဂ်ကာများနှင့် စာဖတ်သူများထံမှ ကဗျာလက်ဆောင်(သို့) အဖြူရောင်နတ်သမီးဘလော့ဂ် ဝေဖန်ရေးဆောင်းပါးတိုလေးတစ်ခုလောက် လက်ဆောင်လိုချင်လို့ပါ..။
လက်ဆောင်ကဗျာများကို ဒီကောမန့်ထဲမှာ ချန်ထားခဲ့ပေးပါရှင်။ (ကျေးဇူးအထူး)
24 comments:
လာဖတ်တယ်နော်... :)
း) ဒီနေရာမှာ ထူးထူးခြားခြား ကိုယ်နဲ့ တူတဲ့အချက်သွားတွေ့မိပါတယ် ။ မခင်တဲ့သူဆို ခပ်တည်တည် နေတတ်ပြီး ခင်ပြီဆိုရင်တော့လား စကားကို ရေပက်မ၀င်အောင်ပြော စတတ် နောက်တတ်ပါတယ် ။
လှပါတယ် အပျိုကြီးရယ် သိပ်မပြင်ပါနဲ့ မိတ်ကပ်တွေ နှမြောစရာကြီးးး)))))
မျက်စောင်းထိုးတဲ့ကြောင်မျိုး
ရေးပေးတာကျေးဇူးပါ နတ်သမီးရေ...
နတ်သမီးက ဆံပင်ရှည်ရှည် အရပ်မြင့်မြင့်နဲ့ မဟာဆန်သူလေးပါ ...
နာနတ်သီးကြိုက်တာတော့တူတယ် ...
တပ်တာတွေနောက်ထပ်လာဦးမယ် ... မျှော်
ပုံပြင်တွေထဲက မြို့ကလေး
ဆိုက်ပရပ်စ်က နတ်သမီးရဲ့
ခံစားချက်တွေ ပုံဖော်ရာ
ဘလော့ ကမ္ဘာကလေး
နှစ်နှစ်မှသည်
နောင် နှစ်ပေါင်းများစွာ
ကဗျာတွေ စာတွေနဲ့
ဝေဆာနိုင်ပါစေ...။
တဂ်လေးတွေလုပ်တော့..
တစ်ယောက်အကျင့်လေးတွေ
တစ်ယောက်သိရတာပေါ့လေ..
.............
လာလည်သွားပါတယ်ရှင်
ခင်မင်လျှက်
မဒိုးကန်
ညီမ ကြိုက်တာ မကြိုက်တာ ကိုတော့ ဖတ်ပြီးသွားပြီနော်
ညီမ ရေးခိုင်းတာလေး ကျိုးစားရေးပေးပါမယ်
အမရွှေစင်
မမရေ..တူတာလေးတွေများနေလို့...:) ကြိုးစားပြိးရေးပါ့မယ်မမ...
အယ်....နတ်သမီးနေမကောင်းဘူးဆိုလို့မတဂ်တာပါနတ်
နတ်ရာ...၊ကိုရဲတဂ်လိုက်တော့ဟန်ကျသွားရော...:)
၅ပေ၈လက်မအရပ်ကတော့ မြန်မာမိန်းကလေးတွေကြား
မှာအတော်ထင်းနေမှာ....၊မိုက်သဗျာ....:)
ရေးထားတာလေးဖတ်လို့ကောင်းတယ်ဗျ....။
ဒါတွေကြိုက်လို့ ဒီလိုလှနေတာနဲ့ တူပါရဲ့း)
ကြိုက်၏ မကြိုက်၏ လာဖတ်သွားတယ်...နတ်သမီးရေ...ကျန်းမာပျော်ရွှင်ပါစေ...
ကြိုက်တာတွေ မကြိုက်တာတွေ လာဖတ်သွားပြီ။
ညဖက်မှာ ကော်ဖီတစ်ခွက်ရှေ့ချပြီး သရဲကားထိုင်ကြည့်ရတာကိုကြိုက်တယ်...
အဲတာရှားရှားပါးပါး တူတယ်.
အားတာတော့ လုံးးးဝ မအားဘူး... ဒါပေမယ့် ကြိုးစား ရေးပေးပါ့မယ် နှပ်သမီးလေးရေ....း))
အမတော်ရေ အလင်းသစ် လာဖတ်သွားပါပြီဗျာ။။။
ဟီးဟီး။။။
အလိုလေး..... ကျုပ်ကို အဆော်ပလော်က တီးထားသေး ဘယ်က အညိုးတွေပါလိမ့်..။
ကျနော်ပြောဖူးသားပဲ အစိမ်းနုရောင်လေးတွေ စမ်းဝတ်ကြည့်ပါဆိုတာ တစ်ခါလာလည်း ဆင်ဆွယ်ရောင် တစ်ခါလာလည်း အဖြုနဲ့  အ၀ါ ဒီအထဲက ကို မထွက်နိုင်ဘူး။
ဝိတ်ချဖို့ တော့ ပြောထားပြီးသားနော်... အာလူခင်းတွေ ပတ်ပြေး........
အဲ.. စကားမစပ်. ကချင်ပုဆိုးနဲ့  လည်ကတုံး မှာအုန်းမှ...... ဟိဟိ
မကြီးသိင်္ဂါနဲ့ စောတို့ရဲ့ ကောမန့်ကို နှစ်ပတ်လည်မှာ ထည့်လိုက်မယ်နော်..
ကျေးဇူးးးးးးးးးးးးး
အစ်မရေ.. ကြိုက်တာမကြိုက်တာလေး အခုမှ လာဖတ်ဖြစ်တယ်..း)))....
ခင်မင်လျက်
နေ၀သန်
ငါးပေ ရှစ်ဆိုရင်တော့ သူကြီးမင်းထက် အရပ်မြင့်ပါတယ်။း)))သူကြီးမင်းက ပုပုနဲ့ နုနု။
ဆိုက်ပရပ်ရောက်ဖြစ်လို့ အုပ်စုလိုက် ဓါတ်ပုံရိုက်ကြမယ်ဆိုရင်တော့ ခွေးချေပုကလေး ကြိုဆောင်သွားမှ ဖြစ်မယ်။ :D
ဟုတ်တယ်။ နတ်သမီးမုန်းတဲ့အပြုအမူကို သူကြီးမင်းလဲ မုန်းတုန်းတုန်းဘဲ။း))
ခင်မင်လျက်
နတ်သမီးရေ Happy Blog Birthday ပါ။ နှစ်နှစ် ဘလော့ဂ်သက်တမ်းမှသည် ပျော်ရွှင်စွာ ဘလော့ဂ်ဆက်လက် ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်။
နမ်းရေ..မေလ်းပို့ထားတယ်နော်။
ချစ်တဲ့
သဒ္ဓါ
မငယ်..ကျေးဇူး အထူး..
သဒ္ဓါ... တင်လိုက်ပြီသူငယ်ချင်းလေးရေ...ကျေးဇူး
ကိုဟန်ကြည်... အပြီကိုရေးပေးထားတယ်ရော..ကျေးဇူး
နတ်သမီးဘလော့ဂ်လေးရဲ့ နှစ်နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းရှည်ကြာတိုင်ပါစေ။ နတ်သမီးလည်း ကျန်းမာပျော်ရွှင်စွာနဲ့ ဘလော့ဂင်းနိုင်ပါစေကြောင်း ဘလော့ဂ်မွေးနေ့ဆုတောင်းလေး ခြွေခဲ့ချင်ပါတယ်။
ဘလော့ဂ်တစ်ခုကို ၂နှစ်ဆိုတဲ့ကာလတစ်ခုထိ အဒွန်ရှည်အောင် ထိန်းသိမ်းနိုင်ခဲ့ပြီး လူချင်လူခင်ပေါများလို့ အလည်အပတ်များတဲ့ဘလော့င်္ဂလေးတစ်ခုအဖြစ် ပြုလုပ်နိုင်ခဲ့တာတွေပာာ အဖြူရောင် မမနတ်သမီးရဲ့အရည်အချင်းပါပဲ...အများကြီးဂုဏ်ယူပါတယ် ရှင် ။
နတ်သမီးရေ.... ပြောချင်တာတွေက များနေပေမယ့်... ပျော်စရာကောင်းတယ်လို့ပဲ ပြောတော့မယ်နော်။း)
ခင်မင်လေးစားလျက်
Thank you so much for your post. It is really interesting and fun. It is simple and clear what you want other people to know. You are very good at everything. Most people are good at something but you got everything. You are just like an angle as your blog.
Post a Comment