Tuesday, July 12, 2011

ဆိုက်ပရပ်စ်နိုင်ငံမှ အကြီးမားဆုံးဗုံးပေါက်ကွဲမှု





ဇူလိုင်လ(၁၁)ရက် (တနင်္လာနေ့) နံက်(၆)နာရီခန့်က ဆိုက်ပရပ်စ်နိုင်ငံ၊ နီကိုဆီးယားမြို့တော်နှင့် လီမားဆိုးလ်မြို့အကြားရှိ စစ်တပ်တွင်းတွင် အကြီးမားဆုံး ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သည်။
ဖြစ်ပွားပုံမှာ လွန်ခဲ့သော(၂)နှစ်ခန့်က လက်နှက်ခဲယမ်းများသယ်ဆောင်လာသော ဆီရီးယားသင်္ဘောကို အမေရိကန်စစ်တပ်မှ ဖမ်းဆီးပြီး ၎င်းလက်နှက်ခဲယမ်းများပါရှိသော ကွန်တိန်နာ(၉၈)လုံးကို ဆိုက်ပရပ်စ်နိုင်ငံတွင်းရှိ စစ်တပ်အတွင်း သိမ်းဆည်းထားခဲ့ပြီး၊ လက်နှက်ခဲယမ်းများထည့်ထားသည့် ကွန်တိန်နာ ၉၈လုံးမှာ သတ်မှတ်ထားသော ခံနိုင်ရည်အပူချိန်ထက် ကျော်လွန်သွားခြင်းကြောင့် ယမ်းမှုန့်များမှတဆင့် ပေါက်ကွဲမှု စခဲ့တယ်လို့ သိရှိရပါတယ်။

၎င်းစစ်တပ်နှင့် ကပ်နေသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာလည်း ဗုံးပေါက်ကွဲမှုကြောင့် မီးပေးမှုများပြတ်တောက်သွားခဲ့ရပြီး ဆိုက်ပရပ်စ်တနိုင်ငံလုံးတွင် ယခုအချိန်ထိ ၆၀% ခန့် လျှပ်စစ်များပြတ်တောက်ခဲ့ရပြီး ပေါက်ကွဲမှုအရှိန်ကြောင့် ရပ်ကွက်လူနေအိမ်များမှ ပြတင်းပေါက်များမှ မှန်များအားလုံး ကွဲစင်လွင့်ထွက်ခဲ့သည်။ အိမ်များမှာလည်း ပျက်စီးခဲ့ကြောင်း။

လူအသေအပျောက်စစ်တမ်းကောက်ချက်အရ အနည်းဆုံး လူ (၈)ယောက် သေဆုံးပြီး အယောက်(၆၀)ကျော် ဆေးရုံတွင်အတွင်းလူနာအဖြစ် ဆေးကုသလျှက်ရှိကြောင်း နှင့် အဆိုပါ ပေါက်ကွဲမှုမှာ ဆိုက်ပရပ်စ်နိုင်ငံ သမိုင်းတွင် အကြီးမားဆုံးပေါက်ကွဲမှုတခုအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သတင်းရရှိပါသည်။


10 comments:

ကိုအောင် said...

မလွယ်ပါလား ဗျို့၊ အမေရိကန်အမှု ဆိုက်ပရပ်စ ခါးနာ ပေါ့ ...

IDIOT-Ki said...

အင်းးး
ဒီသတင်းကို တင်နိုင်သေးတယ် ဆိုရင်တော့
ဆိုက်ပရပ်စ်ရောက် နတ်သမီးလေး တယောက်ဘေးမသီ ရန်မခ ရှိနေမှာပဲ လို့ တွေးမိတယ်..

နတ်သမီးလေး..မကြောက်နဲ့ နော် မီးမှောင်မှောင်ဆိုပေမဲ့.. ဗမာပြည်က လာတာ ပဲ ဟာ.. အကျင့် ရ နေ လောက် ပါ ပြီ.. ..း)))

ဟိုဟို သည်သည် သိပ် မ ထွက်နေနဲ့ အုံး.. သတိထား နေနော့်..

ဖွားကိ..

မောင်(စွယ်စုံကျမ်း) said...

မမနတ်သမီးဘယ်ထိသွားသေးလဲဂျ..မောင်လေးဆီမှာ
ဗုံးပီးတဲ့ဆော့ဝဲရှိတယ်တိလား..မပူနဲ့ ..အေးဆေးပဲမလား...နီလာမှ..ဖြူပြာ(2ခါပြန်ဖတ်ပါ)..ရထားရထား..ကြားရင်အကြောင်းပြန်...ဒါဘဲ..ကျန်တာမန်ဒါလီ

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်မကောင်းစရာဘဲ
ဘယ်လိုပြောရမှန်းတောင် မသိဘူး
သူများနိုင်ငံတွေကတော့ တမင်လုပ်ကြံဖန်တီးလို့ ကွဲရတယ်
ခုကျတော့ မတော်တဆကြောင့် ကွဲရတယ်။
ဘာဘဲဖြစ်ဖြစ် လူတွေ သေကြေကြတဲ့အထိ ဖြစ်ရတာ စိတ်မကောင်းပါဘူး

blackroze said...

မရေ...စိတ်မကောင်းစရာသတင်းလေးပါ..

ဘာဆက်ရေးလို့ရေးရမှန်းတောင်မသိတော့ဘူးမရယ်..

Angelhlaing(May everybody be happy and healthy! said...

မမရေ သတင်းလေး လာဖတ်တယ်လို့...:)

ကိုကိုမောင်(ပန်းရနံ့) said...

နတ်သမီးလေး အန္တရာယ်ကင်းပြီး ကျန်းမာပျော်ရွှင်နိုင်ပါစေ။

ပေါက်ကွဲတာတွေက ကမ္ဘာအနှံ့ဆိုတော့ ကမ္ဘာကြီးလဲ ဒဏ်ရာတွေနဲ့ ချိနှဲ့နေရှာပြီ။

ခင်မင်လျက်

ဆောင်း said...

ညီမ သံဗုဒ္ဒေ ရွတ်ပါနော် (စာလုံးပေါင်းမှားနေသည်) ဘေးအန္တရယ်ကင်းတယ်။

တတ်နိုင်သမျှ ဘုရားစာရွတ်နေပေါ့ ညီမရယ်။

မဒမ်ကိုး said...

ဝူးးး.ဒီလိုနဲ့ပဲကမ္ဘာကြီးးပျက်စီချိန်ရောက်တော့မယ်.....

ခင်မင်လေးစားလျှက်

မဒမ်ကိုး

An Asian Tour Operator said...

အစ်မကိ ပြောသလို ပို့စ်တင်နိုင်တယ် ဆိုတော့ ဘေးမသီ ရန်မခ လို့ ပေါ့။ သူများ နိုင်ငံဆိုတော့ အစစ အရာရာ သတိထား နေရ တာပဲ။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .