ဆိုက်ပရပ်စ်နိုင်ငံဟာ ကျွန်းနိုင်ငံတခုဖြစ်သည့်အတွက် အင်္ဂလန်၊ စကော့တလန်၊ ရရှား၊ ဂျာမဏီ၊ ပြင်သစ် အစရှိသည့်နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသည်များ အပမ်းဖြေရာ နေရာလေးတခုဖြစ်သောကြောင့် နွေရာသီဖြစ်သော Jun, July, August လများဟာ ကျမလို စားသောက်ဆိုင်တွင်အလုပ်လုပ်သော သူများအတွက် အလုပ်အများဆုံး၊ ခေါင်းအစားဆုံး ၊ အပင်ပမ်းဆုံး လများဖြစ်ပါတယ်။
ကျမအလုပ်လုပ်သော စားသောက်ဆိုင်ဟာလည်း နေ့စဉ်နဲ့အမျှ နိုင်ငံအသီးသီးမှ ဧည့်သည်များနှင့်ပြည့်နှက်နေပြီး ၎င်းတို့အသုံးပြုသော ငွေစက္ကူ(ယူရို)များကို ဂရုတစိုက်စစ်ဆေးပြီးလက်ခံယူနေရသည့် ကြားမှ အငိုက်ဖမ်းဝင်ရောက်လာတတ်သော ယူရိုအတုများကို လက်ခံမိသည့်အခါမျိုးတွင် ဝန်ထမ်းများမှာ အလွန်စိတ်ညစ်ကြရပါသည်။
ကျမတို့ဆိုင်ဟာ ၃ထပ်တိုက် စားသောက်ဆိုင်ကြီးဖြစ်သည့်အတွက် (၁)ညကို ဧည့်သည်ပေါင်း ၂၀၀ကျော် ထံမှ ယူရိုများကို တရွက်ချင်းစီ ဂရုတစိုက်စစ်ဆေးပြီး လက်ခံပါသော်လည်း အလုပ်အရမ်းများသည့်အခါမျိုးတွင် မစစ်မိသည်နှင့်ကြုံမိပါက ဤကဲ့သို့သော ငွေစက္ကူအတုများကို လက်ခံမိတတ်ပါသည်။
ကျမတို့ အများဆုံးလက်ခံမိသော ငွေစက္ကူအတုမှာ ၅၀တန် ဖြစ်သည့်အတွက် ဝန်ထမ်းများအား လျှပ်တပျက် စစ်ဆေးနိုင်ရန် အတုနှင့်အစစ် ယှဉ်တွဲပြသရင်း စာဖတ်သူ သူငယ်ချင်းတို့အတွက် ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ရပါသည်။ငွေစက္ကူ အတုနှင့် အစစ် ကွာခြားချက်များမှာ...
၁။အစစ်။ ။ ငွေစက္ကူ၏ မျက်နှာစာဘက် အပေါ် အလယ်နားမှ ကြယ်နှင့်ကပ်လျှက်ရှိသော ဆေးသားမှာ လက်နှင့်စမ်းကြည့်ပါက ဖောင်းကြွကဲ့သို့ဖြစ်နေခြင်း၊
အတု။ ။ ဆေးသားမှာ ချောမွတ်နေခြင်း။
၂။ငွေစက္ကူနောက်ကျောဘက်တွင် ရိုက်နှိပ်ထားသော ဂဏန်းစာလုံး(ရေးပုံ)ပုံစံမှာ ဒီဇိုင်းမတူခြင်း
၃။ ။ အစစ်နှင့် အတု စက္ကူအရွယ်အစားမှာအလျှားအရှည် .1cm (မသိမသာ) လျှော့နေခြင်းတို့ဖြစ်သည်။
ကဲ... ယူရိုနှင့် မကင်းကြသော သူငယ်ချင်းတို့ရေ...
သတိရှိပစေနော်...
မိမိတို့ အိပ်ကပ်ထဲက ယူရိုလေးတွေကို စစ်ကြည့်လိုက်ကြပါအုံး...
Saturday, June 4, 2011
ကျမတို့ဆိုင်ကို ဝင်ရောက်လာတဲ့ ယူရို(EURO)အတုများ
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
11 comments:
၅၀ တန်လေးတွေတော့ ဈေးတတ်နေလို့ ဝယ်ထားမိပါတယ်ကွယ်။ ဒါပေမဲ့ အစစ်တွေပါ သေချာပါတယ် :D
နမ်းရေ စစ်လိုက်အုံးမယ်....း)
ချစ်တဲ့
သဒ္ဓါ
မရှိပါဘူးဗျာ....၊ရှိသူများကြောင့်ကြ ကြကုန်....:)
အဲ... စစ်မယ် စစ်မယ် ချက်ချင်းစစ်လိုက်မယ်... ။
အားပါး... ၁၀၀၀၀ ကျော်မှာ အတု ၅၀ တန် ၃ ရွက်တောင်ပါနေပါ့လား.....။
အဟိ... နာကွ
သေသေချာချာလေ့လာချင်တယ်။
အတုတစ်ရွက် အစစ်တစ်အုပ်ပို့လိုက်ပါလား။
ဗဟုသုတလေးတွေ ဝေငှပေးတာ ကျေးဇူးပါပဲနော်။
ခင်မင်လေးစားလျက်
ယူရိုလည်း မရှိ ဒေါ်လာလည်းမရှိ
အော် ဆိုးလိုက်တဲ့အဖြစ်
စစ်ချင်လို့တောင် စစ်စရာမရှိး)
မ
တကယ်ကြီးပေါ့ နော် .. အဲတာ ကိုအယ်ကို တို့ဆိုင်ကနေတော့ ကြားနေတာ ကြာပါပြီး ။ မ အဲလိုဆို ဘဏ်က ထုတ်လာတဲ့ငွေလည်း စစ်သင့်တာပေါ့နော် .
မစစ်နိုင်အောင် များနေတယ် ဘယ်လိုလုပ်ရပ
အင်း...ယူရိုဆိုတဲ့ကောင်ကို အခုမှပဲ အကောင်လိုက်မြင်ဖူးတော့တယ်...ကိုယ့်ကိုယ်ကို သနားလိုက်ပါဘိတော့တယ်...နတ်သမီးရေ...ဖြစ်ပုံက အဲဒီလိုရယ်...
အမလေး ကြောက်ချရာကြီးပါလား.. ဒါပေမယ့် တားတို့က ယူရိုကိုင်ဘူး.. ဒါပေမယ့် ဒေါ်လာဈေးကျလို့ စိတ်ညစ်နေတယ်.. အကုန်ထုတ်ရောင်းတော့မလားလို့ .. ဟိဟိ
Post a Comment