Saturday, May 14, 2011

Prawns with Feta Cheese

ဒီနေ့တော့ ကျမဆီ လာလည်ကြတဲ့ သူငယ်ချင်းများအတွက် Feta Cheese နဲ့ချက်တဲ့ ပုဇွန်မွှေးမွှေးလေး တပွဲနဲ့ဧည့်ခံချင်ပါတယ်..။
“Prawns with Feta Cheese ”ဟင်းပွဲအတွက် လိုအပ်တဲ့ ပစ္စည်းများကတော့..
၁။ ပုဇွန်
၂။ ကြက်သွန်နီ
၃။ Feta Cheese
၎။ ခရမ်းချဉ်သီး (Fresh) သို့မဟုတ် ခရမ်းချဉ်သီး အရည်
၅။ ဆီ
၆။ ဆား
၇။ အချိုမှုန့် တို့ပဲဖြစ်ပါတယ်။




ပထမဦးစွာ အိုးထဲမှ ဆီများ ပူလာလျှင် အသင့်လှီးထားသော ကြက်သွန်နီကို ထည့်၍ အရောင်အနည်းငယ် နီလာသည်အထိ မွှေပေးပါ



ကြက်သွန်များ အရောင်ပြောင်းလာလျှင် ခရမ်းချဉ်သီးအရည်(သို့) လှီးထားသော ခရမ်းချဉ်သီးများကို ထည့်၍ ရောပါ။




ပြီးလျှင် ဆား အချိုမှုန့်တို့နှင့် နယ်ထားပြီးသား၊ သန့်စင်ပြီးသား ပုဇွန်များကိုထည့်ပါ

“ပုဇွန်အကွေး ငါးအနွေး” ဆိုသည့်အတိုင်း ပုဇွန်များ ကျက်လောက်သည့်အချိန်တွင် Feta Cheese အတုံးလေးများကို ရောပြီး မကြေ တကြေအချိန်တွင် အိုးမှချ၍ ထမင်းနှင့်သော်၎င်း၊ ပေါင်မုန့်နှင့်သော်၎င်း စားသုံးနိုင်ပါပြီရှင်...။

10 comments:

နေ၀သန် said...

တော်သေးတာပေါ့..ဒီတစ်ခါ ထမင်းစားပြီးပြီးချင်း ၀င်ဖတ်မိတာ.. ဗိုက်တင်းနေလို့ သွားရည်မကျတော့ဘူး.. ငှဲငှဲငှဲ... :D

မောင်(စွယ်စုံကျမ်း) said...

မမရေ..စောစောစီးစီလာစားသွားတယ်နော..အလုပ်များတဲ့မမကြီးအတွက်မောင်(စွယ်စုံကျမ်း)ကအလုပ်မြန်မြန်ပြီး
တဲ့ဆော့ဝဲတင်ထားပေးမယ်နော..ဆိုပ်ပရက်မှာအေးချမ်းသာယာပါစေလို့ ............

လင်းခေတ်ဒီနို said...

မီးသနတ် ကျုပ် ဆိုက်ပရပ်ကို ပြေားလာလိုက်တော့မှာနော်း)) ရှလွတ်း)

ညိမ်းနိုင် said...

ရက်စက်ပါပေ့ကွယ်....၊မနက်စောစော စားစရာမရှိလို့
ဗိုက်ဟောင်းလောင်းနဲ့ အိမ်လည်ထွက်လာမိတာ မှားပါရော
လား....:))) ပေါင်မုန့်လေးနဲ့စားလိုက်ရရင်တော့...ဟင်းးး
ခုတော့ ထမင်းကြမ်းတောင် ရှိဝူးရယ်.....:D

နွေမင်းလွင် said...

စားကြည့်တာ တော်တော်ကောင်းတယ်...
လိုက်ပွဲ ထည့်ပါဦး....

Angelhlaing(May everybody be happy and healthy! said...

လွယ်ကူမြန်ဆန် ဟင်းလေးဆိုတော့..တစ်ခါလောက်တော့ စမ်းချက်ကြည့် လိုက်အု့းမယ် မမ..ကျေးဇူးပါလို့..
ကောင်းသောနေ့လေးဖြစ်ပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားစရာ ဟင်းလေးပါလား
ပုဇွန်ရော ချိစ်ရောကြိုက်တယ်
လုပ်စားဦးမယ်
တို့တွေကတော့ ပေါင်မုန့်နဲ့ မစားပေါင်
ထမင်းနဲ့ နယ်စားမှာ

စော(အဝါရောင်မြေ) said...

အရသာက ငံ သလားဟင်?

အနှိုင်းမဲ့ said...

Cheese မကြိုက်ဘူး..ငပိချက် ချက်ကျွေးရင်တော့ တော်တော်ကျေးဇူးတင်မှာ... :)

မိုးငွေ့...... said...

မယ်နှိုင်း ငပိရုပ်ပေါက်နေပြီ အဲဒါပဲနေ့တိုင်းစားထှာ သူက...
နတ်သမီးအဲလို ပုဇွန်ဟင်းပြန်လာရင်ချက်ကျွေးရမယ် ဒါဗြဲ...။

Post a Comment

Labels

 
Design by Wpthemedesigner. Converted To Blogger Template By Anshul .