ကိုမြစ်ရဲ့ မွေးနေ့ပွဲလေးကို ရောက်ရှိလာကြတဲ့ သူငယ်ချင်းများကို အအေးနဲ့ စတင်ဧည့်ခံရင်း ဗဟုသုတလေးတစ်ခုကို ပြောပြချင်ပါတယ်...
ဆိုက်ပရပ်စ်နိုင်ငံက ဆီပရိယိုလူမျိုးများသာမက နိုင်ငံခြားသားများ စိတ်ဝင်စားပြီး အကြိုက်တွေ့တဲ့ အစားအစာများထဲမှာ မီးကင်ထားသော ပင်လယ်သတ္တဝါ အစုံကို တစ်ပွဲချင်း အစဉ်လိုက် စားရတဲ့
Fish Maze(ပင်လယ်စာ မယ်ဇေး) ပဲဖြစ်ပါတယ်။
Maze (မယ်ဇေး) ဆိုတဲ့အဓိပ္ပါယ်ကတော့ “ပွဲသေး များဖြင့်ဖွဲ့စည်းထားသော မတူညီသည့် အရသာရှိသည့် ဟင်းစုံ” (သို့မဟုတ်)“အရသာ မတူညီသော ဟင်းပွဲလေးများ ” ဟု အဓိပ္ပါယ်ရပါတယ်။
ဆိုက်ပရပ်စ်နိုင်ငံတွင် (၁) ကြက်၊ ဝက်နှင့် သိုးသားများပါဝင်သောMeat Mazeနှင့် (၂)ပင်လယ်စာများပါဝင်သော Fish Maze ဆိုပြီး နှစ်မျိုးခွဲခြားထားတဲ့အထဲက Fish Maze အကြောင်းလေးကို ဗဟုသုတအနေနဲ့ပြောပြချင်ပါတယ်။
အထက်တွင်ဖော်ပြခဲ့သည့် အတိုင်း “ Maze ”(မယ်ဇေး) ဟုခေါ်သည့် အတွဲလိုက်စားရသည့် အစားအစာများမှာ တစ်ယောက်ထဲစား၍ မကုန်နိုင်သည့်အတွက် စားသောက်ဆိုင်များမှ ရောင်းချသော Menu (ဟင်းပွဲ ငွေဈေး စာရင်း)တွင် လူ(၂)ယောက်စားနိုင်သော “Maze Set” နှင့် လူ(၄)ယောက် စားနိုင်သော “Maze Set” ဟူ၍ ပါရှိသည်။
လူ(၂)ယောက် စားနိုင်သော Fish Maze Set မှာ ...
(၁) ဆီပရိယိုလူများများ၏ အစားအစာများထဲတွင် မပါမဖြစ်သော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်တချို့ကို အော့လစ်ဗ်ဆီ၊ ရှောက်ရည်နှင့် ဆားတို့ဖြင့် ရောနယ်ထားသော “Greek Salad ”
(၂) Sauce အမျိုးမျိုးနှင့် Peta Bread
(၃) အာလူးကြော်
(၄)ကာလမားရီ အကွင်းကြော်
(၅)(၆)ရေဘဝဲအကင်
(၇)ပုဇွန်ကင်
(၈) ငါးသေးကြွပ်ကြော်
(၉) ငါးလတ်ကြွပ်ကြော်
(၁၀) ငါးကြီးကင်တို့ဖြစ်သည်။
အမှတ်စဉ်(၁)မှ အမှတ်စဉ်(၁၀) ထိတွင် ပါဝင်သော အစားအစာများကို လူ(၂)ယောက် မနဲဗိုက်ရိုက်စားရသည့် Fish Maze အကြောင်းလေးနှင့် အကင်များပေါ်တွင် ဆားနှင့် ရှောက်သီးအရည်များကိုညှစ်ဖြန်း၍ စားသော အကျင့်လေးကို တင်ပြရင်း ဘယ်လိုမှ ဘလော့ဂ်ဘက်ကို လှည့်မကြည့်နိုင်လောက်အောင် အလုပ်များနေသည့်ကြားမှ ကျမလေးစားရသော ဘလော့ဂ်ကာ(စာရေးဆရာ) ကိုမြစ်(မြစ်ကျိုးအင်း) ရဲ့ ၂၂.၀၅.၂၀၁၁(တနင်္ဂနွေနေ့) တွင် ကျရောက်သော မွေးနေ့လေးကို အမှတ်တရ ကျင်းပပေးလိုက်ရပါတယ်...။
HAPPY BIRTHDAY.... ပါ ကိုမြစ်ရေကိုမြစ်အတွက် မွေးနေ့ကိတ်လေးနဲ့အတူ
ကိုမြစ်မြတ်နိုးစွာချစ်ရသော ချစ်သူလေးနဲ့အမြန်ဆုံးလက်တွဲနိုင်ပါစေလို့ အမက ထပ်ဆင့်ဆုတောင်းပေးလိုက်တယ်နော်..။
သစ်ပင်စိုက်ဝါသနာပါတဲ့ ကိုမြစ်အတွက် မွေးနေ့လက်ဆောင် “ Lucky Queen” စားပွဲတင် In door plant လေးပါ
မှတ်ချက်။ ။ မွေးနေ့ပွဲလေးအတွက် ကိုမြစ်တစ်ယောက် ခွင့်ပြုမယ်လို့မျှော်လင့်ပါတယ်ရှင်၊ နောက်နှစ်ဆိုရင် အမလည်း blogspot ကို စွန့်ခွာရတော့မှာမို့... အမှတ်တရလေးဖြစ်စေချင်လို့ပါ။
Saturday, May 21, 2011
Fish Maze နှင့် ကိုမြစ်မွေးနေ့ အမှတ်တရ
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
14 comments:
ဘီဘီလည်းပါဘူးရယ်...:)။ ရေဘဝဲကင်တွေချည်းရွေးစား
ပလိုက်တယ်....။ခုလိုဧည့်ခံကျွေးမွေးတဲ့ နတ်သမီးကိုလည်းကျေး
ဇူးတင်ပါကြောင်း...နှင့် မွေးနေ့ရှင်ကိုမြစ်လည်း
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကျမ်းမာ
ချမ်းသာစွာစာများဆက်လက်ရေးသားနိုင်စေကြောင်း ဆုတောင်လိုက်ပါတယ်...။
Happy Birthday ကိုမြစ်ရေ မွေးနေ့ မှစပြီး
နောင်မွေးနေ့ များစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ
နဲ့  သာယာတဲ့ဘ၀တခုကိုဖန်တီးနိုင်ပါစေဗျား)
ပျော်ရွှင်စရာ မွေးနေ့ပွဲလေးဖြစ်ပါစေ ကိုကြီးးးးးးးးးးးးး
အမ တခုလိုသွားတယ် ကိုကြီးက ငါးပုဏားကြော်နဲ့
ငါးသလောက်ကို ကြက်သွန်နီ ခရမ်းချဉ်သီးအကွင်းလိုက်
နဲ့ချက်ထားတာကြိုက်တယ်။ ဟုတ်တယ်နော်ကိုကြီး
ံHappy Birthday Bro
ခွင့်ပြုမှာပေါ့ . . ခင်လို့ မင်လို့ လုပ်ပေးတာပဲ။
Happy Birthday ပါ မြစ်မြစ်ရေ . . .
သူပြောသလိုပဲ **** နဲ့ အမြန်ဆုံး ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေ ဟဲဟဲ . . .
ကိုမြစ်ကျိုးကြီး မွေးနေ့ မှာပျော်ရွှင်ပါစေ
God bless you . . . Happy Birthday
ပါဗျာ . . . လိုရာဆန္ဒတွေလည်းအမြန်ပြည့်ဝပါစေ
့HAPPY BIRTHDAY ပါ ကိုမြစ်ရေ..
ကြက်သားတွေ..၀က်သားတွေမစားချင်တော့တဲ့အချိန်မှာ...ငါးကင်တွေ .ငါးကြော်တွေ နဲ့ မွေးနေ့ပွဲတွေ့လို့ မဖိတ်ပဲ ဗိုက်ကားအောင် တ၀ကြီးဝင်လွှေးသွားတယ်ဗျာ...
မွေးနေ့ရှင် ကိုမြစ်ကျိုးအင်း နဲ့ မွေးနေ့
Sponcer အဖြုရောင်နတ်သမီး တို့ ရွှင်လန်းချမ်းမြေ့ ကြပါစေ
ဟက်ပီးဘတ်ဒေးပါ ကိုမြစ်ကျိုးအင်းရေ.. မညည်းမညူ ချက်ပြုတ်ကျွေးမွေးတဲ့ နတ်သမီးလည်း ကျေးဇူးပါ...း)))...
ခင်မင်လျက်
နေ၀ဿန်
မွေးနေ့ရှင် သူငယ်ချင်းလည်း မွေးနေ့မှာ
ပျော်ရွှင်ပါစေ။
မွေးနေ့ပွဲလုပ်ပေးတဲ့ အမနမ်းမဝ လည်း
အဆင်ပြေပါစေ။
ကိုမြစ် ရေ မွေးနေ့မှာ ပျော်ရွှင်ပါစေ။ မနမ်းမ၀လည်း ပျော်ရွှင်ပါစေ။
ပင်လယ်စားအားလုံး သဘောကျတယ်။
နံပါတ်(၄)ပုံက မမြင်ရလို့ ဘာမှန်းမသိဘူး။
ဒါပေမယ့် မွေ့ နေ့ ရှင် မွေ့ နေမှနေ နောက်နှစ်များစွာထိ ပျော်ရွှင်ကျမ္မာပါစေ။
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ ကိုမြစ်ရေ....
အစားအသောက်ကတော့ ပြောစရာမလို အ၀စားသွားပါသည်...။
အမြဲလိုလို ဘလော့ဂ်ဂါတွေအပေါ် စေတနာထား ကျင်းပပေးနေတဲ့ မွေးနေ့ပွဲတွေ ဖန်ဆင်းရှင် အစ်မနတ်သမီးကို ကျေးဇူးတင်ပါသည်။
ကိုမြစ်ကျိုးလည်း စိတ်မကောင်းဖြစ်တာတွေလျော့ ချစ်သူလေးနဲ့ မြန်မြန် ကျော့ကျော့မော့်နိုင်ပါစေဗျာ။
မျက်စိလည်ရောက်လာရင်းနဲ့ပဲ..သူများမွေးနေ့ပွဲမှာဝင်ရောက်စားသုံးပြီး..ဆုတောင်းပေးခဲ့ပါသည်..
ကိုမြစ်ကျိုးအင်းကြီး..လိုအင်ဆန္ဒပြည့်ပါစေနော်...
ဗိုက်လဲအပြည့်စားရင်း..အိတ်အပြည့်ပါသယ်သွားပါသည်..
Post a Comment