အလုပ်တွေကမအားလပ်ဘူးရှင်..
ဆိုင်(၃)ဆိုင်က ဝန်ထမ်းတွေအတွက် ဝန်ထမ်းအင်္ကျီတွေကို အလုအယက် ဒီဇိုင်းထွင်ချုပ်ပေးနေရတဲ့အချိန်မို့ အားတဲ့အချိန်လေး အညောင်းအညာပြေ ကမ်းခြေမှာ လမ်းထွက်လျှောက်ရင်း တွေ့တဲ့ပုံလေးတွေကိုရိုက်ဖြစ်ခဲ့ပါတယ်။ဆိုက်ပရပ်စ်က လူငယ်တွေဟာ ဆိုင်ကယ်နဲ့ပတ်သက်ရင် အရူးအမူးပါပဲ..။
ဆိုင်ကယ်တစ်စီးရဲ့တန်ဖိုးကလည်း ကားတစ်စီးစာနီးနီးပါပဲ..၊ တချို့ဆိုရင် ကားတစ်စီးစာထက်ကို တန်ဖိုးများတတ်ကြပါတယ်။
ဒီတော့လည်း ဆိုင်ကယ်ရှိတဲ့သူတွေဟာ သူတို့ရဲ့ဆိုင်ကယ်ကို ဂုဏ်ယူစွာ ပြသချင်ကြရှာမပေါ့။
တကယ်လည်း ကြွားချင်စရာပါပဲ.. ပုံထဲက ဆိုင်ကယ်တွေကိုမြင်ရင် သူငယ်ချင်းတို့နားလည်မှာပါ။ဆိုင်ကယ်ရှိသူ အချင်းချင်း အုပ်စုဖွဲ့ပြီး ညနေစောင်းပြီဆိုရင် ကမ်းခြေတလျှောက်မှာ ဆိုင်ကယ်များကို စီတန်းပြီး မောင်းကြတဲ့ အကျင့်ရှိကြပါတယ်။
အဲဒီလိုမောင်းပြီးရင် ကမ်းခြေမှာရှိတဲ့ လူအများမြင်နိုင်တဲ့ မြေကွက်လပ်တခုမှာ သူတို့ရဲ့ဆိုင်ကယ်များကိုစီတန်းရပ်နားပြီး သူတို့ကတော့ နီးရာ ကော်ဖီဆိုင်တခုထဲကနေ သူတို့ရဲ့ဆိုင်ကယ်တွေကို လူအများစိတ်ဝင်တစား လှည့်ပတ်ကြည့်ရှုနေတဲ့မြင်ကွင်းကို အရသာခံကာ ကော်ဖီသောက်ပြီး အနားယူကြပါတယ်။
ဒီလိုလှပတဲ့ ဆိုင်ကယ်မျိုးကလည်း အမြန်စီးရတာမျိုးမဟုတ်လား..။
အဲဒီတော့ အန္တရာယ်လည်း များပါတယ်၊ ဖြစ်လိုက်ပြီဆိုရင် ပြန်လမ်းမရှိ “on the spot ”ပါပဲ...
ဘယ်လိုပဲဖြစ်ဖြစ် သူတို့လို ဆိုင်ကယ်ချစ်သူတွေ မပြောပါနဲ့..
ကျမလို ဆိုင်ကယ်အကြောင်း ဘာမှနားမလည်တဲ့သူတောင် ဆိုင်ကယ်တွေတွေ့ရင် ဓာတ်ပုံမရိုက်ပဲ မနေနိုင်အောင်ဖြစ်ရတဲ့အထိ ဆိုင်ကယ်တွေရဲ့အလှက စွဲဆောင်နိုင်လွန်းပါတယ်။
“အပြင်မှာ ပိုလှသည်” ဆိုတဲ့ စကားလေးတစ်ခွန်းလိုပေါ့...
ဆိုင်ကယ်တွေရဲ့အမျိုးအစား အမည်နာမတွေကိုတော့ ကျမ မသိပါ..
လှလွန်းလို့ ရိုက်ခဲ့မိတာကလွဲလို့ပေါ့...
သိတဲ့သူများရှိရင် အမည်နာမနှင့်တကွ တန်ဖိုးခန့်မှန်းခြေများကို ဆိုင်ကယ်ချစ်သူများအတွက် comment ထဲမှာ ရေးပေးခဲ့စေချင်ပါတယ်..။
Monday, May 16, 2011
လှလွန်းလို့ရိုက်ခဲ့မိပါသည်
Labels
- Hotel Life
- Music Video
- Romance(စိတ်ကူးယဉ် အချစ်ဇာတ်လမ်း)
- ကဗျာ
- ကိုယ်တိုင်ရိုက်..ဓာတ်ပုံ
- ကျန်းမာရေး
- ကျမအကြိုက်ဆုံး ပို့စ်များ
- ခံစားမှုတစ်စုံ
- စက္ကူခေါက်နည်း
- ဆိုက်ပရပ်စ် ဒိုင်ယာရီ
- ဆိုက်ပရပ်စ်နိုင်ငံမှ ဗဟုသုတများ
- ဆိုက်ပရပ်စ်နိုင်ငံမှ သတင်း
- ဆိုက်ပရပ်စ်နိုင်ငံမှ သမိုင်းတချို့
- ဆုတောင်း
- တဂ်ပို့စ်
- တရုတ်ရိုးရာပုံပြင်
- ဓါတ်ပုံ
- နတ်သမီးလက်ရာ စားကြည့်ပါ
- ပညာပေး ဝတ္ထုတို
- ပုံပြင်
- ဖိတ်စာ
- ဗီဒီယို
- ဖြစ်ရပ်မှန်ဆောင်းပါး
- မိသားစု ခံစားချက်
- မုန့်လုပ်နည်း
- လျှပ်တပျက် ရိုက်ချက်
- လူထုအော်သံ
- ဝတ္ထု
- ဝတ္ထုတို
- သတင်း
- သရဲအကြောင်း
- သင်္ကြန် ဝတ္ထုတို
- သိမှတ်ဖွယ်ရာ
- သိုက်အကြောင်း
- ဟာသ
- အချစ်အကြောင်း
- အင်တာဗျူး
- အထူးဆောင်းပါး
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၁)နှစ်ပြည့်
- အဖြူရောင်နတ်သမီး ဘလော့ဂ်(၂)နှစ်ပြည့်
- အဖြူရောင်နတ်သမီး မွေးနေ့
- အမှတ်တရ
- အမှတ်ရစေဖို့
- အဖြူရောင်နတ်သမီးမွေးနေ့(၂၀၁၁)
- အတွေး
- အပျော်တန်း သရုပ်ဆောင်ခဲ့သော ဗီဒီယိုပုံရိပ်များ
- အရေးပေါ်
- ဆောင်းပါး
- နောက်ခံ သီချင်းခံစားမှု
- ဖြေရှင်းချက်
- မွေးနေ့
- မောင့်ဘဝရဲ့ ကျမ၏ မနက်ဖြန်များ
- ရောက်တတ်ရာရာ
- နှစ်သစ်ဆုတောင်း
21 comments:
ဆိုင်ကယ်တွေလိုချင်လိုက်တာ..မြန်မာပြည်မှာကတရုတ်ဆိုင်ကယ်တွေများတာဆိုတော့တိဝူးလေ...
နတ်သမီးရေ မင်္ဂလာပါ ဆိုင်ကယ်ရဲအမည်တွေကတော့
( )လို့ခေါ်တယ်မလား၊ ပြီးတော့ တန်ဖိုးလည်း ဟိုဝါလောက်တော့ ရှိမယ်ထင်တယ်။ ကားတစ်စီးစာလောက်ပေါ့။ ဟီး။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
နတ်သ္မီးရေ ဘာ ကင်မရာနဲ့ရိုက်တာလဲ မေးမယ် မေးမယ်နဲ့ မမေးဖြစ်ဘူး ရိုက်ချက်လေးတွေ စိတ်ဝင်စားလို့
အဲဒီဆိုင်ကယ်တွေရဲ့ နားမှာ ရပ်ရပ်နေတတ်တဲ့ မမတွေကို ပိုကြိုက်တယ်။
တစ်စီးလောက် ၀ယ်ပို့ ပေးပါ....... မွမွနတမွီး.. နော်..
ချစ်စရာလေးတွေ....:):) မမ
ကောင်းသောနေ့ လေးဖြစ်ပါစေလို့...
အဟင်းးးးးးးးးးးးးးးဆိုင်ကယ်အမျိုးအစားတွေပြောပြရမယ်ဆိုရင်....ဆိုင်ကယ်နဲ့ကင်းကွာခဲ့တာကြာတော့...125 ပဲမှတ်မိတော့တယ်...ဘိန်းလေးခုနဲ့ဆိုင်ကယ်လေး က ဒီဇိုင်းမိုက်တယ်နော်....အောက်က HONDA လေးတော့ လိုချင်သားးးးးးးး
ကြိုက်ထှာဗျာ...၊ဆိုင်
ကယ်တွေ....ဆိုင်ကယ်....တွေ...ဟင်းးးးးး။
အနားတောင်မကပ်နိုင်
တော့လည်း ငမ်းရုံငမ်း
သွားသဗျိုးးးးး:)
ဆိုင်ကယ်ကတော့ ရေလည်ခရေဇီပဲ... ကြိုက်မိပြီဆိုရင် ဈေးကလည်း မြင့်လွန်းသမို့ လက်လှမ်းမမီနိုင်သေးပါကွီ..း((((
တို့ကတော့ ဆီမကုန်တဲ့ ဘက်ထရီဆိုင်ကယ်လေးဘဲ စီးသကွဲ့
ဒါကြောင့် နတ်သမီးဆိုင်ကယ်တွေ မတွေ့ဖူးလို့ ဈေးလဲမသိပေါင်
ဈေးကြီးကြီးဆိုင်ကယ်ဝယ်မဲ့အစား ကားတစ်စီးသာ ၀ယ်တော့မယ်
လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့လေ
ဆိုင်ကယ်တွေကိုကြည့်ပြီး သွားရည်ကျမိပေမယ့် မစီးရဲပေါင်ဗျာ...ဖြစ်လိုက်မှဖြင့် on the spot ဆိုတော့လည်း...အင်း...
ပထမဆုံးဆိုင်ကယ်ကို ၀ယ်ချင်တယ်.။ ကိုး ပုံမြောက် (အပေါ်မှအောက် ) လေထဲ ကြွနေတဲ့ ဒီဇိုင်း အနီရောင်လေးကို ခပ်ကြမ်းကြမ်း မောင်းလိုက်ချင်တယ်။
လှတိုင်းလိုက်မရိုက်နဲ့ကွယ်.. လှတိုင်းသား ရိုက်ကြကြေးဆို..နတ်သမီးတစ်ကိုလုံး အရှိုးရာတွေ...အဲ.. ကင်မရာတွေထဲ နတ်သမီးရဲ့ ပုံတွေ များနေမှာပေါ့လို့။
ဒီနိင်ငံမှာလည်း အဲဒီလိုပဲ။ တန်ဖိုးကြီးဆိုင်ကယ် ဝယ်ထားပြီး အဖွဲ့လိုက် လမ်းအပြည့်မောင်းကြတယ်။ သူတို့ ရှိုးထုတမှန်း သိပေမယ့် လူတွေကလည်း မကြည့်ဘဲမနေနိင် ဖြစ်ရတာပါပဲ။
လိုချင်လိုက်တာဗျာ။
ဆိုင်ကယ်ဆိုကျွန်တော်လဲကြိုက်တယ်အုပ်စုလိုက်ဆိုင်ကယ်စီးရတာကိုပျော်တယ်ဒါပေမဲ့မဝယ်နိုင်ဘူးနတ်သမီးရေ
ဆိုင်ကယ်ဆိုကျွန်တော်လဲကြိုက်တယ်အုပ်စုလိုက်ဆိုင်ကယ်စီးရတာကိုပျော်တယ်ဒါပေမဲ့မဝယ်နိုင်ဘူးနတ်သမီးရေ
ဆိုင်ကယ်ဆိုကျွန်တော်လဲကြိုက်တယ်အုပ်စုလိုက်ဆိုင်ကယ်စီးရတာကိုပျော်တယ်ဒါပေမဲ့မဝယ်နိုင်ဘူးနတ်သမီးရေ
ဆိုင်ကယ်ဆိုကျွန်တော်လဲကြိုက်တယ်အုပ်စုဖွဲပြီဆိုင်ကယ်စီးရတာကိုပိုနှစ်သက်တယ်ဒါပေမယ်မဝယ်နိုင်ဘူးနတ်သမီးရေ
လက်စွမ်းထက်လှချည်လား။ ကြည့်ပြီးတဲ့သူတွေလည်း သွားရည်ကျလို့။ ကျွန်တော်တော့ဆိုင်ကယ်မစီးတတ်တော့ အင်း-ဘာပြောရမှန်းကို မသိဘူး။
second last ဟာလေး မိုက်တယ်
လက်ဆောင်ပေးမဲ့လူရှိရင်တော်တော် ကောင်းမယ် ဟီး
ဆိုင်ကယ်တွေ လှသလို ဈေးကလည်း အတော် လှ မယ်..
နတ်သမီး တပါး..ဆိုင်ကယ်တွေဘေးမှာ ဝင်ရပ်ပြီး ရိုက်လိုက်ရင် .. ပို လှ သွား မယ်.. ( နတ်ကြောင့် ဆိုင်ကယ် ပိုလှတာလား ၊ ဆိုင်ကယ်ကြောင့် နတ် လှတာ လား တော့ မပြောဘူး နော်.. ဟိ.. လိုသလို တွေးယူကြည့်လိုက် ပေါ့.. )
ခင်လို့ စ..သွား တယ်..
ဖွား ကိ
Post a Comment